ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

စတိုစာရင်းကိုင် ( Stock Controller/Store Keeper)

ပစ္စည်းစာရင်းကိုင် | Stock, Inventory Control
New A1 Family Co.,Ltd

စတိုစာရင်းကိုင် ( Stock Controller/Store Keeper)

ပစ္စည်းစာရင်းကိုင် | Stock, Inventory Control
3 ဦး
New A1 Family Co.,Ltd
3 ဦး
အတည်ပြုပြီး
ဒဂုံမြို့သစ်မြောက်ပိုင်း | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 2 ရက်က အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

ကုန်ပစ္စည်းထောက်ပံ့ပို့ဆောင်ရေး၊ ကုန်သိုလှောင်ရေး၊ ဆိပ်ကမ်းပိုင်းဆိုင်ရာ
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: 30 Jul 2026

Inventory & Stock Management

  • ပစ္စည်းဝင်/ထွက် စာရင်းများ နှင့် ရွှေ့ပြောင်းမှုများကို စနစ်တကျ မပျက်မကွက် မှတ်တမ်းတင် ရေးသွင်း ထိန်းသိမ်းရမည်။

  • ပစ္စည်းများ ရောက်ရှိလာပါက အရေအတွက် တိကျမှန်ကန်မှု ရှိ/မရှိ၊ ပျက်စီးယိုယွင်းမှု ရှိ/မရှိ Delivery Order (DO) / Invoice များနှင့် တိုက်ဆိုင် စစ်ဆေးလက်ခံရမည်။

  • ပစ္စည်းများ လွှဲပြောင်း ပေးပို့ရာတွင် သက်ဆိုင်ရာ စာရွက်စာတမ်း များ စနစ်တကျ ထုတ်ပေးပြီး စာရင်းဇယား ရေးသွင်းရမည်။

  • စတော့ခ် လိုအပ်ချက်များ မဖြစ်ပေါ်စေရန်နှင့် ပစ္စည်းပြတ်လပ်မှု သို့မဟုတ် အပိုအလိုများ မဖြစ်စေရန် အနည်းဆုံးရှိရမည့် စာရင်းများကို စောင့်ကြည့် ထိန်းသိမ်းရမည်။

Stock Count & Reporting

  • မြေပြင်ရှိ ပစ္စည်းစတော့ခ် နှင့် စာရင်းဇယားပါ စတော့ခ် ကိုက်ညီမှု ရှိ/မရှိ ပုံမှန် အလှည့်ကျ စတော့ခ် စစ်ဆေးခြင်း  ပြုလုပ်ရမည်။

  • စတော့ခ် စာရင်း ကွဲလွဲမှု၊ ပျက်စီးမှု သို့မဟုတ် ပျောက်ဆုံးမှုများ တွေ့ရှိပါက အကြောင်းရင်းကို စစ်ဆေး၍ အထက်ထံ ချက်ချင်း တင်ပြရမည်။

  • ပစ္စည်းများကို အလွယ်တကူ ရှာဖွေနိုင်ရေးနှင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် စနစ်တကျ စီစဉ် သိမ်းဆည်းရမည်။

  • လစဉ်/အပတ်စဉ်  အစီရင်ခံစာများကို မန်နေဂျာနှင့် သက်ဆိုင်ရာ ဌာနများသို့ တင်ပြရမည်။

အခွင့်အရေးရှိသူ :

ကျား/မ

လိုအပ်သောအရည်အချင်း

 

  • Stock Controller, Storekeeper သို့မဟုတ် Inventory Management ပိုင်းတွင် အတွေ့အကြုံ အနည်းဆုံး (၁) နှစ်မှ (၂) နှစ်အထိ ရှိသူ ဖြစ်ရမည်။

  • Microsoft Office (အထူးသဖြင့် Excel) ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။ 

  • စာရင်းဇယားနှင့် ပစ္စည်း အရေအတွက်များကို အသေးစိတ် စစ်ဆေးနိုင်ပြီး တိကျမှန်ကန်စွာ လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။

  • သစ္စာရှိမှု၊ တာဝန်ယူမှုရှိမှု နှင့် အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သော ဆက်ဆံရေး ကောင်းမွန်သူ ဖြစ်ရမည်။

