ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

Showroom တာဝန်ခံ (Accountant & Administrator)

ကြီးကြပ်ရေးမှူး | Office Supervisor
New A1 Family Co.,Ltd

Showroom တာဝန်ခံ (Accountant & Administrator)

ကြီးကြပ်ရေးမှူး | Office Supervisor
1 ဦး
New A1 Family Co.,Ltd
1 ဦး
အတည်ပြုပြီး
တောင်ဥက္ကလာ | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 2 ရက်က အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

ရုံးလုပ်ငန်း စီမံခန့်ခွဲရေး
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: 18 Aug 2026

Accounting & Cashiering Operations

  • နေ့စဉ် ပြခန်း အတွင်း ငွေဝင်/ငွေထွက်နှင့် ရောင်းရငွေ များကို တိကျစွာ လက်ခံခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရေးသွင်းခြင်း။

  • အရောင်းဘောက်ချာ လက်ခံဘောက်ချာ နှင့် စာရင်းပိုင်းဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျ စစ်ဆေး၍ ထိန်းသိမ်းခြင်း။

  •  မူလလက်ကျန်ငွေနှင့် ရောင်းရငွေများ ကိုက်ညီမှု ရှိ/မရှိ နေ့စဉ် စစ်ဆေးခြင်း။

  • ပေးရန်ရှိ, ရရန်ရှိ များနှင့် လစဉ်/အပတ်စဉ် ရောင်းရငွေ အစီရင်ခံစာ များကို ရုံးချုပ် သို့ အချိန်မှီ တင်ပြခြင်း။

Showroom HR & Administrative Duties

  • Showroom ဝန်ထမ်းများ၏ ခွင့်ရက် များနှင့် အချိန်ပို စာရင်းများကို တိကျစွာ ရေးသွင်းထိန်းသိမ်းခြင်း။

  • ဝန်ထမ်းသစ်များအား Showroom စည်းကမ်းချက်များ ရှင်းပြခြင်းပြုလုပ်ပေးခြင်း။

  • လက်ငင်းသုံးစွဲငွေ နှင့် Showroom ရုံးသုံးပစ္စည်း များကို စနစ်တကျ စီမံခန့်ခွဲခြင်း။

  • Showroom ၏ နေ့စဉ် လုပ်ငန်းစဉ်များ ချောမွေ့စေရေးအတွက် ရုံးချုပ် HR/Finance ဌာနများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ခြင်း။

  • အထက် မှ တာဝန်ပေးအပ်သော အခြားစမတ်ကျသည့် စာရင်း/စီမံ အထွေထွေလုပ်ငန်းများကို ဆောင်ရွက်နိုင်ရမည်။

အခွင့်အရေးရှိသူ :

ကျား/မ

လိုအပ်သောအရည်အချင်း

  • LCCI Level II / III (or Diploma in Accounting) တက်ရောက်ထားပြီးသူ ဖြစ်ရမည်။
  • Accounting, Cashiering နှင့် HR Admin ပိုင်းတွင် အနည်းဆုံး အတွေ့အကြုံ (၂) နှစ်နှင့်အထက် ရှိသူဖြစ်ရမည်။ (Showroom / Retail အတွေ့အကြုံရှိသူကို ဦးစားပေးမည်။)

  • Microsoft Office (အထူးသဖြင့် Excel) ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။ (POS software သို့မဟုတ် Accounting software အသုံးပြုနိုင်ပါက ပိုမိုကောင်းမွန်မည်။)

  • ငွေကြေးစနစ်နှင့် စာရင်းပိုင်းဆိုင်ရာများတွင် တိကျမှန်ကန်မှုရှိပြီး သစ္စာရှိစွာ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

  • အဖွဲ့အစည်းကို ဦးဆောင်နိုင်စွမ်း၊ ဆက်ဆံရေး ကောင်းမွန်မှုနှင့် ပြဿနာများကို အဆင်ပြေအောင် ဖြေရှင်းနိုင်စွမ်း ရှိရမည်။

What We Can Offer

အကျိုးအမြတ်

အရောင်း ကော်မရှင် ကောင်းကောင်းပေးမည်။
အချိန်ပိုကြေး ရက်မှန်ကြေး
ဘောနပ်စ် ပေးမည်။

ထူးခြားချက်များ

အတွေ့အကြုံရှိပြီး အလုပ်ကျဠမ်းကျင်မှူသာလိုသည်။

အခွင့်အလမ်းများ

ရာထူးတိုးရန် အခွင့်အလမ်းရှိသည်။ team အကြီးကို ဦးဆောင်နိုင်သူ ဖြစ်လာမည်။

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

**New A1 Family Co., Ltd (A1 Family )** သည် ကျား၊မ မခွဲခြားသော၊ စိုက်ပျိုးရေးအခြေပြု တာဝန်ယူမှုရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး လူမှုအသိုက်အဝန်းနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အပြုသဘောသက်ရောက်မှုရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ကုမ္ပဏီသည် ကမ္ဘာမြေ သဘာဝ ထိန်းသိမ်းရေးနှင့် လူသားများ၏ဘဝများတိုးတက်စေရန်အတွက် ကျင့်ဝတ်နှင့်ညီသော တာဝန်ယူမှုရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များကို အချိတ်အဆက်မိမိ ဆောင်ရွက်လျက်ရှိပါသည်။

A1 Family သည် ကြက်သွန်နီနှင့်ငရုတ်သီးများ ရောင်းဝယ်သည့် ပွဲရုံလုပ်ငန်းတစ်ခုအဖြစ် ၁၉၈၂ ခုနှစ်တွင် မန္တလေးတိုင်း၊ မြစ်သားမြို့၌ စတင်တည်ထောင်ခဲ့ကာ ၂၀၁၃ ခုနှစ်တွင် ကုမ္ပဏီအဖြစ် မှတ်ပုံတင်ခဲ့ပါသည်။ အေဝမ်းမိသားစု အမည်ဖြင့် ငရုတ်သီး၊ ကြက်သွန်နီနှင့် အခြားဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများကို နှစ်ပေါင်း ၄၀ ကျော် ရောင်းဝယ်ဖောက်ကားခဲ့ပြီး ယနေ့အထိ ဤလုပ်ငန်းတွင် ကောင်းမွန်သည့်ဂုဏ်သတင်းနှင့် နာမည်ကောင်းတစ်ခုဖြင့် ရပ်တည်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။

၂၀၁၈ ခုနှစ်တွင် ကူမဲမြို့၌ အရည်အသွေးမြင့် ငရုတ်သီးမှုန့်၊ နနွင်းမှုန့်နှင့် အခြားဟင်းခတ်အမွှေးအကြိုင်များကို နိုင်ငံတကာအစားအသောက်ဘေးကင်းရေးစံချိန်များနှင့်အညီ ထုတ်လုပ်ရန် စက်ရုံတစ်ရုံ တည်ဆောက်ခဲ့ပါသည်။ ယခုအခါတွင် ပြည်တွင်းနှင့်နိုင်ငံတကာဈေးကွက်များအတွက် ကုန်ပစ္စည်း ၃၀ ကျော်ကို ထုတ်လုပ်လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ (NCDs) (ဥပမာ - သွေးတိုး၊ ဆီးချို) ကြောင့် သေဆုံးမှု ၆၈% ရှိသည့်အတွက် အလယ်တန်းနှင့် အလုပ်သမားလူတန်းစားများ ကျန်းမာရေးနှင့်ညီညွတ်သော ချက်ပြုတ်ပစ္စည်းများ လွယ်ကူစွာရရှိစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံသားများ၏ ကျန်းမာရေးကို ဂရုစိုက်သည့်အနေဖြင့် A1 Family သည် အဆိပ်အတောက်ကင်းစင်၍ ဓာတုပစ္စည်းများ၊ အရောင်တင်ဆေးများ၊ ကြာရှည်ခံဆေးများ လုံးဝမပါဝင်သော ငရုတ်သီးမှုန့်၊ နနွင်းမှုန့်နှင့် အခြားဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိပါသည်။

