ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

လက်ဝတ်ရတနာဖန်တီးသူ (Jewellery Artisan)

ဆိုင်အရောင်းစာရေး | Shop Sales, Sales Representative
Myanmar Artisans Co.,Ltd

လက်ဝတ်ရတနာဖန်တီးသူ (Jewellery Artisan)

ဆိုင်အရောင်းစာရေး | Shop Sales, Sales Representative
1 ဦး
Myanmar Artisans Co.,Ltd
1 ဦး
အတည်ပြုပြီး
ဗဟန်း | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 6 နာရီက အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

အရောင်းပိုင်းဆိုင်ရာအလုပ်အကိုင်
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: ဒီနေ့

 

အလုပ်ရည်ရွယ်ချက်

လက်ပန်းထိမ်ရွှေထည်၊ ငွေထည် ပြုလုပ်သူပညာရှင်သည် လက်ပန်းထိမ်ထုတ်လုပ်ရေး ကြီးကြပ်သူ၏ စီစဉ် ကြီးကြပ်မှုအောက်တွင် မျိုးဆက်သစ် ရွှေထည်ငွေထည် လက်ပန်းထိမ်ပညာရှင်များကို အတတ်ပညာပိုင်း ဆိုင်ရာ ဗဟုသုတများနှင့် ထပ်မံသိရှိသင့်သည့် ပညာရပ်ပိုင်းဆိုင်ရာ အသိအမြင်များ ဖြန့်ဝေပေးခြင်း၊ လေ့ကျင့် သင်ကြားပေးခြင်းတို့အပြင် လက်ရှိ Turquoise Mountain၏ ထုတ်ကုန် လက်ဝတ်ရတနာများကို အဖွဲ့၏ စံသတ်မှတ်ချက်များအတိုင်း ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ရပါမည်။ ဈေးကွက်ချဲ့ထွင်နိုင်မှုနှင့် လက်ရှိ ဈေးကွက်နှင့် ဖောက်သည်များကို ထိန်းသိမ်းနိုင်မှုတို့သည် လက်ပန်းထိမ်ပညာရှင်များ၏ ပံ့ပိုးမှုအပေါ်တွင်လည်း မူတည်သဖြင့် Turquoise Mountain မှ ပြုလုပ်သော အခမ်းအနားများတွင် လိုအပ်ပါက ကူညီပေးရပါမည်။

တာဝန်နှင့် ဝတ္တရားများ
ထုတ်ကုန်ထုတ်လုပ်မှု

  • တာဝန်ချထားပေးသည့်အထည်ကို မပြုလုပ်မီ လိုအပ်သောအချက်အလက်များကို Jewellery Production Coordinator နှင့် သေချာစွာစစ်ဆေးပြီး ညွှန်ကြားချက်များရယူရပါမည်။ (ဥပမာ အပ်ထည်ပုံစံနှင့်ဒီဇိုင်း၊ အတိုင်းအထွာ၊ ရွှေငွေအခြားသတ္တုရောစပ်မှု၊ ထုတ်လုပ်မှုပြီးစီးရန် သတ်မှတ် ရက်၊ အလျော့တွက်၊ ထပ်မံသိရှိရန်လိုအပ်သော အခြားသတင်း အချက်အလက် များ စသည်)
  • ထုတ်လုပ်ပြီးသော ထုတ်ကုန်များ၏ အပြစ်အနာအဆာများ ၊ ဒီဇိုင်းများကို မှန်ကန်မှုရှိမရှိ စစ်ဆေးရန်။
  • Jewellery Production Coordinator ထံမှ အမှာစာများကို လက်ခံခြင်းနှင့် သတ်မှတ် ကုန်ကြမ်း ပမာဏအတွင်းတွင် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်။
  • ကြီးကြပ်သူ (သို့မဟုတ်) မန်နေဂျာ၏ တုံ့ပြန်ချက်အရ လိုအပ်ချက်ရှိသည့် အထည်များကို ပြန်လည် ပြင်ဆင်ရန်။
  • ထုတ်လုပ်မှုအစီအစဉ်အတွင်း သတ်မှတ်ထားသည့် တာဝန်ယူမှုအတွင်း ကုန်ကြမ်းများကို ထိရောက်စွာ အသုံးပြု၍ အထည်များကို ပြီးစီးအောင်ဆောင်ရွက်ရန်။
  • ထုတ်လုပ်မှုမှတ်တမ်းများကို စနစ်တကျနှင့် တိကျစွာ မှတ်သားထားရန်။

