English
နောက်ထပ်အလုပ်ကမ်းလှမ်းချက်များရယူပါ
ယခု App ကိုဒေါင်းလုပ်ဆွဲပါ!
ပညာရေး, လေ့ကျင့်သင်ကြားရေး အလုပ် Jobs 56 ခုရှာတွေ့ပါသည်။
စဉ်၍ကြည့်သည်:
ရန်ကုန်၊မန္တလေးရှိမြန်မာနိုင်ငံသားများအတွက် ပညာရေး, လေ့ကျင့်သင်ကြားရေးဆိုင်ရာ Jobs, အလုပ်အကိုင်အခွင့်လမ်းများကို Alote Myanmar တွင်ဝင်ရောက်ရှာဖွေလျှောက်ထားလိုက်ပါ။
စစ်၍ကြည့်သည်:
အလုပ်အမျိုးအစား
တည်နေရာ
လုပ်ငန်းအမျိုးအစား
လုပ်သက်အဆင့်
ဆုများ
အနိမ့်ဆုံး လစာ
Repat / Expat
အလုပ်များ ရယူရန်...
နောက်ထပ်အလားတူအလုပ်များ တင်သောအခါ သင့်အားအကြောင်းကြားပါလိမ့်မည်။
ကျေးဇူးပြု၍ အလုပ်သတိပေးချက်စာမျက်နှာတွင် သင့်အလုပ်သတိပေးချက်ကိုပြင်ပြီး ထပ်မံကြိုးစားပါ။
May Educare International School
မြောက်ဥက္ကလာ | ရန်ကုန်တိုင်း . ရန်ကုန်တိုင်း .
22 Oct 2026
May Educare International School တွင် တာဝန်ထမ်းဆောင်ရန်သန့်ရှင်းရေးဝန်ထမ်း (အမျိုးသမီး) – ၂ ဦးခေါ်ယူလိုပါသည်။ အလုပ်ချိန် – မနက် 8:00 AM မှ ညနေ 5:00 PM အထိ အလုပ်ရက် – တစ်ပတ် ၆ ရက် (တစ်ပတ် ၁ ရက် နားရက်) ကျောင်းအတွင်း/အပြင် သန့်ရှင်းရေးပြုလုပ်ပေးရန် စာသင်ခန်း၊ ရုံးခန်း၊ လှေကားနှင့် အများသုံးနေရာများ သန့်ရှင်းထားရှိရန် အိမ်သာများကို စနစ်တကျ သန့်ရှင်းပေးရန် အမှိုက်များကို နေ့စဉ် စနစ်တကျ စွန့်ပစ်ပေးရန် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုကို ဂရုစိုက်ပေးရန်
အကျိုးအမြတ်: .
တင်သောနေ့: 22 Oct 2026
Team Ascend Company Limited
သာကေတ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
20 Oct 2026
ရာထူး - မြန်မာစာဆရာ/ဆရာမ (Pre-IG, O Level နှင့် A Level) Ascend International School တွင် Pre-IG, O Level နှင့် A Level အတန်းများအတွက် မြန်မာစာသင်ကြားပို့ချရန် စိတ်အားထက်သန်ပြီး တာဝန်ယူမှုရှိသော မြန်မာစာဆရာ/ဆရာမများကို ခေါ်ယူလျက်ရှိပါသည်။ အဓိကတာဝန်များ (Job Responsibilities) ကျောင်းသား/ကျောင်းသူများအား မြန်မာစာဖတ်ခြင်း၊ ရေးသားခြင်း၊ သဒ္ဒါ၊ ဝေါဟာရနှင့် စာဖတ်နားလည်မှုတို့ကို သင်ကြားပို့ချရန်။ သင်ခန်းစာအစီအစဉ်များ၊ သင်ထောက်ကူပစ္စည်းများနှင့် ကျောင်းသားအကဲဖြတ်မှုများကို ပြင်ဆင်ရန်။ ကျောင်းသား/ကျောင်းသူများ၏ သင်ယူမှုတိုးတက်မှုကို စောင့်ကြည့်အကဲဖြတ်ပြီး လိုအပ်သည့် အကြံပြုချက်များနှင့် လမ်းညွှန်မှုများ ပေးရန်။ ထိရောက်သော စာသင်ခန်းစီမံခန့်ခွဲမှုဖြင့် စိတ်ဝင်စားဖွယ်ကောင်းပြီး သင်ယူမှုကို အားပေးသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန်။ ကျောင်းသား/ကျောင်းသူများ၏ ပညာရေးတိုးတက်မှုအတွက် ပညာရေးဌာနနှင့် အခြားဆရာ/ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်။ English Version Position: Myanmar Language Teacher (Pre-IG, O Level & A Level) Ascend International School is looking for a passionate and dedicated Myanmar Language Teacher to teach students at Pre-IG, O Level, and A Level levels. Job Responsibilities: Teach Myanmar language, including reading, writing, grammar, vocabulary, and comprehension. Prepare lesson plans, teaching materials, and student assessments. Monitor students’ learning progress and provide constructive feedback. Maintain effective classroom management and create an engaging learning environment. Collaborate with the academic team to support students’ academic development.
တင်သောနေ့: 20 Oct 2026
19 Oct 2026
Myanmar Version Ascend International School တွင် တာဝန်ထမ်းဆောင်ရန် စိတ်အားထက်သန်ပြီး သင်ယူလိုစိတ်ရှိသော Junior IT Staff ကို ခေါ်ယူလျက်ရှိပါသည်။ အဓိကတာဝန်များ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား အခြေခံ IT အကူအညီများ ပံ့ပိုးပေးခြင်း။ ကွန်ပျူတာ၊ ပရင်တာနှင့် အခြား IT ပစ္စည်းများကို တပ်ဆင်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း။ ကျောင်း၏ Network နှင့် Internet ချိတ်ဆက်မှုများကို ထိန်းသိမ်းရာတွင် ကူညီဆောင်ရွက်ခြင်း။ Classroom များရှိ Projector၊ Display စသည့် IT ပစ္စည်းများကို တပ်ဆင်ပြင်ဆင်ပေးခြင်း။ လိုအပ်သော Software များကို Install နှင့် Update ပြုလုပ်ခြင်း။ IT ပစ္စည်းစာရင်း (Inventory) ကို ထိန်းသိမ်းရာတွင် ကူညီဆောင်ရွက်ခြင်း။ Supervisor မှ တာဝန်ပေးအပ်သော အခြား IT နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ဆောင်ရွက်ခြင်း။ English Version Ascend International School is looking for a motivated and enthusiastic Junior IT Staff to join our team. Key Responsibilities Provide basic IT support to teachers and staff. Install and troubleshoot computers, printers, and other IT equipment. Assist in maintaining the school’s network and internet connectivity. Set up classroom IT equipment such as projectors and displays. Install and update software as required. Assist in maintaining IT equipment inventory. Perform other IT-related duties assigned by the supervisor.
