ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

အစားအသောက် ထုတ်လုပ်ရေး အလုပ်ရုံ ဝန်ထမ်း

ထုတ်လုပ်ရေးလုပ်သား၊စက်ကိုင် | Production, Machine Worker
New A1 Family Co.,Ltd

အစားအသောက် ထုတ်လုပ်ရေး အလုပ်ရုံ ဝန်ထမ်း

ထုတ်လုပ်ရေးလုပ်သား၊စက်ကိုင် | Production, Machine Worker
5 ဦး
New A1 Family Co.,Ltd
5 ဦး
အတည်ပြုပြီး
ဒဂုံမြို့သစ်မြောက်ပိုင်း | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 23 နာရီက အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

စက်ရုံနှင့် အထည်ချုပ်
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: 22 May 2026

အဓိကရည်ရွယ်ချက်

ကလေးအစားအစာဖြစ်သည့် ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သော ဆန်မုန့်ချပ်များကို သတ်မှတ်ထုတ်လုပ်မှုအဆင့်များ၊ သန့်ရှင်းရေးစနစ်များနှင့် အစားအသောက်ဘေးကင်းရေးစည်းမျဉ်းများအတိုင်း ထုတ်လုပ်ရန်။

တာဝန်နှင့်လုပ်ငန်းဆောင်တာများ

၁. ကုန်ကြမ်းပြင်ဆင်ခြင်း

၂. ထုတ်လုပ်မှုလုပ်ငန်းစဉ်

၃. အရည်အသွေးနှင့် ဘေးကင်းရေး စစ်ဆေးခြင်း

၄. သန့်ရှင်းရေးလုပ်ငန်း (အထူးအရေးကြီး)

၅. ထုပ်ပိုးခြင်းနှင့် တံဆိပ်ကပ်ခြင်း

၆. မှတ်တမ်းပြုစုခြင်း

· နေ့စဉ် ထုတ်လုပ်မှုမှတ်တမ်း (batch အမှတ်၊ အရေအတွက်၊ သန့်ရှင်းရေးပြုလုပ်ပြီးကြောင်း) တို့ကို ရိုးရိုးရှင်းရှင်း ဖြည့်စွက်ခြင်း

အခွင့်အရေးရှိသူ :

လိုအပ်သောအရည်အချင်း

အနိမ့်ဆုံးအရည်အချင်း

  • ပညာအရည်အချင်း – တရားဝင်ဘွဲ့/ဒီပလိုမာ မလိုအပ်ပါ။ 
  • အတွေ့အကြုံ – အစားအသောက်ထုတ်လုပ်ရေးတွင် အတွေ့အကြုံ လုံးဝမလို။
  • အဓိကလိုအပ်သည့် အရည်အချင်းနှင့် စိတ်နေစိတ်ထား (အရေးအကြီးဆုံး)
  • လေ့လာလိုစိတ်ရှိခြင်း – သတ်မှတ် ထုတ်လုပ်မှုအဆင့်များကို စိတ်ရှည်လက်ရှည် လိုက်နာလုပ်ဆောင်နိုင်ခြင်း
  • သန့်ရှင်းမှုကို ဂရုစိုက်ခြင်း – တစ်ကိုယ်ရေသန့်ရှင်းမှု၊ မျက်နှာပြင်သန့်ရှင်းမှုကို အထူးဂရုပြုခြင်း
  • အသေးစိတ်ကို အာရုံစိုက်နိုင်ခြင်း – ပါဝင်ပစ္စည်းချိန်တွယ်ခြင်း၊ အချိန်နှင့် အပူချိန်စစ်ဆေးခြင်းတို့တွင် သေချာခြင်း
  • အဖွဲ့နှင့် အလုပ်လုပ်လိုစိတ်ရှိခြင်း – အသေးစားအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်နိုင်ခြင်း
  • တာဝန်ကျေခြင်း – အချိန်မှန်ခြင်း၊ သတ်မှတ်စည်းမျဉ်းများကို လိုက်နာခြင်း၊ မသိလျှင် မေးမြန်းခြင်း

---

ဤ JD သည် အတွေ့အကြုံမရှိသေးသော်လည်း ကောင်းမွန်သော စိတ်နေစိတ်ထား၊ သန့်ရှင်းရေးအလေ့အထနှင့် သင်ယူလိုစိတ်ရှိသူများအတွက် သင့်တော်ပါသည်။

