English
နောက်ထပ်အလုပ်ကမ်းလှမ်းချက်များရယူပါ
ယခု App ကိုဒေါင်းလုပ်ဆွဲပါ!
စစ်၍ကြည့်သည်:
အလုပ်အမျိုးအစား
တည်နေရာ
လုပ်ငန်းအမျိုးအစား
လုပ်သက်အဆင့်
ဆုများ
အနိမ့်ဆုံး လစာ
Repat / Expat
1,008 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
အလုပ် 1,008 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
စဉ်၍ကြည့်သည်
စဉ်၍ကြည့်သည်:
နောက်ထပ်အလားတူအလုပ်များ တင်သောအခါ သင့်အားအကြောင်းကြားပါလိမ့်မည်။
ကျေးဇူးပြု၍ အလုပ်သတိပေးချက်စာမျက်နှာတွင် သင့်အလုပ်သတိပေးချက်ကိုပြင်ပြီး ထပ်မံကြိုးစားပါ။
Native Technology International Group
လှိုင် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
30 Oct 2025
IT Companyတွင်တာဝန်ထမ်းဆောင်ရန် ယာဉ်မောင်း အမျိုးသား 1ဦး အလိုရှိပါသည်။ .ပညာအရည်အချင်း အနိမ့်ဆုံး အလယ်တန်း အဆင့်ရှိရမည် .အသက် ၂၅ မှ ၃၅ အတွင်း ဖြစ်ရမည်။ .လိုင်စင်သက်တမ်း ၃ နှစ် အထက် (နှင့်) အညို (သို့) အနက် လိုင်စင်ကိုင်ဆောင်ထားသူဖြစ်ရမည်။ .Auto/Manualမောင်းနိုင်ရမည်
အကျိုးအမြတ်: အလုပ်ချိန် မနက် 8:30 မှ ညနေ 5:30 အထိ .စနေ၊ တနင်္ဂနွေနေ့ နှင့် အစိုးရ ရုံးပိတ်ရက်ပိတ်သည်
တင်သောနေ့: 30 Oct 2025
Tainn Htet Aung Co.,ltd
29 Oct 2025
ကုမ္ပဏီ၏ ယာဉ်များကို လုံခြုံစွာ မောင်းနှင်ပေးခြင်း။ Showroom နှင့် ဖောက်သည်အကြား ယာဉ်များ ပို့ဆောင်ပေးခြင်း။ ယာဉ်များကို သန့်ရှင်းစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း။ Showroom ထဲတွင် ယာဉ်များကို တစ်နေရာမှတစ်နေရာ ရွှေ့ပြောင်းရာတွင် အကူအညီပေးခြင်း။ ယာဉ်အခြေအနေများ (ဆီ၊ တာယာ၊ ရေနှင့်အေးပေးဆီ စသည်) ကို နေ့စဉ်စစ်ဆေးပြီး ပြဿနာရှိပါက အချိန်မီတင်ပြခြင်း။ လမ်းညွှန်စည်းမျဉ်းများနှင့် လုံခြုံရေးစည်းမျဉ်းများကို လိုက်နာခြင်း။ လိုအပ်ပါက အခြား showroom လုပ်ငန်းများတွင် အကူအညီပေးခြင်း။
အကျိုးအမြတ်: လစာ – အတွေ့အကြုံအပေါ်မူတည်၍ ညှိနှိုင်းပေးမည်။ Sunday off (တနင်္ဂနွေခွင့်)
တင်သောနေ့: 29 Oct 2025
SolaRise System Co.,Ltd
21 Oct 2025
MD မှ လုပ်ငန်းကိစ္စဖြင့် နယ်ခရီးများသွားရပါက မောင်းပို့ပေးရမည်ဖြစ်ပါသည်။ မောင်းနှင်ရသည့် မော်တော်ယာဉ်အား အမြဲတမ်း စစ်ဆေးမှု၊ထိန်းသိမ်းမှု များပြုလုပ်ပေးရမည်ဖြစ်ပါသည်။ လုပ်ငန်းသို့ အချိန်တိကျစွာ လာရောက်ရမည်ဖြစ်သည်။ မိမိမောင်းနှင်ရသည့် မော်တော်ယာဉ်အား အန္တာရာယ်ကင်းစွာ မောင်းနှင်ရမည်ဖြစ်သည်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိနားလည်ပြီး လိုက်နာရမည်ဖြစ်သည်။ မော်တော်ယာဉ်အား အမြဲ သန့်ရှင်းအောင် နှင့် လုံခြုံအောင် ထားရမည်ဖြစ်သည်။ နေ့စဉ် မော်တော်ယာဉ်၏ ဆီ၊ ရေ၊ ဘက်ထရီ၊ တာယာ အစရှိသည့်များကို စစ်ဆေးရမည် ဖြစ်ပြီး မော်တော်ယာဉ်ပြုပြင်မှုများကို သက်ဆိုင်ရာဌာနသို့တင်ပြ၍ မိမိမောင်းနှင်ရသည့်ယာဉ်၏ သတ်မှတ်ချက်များအတိုင်း ပြုပြင်ပေးရမည် ဖြစ်သည်။ တာဝန်ချိန်အတွင်း အရက်သေစာ သောက်သုံးပြီး ယာဉ်မောင်းခြင်းကို အထူးမပြုလုပ်ရမည်ဖြစ်သည်။ နေ့စဉ် မိမိမောင်းနှင်သွားရသည့် မြို့တွင်း လမ်းကြောင်း ခရီးမိုင်နှုန်းထားများ ၊ နယ်လမ်းကြောင်း ခရီးမိုင်နှုန်းထားများ၊ ဆီ သုံးစွဲမှု / ထည့်မှုအခြေနေ နှင့် မော်တော်ယာဉ် စစ်ဆေးမှု အခြေအနေ များ/ပြုပြင်မှုအခြေအနေများ ကို မှတ်တမ်းတင်ထားရမည်ဖြစ်ပြီး လစဉ်လကုန်ရက်များတွင် ထိုမှတ်တမ်းများကို သက်ဆိုင်ရာဌာနသို့ တင်ပြရမည်ဖြစ်သည်။
အကျိုးအမြတ်: . နေ့လည်စာ . အချိန်ပိုကြေး . ခရီးစရိတ်
တင်သောနေ့: 21 Oct 2025
Pretty Paragon Textile Company Limited
20 Oct 2025
ကားကြီးများ (Toyota Land Cruiser) နှင့် ဆီဒင်များ (Toyota Crown နှင့် စသည်များ) ကို အသုံးပြု၍ ပိုင်ရှင်ကို ဘေးကင်းစွာ မောင်းနှင်ခြင်း။ ပိုင်ရှင်ကို ညစာစားပွဲ သို့မဟုတ် လုပ်ငန်း အစည်းအဝေးသို့ မောင်းနှင်ခြင်း။ လိုအပ်သည့်အခါတွင် စျေးဝယ်ခြင်း နှင့် ဝယ်လာသောစားသောက်ကုန်များကိုသယ်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးခြင်း။ ပိုင်ရှင်မှပေးအပ်သော အခြားတာဝန်များကို ထမ်းဆောင်ခြင်း။ အလုပ်ချိန်အတွင်း ပိုင်ရှင်၏အိမ်တွင် အသင့်စောင့်နေခြင်း။ ကားများသည်သန့်ရှင်းသပ်ရပ်ပြီး ဆီဖြည့်ပြီး ကြံ့ခိုင်စွာသေချာအောင် ဆောင်ရွက်ရမည်။ ကားစက်ပိုင်းဆိုင်ရာ ပြဿနာများကို သတင်းပို့ပြီး ကိုင်တွယ်ဖြေရှင်းခြင်း။
အကျိုးအမြတ်: - အခြေခံလစာ - 4 သိန်း မှ 6 သိန်း + Attendance Allowance
တင်သောနေ့: 20 Oct 2025
EAC Services Co.,Ltd
14 Oct 2025
လိုင်စင် အနီ ကိုင်ဆောင်ထားသူဖြစ်ရမည်။ ရန်ကုန်မြို့တွင်းလမ်းကြောင်းများကို ကျွမ်းကျင်စွာမောင်းတတ်ရမည်။ အကျင့်စာရိတ္တ ကောင်းမွန်ပီး အသောက်အစား ကင်းသူ ဖြစ်ရမည်။ ကုမ္ပဏီမှ ချမှတ်သော လမ်းကြောင်းများကို အန္တရာယ်ကင်းကင်း ပို့ဆောင်ပေးနိုင်ရမည်။
အကျိုးအမြတ်: -
တင်သောနေ့: 14 Oct 2025
Shwe Nwar Lay Company Limited
27 Sep 2025
မနက်ပိုင်း ကာကြီးကွင်းတွင် ဂိတ်တင်ရန်ရှိသောပစ္စည်းများတင်ဆောင်ခြင်း ဂိတ်မှယူရန်ရှိသော ပစ္စည်းများကို ယူဆောင်ခြင်း ယာဉ်ကြံခိုင်မှု (ဆီ၊ရေ၊လေ၊မီး) ယာဉ်သန့်ရှင်းမှု (တွင်း၊ ပြင်) ပစ္စည်းပို့/ယူ၊ ငွေခံ လိုအပ်ပါကလုပ်ဆောင်ပေးရန် ဆိုင်အတွက်လိုအပ်သလိုကူညီရန် ဆိုင်များသို့ ကုန်ပစ္စည်းပို့ဆောင်ရန်