သင်တန်းသားများအားသင်ကြားပေးမှု

  • Craft Programme Manager မှ တာဝန်ချထားပေးမှုနှင့် ညွှန်ကြားချက်များအတိုင်း မျိုးဆက်သစ် လက်ပန်းထိမ်ပညာရှင်များအား ရိုးရာလက်ပန်းထိမ်နည်းပညာများ သင်တန်း ပို့ချပေးရန်။
  • သင်တန်းကာလအတွင်း အပ်ထည်များကို မိမိကြီးကြပ်ပေးရသည့် သင်တန်းသားတစ်ဦးချင်း (သို့မ ဟုတ်) တစ်ဦးထက်ပိုသော သင်တန်းသားအဖွဲ့နှင့်အတူ လုပ်ကိုင်ရန်။
  • လိုအပ်သော အသိပညာ၊ ဆောင်ရန်၊ ရှောင်ရန်၊ သိမှတ်ဖွယ်ရာများကိုလည်း သင်တန်းကာလ အတွင်း လိုအပ်သလို သင်ကြားပြသ လမ်းညွှန်မှုပေးရန်။

အထွေထွေတာဝန်များ

  • နှစ်စဉ် (သို့မဟုတ်) လက်ဝတ်ရတနာထုတ်လုပ်သည့်အဖွဲ့၏ ရွှေအမှိုက်သိမ်းလုပ်ငန်းစဉ်တွင် ပါဝင် ကူညီပေးရန်။
  • အထည်ထုတ်လုပ်မှုအတွက် လိုအပ်သောအကြံပြုချက်များကို ဌာနတွင်း အစည်းအဝေးများတွင် ထည့်သွင်းဆွေးနွေးပေးရန်။
  • ရွှေထည် ငွေထည် ထုတ်လုပ်မှု အလုပ်ခန်းအတွင်း ထုတ်လုပ်မှုနှင့် ပတ်သက်သော အန္တရာယ်ဖြစ်စေ နိုင်သော အတိုင်းအတာ၊ ထုတ်လုပ်မှုနှောင့်နှေးစေသော လုပ်ငန်းစဉ်များ၊ ပိုမို ဆန်းသစ်သော အတွေးအမြင်များကို တင်ပြဆွေးနွေးရန်။
  • လုပ်ငန်းသုံး ပစ္စည်းကိရိယာများ၊ စက်ပစ္စည်းများ တစုံတရာ ချို့ယွင်းပျက်စီးပါက လက်ပန်းထိမ် ထုတ်လုပ်ရေးကြီးကြပ်သူထံ အကြောင်းကြားရန်။
  • မိမိအထက်လူကြီးမှတဆင့် ပေးအပ်လာသော အလုပ်နှင့်သက်ဆိုင်သည့် အရေးပေါ်တာဝန်များ ရှိလာ ပါက ကူညီပေးရန်။
  • Turquoise Mountain ၏ ဦးတည်ချက်နှင့် လုပ်ဆောင်ချက်များကို သိရှိပြီး ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများကို လိုက်နာကျင့်သုံးရန်။
  • မိမိ၏လုံခြုံရေးကို ဂရုစိုက်ရန်နှင့် ပြဿနာတစုံတရာပေါ်ပေါက်လာပါက မိမိ၏မန်နေဂျာ (သို့မဟုတ်) လုပ်ငန်းဆောင်ရွက်မှုမန်နေဂျာ (Operations Manager) ထံ အကြောင်းကြား ရန်။

မှတ်ချက်။         ။ ဝန်ထမ်းသည် အထက်ပါအလုပ်တာဝန်ဖော်ပြချက်များတွင် ဖော်ပြမထားသော အလုပ်တာဝန်ဘောင်အတွင်းရှိ အခြားသော တာဝန်ဝတ္တရားများကို အကူအညီတောင်းခံလာပါကလည်း ကူညီလုပ်ဆောင်ပေးရပါမည်။

အခွင့်အရေးရှိသူ :

