ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း
Premium International School: အနာဂတ်ကမ္ဘာ့ခေါင်းဆောင်များကို မွေးထုတ်ပေးရာနေရာ
Premium International School (PIS) သည် ရန်ကုန်မြို့ရှိ ထိပ်တန်းပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်ဖြင့် ကမ္ဘာ့အဆင့်မီ ပညာရေးကို ပေးအပ်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် နိုင်ငံတကာစံနှုန်းများကို ပေါင်းစပ်ပြီး ဗြိတိသျှသင်ရိုးညွှန်းတမ်း (CIE Cambridge Curriculum) ကို အခြေခံကာ သင်ကြားပေးပါသည်။ Year1 to Year9 အထိ ကျောင်းသားများအား ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသူများ၊ ဖန်တီးနိုင်စွမ်းရှိသူများနှင့် လူမှုပတ်ဝန်းကျင်ကို အကျိုးပြုမည့် ကမ္ဘာ့နိုင်ငံသားကောင်းများဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးနေပါသည်။
ကျွန်ုပ်တို့၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်
ကျောင်းသားများ၏ ပညာရေးထူးချွန်မှုသာမက ကိုယ်ကျင့်တရား ကောင်းမွန်စေရန်အတွက် လုံခြုံပြီး အားလုံးပါဝင်နိုင်သော သင်ယူမှုဝန်းကျင်တစ်ခုကို ဖန်တီးပေးရန် ရည်မှန်းထားပါသည်။ ကလေးတစ်ဦးချင်းစီ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးဆိုင်ရာ တာဝန်သိတတ်မှုတို့ကို IGCSE နှင့် အခြားပညာရေးထူးချွန်မှုများနှင့်အပြိုင် အလေးထား ဆောင်ရွက်ပါသည်။
အဘယ်ကြောင့် PIS ကို ရွေးချယ်သင့်သနည်း?
ကျွမ်းကျင်ဆရာမများ: ခေတ်မီသင်ကြားရေးစနစ်များကို ကျွမ်းကျင်သော ပြည်တွင်း၊ ပြည်ပမှ အရည်အသွေးမြင့် ဆရာ၊ ဆရာမများဖြင့် ဖွဲ့စည်းထားပါသည်။
ဘက်စုံဖွံ့ဖြိုးမှု: စာတွေ့သင်ခန်းစာများအပြင် ဂီတ၊ အနုပညာနှင့် အားကစားကဏ္ဍများကိုလည်း အထူးဦးစားပေးပါသည်။
Premium International School တွင် ကျွန်ုပ်တို့သည် ကျောင်းသားများအား စာသင်ရုံသာမက ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များနှင့် အနာဂတ်လူမှုဘဝတွင် အောင်မြင်စေရန် ပြုစုပျိုးထောင်ပေးနေပါသည်။