English
နောက်ထပ်အလုပ်ကမ်းလှမ်းချက်များရယူပါ
ယခု App ကိုဒေါင်းလုပ်ဆွဲပါ!
New A1 Family Co.,Ltd အလုပ် 6 ခုရှာတွေ့ပါသည်။
စဉ်၍ကြည့်သည်:
New A1 Family Co.,Ltd မှ ခေါ်ယူနေသောအလုပ်အကိုင်များကို အလုပ်အကိုင်ရှာဖွေရေးဝက်ဆိုဒ် Alote Myanmar တွင်ဝင်ရောက်လျှောက်ထားလိုက်ပါ။
စစ်၍ကြည့်သည်:
အလုပ်အမျိုးအစား
တည်နေရာ
လုပ်ငန်းအမျိုးအစား
လုပ်သက်အဆင့်
ဆုများ
အနိမ့်ဆုံး လစာ
Repat / Expat
နောက်ထပ်အလားတူအလုပ်များ တင်သောအခါ သင့်အားအကြောင်းကြားပါလိမ့်မည်။
ကျေးဇူးပြု၍ အလုပ်သတိပေးချက်စာမျက်နှာတွင် သင့်အလုပ်သတိပေးချက်ကိုပြင်ပြီး ထပ်မံကြိုးစားပါ။
New A1 Family Co.,Ltd
ဒဂုံမြို့သစ်မြောက်ပိုင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ဒီနေ့
Inventory & Stock Management ပစ္စည်းဝင်/ထွက် စာရင်းများ နှင့် ရွှေ့ပြောင်းမှုများကို စနစ်တကျ မပျက်မကွက် မှတ်တမ်းတင် ရေးသွင်း ထိန်းသိမ်းရမည်။ ပစ္စည်းများ ရောက်ရှိလာပါက အရေအတွက် တိကျမှန်ကန်မှု ရှိ/မရှိ၊ ပျက်စီးယိုယွင်းမှု ရှိ/မရှိ Delivery Order (DO) / Invoice များနှင့် တိုက်ဆိုင် စစ်ဆေးလက်ခံရမည်။ ပစ္စည်းများ လွှဲပြောင်း ပေးပို့ရာတွင် သက်ဆိုင်ရာ စာရွက်စာတမ်း များ စနစ်တကျ ထုတ်ပေးပြီး စာရင်းဇယား ရေးသွင်းရမည်။ စတော့ခ် လိုအပ်ချက်များ မဖြစ်ပေါ်စေရန်နှင့် ပစ္စည်းပြတ်လပ်မှု သို့မဟုတ် အပိုအလိုများ မဖြစ်စေရန် အနည်းဆုံးရှိရမည့် စာရင်းများကို စောင့်ကြည့် ထိန်းသိမ်းရမည်။ Stock Count & Reporting မြေပြင်ရှိ ပစ္စည်းစတော့ခ် နှင့် စာရင်းဇယားပါ စတော့ခ် ကိုက်ညီမှု ရှိ/မရှိ ပုံမှန် အလှည့်ကျ စတော့ခ် စစ်ဆေးခြင်း ပြုလုပ်ရမည်။ စတော့ခ် စာရင်း ကွဲလွဲမှု၊ ပျက်စီးမှု သို့မဟုတ် ပျောက်ဆုံးမှုများ တွေ့ရှိပါက အကြောင်းရင်းကို စစ်ဆေး၍ အထက်ထံ ချက်ချင်း တင်ပြရမည်။ ပစ္စည်းများကို အလွယ်တကူ ရှာဖွေနိုင်ရေးနှင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် စနစ်တကျ စီစဉ် သိမ်းဆည်းရမည်။ လစဉ်/အပတ်စဉ် အစီရင်ခံစာများကို မန်နေဂျာနှင့် သက်ဆိုင်ရာ ဌာနများသို့ တင်ပြရမည်။
အကျိုးအမြတ်: ကော်မရှင်ပေးမည်။ အချိန်ပိုကြေး ရက်မှန်ကြေး ဘောနပ်စ် ပေးမည်။
တင်သောနေ့: ဒီနေ့
