ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း
Naung Yoe Myanmar Development Co.,Ltd ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လမ်းနှင့် တံတား တည်ဆောက်ရေး၊ စီးပွားရေးဆိုင်ရာနှင့် လူနေအိမ်ရာ အဆောက်အအုံများ တည်ဆောက်ရေး၊ ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ရေးနှင့် အသင့်ဖျော်ကွန်ကရစ် (Ready Mixed Concrete) နှင့် ကတ္တရာကွန်ကရစ် (Asphalt Concrete) ထုတ်လုပ်ဖြန့်ဖြူးခြင်း စသည့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကျယ်ပြန့်သော အတွေ့အကြုံများစွာ ရှိပါသည်။
ကုမ္ပဏီအနေဖြင့် အသေးစိတ်အချက်အလက်တိုင်းကို အလေးထားဂရုစိုက်ကာ အရည်အသွေးမြင့်မားပြီး လက်တွေ့အသုံးဝင်မှုပြည့်ဝသော အဆောက်အအုံများ ဖန်တီးတည်ဆောက်ခြင်းဖြင့် တန်ဖိုးရှိသော ဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်လျက် ရှိပါသည်။