အကျိုးအမြတ်: ဘောနပ်ခံစားခွင့် အချိန်မှန်ကြေး ရက်မှန်ကြေး
တင်သောနေ့: 27 Sep 2025
Dutch Mill Co.,Ltd
မင်္ဂလာဒုံ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ဒီနေ့
စားသောက်ကုန်လုပ်ငန်းအတွေ့အကြုံ ရှိရမည်။ ကားကြီး/ ကားလေး မောင်းနှင်နိုင်ရမည်။ ( BOX 10 ပေ၊14 ပေ ) နယ်သို့ စားသောက်ကုန်ပစ္စည်းများ ပို့ဆောင်ရမည်။ ရန်ကုန်မြို့တွင်း အရောင်းဆိုင်များသို့ စားသောက်ကုန်များ ပို့ဆောင်ရမည်။ Auto / Manual နှစ်မျိုးလုံး မောင်းနိုင်ရမည်။ အလုပ်တာဝန်ကို လေးစားလိုက်နာပြီး ရိုးသားကြိုးစားသူဖြစ်ရမည်။ မိမိ၏ အလုပ်တာဝန်များကို တာဝန်ယူ/တာဝန်ခံစိတ်ဖြင့် ထမ်းဆောင်နိုင်ရမည်။
အကျိုးအမြတ်: အခြေခံလစာ+ KPI + ဖုန်းဘေလ်
တင်သောနေ့: ဒီနေ့
Lucky Diamond
ပန်းပဲတန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
၀န်ထမ်းများ၊ သို့မဟုတ် အသုံးအဆောင်ပစ္စည်းများကို ကုမ္ပဏီယာဉ်များဖြင့် လုံခြုံစိတ်ချစွာ သယ်ဆောင်ပေးရန်။ သတ်မှတ်ထားသော ခရီးစဉ်အချိန်စာရင်းအတိုင်း သတ်မှတ်နေရာသို့ အချိန်မှန်ရောက်ရှိရန် ကြိုးပမ်းပေးရမည် ယာဉ်ကို ပုံမှန်စစ်ဆေးပြီး မိုင်ဇယား၊ လောင်စာအသုံးစရိတ်နှင့် ခရီးသွားမှတ်တမ်းများကို မှန်ကန်စွာ မှတ်တမ်းတင် အချိန်မီ အစီရင်ခံရန်။ လမ်: ဥပဒေများနှင့် ကုမ္ပဏီယာဉ်မောင်းစည်းကမ်းသတ်မှတ်ချက်များကို လုံးဝလိုက်နာရန်। လိုအပ်ပါက ပစ္စည်းများ တင်သွင်း/ချလာလုပ်ငန်းများတွင် အကူအညီပေးရန်။ သေးငယ်သော ယာဉ်ပြင်ဆင်ရေးလုပ်ငန်းများကို ကိုယ်တိုင်ပြင်ဆင်နိုင်ရန် သို့မဟုတ် ပြုပြင်ထိန်းသိမ်းခြင်းအတွက် ချိတ်ဆက်ဆောင်ရွက်ပေးရန်။ လုပ်ငန်းလိုအပ်ချက်အရ အခြားတာဝန်များကိုလည်း ဆောင်ရွက်ရန်။
အကျိုးအမြတ်: Yearly Bonus/Attandence Bonus/ Over Time Fee/ Yearly Increasement
Medi Myanmar Group Ltd
မရမ်းကုန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
08 Nov 2025
ရုံးမှသတ်မှတ်ပေးသော Delivery ပစ္စည်းပို့သည့်လမ်းကြောင်း ကားနှင့် ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်များ၊ Customer များထံ ပစ္စည်းများပို့ဆောင်ရန်။ မိမိတို့လမ်းကြောင်းတွင်ပါသော ပစ္စည်းများကို ပျောက်ရှခြင်း ပျက်စီးခြင်းမရှိအောင် သေချာစွာ တာဝန်ယူ၍ Customer များလက်သို့ ရောက်အောင်ပို့ဆောင်ပေးရန်။ ပစ္စည်းပို့ပြီးပြန်လာပါက ပို့ရန်ကျန်သောဆေးဆိုင် ၊ ဆေးခန်းများ၏ စာရင်းကို Invoice နှင့် ပစ္စည်းစာရင်းစစ်ဆေးကာ သေချာစွာ ပြန်လည်အပ်နှံရန်။ နေ့စဉ်ဆေးဖြန့်ချီမှု အစီရင်ခံစာအတွက် အချက်အလက်များကို Daily Report အနေဖြင့် Manager ထံသို့ တင်ပြရန်။ အပ်နှံရမည့်စာရင်းဇယားနှင့် ငွေကြေးများကို သေချာစွာ အပ်နှံရန်။ Way လမ်းကြောင်းအတွင်း ဖြစ်ပေါ်လာသော အရေးကိစ္စမှန်သမျှကို မိမိတို့၏ သက်ဆိုင်ရာ မန်နေဂျာ အား အချိန်နှင့်တပြေးညီ သတင်းပေးပို့ရန်။