တင်သောနေ့: 19 Oct 2026
မြောက်ဥက္ကလာ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
16 Oct 2026
ရာထူး၏ ရည်ရွယ်ချက် ကျောင်း၏ နေ့စဉ်ရုံးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်နှင့် မိဘများ၊ ကျောင်းသားများ၊ ဆရာများအကြား ဆက်သွယ်ရေးနှင့် ကျောင်းအုပ်ချုပ်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးရန်။ အစီရင်ခံရမည့်သူ — Founder / Principal သို့မဟုတ် ရုံးတာဝန်ခံ ၁။ မိဘများနှင့် ဧည့်သည်များအား ဝန်ဆောင်မှုပေးခြင်း • မိဘများနှင့် ဧည့်သည်များကို ယဉ်ကျေးပျူငှာစွာ ကြိုဆိုရန်။ • ကျောင်း၏ အတန်းများ၊ အချိန်ဇယားနှင့် ကျောင်းအပ်နှံရေးဆိုင်ရာ အတည်ပြုထားသော အချက်အလက်များကို ရှင်းပြရန်။ • ဖုန်းနှင့် Page Messenger မှ မေးမြန်းမှုများကို အချိန်မီ ပြန်လည်ဖြေကြားရန်။ • မိဘများ၏ တင်ပြချက်များကို မှတ်တမ်းတင်၍ သက်ဆိုင်ရာတာဝန်ရှိသူထံ တင်ပြရန်။ ၂။ ကျောင်းအပ်နှံရေးနှင့် မှတ်တမ်းထိန်းသိမ်းခြင်း • ကျောင်းအပ်နှံရေးဖောင်များ ဖြည့်သွင်းရာတွင် ကူညီပြီး လိုအပ်သော စာရွက်စာတမ်းများ စစ်ဆေးရန်။ • ကျောင်းသားစာရင်း၊ အတန်းစာရင်းနှင့် မိဘဆက်သွယ်ရန် အချက်အလက်များကို ပြင်ဆင်ထိန်းသိမ်းရန်။ • အချက်အလက်ပြောင်းလဲမှုများကို အချိန်မီ ပြင်ဆင်ဖြည့်စွက်ရန်။ • စာရွက်စာတမ်းနှင့် ကွန်ပျူတာဖိုင်များကို ပြန်လည်ရှာဖွေရလွယ်ကူအောင် စနစ်တကျ သိမ်းဆည်းရန်။ ၃။ ရုံးစာရွက်စာတမ်း ပြင်ဆင်ခြင်း • Microsoft Word ဖြင့် ရုံးစာ၊ ကြေညာစာ၊ ဖောင်နှင့် စာရင်းများ ပြင်ဆင်ရန်။ • မြန်မာစာနှင့် အင်္ဂလိပ်စာများကို တိကျစွာ စာရိုက်ရန်။ • Print၊ Scan၊ Copy လုပ်ငန်းများ ဆောင်ရွက်ရန်။ • ထုတ်ပြန်မည့်စာရွက်စာတမ်းများအတွက် တာဝန်ရှိသူ၏ အတည်ပြုချက် ရယူရန်။ ၄။ ငွေပေးချေမှုဆိုင်ရာ လုပ်ငန်းများ • တာဝန်ပေးအပ်ထားပါက ကျောင်းလခနှင့် အခြားပေးချေမှုများကို လက်ခံ၍ ပြေစာထုတ်ပေးရန်။ • လက်ခံငွေနှင့် ပြေစာများကို တိကျစွာ မှတ်တမ်းတင်ရန်။ • နေ့စဉ်လက်ခံငွေနှင့် မှတ်တမ်းများကို သတ်မှတ်ထားသော တာဝန်ရှိသူထံ စစ်ဆေးအပ်နှံရန်။ • ငွေစာရင်းကွာဟမှုရှိပါက ချက်ချင်း တင်ပြရန်။ ၅။ ကျောင်းအုပ်ချုပ်ရေးလုပ်ငန်းများ ပံ့ပိုးခြင်း • အစည်းအဝေး၊ မိဘဆရာတွေ့ဆုံပွဲနှင့် ကျောင်းအခမ်းအနားများအတွက် လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ရန်။ • ရုံးသုံးပစ္စည်းများကို စာရင်းပြုစု၍ လိုအပ်ချက်များ တင်ပြရန်။ • ဆရာများနှင့် သက်ဆိုင်ရာဌာနများထံ အတည်ပြုထားသော အကြောင်းကြားချက်များ အချိန်မီ ပေးပို့ရန်။ • Founder / Principal က ပေးအပ်သော ရုံးလုပ်ငန်းဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရန်။
တင်သောနေ့: 16 Oct 2026
The Student Language Academy
ရန်ကင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
The Student Language Academy နှင့်အတူ လက်တွဲလုပ်ကိုင်လိုသူများအနေဖြင့် အောက်ပါအလုပ်အကိုင်အခွင့်အလမ်းကောင်းများအတွက် ဝန်ထမ်းများ ခေါ်ယူနေပါသည်။ 🔺 Department ၏ နေ့စဉ်လုပ်ငန်းများကို စီမံကြီးကြပ်ခြင်း 🔺 Junior Staff များအား တာဝန်ခွဲဝေခြင်းနှင့် Follow-up ပြုလုပ်ခြင်း 🔺 Course Books, Materials, Uniforms, ဆုနှင့် လက်ဆောင်ပစ္စည်းများကို Delivery အတွက် စစ်ဆေးပြင်ဆင်ခြင်း 🔺 Third-Party Delivery Services များနှင့် Coordination ပြုလုပ်ခြင်း 🔺 Stock Out & Stock Records များကို စစ်ဆေးထိန်းချုပ်ခြင်းနှင့် Stock Reconciliation ပြုလုပ်ခြင်း 🔺 Stock ကွာဟမှု/ပြဿနာများအား Manager ထံ Report တင်ပြခြင်း 🔺 Daily / Weekly Operations & Stock Reports ပြုစုခြင်း 🔺 Department ၏ Process Improvement & Working Area Management ကို ကြီးကြပ်ခြင်း
အကျိုးအမြတ်: Salary + Travel Allowance + Other Allowances
🔺 Course Books, Materials, Uniforms, ဆုနှင့် လက်ဆောင်ပစ္စည်းများကို စနစ်တကျ ထုပ်ပိုးပြင်ဆင်ခြင်း 🔺 Supervisor မှ ပေးအပ်သော နေ့စဉ်တာဝန်များကို သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်ခြင်း 🔺 ထုတ်ယူအသုံးပြုသော Stock များကို မှတ်တမ်းတင်ခြင်းနှင့် Daily Report တင်ပြခြင်း 🔺 Stock Records နှင့် Actual Stock များကို စစ်ဆေးခြင်း 🔺 Delivery အတွက် ပစ္စည်းများကို Supervisor နှင့် ညှိနှိုင်းပြင်ဆင်ခြင်း 🔺 မိမိတာဝန်ယူထားသော ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းခြင်း 🔺 Supervisor မှ ပေးအပ်သော အခြားဆက်စပ်တာဝန်များကို ဆောင်ရွက်ခြင်း
Baho Private School
