ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း
Gentle Care ကုမ္ပဏီလီမိတက်သည် မြန်မာနိုင်ငံအတွင်း အရည်အသွေးမြင့် wet tissue (တစ်ရှူးစို)များ နှင့် အမျိုးသမီးလစဉ်သုံး ထုတ်ကုန်များ ထုတ်လုပ်ခြင်းနှင့် ဖြန့်ချိခြင်းလုပ်ငန်းတွင်လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး မိသားစုနှင့်အမျိုးသမီးများ၏နေ့စဉ်သန့်ရှင်းရေးအသုံးအဆောင်များကို လုံခြုံမှုရှိစွာဖြင့် တန်ဖိုးရှိအောင် ထုတ်လုပ်ပေးနေပါသည်။
ကျွန်ုပ်တို့၏စက်ရုံသည် အရှေ့ဒဂုံ စက်မှုဇုံတွင်တည်ရှိပြီး နိုင်ငံတကာအရည်အသွေးစံနှုန်းများနှင့်အညီ လုပ်ငန်းလုပ်ကိုင်နေပါသည်။