စက်ရုံအနေဖြင့် On-the-job training (အလုပ်တွဲလုပ်သင်ပေးခြင်း) ကို အပြည့်အဝ ဆောင်ရွက်ပေးနိုင်ပါသည်။

What We Can Offer

အကျိုးအမြတ်

ဘောနပ်
ကော်မရှင်
အချိန်မှန်ကြေး
ရက်မှန်ကြေး
ဖုန်းဘေ

ထူးခြားချက်များ

ပညာအရေအချင်းမလို

အခွင့်အလမ်းများ

စားသောက်ကုန်ထုတ် သင်တန်းများ
အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေး သင်တန်းများ သင်ယူနိုင်ခွင့်ရှိခြင်း

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

**New A1 Family Co., Ltd (A1 Family )** သည် ကျား၊မ မခွဲခြားသော၊ စိုက်ပျိုးရေးအခြေပြု တာဝန်ယူမှုရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး လူမှုအသိုက်အဝန်းနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အပြုသဘောသက်ရောက်မှုရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ကုမ္ပဏီသည် ကမ္ဘာမြေ သဘာဝ ထိန်းသိမ်းရေးနှင့် လူသားများ၏ဘဝများတိုးတက်စေရန်အတွက် ကျင့်ဝတ်နှင့်ညီသော တာဝန်ယူမှုရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များကို အချိတ်အဆက်မိမိ ဆောင်ရွက်လျက်ရှိပါသည်။

A1 Family သည် ကြက်သွန်နီနှင့်ငရုတ်သီးများ ရောင်းဝယ်သည့် ပွဲရုံလုပ်ငန်းတစ်ခုအဖြစ် ၁၉၈၂ ခုနှစ်တွင် မန္တလေးတိုင်း၊ မြစ်သားမြို့၌ စတင်တည်ထောင်ခဲ့ကာ ၂၀၁၃ ခုနှစ်တွင် ကုမ္ပဏီအဖြစ် မှတ်ပုံတင်ခဲ့ပါသည်။ အေဝမ်းမိသားစု အမည်ဖြင့် ငရုတ်သီး၊ ကြက်သွန်နီနှင့် အခြားဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများကို နှစ်ပေါင်း ၄၀ ကျော် ရောင်းဝယ်ဖောက်ကားခဲ့ပြီး ယနေ့အထိ ဤလုပ်ငန်းတွင် ကောင်းမွန်သည့်ဂုဏ်သတင်းနှင့် နာမည်ကောင်းတစ်ခုဖြင့် ရပ်တည်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။

၂၀၁၈ ခုနှစ်တွင် ကူမဲမြို့၌ အရည်အသွေးမြင့် ငရုတ်သီးမှုန့်၊ နနွင်းမှုန့်နှင့် အခြားဟင်းခတ်အမွှေးအကြိုင်များကို နိုင်ငံတကာအစားအသောက်ဘေးကင်းရေးစံချိန်များနှင့်အညီ ထုတ်လုပ်ရန် စက်ရုံတစ်ရုံ တည်ဆောက်ခဲ့ပါသည်။ ယခုအခါတွင် ပြည်တွင်းနှင့်နိုင်ငံတကာဈေးကွက်များအတွက် ကုန်ပစ္စည်း ၃၀ ကျော်ကို ထုတ်လုပ်လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ (NCDs) (ဥပမာ - သွေးတိုး၊ ဆီးချို) ကြောင့် သေဆုံးမှု ၆၈% ရှိသည့်အတွက် အလယ်တန်းနှင့် အလုပ်သမားလူတန်းစားများ ကျန်းမာရေးနှင့်ညီညွတ်သော ချက်ပြုတ်ပစ္စည်းများ လွယ်ကူစွာရရှိစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံသားများ၏ ကျန်းမာရေးကို ဂရုစိုက်သည့်အနေဖြင့် A1 Family သည် အဆိပ်အတောက်ကင်းစင်၍ ဓာတုပစ္စည်းများ၊ အရောင်တင်ဆေးများ၊ ကြာရှည်ခံဆေးများ လုံးဝမပါဝင်သော ငရုတ်သီးမှုန့်၊ နနွင်းမှုန့်နှင့် အခြားဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိပါသည်။