A1 Family သည် မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်ရှိ ကူမဲ၊ မြစ်သား၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ မြင်းခြံ၊ ဟင်္သာတ၊ စလင်းနှင့် ဧရာဝတီ မှ ကြက်သွန်နီနှင့်ငရုတ်သီးများကို ဝယ်ယူပါသည်။ ထို့အပြင် မိတ္ထီလာ၊ ပျော်ဘွယ်၊ မြင်းခြံ၊ ကုမဲ၊ ရေဝန်း၊ စလင်းနှင့် မြစ်သားမြို့နယ်များတွင် ကုန်စည်စုဆောင်းရောင်းဝယ်ရေးဌာနခွဲများနှင့် သိုလှောင်ရုံများ ထားရှိပါသည်။

A1 Family ၏ ထုတ်ကုန်များကို အဓိကအားဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များရှိ ကိုယ်ပိုင်ဖြန့်ချီရေးဌာနများမှတစ်ဆင့်နှင့် Makro၊ City Mart၊ Capital နှင့် Sein Gayhar ကဲ့သို့သော အဆင့်မြင့်ဈေးကွက်များသို့ လည်းကောင်း wet Market စျေးများ ဆိုင်ခန်းများသို့လည်းကောင်း ဖြန့်ဖြူးရောင်းချပါသည်။

A1 Familyသည် HALAL အသိအမှတ်ပြုလက်မှတ်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)လက်မှတ်၊ HACCP ၊ GMP နှင့် ISO 22000:2018 အသိအမှတ်ပြုလက်မှတ်များ ရရှိထားပါသည်။

**ထုတ်ကုန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-**
၁. ငရုတ်သီးအနုမှုန့်
၂. ငရုတ်သီးအကြမ်းမှုန့်
၃. ငရုတ်အရောင်တင်မှုန့်
၄. ငရုတ်သီးအလှော်မှုန့်
၅. နနွင်းမှုန့်
၆. ငရုတ်သီးခြောက်
၇. အညှာခြွေ ငရုတ်သီးခြောက်
၈. ဂျင်းမှုန့်
၉. ကြက်သွန်ဖြူမှုန့်
၁၀. ကြက်သွန်နီမှုန့်
၁၁. ကြက်သွန်နီခြောက်
၁၂. ကြက်သွန်နီကြော်
၁၃. ကြက်သွန်ဖြူကြော်
၁၄. မဆလာ
၁၅. ငရုတ်ကောင်းမှုန့်
၁၆. ရသာမှုန့်
၁၇. မာလာရှန်းကောအနှစ်
၁၈. ငရုတ်သီးနှမ်းကပ်ကြော်
Spicy အနှစ်
BBQ မာလာမှုန့်
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

ရုံးလုပ်ငန်း စီမံခန့်ခွဲရေး

နောက်ထပ်အလားတူအလုပ်များ

HR Admin Assistant

United Asia Development Co., Ltd. တောင်ဥက္ကလာ | ရန်ကုန်တိုင်း

Sales Admin

H&S Travels & Tour တောင်ဥက္ကလာ | ရန်ကုန်တိုင်း

Office Admin

Agro Green Land Chemical Co.,Ltd (AGL) တောင်ဥက္ကလာ | ရန်ကုန်တိုင်း

HR & Admin Executive

Global L S Myanmar (Exide Battery) တောင်ဥက္ကလာ | ရန်ကုန်တိုင်း

Office Staff

Little Sunshine တောင်ဥက္ကလာ | ရန်ကုန်တိုင်း

Admin & HR Executive (Female)

Beauty VIVO တောင်ဥက္ကလာ | ရန်ကုန်တိုင်း

Office Staff

AY Go Purchasing & International Logistics တောင်ဥက္ကလာ | ရန်ကုန်တိုင်း

Data Entry (Female)

Power Deal(Myanmar) တောင်ဥက္ကလာ | ရန်ကုန်တိုင်း

Admin Clerk

Ye Thaw & Partners Law Firm တောင်ဥက္ကလာ | ရန်ကုန်တိုင်း

DTP

MACRO DRAGON INTERNATIONAL COMPANY LIMITED ဗိုလ်တထောင် | ရန်ကုန်တိုင်း

HR & Admin Assistant

MACRO DRAGON INTERNATIONAL COMPANY LIMITED ဗိုလ်တထောင် | ရန်ကုန်တိုင်း

Personal Assistant

Taw Win Family Co.,Ltd စမ်းချောင်း | ရန်ကုန်တိုင်း

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x