မရမ်းကုန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
15 Oct 2026
ကျောင်းသို့ လာရောက်သော မိဘများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဧည့်သည်များကို ကြိုဆိုဧည့်ခံပေးရန်။ ကျောင်းနှင့်ပတ်သက်သော အခြေခံအချက်အလက်များ၊ သင်တန်းအစီအစဉ်များနှင့် ဝင်ခွင့်ဆိုင်ရာ မေးမြန်းမှုများကို ဖြေကြားပေးရန်။ ဖုန်းခေါ်ဆိုမှုများ၊ Email များနှင့် Online မှတစ်ဆင့် ဆက်သွယ်လာသော မေးမြန်းမှုများကို လက်ခံဖြေကြားပေးရန်။ မိဘများနှင့် ကျောင်းသား/ကျောင်းသူများ၏ လိုအပ်ချက်များကို နားထောင်ပြီး သက်ဆိုင်ရာဝန်ထမ်းများထံ ချိတ်ဆက်ပေးရန်။ ကျောင်းသား/ကျောင်းသူများ၏ စာရင်းများ၊ စာရွက်စာတမ်းများနှင့် Customer Information များကို စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းရန်။ နေ့စဉ်ရုံးလုပ်ငန်းများ၊ Data Entry နှင့် အခြေခံ Administrative Tasks များကို ကူညီဆောင်ရွက်ရန်။ မိဘများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ဝန်ဆောင်မှုကောင်းမွန်စေရန် အဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်။ မိမိတာဝန်ယူထားသော လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်။
အကျိုးအမြတ်: -
တင်သောနေ့: 15 Oct 2026
ကျောင်းသို့ လူကိုယ်တိုင်လာရောက်သော မိဘများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဧည့်သည်များကို ယဉ်ကျေးပျူငှာစွာ ကြိုဆိုဧည့်ခံပေးရန်။ ကျောင်း၏ ဖုန်းခေါ်ဆိုမှုများ၊ Email များနှင့် Social Media မှတစ်ဆင့် ဆက်သွယ်လာသော မေးမြန်းမှုများကို လက်ခံဖြေကြားပေးရန်။ ကျောင်းဝင်ခွင့်၊ သင်တန်းအစီအစဉ်များ၊ ကျောင်းလခနှင့် ကျောင်းဆိုင်ရာအချက်အလက်များကို မှန်ကန်စွာ ရှင်းလင်းပြောကြားပေးရန်။ မိဘများ၏ မေးမြန်းချက်များ၊ တိုင်ကြားချက်များနှင့် အခက်အခဲများကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းပေးရန်။ လိုအပ်ပါက သက်ဆိုင်ရာဌာနများ၊ ဆရာ/ဆရာမများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးရန်။ ကျောင်း၏ Reception Area၊ ဧည့်သည်မှတ်တမ်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို စနစ်တကျ စီမံခန့်ခွဲရန်။ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ၏ အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းရန်။ နေ့စဉ် Customer Service လုပ်ငန်းများ၊ စာရွက်စာတမ်းများနှင့် အစီရင်ခံစာများကို ပြင်ဆင်ဆောင်ရွက်ရန်။ ကျောင်း၏ ဝန်ဆောင်မှုအရည်အသွေး တိုးတက်စေရန် အကြံပြုချက်များပေးပြီး သတ်မှတ်ထားသော လုပ်ငန်းစံနှုန်းများအတိုင်း ဆောင်ရွက်ရန်။
Asia Strategic Education
ဗဟန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
14 Oct 2026
လုပ်ငန်းတာဝန်များ ဈေးဝယ်စင်တာ ပတ်ဝန်းကျင်တွင် လာရောက်သူတွေများနှင့် စကားပြောပြီး ကုမ္ပဏီ၏ထုတ်ကုန်များကို မိတ်ဆက်ပေးရမည်။ စိတ်ဝင်စားသူများ၏အချက်အလက်များကို တိကျမှန်ကန်စွာ မှတ်တမ်းတင်ရမည်။ နေ့စဉ်သတ်မှတ်ထားသည့် Daily Targets များကို ပြည့်မီအောင် ကြိုးစားလုပ်ဆောင်ရမည်၊၊ Activation Supervisor (ကြီးကြပ်သူ)ထံသို့ တစ်နေ့တာအလုပ်များအား နေ့စဉ်တင်ပြရမည်၊၊ ကုမ္ပဏီ၏ စည်းကမ်းနှင့် ဝတ်စုံများကို အမြဲ ဝတ်ဆင်လိုက်နာရမည်။
အကျိုးအမြတ်: - အခြေခံလစာ + Bonus + Commission - တစ်လနားရက် (၆) ရက် - စွမ်းဆောင်မှုအပိုဆုကြေး
တင်သောနေ့: 14 Oct 2026
AMI International School
ကမာရွတ် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
08 Oct 2026
စကားအပြောအဆို ချိုသာပြီး ဆက်ဆံရေးကောင်းမွန်သူ၊ ရုပ်ရည် သန့်ပြန့် ပြီး သန့်ရှင်းသပ်ရပ်စွာနေထိုင်တတ်သူ၊ ရိုးသားကြိုးစား၍ သွက်လက်ထက်မြက်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်သူ။ အသင်းအဖွဲ့ ဖြင့် လုပ်ကိုင်နိုင်ရပါမည်။
အကျိုးအမြတ်: Salary Negotiate Attendance Allowance Pre medical check-up Travelling Allowance
တင်သောနေ့: 08 Oct 2026
MPA International School
ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ရန် သန့်ရှင်းရေးရာထူးအတွက် အခွင့်အရေး။ နေ့စဉ် သန့်ရှင်းရေးတာဝန်များ (sweeping, mopping, dusting, and vacuuming) ဆောင်ရွက်ရမည်။ စာသင်ခန်းများ၊ အစည်းအဝေးခန်းများ၊ ရုံးခန်းများ၊ Restroom များနှင့် Lobby area ကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းရမည်။ ကျောင်းပရဝဏ်အတွင်းပိုင်း၊ အပြင်ပိုင်းများကို သန့်ရှင်းရေးပြုလုပ်ပေးရမည်။ ကြမ်းပြင်များ၊ အိမ်သာများ မြင့်မားသောအဆင့်များ၊နံရံများ၊ မျက်နှာကျက်များ၊ ပြတင်းပေါက်များ၊ အဖုံးအအုပ် (အကာ) များ၊ သံမဏိ၊ ကူရှင်များနှင့် လိုအပ်ပါက သီးသန့်တောင်းဆိုမှုများကိုလည်းသန့်ရှင်းပေးရမည်။ အဆောက်အဦးဝန်းကျင်ဧရိယာများနှင့် ပြင်ပနံရံများအပါအဝင် ကျောင်းဆိုင်းဘုတ်များကို သန့်ရှင်းပေးရမည်။ လိုအပ်သလို Deep Cleaning လုပ်ပေးရပါမည်။ စွန့်ပစ်ပစ္စည်းများ/အမှိုက်များကို နေ့စဉ် စနစ်တကျသတ်မှတ်ထားသော စွန့်ပစ်နေရာတွင်သာ စွန့်ပစ်ရမည်။ နေ့စဥ်အသုံးပြုနေသော သန့်ရှင်းရေးသုံးပစ္စည်းများနှင့် စက်ကို သန့်ရှင်းရေးပြုလုပ်ရပါမည်။ သန့်ရှင်းရေးသုံး ပစ္စည်းများကို စနစ်တကျ ထိန်းသိန်းထားသိုရပါမည်။ သန့်ရှင်းရေး ပစ္စည်းများကို မှန်မှန်ကန်ကန် အသုံးပြုပြီး စနစ်တကျ သိုလှောင်တတ်ရမည်။ သန့်ရှင်းရေး ပစ္စည်းများ လိုအပ်ပါက သက်ဆိုင်ရာတာဝန်ခံထံ အကြောင်းကြားရမည်။ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် လုံခြုံရေးစည်းမျဉ်းများကို လိုက်နာဆောင်ရွက်နိုင်ရမည်။ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ဝတ္တရားများကို ပြောင်းလဲလုပ်နိုင်ရမည်။ လုပ်ငန်းလိုအပ်ချက်အရ အထက်လူကြီး၏ တာဝန်ပေးညွှန်ကြားမှုများအပေါ် တာဝန်ယူ ဆောင်ရွက်နိုင်ရမည်။
အကျိုးအမြတ်: နေ့လည်စာ ကော်ဖီ ခရီးစရိတ် အချိန်ပိုကြေး ဘောနပ်စ်
07 Oct 2026
MPA International School တွင် ကျောင်းဝင်းအတွင်းရှိ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းပိုင်ပစ္စည်းများ၏ လုံခြုံရေးနှင့် ဘေးကင်းလုံခြုံမှုကို ထိရောက်စွာ စီမံကြီးကြပ်နိုင်ရန်အတွက် Head of Security Department (လုံခြုံရေးဌာနမှူး) ရာထူးအတွက် အရည်အချင်းပြည့်မီသူများကို ခေါ်ယူလျက်ရှိပါသည်။ • ကျောင်း၏ လုံခြုံရေးဌာနတစ်ခုလုံးကို ဦးဆောင်စီမံခန့်ခွဲပြီး နှစ်စဉ်လုပ်ငန်းအစီအစဉ်၊ ဌာနဆိုင်ရာ ရည်မှန်းချက်များနှင့် လုံခြုံရေးစံနှုန်းများကို ရေးဆွဲအကောင်အထည်ဖော်ခြင်း။ • လုံခြုံရေးဝန်ထမ်းအင်အား၊ ဌာနဖွဲ့စည်းပုံ၊ Duty Roster၊ Shift Schedule နှင့် တာဝန်ခွဲဝေမှုများကို စီမံကြီးကြပ်ပြီး လိုအပ်သော ဝန်ထမ်းခန့်အပ်မှုများကို Management ထံ အကြံပြုတင်ပြခြင်း။ • Security Rules & Regulations၊ SOPs နှင့် Emergency Response Procedures များကို ရေးဆွဲပြန်လည်သုံးသပ်ခြင်း၊ Management ၏ အတည်ပြုချက်ဖြင့် အကောင်အထည်ဖော်ခြင်းနှင့် လိုက်နာမှုရှိ/မရှိ စစ်ဆေးကြီးကြပ်ခြင်း။ • ကျောင်းဝင်းအတွင်းနှင့် ပတ်ဝန်းကျင်ရှိ လုံခြုံရေးအန္တရာယ်များကို သုံးသပ်အကဲဖြတ်၍ ကာကွယ်တားဆီးရေးနှင့် အန္တရာယ်လျှော့ချရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း။ • ကျောင်းဝင်/ထွက်ပေါက်များ၊ ကျောင်းသား၊ ဝန်ထမ်း၊ မိဘ၊ ဧည့်သည်၊ Contractor နှင့် ယာဉ်များ၏ ဝင်ထွက်မှုကို စနစ်တကျ ထိန်းချုပ်ကြီးကြပ်ခြင်း။ • CCTV၊ Security Alarm၊ Access Control နှင့် အခြားလုံခြုံရေးစနစ်များ၏ ထိရောက်မှုကို စစ်ဆေးကြီးကြပ်ပြီး လိုအပ်သော ပြုပြင်တိုးတက်မှုများကို စီမံဆောင်ရွက်ခြင်း။ • ခိုးမှု၊ ပျောက်ဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် အခြားလုံခြုံရေးဖြစ်စဉ်များကို ကိုင်တွယ်ဖြေရှင်းခြင်း၊ လိုအပ်ပါက စုံစမ်းစစ်ဆေးခြင်းနှင့် Incident Reports များကို Management ထံ အချိန်မီ တင်ပြခြင်း။ • Fire Safety၊ Emergency Evacuation၊ Lockdown နှင့် အခြားအရေးပေါ်တုံ့ပြန်ရေးအစီအစဉ်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းစီမံဆောင်ရွက်ခြင်း။ • Security Team ၏ လုပ်ဆောင်ရည်၊ စည်းကမ်း၊ Professional Conduct နှင့် လုပ်ငန်းဆောင်ရွက်မှုစံနှုန်းများကို အကဲဖြတ်ကြီးကြပ်ပြီး လိုအပ်သော Training၊ Briefing နှင့် Performance Improvement များကို စီစဉ်ဆောင်ရွက်ခြင်း။ • ကျောင်းပွဲများ၊ Parent-Teacher Meetings၊ Examinations၊ Graduation၊ ကျောင်းဘတ်စ်ကားနှင့် Ferry Area၊ Parking Area တို့အတွက် လုံခြုံရေးအစီအစဉ်များကို ကြိုတင်ရေးဆွဲ၍ ကြီးကြပ်ဆောင်ရွက်ခြင်း။ • HR၊ Administration၊ Health & Safety၊ Operations နှင့် အခြားသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ခြင်း။ • လုံခြုံရေးဌာန၏ လုပ်ဆောင်ရည်၊ ဝန်ထမ်းအင်အား၊ ဖြစ်စဉ်များ၊ အန္တရာယ်များ၊ လေ့ကျင့်သင်ကြားမှုနှင့် ဘတ်ဂျက်/အရင်းအမြစ်လိုအပ်ချက်များကို ပုံမှန်သုံးသပ်၍ Management ထံ အစီရင်ခံတင်ပြခြင်း။ • ပေးအပ်ထားသော လုပ်ပိုင်ခွင့်အတွင်း လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ခြင်း၊ လုပ်ပိုင်ခွင့်ကျော်လွန်သော ကိစ္စရပ်များအတွက် Management ၏ အတည်ပြုချက်ရယူခြင်းနှင့် အခြားသက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ခြင်း။