လိုအပ်သောအရည်အချင်း

လိုအပ်သောအရည်အချင်းများနှင့် လုပ်ငန်းအတွေ့အကြုံလိုအပ်ချက်များ

  • အခြေခံပညာအထက်တန်း (သို့မဟုတ်) အလယ်တန်းအဆင့် အောင်မြင်ပြီးသူ (သို့မဟုတ်) အတွက်အချက်နှင့် စာရေးစာဖတ်တတ်မြောက်သူ ဖြစ်ရမည်။
  • လုံလောက်သည့် (လက်ခံနိုင်သည့်) လက်ဝတ်ရတနာထုတ်လုပ်မှု အတွေ့အကြုံရှိရမည်။ သတ်မှတ် ထားသော အချိန်အတွင်းတွင် သင့်လျော်သော ကုန်ကြမ်းများကို အသုံးပြုကာ အရည်အသွေးမြင့် လက်ရာသေသပ်သော ထုတ်ကုန်များ ထုတ်လုပ်နိုင်ကြောင်း သက်သေပြနိုင်ရပါမည်။
  • လက်ဝတ်ရတနာထုတ်လုပ်ရေးလုပ်ငန်းစဉ်များမှ ဖယောင်းပုံထွင်းထုခြင်း၊ ရာဘာမို ဖြတ်တောက်ခြင်း၊ ခက်ခဲသော ဒီဇိုင်းအလှများပြုလုပ်ခြင်း၊ အရောင်တင်ခြင်းများကို လက်တွေ့လုပ်ဆောင်မှုတွင် ခိုင်မာ သော လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်ရမည်။
  • ဖန်တီးရေးဆွဲထားသော လက်ဝတ်ရတနာဒီဇိုင်းပုံများနှင့် ဖန်တီးမှုအယူအဆများကို ကောင်းစွာ နားလည်သဘောပေါက်ပြီး အမှားအယွင်းမရှိပဲ အရည်အသွေးမြင့် ထုတ်ကုန် များအဖြစ် ပြန်လည် ဖော်ဆောင်နိုင်ရမည်။
  • ဆက်ဆံရေးကောင်းမွန်ပြီး သတ်မှတ်ထားသော အလုပ်များကို အချိန်မီပြီးစီးအောင် လုပ်ဆောင်နိုင်ရ မည်။
  • အဖွဲ့အစည်းမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို သေခြာစွာ လိုက်နာနိုင်ရမည်။
  • Turquoise Mountain ၏ တန်ဖိုးများနှင့် မူဝါဒများကို နားလည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုရှိရမည်။
  • စာချုပ်သက်တမ်း                     : (၁) နှစ် စာချုပ်

    မှတ်ချက်။         ။ အမျိုးသမီးလက်ပန်းထိမ်ပညာရှင်များအား လာရောက်လျှောက်ထားရန် တိုက်တွန်း ပါသည်။

What We Can Offer

အကျိုးအမြတ်

• လစာဖြင့် ဆေးခွင့်၊ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်၊ နှင့် မီးဖွားခွင့်
• အစားထိုးနားရက်ခွင့်
• ဖုန်းဘေလ် (လစဉ်)
• အသက်အာမခံ
• ကျန်းမာရေးအာမခံ

ထူးခြားချက်များ

• ရွှေပန်းထိမ်၊ ငွေပန်းထိမ်သင်တန်းဆင်းလက်မှတ် (သို့မဟုတ်) အလုပ်ထောက်ခံစာများ ရှိပါက တင်ပြနိုင်ပါသည်။

အခွင့်အလမ်းများ

• Jewellery Production Coordinator နှင့် Crafts Production Manager တို့မှ လိုအပ်သလို လုပ်ငန်းခွင်တွင်း အတူတကွပူးပေါင်းလုပ်ကိုင်ရင်း နည်းပညာများဖြန့်ဝေ

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

Turquoise Mountain သည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ စတင် လုပ်ကိုင်လျက်ရှိပါသည်။ ထိုအချိန် မှစ၍ ယနေ့အထိ လက်မှုပညာရှင် (၁၇၀၀) ကျော်အား အထည်ချုပ်လုပ်ငန်း၊ ရွှေထည်လုပ်ငန်းနှင့် ယွန်းထည်လုပ်ငန်းအပါအဝင် လက်မှုပညာအမျိုးအစားပေါင်း (၂၀) ကျော်တွင် ပံ့ပိုးကူညီပေးခဲ့ပါသည်။

ထို့အပြင် ရန်ကုန်မြို့တွင် သမိုင်းဝင်အဆောက်အအုံ (၈) ခုကို ပြန်လည်ထိန်းသိမ်းပြုပြင်ထားပြီး၊ ယင်းတို့အနက် ကုန်သည်လမ်း၊ အမှတ် ၄၉၁-၅၀၁ တွင် ရန်ကုန်မြို့၏အမှတ်တရအဖြစ် သိသာထင်ရှားသော Tourist Burma Building နှင့် ၁၉၂၀ ပြည့်နှစ်များမှ teak villa အိမ်တစ်လုံးတို့ ပါဝင်ပါသည်။ ယနေ့တွင် အဆိုပါ Teak villa အိမ်ကြီးအား ယဉ်ကျေးမှုစင်တာအဖြစ် အသုံးပြုလျက် ရှိပြီး Turquoise Mountain ၏ လက်ဝတ်ရတနာလုပ်ငန်းခန်းနှင့် ပြခန်း၊ ချည်ထည်နှင့် အထည်ရက်လုပ်မှုအလုပ်ရုံအပါအဝင် (သဘာဝ)ဆေးရောင်တင်အလုပ်ရုံနှင့် ရုံးခန်းများကိုလည်း ထားရှိထားပါသည်။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

အရောင်းပိုင်းဆိုင်ရာအလုပ်အကိုင်

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x