English
နောက်ထပ်အလုပ်ကမ်းလှမ်းချက်များရယူပါ
ယခု App ကိုဒေါင်းလုပ်ဆွဲပါ!
Tharaphu Specialist Clinic အလုပ် 4 ခုရှာတွေ့ပါသည်။
စဉ်၍ကြည့်သည်:
Tharaphu Specialist Clinic မှ ခေါ်ယူနေသောအလုပ်အကိုင်များကို အလုပ်အကိုင်ရှာဖွေရေးဝက်ဆိုဒ် Alote Myanmar တွင်ဝင်ရောက်လျှောက်ထားလိုက်ပါ။
စစ်၍ကြည့်သည်:
အလုပ်အမျိုးအစား
တည်နေရာ
လုပ်ငန်းအမျိုးအစား
လုပ်သက်အဆင့်
ဆုများ
အနိမ့်ဆုံး လစာ
Repat / Expat
နောက်ထပ်အလားတူအလုပ်များ တင်သောအခါ သင့်အားအကြောင်းကြားပါလိမ့်မည်။
ကျေးဇူးပြု၍ အလုပ်သတိပေးချက်စာမျက်နှာတွင် သင့်အလုပ်သတိပေးချက်ကိုပြင်ပြီး ထပ်မံကြိုးစားပါ။
Tharaphu Specialist Clinic
ရွှေပြည်သာ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
11 Sep 2026
ရွှေပြည်သာ၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Cashier (သို့မဟုတ် ငွေကိုင်) ရာထူး ၄နေရာစာအတွက် ခေါ်ယူလျက်ရှိသည်။ Duty ဝင်သည်နှင့် မိမိရှေ့အဆိုင်း Duty Shift ထံမှ Duty Over ကို သေချာတိကျစွာ လွှဲပြောင်းယူ၍ ငွေများစာရင်းနှင့် ကိုက်မကိုက် စစ်ဆေးရမည်။ ဘောင်ချာများတွင် လူနာများပြုလုပ်ရမည့် Investigation (စစ်ဆေးမှု)များကိုလည်း သေချာစွာ စစ်ဆေးပြီးမှ Bill (ဘေလ်)ဖြတ်ရမည်။ မိမိ၏တာဝန်ချိန်အတွင်း (Specialist) အထူးကုဆရာဝန်များ၏ Consultation Fees များကို သေချာစွာတွက်၍ တစ်ခါတည်းရှင်းပေးရမည်ဖြစ်ပြီး (Specialist) များကို Consultation Fees Payment စာအုပ်တွင် လက်မှတ်ရေး ထိုးစေရမည်ဆောင်ရွက်ရမည်။ လူနာများထံမှ ကျသင့်ငွေများလက်ခံရာ၌ လူနာမှမရှင်းလင်းသည်များကို သေချာတိကျစွာ ရှင်းလင်းပြောကြားရမည်။ Voucher (ဘောင်ချာ) စာရွက်နှင့် Request Formများ၊ Procedure forms များကို တွဲပြီးလက်ခံထားရမည်။ မိမိ၏တာဝန်ချိန်ပြီးဆုံးချိန်၌ မိမိ၏လက်ဝယ်ရှိသော ငွေပမာဏကို တိကျစွာ တွက်ချက်၍ ရှေ့အဆိုင်းမှ တာဝန်ရှိသူ အား စနစ်တကျလွှဲပေးရမည်။
အကျိုးအမြတ်: .
တင်သောနေ့: 11 Sep 2026
25 Aug 2026
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင်ရှိသော Tharaphu Specialist Clinc တွင် အချိန်ပြည့် Receptionist (or ဧည့်ကြိုရာထူး) အတွက် ခေါ်ယူလျက်ရှိပါသည်။ လူနာနှင့် လူနာစောင့်များအား နွေးထွေးစွာကြိုဆိုရမည်။ ဖုန်းဖြေကြားရာတွင် ချိုချိုသာသာ ရှင်းရှင်းလင်းလင်းဖြင့် လူနာမှ သိလိုသည်များကို ရှင်းပြရမည်။ လူနာရောက်လာလျှင် လူနာ၏ အမည်ရင်း၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို တိကျသေချာစွာ မေးပြီးမှ OPD Book (ဆေးခန်းစာအုပ်)တွင် စာရင်းသွင်းခြင်း၊ ကွန်ပျူတာထဲတွင် Registration လုပ်ခြင်းများ ပြုလုပ်ရမည်။ ဆရာဝန်နောက်ကျသည့်ကိစ္စ၊ လူနာနောက်ကျသည့်ကိစ္စများကို ပါးနပ်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ရမည်။
အကျိုးအမြတ်: Salary- Nego
တင်သောနေ့: 25 Aug 2026
ပြသမည့်လူနာများ၏ နာမည်စာရင်းကို တိကျစွာ ပြုစုဆောင်ရွက်ရကာ အလှည့်ကျဝင်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း။ MO နှင့် Specialist များ လူနာများကို စမ်းသပ်စစ်ဆေးသောအခါ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်း။ လိုအပ်သော ရောဂါရှာဖွေစမ်းသပ်စစ်ဆေးမှု (Laboratory, Imaging, ECG, USG, X-Ray) များအတွက် Reception ကောင်တာသို့ ပို့ပေးပြီး သက်ဆိုင်ရာဌာန (ဓာတ်ခွဲခန်း၊ ဓာတ်မှန်၊ အီးစီဂျီ) သို့ လိုက်လံ ပို့ဆောင်ပေးခြင်း။ လူနာများ၏ (Vital signs) သွေးပေါင်ချိန်၊ သွေးခုန်နှုန်း၊ ကိုယ်အပူချိန်၊ အသက်ရှုနှုန်းတို့ကို သတ်မှတ်ချိန်အလိုက် ပြုလုပ်ပေးခြင်း။ အထူးကုဆရာဝန်ကြီးများ လူနာများကို round လှည့်သည့်အခါ လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးခြင်း။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင်ရှိသော Tharaphu Specialist Clinc တွင် အချိန်ပြည့် Pharmacist Aid ရာထူးအတွက် ခေါ်ယူလျက်ရှိပါသည်။ ဆရာဝန်ဆေးစာရွက်အတိုင်း ဆေးများပြင်ဆင်ခြင်းနှင့် လူနာအား ဆေးပေးခြင်း၊ ဆေးနှင့်ပတ်သက်သည်ကိုရှင်းပြခြင်း။ ဆေးသိုလှောင်ခန်းမှ ဆေးပစ္စည်းများအား စနစ်တကျစီစဉ်ခြင်း။ ဆေးစာရင်းများ၊ သုံးစွဲမှတ်တမ်းများအား သေချာစွာထိန်းသိမ်းခြင်း။ ဆေးမှတ်တမ်းစနစ်များနှင့် stock control၊ expired date များအား သေချာစွာ စစ်ဆေးခြင်း။ သက်ဆိုင်ရာဌာနတာဝန်ခံ purchaserနှင့် ပူးပေါင်း၍ စည်းစနစ်ရှိသောဝန်ဆောင်မှုများ ပေးနိုင်ခြင်း။ မိမိ၏အထက်လူကြီးအား အစီရင်ခံတင်ပြခြင်း။
အကျိုးအမြတ်: salary- Nego