တင်သောနေ့: 07 Oct 2026
Scholars International School
Scholars International School တွင် ကလေးများကို ချစ်ခင်ကြင်နာပြီး သင်ကြားရေးအပေါ် စိတ်အားထက်သန်ကာ တာဝန်ယူမှုရှိသော Assistant Teacher တစ်ဦးကို ခေါ်ယူလိုပါသည်။ အဓိကတာဝန်များ သက်ဆိုင်ရာ Class Teacher နှင့် ပူးပေါင်း၍ နေ့စဉ်သင်ကြားရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ရန်။ သင်ခန်းစာအတွက် လိုအပ်သော Teaching Materials နှင့် Classroom Activities များကို ပြင်ဆင်ရာတွင် ကူညီရန်။ ကျောင်းသား/သူများ၏ သင်ယူမှု၊ Classroom Activities နှင့် နေ့စဉ်လုပ်ငန်းများကို အနီးကပ်ကူညီပံ့ပိုးရန်။ Classroom Management ကောင်းမွန်စေရန်နှင့် ကလေးများအတွက် လုံခြုံပျော်ရွှင်သော သင်ယူမှုပတ်ဝန်းကျင်ဖြစ်စေရန် ကူညီရန်။ ကျောင်းသား/သူများ၏ အပြုအမူ၊ သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို စောင့်ကြည့်ပြီး Class Teacher ထံ လိုအပ်သလို တင်ပြရန်။ ကျောင်း၏ Activities, Events နှင့် အခြားသင်ကြားရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန်။ ကလေးများအား စိတ်ရှည်စွာ၊ ကြင်နာစွာနှင့် တာဝန်ယူမှုရှိစွာ စောင့်ရှောက်ကူညီပေးရန်။
BrainWorks-Total International School
06 Oct 2026
School Driver သည် အဖွဲ့အစည်းပိုင် ပစ္စည်းများ ၊ စာရွက်စာတမ်းများ၊ ဝန်ထမ်းများကိုပို့ဆောင်ပေးရန် သတ်မှတ်ထားသော အချိန်နှင့်နေရာများသို့ လုံခြုံစွာ ပို့ဆောင်ပေးရန်တာဝန်ယူပေးရပါမည်။ မော်တော်ယာဉ် ကို သန့်ရှင်း ကောင်းမွန်စွာ ထိန်းသိမ်းရမည်ဖြစ်ပြီးယာဥ်စည်းကမ်း ၊ လမ်းစည်းကမ်းများကို လိုက်နာရပါမည်။ Key Responsibilities ကုမ္ပဏီ၏ ဝန်ထမ်းများအား အကြို/အပို့ ပြုလုပ်ပေးခြင်း ကုမ္ပဏီ၏ ပစ္စည်းများ၊ စာရွက်စာတမ်းများကို သတ်မှတ်ထားသော နေရာများသို့ အချိန်မီပို့ဆောင်ခြင်း မော်တော်ယာဉ်ကို နေ့စဉ် စစ်ဆေး၍ သန့်ရှင်းစွာ ထိန်းသိမ်းခြင်း မော်တော်ယာဉ်ဆီသုံးစွဲမှု၊ ပြုပြင်ထိန်းသိမ်းမှုများကို မှတ်တမ်းတင်ထားခြင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တင်းကြပ်စွာ လိုက်နာခြင်း ပစ္စည်းတင်ချခြင်း၊ သယ်ယူပို့ဆောင်ခြင်းတွင် ကူညီဆောင်ရွက်ခြင်း အရေးပေါ် အခြေအနေများတွင် တာ၀န်ရှိသူထံ ချက်ချင်း အကြောင်းကြားခြင်း
တင်သောနေ့: 06 Oct 2026
Kings Yangon
02 Oct 2026
ကျောင်းလုံခြုံရေးတဦး၏ လုပ်ငန်းတာဝန်သည် ကျောင်းသား၊ ဝန်ထမ်းများနှင့် ဧည့်သည်များအတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာတွင် စဥ်ဆက်မပြတ် ကင်းလှည့်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းစနစ်များ၊ ကျောင်းဝန်းနှင့် ပတ်ဝန်းကျင်တွင် ဝင်ရောက်ခွင့်ကို ထိန်းချုပ်ခြင်း၊ အရေးပေါ်အခြေအနေ တုံ့ပြန်ခြင်းနှင့် လုံခြုံရေးစည်းကမ်း ကြပ်မတ်ခြင်း တို့ အပါအဝင်ဖြစ်သည်။ အဓိကတာဝန်များ ကင်းလှည့်ခြင်းနှင့် စောင့်ကြည့်ခြင်း - စည်းကမ်းချိုးဖောက်မှုများနှင့် ပြစ်မှုမကင်းသည့် ဆောင်ရွက်မှုများ၊ လှုပ်ရှားမှုများကို ရှာဖွေရန်နှင့် ဟန့်တားရန်အတွက် ကျောင်းပတ်ဝန်းကျင်၊ အဆောက်အအုံများနှင့် ယာဉ်ရပ်နားရာနေရာများသို့ ပုံမှန်ကင်းလှည့်ခြင်းများ ဆောင်ရွက်ရပါမည်။ လုံခြုံရေးကင်မရာများနှင့် အချက်ပေးစနစ်များကို စောင့်ကြည့်ရပါမည်။ ကျောင်းဝန်းအတွင်း အဝင်၊အထွက် ထိန်းချုပ်ရေး - ID များကိုစစ်ဆေးခြင်း၊ ဧည့်သည်မှတ်ပုံတင်ခြင်းကို စီမံခန့်ခွဲခြင်းနှင့် ခွင့်ပြုချက်မရှိသောဧည့်သည်များကို စောင့်ကြပ်ခြင်းဖြင့် ကျောင်းဝန်းအတွင်းသို့ဝင်ရောက်မှုကို ထိန်းချုပ်ရပါမည်။ အရေးပေါ်တုံ့ပြန်မှု - အရေးပေါ်အခြေအနေများအတွင်း ပထမဆုံးတုံ့ပြန်မှုအကူအညီကို လုံခြုံရေးအတွက် ချမှတ်ထားသည့် မူဝါဒ နည်းလမ်းများအတိုင်း စတင် ဆောင်ရွက်ပေးခြင်း၊ အရေးပေါ်ဝန်ဆောင်မှုများကို ကျောင်းတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အကောင်အထည်ဖော်ရာတွင် ကူညီပေးခြင်းတို့ပါဝင်ပါသည်။ အဖြစ်အပျက်များကို အစီရင်ခံခြင်း - မှတ်တမ်းဖြစ်ရပ်များ၊ အသေးစိတ်အစီရင်ခံချက်များကို ပြင်ဆင်ပြီး ချိုးဖောက်မှု၊ ဖျက်ဆီးမှု သို့မဟုတ် အခြားသံသယဖြစ်ဖွယ် လုပ်ဆောင်ချက်များကို တိကျသော လုံခြုံရေးမှတ်တမ်းများပြုစုပြီး ထိန်းသိမ်းရပါမည်။ စည်ကမ်း မူဝါဒများကို အမြဲစောင့်ကြပ်ခြင်း - လုံခြုံရေးနှင့် ပတ်သက်သော ကျောင်းမူဝါဒများကို ဝန်ထမ်းများ၊ ကျောင်းသား/သူ၊ ကျောင်းသားမိဘ၊ ဧည့်သည်များ လိုက်နာမှုရှိစေရန် စောင့်ကြပ်ပြီး၊ လိုအပ်ပါက လိုက်နာနိုင်စေရန် ကူညီဆောင်ရွက်ပေးရပါမည်။ နေ့စဥ်လုပ်ငန်းဆောင်တာများအတွက် ပံ့ပိုးမှု - ဧည့်သည်များကို အကူအညီနှင့် လမ်းညွှန်မှုပေးခြင်း၊ လိုအပ်သော သတင်းအချက်အလက်များကို မြင်သာသောနေရာတွင် ဖော်ပြထားပြီး၊ မေးမြန်းစုံစမ်းလာပါက ဖြေကြားပေးရန် (သို့မဟုတ်) သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက် ပေးရပါမည်။ - နေ့စဥ် ကျောင်းပို့/ကြို ကားများ အသွားအလာချောမွေ့စေရေး၊ နေ့လည်စာပို့ချိန် ကားများ၊ နေ့လည်စာဘူးများ လက်ခံပေးခြင်း နှင့် ဝန်ထမ်းကြို/ပို့ကားများ ရောက်ရှိချိန်၊ အလုပ်ဆင်းချိန်များကို ကြီးကြပ်ကူညီပေးရပါမည်။
