ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း
Gold Yacht Co., Ltd သည် အမျိုးသမီး၊ အမျိုးသားဝတ်အတွင်းခံအမျိုးမျိုးကို Sweety , GY Men’s Underwear , Lady Life, အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခဲ့သည်မှာ ၂၀၀၀ ခုနှစ်ကတည်းက ဖြစ်ပါသည်။ မြန်မာနိုင်ငံတဝှမ်းတွင် ဆိုင်ခွဲပေါင်း ၂၇ ဆိုင်ဖြင့် ပြည်တွင်းဈေးကွက်အတွင်း ဂုဏ်ယူစွာရပ်တည်လျှက်ရှိပါသည်။
ထို့အပြင် လုပ်ငန်းခွဲများဖြစ်သော GY Food Co., Ltd မှ ထုတ်လုပ်သော ရွှေကြာဆံ၊ New GY Co., Ltd မှထုတ်လုပ်သော Power Pros အမှတ်တံဆိပ် စပါးခွံလောင်စာတောင့် ထုတ်လုပ်ခြင်းများလည်း လုပ်ကိုင်လျှက်ရှိပါသည်။
ကုန်ပစ္စည်းများကို မိမိကိုယ်တိုင်ထုတ်လုပ်ခြင်း ၊ ဖြန့်ဖြူးရောင်းချခြင်းများကို ဝန်ထမ်းအင်အား ( ၅၀၀ ) ကျော်ြဖင့် လှိုင်သာယာစက်မှုဇုန်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ မြောက်ဥက္ကလာပစက်မှုဇုန်နှင့် ဧရာ၀တီတိုင်း ညောင်တုန်းမြို့နယ်တို့တွင် စက်ရုံကြီးများ တည်ထောင်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပါသည်။