ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း
MTKK Egineering & Trading Company Limited သည် ၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ ၃ရက်နေ့မှာ စတင်တည်ထောင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ MTKK မှ လျှပ်စစ်လုပ်ငန်းသုံး လျှပ်စစ်ပစ္စည်းများ၊ မိုးကြိုးလွှဲပစ္စည်းများ၊ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူးရောင်းချပေးနေတဲ့အပြင် လျှပ်စစ်ပစ္စည်းများတပ်ဆင်ရေးလုပ်ငန်း၊ ဆိုလာပါဝါစနစ်တပ်ဆင်ရေးလုပ်ငန်း၊ မိုးကြိုးလွှဲတပ်ဆင်ရေးလုပ်ငန်းနှင့် အခြားသော ဗို့အားမြင့် ထရန်စဖော်မာများ၊ ဓာတ်အားလိုင်းသွယ်တန်းတပ်ဆင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီတွင် အရည်အသွေးပြည့်မှီပြီး အတွေ့အကြုံပြည့်ဝသော အင်ဂျင်နီယာများ၊ ဝန်ထမ်းများဖြင့် ဌာနများစွာတွင် လူငယ်များစုဝေးဖွဲ့စည်းထားသော ကုမ္ပဏီအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။