အကျိုးအမြတ်: * နေ့လည်စာ * အချိန်ပိုကြေး * ရှားပါးစရိတ်
တင်သောနေ့: 02 Oct 2026
Glory International School
အင်းစိန် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
30 Sep 2026
ကျောင်းသား/သူများအား သင်ရိုးညွှန်းတမ်းနှင့်အညီ Mathematics ဘာသာရပ်ကို သင်ကြားပေးခြင်း သင်ခန်းစာအစီအစဉ် (Lesson Plan) များ ပြင်ဆင်ရေးဆွဲခြင်း ကျောင်းသား/သူများ၏ နားလည်မှုအဆင့်အလိုက် သင်ကြားမှုပုံစံများ ပြောင်းလဲအသုံးပြုခြင်း Assignment, Exercise နှင့် Homework များ ပေးခြင်း၊ စစ်ဆေးခြင်း Quiz, Test နှင့် Examination များ စီစဉ်ခြင်း၊ အမှတ်ပေးခြင်း ကျောင်းသား/သူများ၏ သင်ယူမှုတိုးတက်မှုကို စောင့်ကြည့်ပြီး လိုအပ်ပါက ထပ်မံသင်ကြားပေးခြင်း သင်ကြားရေးအထောက်အကူပြုပစ္စည်းများ၊ Educational Materials များ အသုံးပြုခြင်း ကျောင်းသား/သူများ၏ မေးခွန်းများကို စိတ်ရှည်စွာ ရှင်းလင်းသင်ကြားပေးခြင်း ကျောင်းနှင့် သက်ဆိုင်သည့် Meeting, Training နှင့် School Activities များတွင် ပါဝင်ခြင်း မိဘများနှင့် လိုအပ်သလို ဆက်သွယ်၍ ကျောင်းသား/သူများ၏ ပညာရေးတိုးတက်မှုကို အကြောင်းကြားခြင်း
တင်သောနေ့: 30 Sep 2026
English Teacher သည် ကျောင်းသားများအား English Language ကို ထိရောက်စွာ သင်ကြားပေးရန်၊ Speaking, Listening, Reading, Writing Skills များ တိုးတက်လာစေရန် တာဝန်ယူဆောင်ရွက်ရမည်။ Job Responsibilities English Language ကို သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးခြင်း Lesson Plan များ ပြင်ဆင်ရေးဆွဲခြင်း Students များ၏ စာမေးပွဲ၊ Assignment နှင့် Performance များ စစ်ဆေးအကဲဖြတ်ခြင်း Classroom Management ကို စနစ်တကျ ထိန်းသိမ်းခြင်း Students များ၏ English Skill တိုးတက်ရေးအတွက် Activities များ ပြုလုပ်ပေးခြင်း Parents နှင့် လိုအပ်ပါက ဆက်သွယ်ပေးခြင်း School Policies & Procedures များကို လိုက်နာဆောင်ရွက်ခြင်း
ရုံးကားများ မောင်းနှင်ရပါမည်။ ယာဉ်အား အမြဲသန့်ရှင်းသပ်ရပ်စေရမည်။ ဝန်ထမ်းများကို သတ်မှတ်ထားသည့်နေရာများသို့ အန္တာရယ်ကင်းရှင်းစွာ သယ်ယူပို့ဆောင်ရမည်။ မော်တော်ယာဉ်၏ နေ့စဉ် စစ်ဆေးမှုများ (ဆီ၊ ရေ၊ ဘီးဖိအား စသဖြင့်) ပြုလုပ်ရမည်။ ဘယ်မောင်း/ညာမောင်း နှစ်မျိုးစလုံးကျွမ်းကျင်စွာမောင်းနှင်နိုင်ရမည်။ Auto/Manual ကျွမ်းကျင်စွာမောင်းနှင်နိုင်ရမည်။
အကျိုးအမြတ်: နေ့လည်စာ ကော်ဖီ ခရီးစရိတ် အချိန်ပိုကြေး
29 Sep 2026
နေ့စဉ် Admin လုပ်ငန်းများနှင့် ရုံးသုံးပစ္စည်းများ စီမံခြင်း။ Office Supplies / Materials များ ဝယ်ယူရန် Quotation တောင်းခြင်း၊ ဈေးနှုန်းနှိုင်းယှဉ်ခြင်းနှင့် Order/Delivery Follow-up ပြုလုပ်ခြင်း။ PR, PO, Invoice နှင့် Procurement Documents များ စီမံခြင်း။ Office Facility၊ Air-Con၊ Electrical၊ Plumbing နှင့် Equipment များ၏ Maintenance ကို စီစဉ်/Follow-up ပြုလုပ်ခြင်း။ Supplier, Vendor နှင့် Technician များနှင့် ဆက်သွယ်ညှိနှိုင်းခြင်း။ Inventory / Asset / Maintenance Records များ ထိန်းသိမ်းခြင်း။ Manager မှ ပေးအပ်သော အခြားတာဝန်များ ဆောင်ရွက်ခြင်း။
တင်သောနေ့: 29 Sep 2026
Educatry International Education Center
28 Sep 2026
စျေးကွက်ရှာဖွေရေးအဖွဲ့ကို ဦးဆောင်ပြီး ကြီးကြပ်ရမည် အရောင်းပြခန်းအရောင်းတိုးမြှင့်ရန် စျေးကွက်ရှာဖွေရေးဗျူဟာများကို ရေးဆွဲရမည် ပရိုမိုးရှင်းလှုပ်ရှားမှုများနှင့် ပွဲများကို စီမံခန့်ခွဲရမည် အရောင်းစွမ်းဆောင်ရည်ကို စောင့်ကြည့်ပြီး အစီရင်ခံစာများ ပြင်ဆင်ရမည် ဖောက်သည်ဆက်ဆံရေးကို တည်ဆောက်ပြီး ထိန်းသိမ်းရမည် လစဉ်ပစ်မှတ်များအောင်မြင်ရန် အရောင်းအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည် Report to Marketing Manager
တင်သောနေ့: 28 Sep 2026
Hnin Htet Aung Private High School