အရောင်းစာရင်းများ ပြုစုခြင်းနေ့စဉ်၊ အပတ်စဉ်နှင့် လစဉ် အရောင်းအစီရင်ခံစာများ (Sales Reports) ကို တိကျစွာ ပြုစုရပါမည်။ အော်ဒါလက်ခံခြင်းနှင့် စီစဉ်ခြင်း- ဝယ်ယူသူများထံမှ အော်ဒါများကို လက်ခံပြီး သက်ဆိုင်ရာ ဌာနများ (ဂိုဒေါင်၊ ပို့ဆောင်ရေး) နှင့် ချိတ်ဆက်ဆောင်ရွက်ရပါမည်။ စာရွက်စာတမ်း ထိန်းသိမ်းခြင်း Voucher များ၊ Invoice များ၊ Quotation (ဈေးနှုန်းအဆိုပြုလွှာ) များနှင့် ဝယ်ယူသူများ၏ အချက်အလက်များကို စနစ်တကျ မှတ်တမ်းတင် သိမ်းဆည်းရပါမည်။ ဖောက်သည်များနှင့် ဆက်သွယ်ခြင်း ဝယ်ယူသူများ၏ မေးမြန်းမှုများကို ဖြေကြားပေးခြင်း၊ ပစ္စည်းရောက်ရှိမှု အခြေအနကူညီခြင် အကြောင်းကြားပေးခြင်းတို့ ဆောင်ရွက်ရပါမည်။ အရောင်းအဖွဲ့အား ကူညီခြင်း- အရောင်းဝန်ထမ်းများ (Sales Team) အတွက် လိုအပ်သော အချက်အလက်များနှင့် လမ်းညွှန်ချက်များကို ပံ့ပိုးပေးရပါမည်
အကျိုးအမြတ်: အရောင်း ကော်မရှင်ပေးမည်။ အချိန်ပိုကြေး ရက်မှန်ကြေး ဘောနပ်စ် ပေးမည်။
တောင်ဥက္ကလာ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
Accounting & Cashiering Operations နေ့စဉ် ပြခန်း အတွင်း ငွေဝင်/ငွေထွက်နှင့် ရောင်းရငွေ များကို တိကျစွာ လက်ခံခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရေးသွင်းခြင်း။ အရောင်းဘောက်ချာ လက်ခံဘောက်ချာ နှင့် စာရင်းပိုင်းဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျ စစ်ဆေး၍ ထိန်းသိမ်းခြင်း။ မူလလက်ကျန်ငွေနှင့် ရောင်းရငွေများ ကိုက်ညီမှု ရှိ/မရှိ နေ့စဉ် စစ်ဆေးခြင်း။ ပေးရန်ရှိ, ရရန်ရှိ များနှင့် လစဉ်/အပတ်စဉ် ရောင်းရငွေ အစီရင်ခံစာ များကို ရုံးချုပ် သို့ အချိန်မှီ တင်ပြခြင်း။ Showroom HR & Administrative Duties Showroom ဝန်ထမ်းများ၏ ခွင့်ရက် များနှင့် အချိန်ပို စာရင်းများကို တိကျစွာ ရေးသွင်းထိန်းသိမ်းခြင်း။ ဝန်ထမ်းသစ်များအား Showroom စည်းကမ်းချက်များ ရှင်းပြခြင်းပြုလုပ်ပေးခြင်း။ လက်ငင်းသုံးစွဲငွေ နှင့် Showroom ရုံးသုံးပစ္စည်း များကို စနစ်တကျ စီမံခန့်ခွဲခြင်း။ Showroom ၏ နေ့စဉ် လုပ်ငန်းစဉ်များ ချောမွေ့စေရေးအတွက် ရုံးချုပ် HR/Finance ဌာနများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ခြင်း။ အထက် မှ တာဝန်ပေးအပ်သော အခြားစမတ်ကျသည့် စာရင်း/စီမံ အထွေထွေလုပ်ငန်းများကို ဆောင်ရွက်နိုင်ရမည်။
အကျိုးအမြတ်: အရောင်း ကော်မရှင် ကောင်းကောင်းပေးမည်။ အချိန်ပိုကြေး ရက်မှန်ကြေး ဘောနပ်စ် ပေးမည်။
ဒဂုံမြို့သစ်ဆိပ်ကမ်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