A1 Family သည် မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်ရှိ ကူမဲ၊ မြစ်သား၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ မြင်းခြံ၊ ဟင်္သာတ၊ စလင်းနှင့် ဧရာဝတီ မှ ကြက်သွန်နီနှင့်ငရုတ်သီးများကို ဝယ်ယူပါသည်။ ထို့အပြင် မိတ္ထီလာ၊ ပျော်ဘွယ်၊ မြင်းခြံ၊ ကုမဲ၊ ရေဝန်း၊ စလင်းနှင့် မြစ်သားမြို့နယ်များတွင် ကုန်စည်စုဆောင်းရောင်းဝယ်ရေးဌာနခွဲများနှင့် သိုလှောင်ရုံများ ထားရှိပါသည်။

A1 Family ၏ ထုတ်ကုန်များကို အဓိကအားဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များရှိ ကိုယ်ပိုင်ဖြန့်ချီရေးဌာနများမှတစ်ဆင့်နှင့် Makro၊ City Mart၊ Capital နှင့် Sein Gayhar ကဲ့သို့သော အဆင့်မြင့်ဈေးကွက်များသို့ လည်းကောင်း wet Market စျေးများ ဆိုင်ခန်းများသို့လည်းကောင်း ဖြန့်ဖြူးရောင်းချပါသည်။

A1 Familyသည် HALAL အသိအမှတ်ပြုလက်မှတ်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)လက်မှတ်၊ HACCP ၊ GMP နှင့် ISO 22000:2018 အသိအမှတ်ပြုလက်မှတ်များ ရရှိထားပါသည်။

**ထုတ်ကုန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-**
၁. ငရုတ်သီးအနုမှုန့်
၂. ငရုတ်သီးအကြမ်းမှုန့်
၃. ငရုတ်အရောင်တင်မှုန့်
၄. ငရုတ်သီးအလှော်မှုန့်
၅. နနွင်းမှုန့်
၆. ငရုတ်သီးခြောက်
၇. အညှာခြွေ ငရုတ်သီးခြောက်
၈. ဂျင်းမှုန့်
၉. ကြက်သွန်ဖြူမှုန့်
၁၀. ကြက်သွန်နီမှုန့်
၁၁. ကြက်သွန်နီခြောက်
၁၂. ကြက်သွန်နီကြော်
၁၃. ကြက်သွန်ဖြူကြော်
၁၄. မဆလာ
၁၅. ငရုတ်ကောင်းမှုန့်
၁၆. ရသာမှုန့်
၁၇. မာလာရှန်းကောအနှစ်
၁၈. ငရုတ်သီးနှမ်းကပ်ကြော်
Spicy အနှစ်
BBQ မာလာမှုန့်
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

စက်ရုံနှင့် အထည်ချုပ်

နောက်ထပ်အလားတူအလုပ်များ

Senior Packaging Staff

FreshMoe Myanmar ဒဂုံမြို့သစ်မြောက်ပိုင်း | ရန်ကုန်တိုင်း

Junior Packer Operator

Myanmar Japan Tobacco Co.,Ltd မင်္ဂလာဒုံ | ရန်ကုန်တိုင်း

Junior Maker Operator

Myanmar Japan Tobacco Co.,Ltd မင်္ဂလာဒုံ | ရန်ကုန်တိုင်း

အထွေထွေလုပ်သား

Nippon Paint (Myanmar) Co.,Ltd လှိုင်သာယာ | ရန်ကုန်တိုင်း

Production Worker ( Male-2)

Bright Corner တာမွေ | ရန်ကုန်တိုင်း

စက်ချုပ်သမား

Floral up Clothing တောင်ဥက္ကလာ | ရန်ကုန်တိုင်း

TX Paster

Myanmar Japan Tobacco Co.,Ltd မင်္ဂလာဒုံ | ရန်ကုန်တိုင်း

Quality Control

Mya Ayer Group ဒဂုံမြို့သစ်တောင်ပိုင်း | ရန်ကုန်တိုင်း

စက်ကိုင်ကျွမ်းကျင်

Booming Luck Co., Ltd. လှိုင်သာယာ | ရန်ကုန်တိုင်း

ကြီးကြပ်ရေးမှူး - ISO Audit

Cho Cho Co.,Ltd မင်္ဂလာဒုံ | ရန်ကုန်တိုင်း

Store Assistant

Newlook Co.,Ltd လှိုင်သာယာ | ရန်ကုန်တိုင်း

Store Keeper

Golden Myanmar Agro - Land Engineering & Trading ဒဂုံမြို့သစ်တောင်ပိုင်း | ရန်ကုန်တိုင်း

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x