  • ကျန်းမာရေး ကောင်းမွန်ပြီး ပစ္စည်းများ စနစ်တကျ စီစဉ် ကိုင်တွယ်နိုင်သူ ဖြစ်ရမည်။

What We Can Offer

အကျိုးအမြတ်

ကော်မရှင်ပေးမည်။
အချိန်ပိုကြေး ရက်မှန်ကြေး
ဘောနပ်စ် ပေးမည်။

ထူးခြားချက်များ

သင်ယူလိုစိတ် အလုပ်ကြိုးစာလိုစိတ်ရှိရန်သာလိုသည်

အခွင့်အလမ်းများ

သက်ဆိုင်ရာသင်တန်းများ တက်ရောက်ခွင့် ထောက်ပံ့ခြင်းများပြုလုပ်ပေးမည်
ရာထူးတိုးရန် အခွင့်အလမ်းရှိသည်။

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

**New A1 Family Co., Ltd (A1 Family )** သည် ကျား၊မ မခွဲခြားသော၊ စိုက်ပျိုးရေးအခြေပြု တာဝန်ယူမှုရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး လူမှုအသိုက်အဝန်းနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အပြုသဘောသက်ရောက်မှုရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ကုမ္ပဏီသည် ကမ္ဘာမြေ သဘာဝ ထိန်းသိမ်းရေးနှင့် လူသားများ၏ဘဝများတိုးတက်စေရန်အတွက် ကျင့်ဝတ်နှင့်ညီသော တာဝန်ယူမှုရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များကို အချိတ်အဆက်မိမိ ဆောင်ရွက်လျက်ရှိပါသည်။

A1 Family သည် ကြက်သွန်နီနှင့်ငရုတ်သီးများ ရောင်းဝယ်သည့် ပွဲရုံလုပ်ငန်းတစ်ခုအဖြစ် ၁၉၈၂ ခုနှစ်တွင် မန္တလေးတိုင်း၊ မြစ်သားမြို့၌ စတင်တည်ထောင်ခဲ့ကာ ၂၀၁၃ ခုနှစ်တွင် ကုမ္ပဏီအဖြစ် မှတ်ပုံတင်ခဲ့ပါသည်။ အေဝမ်းမိသားစု အမည်ဖြင့် ငရုတ်သီး၊ ကြက်သွန်နီနှင့် အခြားဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများကို နှစ်ပေါင်း ၄၀ ကျော် ရောင်းဝယ်ဖောက်ကားခဲ့ပြီး ယနေ့အထိ ဤလုပ်ငန်းတွင် ကောင်းမွန်သည့်ဂုဏ်သတင်းနှင့် နာမည်ကောင်းတစ်ခုဖြင့် ရပ်တည်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။

၂၀၁၈ ခုနှစ်တွင် ကူမဲမြို့၌ အရည်အသွေးမြင့် ငရုတ်သီးမှုန့်၊ နနွင်းမှုန့်နှင့် အခြားဟင်းခတ်အမွှေးအကြိုင်များကို နိုင်ငံတကာအစားအသောက်ဘေးကင်းရေးစံချိန်များနှင့်အညီ ထုတ်လုပ်ရန် စက်ရုံတစ်ရုံ တည်ဆောက်ခဲ့ပါသည်။ ယခုအခါတွင် ပြည်တွင်းနှင့်နိုင်ငံတကာဈေးကွက်များအတွက် ကုန်ပစ္စည်း ၃၀ ကျော်ကို ထုတ်လုပ်လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ (NCDs) (ဥပမာ - သွေးတိုး၊ ဆီးချို) ကြောင့် သေဆုံးမှု ၆၈% ရှိသည့်အတွက် အလယ်တန်းနှင့် အလုပ်သမားလူတန်းစားများ ကျန်းမာရေးနှင့်ညီညွတ်သော ချက်ပြုတ်ပစ္စည်းများ လွယ်ကူစွာရရှိစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံသားများ၏ ကျန်းမာရေးကို ဂရုစိုက်သည့်အနေဖြင့် A1 Family သည် အဆိပ်အတောက်ကင်းစင်၍ ဓာတုပစ္စည်းများ၊ အရောင်တင်ဆေးများ၊ ကြာရှည်ခံဆေးများ လုံးဝမပါဝင်သော ငရုတ်သီးမှုန့်၊ နနွင်းမှုန့်နှင့် အခြားဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိပါသည်။