-နေ့စဉ်စာရင်းသွင်းခြင်း နှင့် စာရင်းပိုင်းဆိုင်ရာလုပ်ငန်းစဉ်များကို တိကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရမည်။ -ငွေဝင်၊ငွေထွက်စာရင်းများနှင့် သက်ဆိုင်ရာစာရင်းမှတ်တမ်းများကို စနစ်တကျထိန်းသိမ်းရမည်။ -ဘောက်ချာ လက်ခံဘောက်ချာ နှင့် Accounting ဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျစစ်ဆေး၍ သိမ်းဆည်းထိန်းသိမ်းရမည်။ -ပေးရန်ရှိ နှင့် ရရန်ရှိ လုပ်ငန်းစဉ်းများအားကူညီဆောင်ရွက်ပေးရမည်။ -လစဉ်စာရင်းပိတ်ခြင်း နှင့် Financial Reports များပြင်ဆင်ရာတွင် ကူညီဆောင်ရွက်ပေးရမည်။ -စာရင်းအချက်အလက်များကိုစစ်ဆေးခြင်းနှင့် လိုအပ်သော Reports များတင်ပြနိုင်ရမည်။ -သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စာရင်းပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရမည်။ -အထက်မှတာဝန်ပေးအပ်သော အခြားစာရင်းပိုင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နိုင်ရမည်။
အကျိုးအမြတ်: အချိန်ပိုကြေး ရက်မှန်ကြေး ဘောနပ်စ် ပေးမည်။
ကုမ္ပဏီ၏ ထုတ်ကုန် အသစ်များကို သုတေသနပြုလုပ်ခြင်း နှင့် စမ်းသပ်ခြင်းများပြုလုပ်ကာ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရမည်။ -လက်ရှိ ရှိပြီးသား ထုတ်ကုန် များ၏ အရသာ၊ အရည်အသွေးနှင့် ထုပ်ပိုးမှုပိုင်းများကို လေ့လာသုံးသပ်မှုများပြုလုပ်ပြီး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရမည်။ -ကုန်ပစ္စည်းအသစ်များနှင့် ပါဝင်ပစ္စည်းများကို သုတေသနများပြုလုပ်၍ စမ်းသပ်ခြင်းများဆောင်ရွက်ရမည်။ -စျေးကွက်လိုအပ်ချက်များနှင့် စားသုံးသူများ၏အကြိုက်များကို လေ့လာသုံးသပ်၍ ထုတ်ကုန် အသစ်များဖန်တီးနိုင်ရမည်။ -ထုတ်လုပ်မှုပိုင်း၊ အရည်အသွေးထိန်းချုပ်မှု ပိုင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရမည်။ -Research and Development ဆိုင်ရာ Reports များကို ပြုစုတင်ပြနိုင်ရမည်။
29 Jul 2026
Facebook နှင့် TikTok တွင် Live လွှင့်၍ ကုမ္ပဏီ၏ ထုတ်ကုန်များကိုရောင်းချရမည်။ -ဝယ်သူ များအား ထုတ်ကုန်များ၏ အကြောင်းအရာများကို သေချာစွာ ရှင်းပြ ပြောပြနိုင်ရမည်။ -ဝယ်သူများ၏ မေးမြန်းမှုများကို ယဉ်ကျေးစွာ ဖြေကြားပေးနိုင်ရမည်။ -သတ်မှတ်ထားသော အရောင်း တားဂတ် များကို ပြည့်မီအောင်ဆောင်ရွက်နိုင်ရမည်။ -အဝယ် အော်ဒါ များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရမည်။ -Live မလွှင့်မီ လိုအပ်သောပြင်ဆင်မှုများနှင့် ထုတ်ကုန်များ အကြောင်းအရာများကို လေ့လာထားနိုင်ရမည်။
တင်သောနေ့: 29 Jul 2026