ပြည်ကြီးတံခွန် | မန္တလေးတိုင်း မန္တလေးတိုင်း
ရုံးခန်း၊ ဆိုင်၊ Showroom နှင့် သတ်မှတ်ထားသောနေရာများကို နေ့စဉ် သန့်ရှင်းရေးပြုလုပ်ခြင်း။ ကြမ်းပြင်၊ စားပွဲ၊ ထိုင်ခုံ၊ မှန်၊ တံခါး၊ ပြတင်းပေါက်များကို သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းခြင်း။ သန့်စင်ခန်း (Toilet) များကို ပုံမှန်သန့်ရှင်းပြီး သန့်ရှင်းသပ်ရပ်မှုရှိစေရန် စစ်ဆေးခြင်း။ အမှိုက်များကို စနစ်တကျ စုဆောင်းပြီး သတ်မှတ်ထားသောနေရာသို့ ပို့ဆောင်ခြင်း။ သန့်ရှင်းရေးသုံးပစ္စည်းများကို စနစ်တကျ အသုံးပြုပြီး လိုအပ်ပါက Admin ထံ တင်ပြခြင်း။ ရေ၊ ဆပ်ပြာ၊ Tissue နှင့် အခြားလိုအပ်သောပစ္စည်းများ ပြည့်စုံမှုရှိစေရန် စစ်ဆေးခြင်း။ ရုံး/ဆိုင်အတွင်း ပစ္စည်းများကို သပ်ရပ်စွာ စီစဉ်ထားရှိရန် ကူညီခြင်း။ သန့်ရှင်းရေးနှင့် ပတ်သက်သော အခြားတာဝန်များကို အထက်လူကြီး၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခြင်း။ လုပ်ငန်းခွင်အတွင်း သန့်ရှင်းရေး၊ လုံခြုံရေးနှင့် စည်းကမ်းများကို လိုက်နာခြင်း။
ကလေးများ၏ English Phonics, Pronunciation, Reading နှင့် Basic English Language Skills များ တိုးတက်လာစေရန် အသက်အရွယ်နှင့် သင်ယူနိုင်စွမ်းအလိုက် သင့်လျော်သော Teaching Methods များကို အသုံးပြု၍ ထိရောက်စွာ သင်ကြားပေးရန်။ Key Responsibilities သတ်မှတ်ထားသော Phonics Curriculum နှင့် Lesson Plan များအတိုင်း သင်ကြားခြင်း Letter Sounds, Phonemes, Blending နှင့် Segmenting များကို အခြေခံမှစ၍ သင်ကြားပေးခြင်း ကလေးများ၏ အသံထွက်မှန်ကန်မှု (Pronunciation) ကို စောင့်ကြည့်ပြီး ပြင်ဆင်ပေးခြင်း Phonics မှတစ်ဆင့် Basic Reading နှင့် Spelling Skills များ ဖွံ့ဖြိုးလာစေရန် လေ့ကျင့်ပေးခြင်း Songs, Flashcards, Games, Stories နှင့် Activities များအသုံးပြု၍ စိတ်ဝင်စားဖွယ်ကောင်းသော သင်ခန်းစာများ ဖန်တီးသင်ကြားခြင်း ကျောင်းသား/သူတစ်ဦးချင်းစီ၏ Learning Progress နှင့် Ability များကို စောင့်ကြည့်အကဲဖြတ်ခြင်း Worksheet, Learning Materials နှင့် Teaching Aids များကို ကြိုတင်ပြင်ဆင်ခြင်း Quiz, Assessment နှင့် Reading Activities များ ပြုလုပ်၍ သင်ယူမှုရလဒ်ကို စစ်ဆေးခြင်း ကျောင်းသား/သူများ၏ အားနည်းချက်များအပေါ် အခြေခံ၍ သင့်လျော်သော Support နှင့် Practice များ ပေးခြင်း Class Teacher / Assistant Teacher များနှင့် ပူးပေါင်း၍ ကလေးများ၏ Learning Progress ကို စောင့်ကြည့်ခြင်း မိဘများထံ ကျောင်းသား/သူများ၏ Learning Progress နှင့် လိုအပ်ချက်များကို သက်ဆိုင်ရာ Teacher / Management မှတစ်ဆင့် Feedback ပေးခြင်း Classroom Discipline နှင့် ကလေးများ၏ Safety & Well-being ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း School Activities နှင့် English / Academic Events များတွင် ပါဝင်ကူညီခြင်း Academic Manager / Head Teacher မှ ပေးအပ်သော သက်ဆိုင်ရာတာဝန်များကို ဆောင်ရွက်ခြင်း
DYE Education
24 Sep 2026
Company ၏ ငွေစာရင်းများကို တိကျမှန်ကန်စွာ စီမံထိန်းသိမ်းပြီး Daily Transaction များ၊ Cash Flow နှင့် Financial Report များကို စနစ်တကျ ဆောင်ရွက်ရန်။ Job Responsibilities Daily income / expense စာရင်းများ ထည့်သွင်းခြင်း Cash Book, Ledger နှင့် Accounting Records များ ထိန်းသိမ်းခြင်း Voucher, Invoice, Receipt များ စစ်ဆေးခြင်း Monthly Financial Report များ ပြုစုတင်ပြခြင်း Bank Transaction နှင့် Cash Flow စစ်ဆေးခြင်း Tax နှင့် related documents များ ပြင်ဆင်ကူညီခြင်း Stock / Inventory စာရင်းများ စစ်ဆေးခြင်း Management မှ ပေးအပ်သော အခြားတာဝန်များ ဆောင်ရွက်ခြင်း
အကျိုးအမြတ်: Basic Salary +ရက်မှန်ကြေး+ Bonus
တင်သောနေ့: 24 Sep 2026
21 Sep 2026
Facebook, TikTok နှင့် Social Media များအတွက် Design များ ဖန်တီးခြင်း Poster, Advertisement နှင့် Promotional Materials များ ဒီဇိုင်းဆွဲခြင်း ကျောင်း၏ Marketing Campaign များအတွက် Creative Design များ ပြုလုပ်ခြင်း Marketing Team နှင့် ပူးပေါင်းပြီး Design Idea များ ဖန်တီးခြင်း
အကျိုးအမြတ်: လစာ – ညှိနှိုင်းနိုင်သည် Attendance Allowance Uniform ပေးအပ်မည်
တင်သောနေ့: 21 Sep 2026
UCMAS Myanmar