A1 Family သည် မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်ရှိ ကူမဲ၊ မြစ်သား၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ မြင်းခြံ၊ ဟင်္သာတ၊ စလင်းနှင့် ဧရာဝတီ မှ ကြက်သွန်နီနှင့်ငရုတ်သီးများကို ဝယ်ယူပါသည်။ ထို့အပြင် မိတ္ထီလာ၊ ပျော်ဘွယ်၊ မြင်းခြံ၊ ကုမဲ၊ ရေဝန်း၊ စလင်းနှင့် မြစ်သားမြို့နယ်များတွင် ကုန်စည်စုဆောင်းရောင်းဝယ်ရေးဌာနခွဲများနှင့် သိုလှောင်ရုံများ ထားရှိပါသည်။

A1 Family ၏ ထုတ်ကုန်များကို အဓိကအားဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များရှိ ကိုယ်ပိုင်ဖြန့်ချီရေးဌာနများမှတစ်ဆင့်နှင့် Makro၊ City Mart၊ Capital နှင့် Sein Gayhar ကဲ့သို့သော အဆင့်မြင့်ဈေးကွက်များသို့ လည်းကောင်း wet Market စျေးများ ဆိုင်ခန်းများသို့လည်းကောင်း ဖြန့်ဖြူးရောင်းချပါသည်။

A1 Familyသည် HALAL အသိအမှတ်ပြုလက်မှတ်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)လက်မှတ်၊ HACCP ၊ GMP နှင့် ISO 22000:2018 အသိအမှတ်ပြုလက်မှတ်များ ရရှိထားပါသည်။

**ထုတ်ကုန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-**
၁. ငရုတ်သီးအနုမှုန့်
၂. ငရုတ်သီးအကြမ်းမှုန့်
၃. ငရုတ်အရောင်တင်မှုန့်
၄. ငရုတ်သီးအလှော်မှုန့်
၅. နနွင်းမှုန့်
၆. ငရုတ်သီးခြောက်
၇. အညှာခြွေ ငရုတ်သီးခြောက်
၈. ဂျင်းမှုန့်
၉. ကြက်သွန်ဖြူမှုန့်
၁၀. ကြက်သွန်နီမှုန့်
၁၁. ကြက်သွန်နီခြောက်
၁၂. ကြက်သွန်နီကြော်
၁၃. ကြက်သွန်ဖြူကြော်
၁၄. မဆလာ
၁၅. ငရုတ်ကောင်းမှုန့်
၁၆. ရသာမှုန့်
၁၇. မာလာရှန်းကောအနှစ်
၁၈. ငရုတ်သီးနှမ်းကပ်ကြော်
Spicy အနှစ်
BBQ မာလာမှုန့်
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

ကုန်ပစ္စည်းထောက်ပံ့ပို့ဆောင်ရေး၊ ကုန်သိုလှောင်ရေး၊ ဆိပ်ကမ်းပိုင်းဆိုင်ရာ

နောက်ထပ်အလားတူအလုပ်များ

Warehouse Supervisor

Capital Ace Co.,Ltd ဒဂုံမြို့သစ်မြောက်ပိုင်း | ရန်ကုန်တိုင်း

Warehouse Staff

SISBURMA TRADING Co.,Ltd ဒဂုံမြို့သစ်မြောက်ပိုင်း | ရန်ကုန်တိုင်း

Store Accountant - စတိုစာရင်းကိုင်

Deluxe Formula Industrial Co;Ltd လှိုင်သာယာ | ရန်ကုန်တိုင်း

Warehouse Staff (အခြေခံလုပ်သား)

NRF(No Replacements Found) Co.,Ltd ကျောက်တံတား | ရန်ကုန်တိုင်း

Warehouse Assistant

MACRO DRAGON INTERNATIONAL COMPANY LIMITED သာကေတ | ရန်ကုန်တိုင်း

Warehouse Staff (Male)

The Student Language Academy ရန်ကင်း | ရန်ကုန်တိုင်း

Logistics & Distribution Supervisor (Male)

The Student Language Academy ရန်ကင်း | ရန်ကုန်တိုင်း

Warehouse Supervisor

Unity Paper လှိုင်သာယာ | ရန်ကုန်တိုင်း

ဂိုဒေါင်ဝန်ထမ်း

North Pole International Company Limited ဒဂုံမြို့သစ်တောင်ပိုင်း | ရန်ကုန်တိုင်း

Stock Controller

Phyo Group Enterprise Co.,Ltd ပန်းပဲတန်း | ရန်ကုန်တိုင်း

Warehouse & Logistic Supervisor

Megasoft (Myanmar) Import & Export Trading Co.,Ltd ဒဂုံမြို့သစ်အရှေ့ပိုင်း | ရန်ကုန်တိုင်း

Junior Storekeeper

Amigos International Co.,Ltd သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x