• Moe Thitsar Myay Co.,Ltd

  • အလုပ်ရှင်တိုက်ရိုက်

  • အတည်ပြုပြီး ဤကုမ္ပဏီကိုအမှန်တကယ်အဖြစ်အတည်ပြုပြီးဖြစ်သည်။
  • လုပ်ငန်းအမျိုးအစား :ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာသိပ္ပံ

  • ဝန်ထမ်းအရေအတွက် :201-500

  • လိပ်စာ :

    No.44, R2, Aung Chan Thar 2nd Street, Kamayut Township, Yangon Region, Myanmar.,ရန်ကုန်တိုင်း, Myanmar

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

Moe Thitsar Myay Co.,Ltd အလုပ်များ

ရန်ကုန်တိုင်း
ဒီနေ့
3 ဦး
ဒီနေ့

ကုမ္ပဏီ၏မျှော်မှန်းချက်နှင့်တာဝန်

မိုးသစ္စာမြေ ကုမ္ပဏီလီမိတက် (Moe Thitsar Myay Co., Ltd.) သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများ အရည်အသွေးမြင့်မားသော ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်များကို လွယ်လွယ်ကူကူ ရရှိနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတကာမှ ဆေးဝါးများကို တင်သွင်းပြီး စနစ်တကျ ပြန်လည်ဖြန့်ချိပေးနေသည့် ယုံကြည်စိတ်ချရပြီး ရေရှည်တိုးတက်အောင်မြင်နေသော ဆေးဝါးတင်သွင်း/ဖြန့်ချိရေး ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ အဓိကလုပ်ငန်းစဉ်များနှင့် အားသာချက်များ -

စျေးကွက်မြှင့်တင်ရေး (Marketing)
. တစ်နိုင်ငံလုံးရှိ ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်များနှင့် ကျန်းမာရေးပညာရှင်များထံသို့ ထိရောက်သော စျေးကွက်မြှင့်တင်ရေး ဗျူဟာများဖြင့် ဆောင်ရွက်ခြင်း။
. ဆေးဝါးကျင့်ဝတ်များနှင့်အညီ ကျွမ်းကျင်သော စျေးကွက်နှင့် အရောင်းအဖွဲ့များဖြင့် လုပ်ငန်းဖော်ဆောင်ခြင်း။

ဆေးဝါးတင်သွင်းခြင်း (Importation)
. အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး (Logistics & Shipping) လုပ်ငန်းများနှင့် ခိုင်မာသော မိတ်ဖက် ဆက်ဆံရေးရှိခြင်း။
. မြန်မာနိုင်ငံ၏ အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ကျွမ်းကျင်နှံ့စပ်ပြီး အတွေ့အကြုံရင့်ကျက်ခြင်း။

ဖြန့်ချိရေးစနစ် (Distribution)
. မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးပေါင်း (၂၅) မြို့တွင် ရုံးခွဲများနှင့် ကိုယ်စားလှယ်များ ထားရှိပြီး နိုင်ငံတကာ အခြေအနေအရ သွားလာရခက်ခဲသော ဒေသများမှလွဲ၍ တစ်နိုင်ငံလုံး၏ ၉၀% အထိ လွှမ်းခြုံ ဖြန့်ချိပေးနိုင်ခြင်း။
. ဆေးဝါးနှင့် ကုန်ပစ္စည်းများ၏ အရည်အသွေး မပျက်စီးစေရန် စနစ်တကျ ထိန်းချုပ်ထားသော သိုလှောင်ရုံနှင့် သယ်ယူပို့ဆောင်ရေး စနစ်ရှိခြင်း။

ဆေးဝါးနှင့် ကုန်ပစ္စည်းမှတ်ပုံတင်ခြင်း ဝန်ဆောင်မှု (Registration Consultancy)
. ကုမ္ပဏီအတွင်း၌ ဆေးဝါးမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို ကျွမ်းကျင်စွာ စီမံခန့်ခွဲပေးနိုင်သည့် (Regulatory Affairs) အဖွဲ့ရှိပြီး ဆေးဝါးအသစ်များကိုလည်း စဉ်ဆက်မပြတ် မှတ်ပုံတင်လျက်ရှိခြင်း။
. ကုန်ပစ္စည်းမှတ်ပုံတင်ခြင်း၊ အရည်အသွေး ထိန်းသိမ်းခြင်းနှင့် ဆေးဝါးဘေးထွက်ဆိုးကျိုး စောင့်ကြည့်စစ်ဆေးခြင်း (Pharmacovigilance) လုပ်ငန်းများကို အစဉ်တစိုက် အလေးထား ဆောင်ရွက်ခြင်း။
. မြန်မာ့စျေးကွက်အတွင်းသို့ ဝင်ရောက်လိုသော ပါတနာများအတွက် OTC နှင့် POM ဆေးဝါးများ၊ စားသောက်ကုန်၊ ဖြည့်စွက်စာများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် အလှကုန်ပစ္စည်းများကို စနစ်တကျ မှတ်ပုံတင်ပေးသည့် ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်း။

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

x