Working Days: Friday – Saturday – Sunday Customer Service (Part-Time) သည် UCMAS Mayangone Branch သို့ ဆက်သွယ်လာသော ကျောင်းသား/မိဘများအား နွေးထွေးပျူငှာစွာ ကြိုဆိုပြီး သင်တန်းနှင့်ပတ်သက်သော အချက်အလက်များကို မှန်ကန်စွာ ရှင်းလင်းပေးရန်နှင့် Customer များ၏ လိုအပ်ချက်များကို ကူညီဖြေရှင်းပေးရန် တာဝန်ယူရမည်။ Key Responsibilities ကျောင်းသား၊ မိဘများအား ယဉ်ကျေးပျူငှာစွာ ကြိုဆိုခြင်းနှင့် Customer Service ပေးခြင်း UCMAS သင်တန်းများ၊ အတန်းချိန်၊ Fees၊ Registration နှင့် Branch Information များကို ရှင်းလင်းပေးခြင်း Phone Call, Viber, Messenger နှင့် အခြား Communication Channel များမှ Customer မေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်း New Student များ၏ Inquiry နှင့် Registration Process များကို ကူညီပေးခြင်း Existing Student များ၏ လိုအပ်ချက်များနှင့် မေးမြန်းချက်များကို သက်ဆိုင်ရာ Team သို့ ဆက်လက်ညှိနှိုင်းပေးခြင်း Customer Information နှင့် Student Records များကို စနစ်တကျ မှတ်တမ်းတင်ခြင်း Follow-up လိုအပ်သော Customer များအား သတ်မှတ်ထားသည့်အတိုင်း ပြန်လည်ဆက်သွယ်ခြင်း Branch ၏ နေ့စဉ် Customer Service နှင့် Front Desk လုပ်ငန်းများကို ကူညီဆောင်ရွက်ခြင်း Customer များ၏ Feedback နှင့် Complaint များကို ယဉ်ကျေးစွာ နားထောင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူထံ တင်ပြခြင်း Branch Team နှင့် ပူးပေါင်းပြီး နေ့စဉ်လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်ခြင်း
Tickle Right Myanmar (Right Brain Education)
သင်က လူတွေနဲ့ပေါင်းသင်းဆက်ဆံရတာ ကြိုက်ပြီး၊ အဖွဲ့အစည်းအတွင်းမှာ ကူညီပံ့ပိုးပေးရတာကို စိတ်ဝင်စားတတ်သူလား? အဲ့လိုမျိုးဆိုရင် ကျွန်ုပ်တို့ HR Team ထဲဝင်ပြီး နေ့စဉ်လုပ်ငန်းတွေဆောင်ရွက်ရာမှာ လက်တွဲကူညီဖို့ ရှာဖွေနေပါတယ်။ 📌 အဓိကတာဝန်များ Team Member အသစ်ဝင်လာတဲ့အချိန်မှာ ပြုလုပ်တဲ့ Onboarding Process တွေမှာ ပါဝင်ကူညီပေးရမယ် ဝန်ထမ်းအချက်အလက်တွေ စနစ်တကျ စုစည်းထားနိုင်ဖို့ HR Admin လုပ်ငန်းတွေနဲ့ စာရင်းထိန်းသိမ်းမှုများ ပြုလုပ်ပေးရမယ် Attendance နှင့် Payroll ဆိုင်ရာ အချက်အလက်တွေ စနစ်တကျ စီမံပေးရမယ် ဝန်ထမ်းဆိုင်ရာ လှုပ်ရှားမှုများ (Company Events, Engagement Activities) တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ် Training & Development Program များတွင် Support ပေးခြင်း
အကျိုးအမြတ်: ✅ Basic Salary +++ ✅ ရက်မှန်ကြေး + Transportation Allowances
17 Sep 2026
• နေ့စဉ် ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းများနှင့် Data စာရင်းများကို စနစ်တကျ ပြုစု ထိန်းသိမ်းရန်။ • ရုံး၏ နေ့စဉ် အထွေထွေ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များကိုဝိုင်းဝန်း ကူညီပေးရန်။ • Customer Service ကောင်းမွန်သူ / Social Media Platforms တွင် Videoရိုက်ရန်
တင်သောနေ့: 17 Sep 2026
16 Sep 2026
ရုံးအတွင်း/ အပြင် လုံခြုံမှုရှိစေရန် ဆောင်ရွက်ခြင်း။ ကား အဝင်/ အထွက် ကူညီဆောင်ရွက်ခြင်း။ ဝန်ထမ်းများ လုံခြုံရေးအတွက် ဆောင်ရွက်ပေးခြင်း။ အဆောက်အအုံအတွင်း အဝင်/ အထွက်မှတ်တမ်းများ ရယူခြင်း။ လုံခြုံရေးဆိုင်ရာ တင်ပြချက်များ လုပ်ဆောင်ခြင်း။ ပတ်ဝန်းကျင်သန့်ရှင်းရေးကိုလည်း ပိတ်ရက်တွင် လိုအပ်သလိုဆောင်ရွက်ရမည်။ အလုပ်ချိန်တွင်းချမှတ်ထားသည့်စည်းကမ်းလိုက်နာနိုင်ရမည်။ ကျားဝန်ထမ်းများအနေဖြင့် ညအချိန် patrol (လှည့်စစ်) လုပ်ခြင်း မလုံခြုံမှုဖြစ်နိုင်သော အခြေအနေများကို ကြိုတင်သတိပေးခြင်း ဖြစ်ပွားလာသည့် အရေးပေါ်အခြေအနေများအတွက် အကြောင်းကြားခြင်း၊ အကူအညီပေးခြင်း ရုံးဌာနများပစ္စည်းများအား ပျက်စီးရှုံးဆုံးမှု မဖြစ်ပွားစေရန် ဂရုတစိုက် စစ်ဆေးလှည့်လည်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
တင်သောနေ့: 16 Sep 2026
BFI EDUCATION SERVICES COMPANY LIMITED
ဥတ္တရသီရိ | နေပြည်တော် နေပြည်တော်
ဥတ္တရသီရိ၊ NayPyiTawတွင်ရှိသော Full Time Receptionist (သို့မဟုတ် ဝယ်ယူသူဝန်ဆောင်မှုအကူ) ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - Entry Level နှင့် Monthly လစာကောင်းကောင်းပေးမည်။ Bachelor’s Degree from any recognized university. At least 1 year of relevant experience is preferred. Good communication and interpersonal skills. Basic computer skills, especially Microsoft Office. Good command of English. Friendly, polite and well-presented.
အကျိုးအမြတ်: lunch Provided Yearly Performance Increment