အကျိုးအမြတ်: Ferry provided Salary ++ , OT++ Meal Allowance++ and Lunch box provided Bonus Quarterly
တင်သောနေ့: 08 Nov 2025
Myint Thukha Nadi A Group of Companies
-ကုမ္ပဏီမှပို့ဆောင်ခိုင်းသောကုန်ပစ္စည်းများအား ဝယ်ယူသူဆီတိကျမှန်ကန်စွာပို့ဆောင်ပေးရမည်။ -ပို့ဆောင်ပီးသော Documentsစာရွက်များအား သေချာစွာထိန်းသိမ်းပေးရမည်။ -ပစ္စည်း လက်ခံသူမှ လက်မှတ်/ငွေချေမှု များအားလုပ်ဆောင်ပေးနိုင်ရမည်။ -လုပ်ငန်းလိုအပ်ပါက OTဆင်းနိုင်ရမည်။
အကျိုးအမြတ်: -ferry -Uniform -Phone Bill
FSG (Myanmar) Security Services Co.,Ltd
ဗိုလ်တထောင် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
06 Nov 2025
📌Company Staff / Client များကို လုံခြုံအောင်သတ်မှတ်ထားသောနေရာများသို့ သယ်ယူပို့ဆောင်နိုင်သူ 📌Vehicle Maintenance & Cleanliness ကို စနစ်တကျထိန်းသိမ်းနိုင်သူ 📌Traffic Rules များလိုက်နာပြီး လမ်းကြောင်းအထူးသိသူ 📌အချိန်စာရင်းတိကျပြီး လုပ်ငန်းအတွက် တာဝန်ယူမှုရှိသူ 📌Manager / Supervisor ညွှန်ကြားချက်အတိုင်း လိုက်နာလုပ်ဆောင်နိုင်သူ
အကျိုးအမြတ်: 💰 Salary (လစာ) –Negotiable (အတွေ့အကြုံပေါ်မူတည်ပြီး ညှိနှိုင်းပေးမည်)
တင်သောနေ့: 06 Nov 2025
Grand Royal Group International
တာမွေ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ယာဉ်မောင်းပြီး ဝန်ထမ်းများ၊ ဧည့်သည်များနှင့် ကုမ္ပဏီလိုအပ်ချက်များအတွက် သယ်ယူပို့ဆောင်ရေးစနစ်မှန်စွာ ဆောင်ရွက်ရန်။ ယာဉ်၏ နေ့စဉ် သန့်ရှင်းရေး၊ ဆားဗစ်၊ ပြုပြင်ထိန်းသိမ်းမှုများကို စနစ်ကျထိန်းသိမ်းရန်။ ကုမ္ပဏီအတွင်း ဝန်ထမ်းများနှင့် ဧည့်သည်များအား ယုံကြည်ရပြီး ယဉ်ကျေးသော ဝန်ဆောင်မှု ပေးရန်။ ယာဉ်ပြုပြင်ထိန်းသိမ်းခြင်းနှင့် Service Requirement များကို အချိန်မီ Follow Up ပြုလုပ်ရန်။ ယာဉ်ပြုပြင်စရိတ်၊ ဓာတ်ဆီသုံးစွဲမှု၊ ရေနံဆီနှင့် အခြား Maintenance များကို မှန်ကန်စွာ မှတ်တမ်းတင်ဆောင်ရွက်ရန်။ နေ့စဉ် ယာဉ်အခြေအနေ (Dashboard panel, ာယာစနစ်, ဘရိတ် စသည်) စနစ်ကျ စစ်ဆေး၍ သုံးစွဲနိုင်ရည်ရှိစေရန်။ နေ့စဉ် လုပ်ဆောင်ချက်များနှင့် Maintenance အခြေအနေများကို တာဝန်ခံထံ Regular Report ပြုလုပ်ပေးရန်။ ကုမ္ပဏီ၏ ယာဉ်အသုံးပြုစည်းကမ်းများ နှင့် အရေးကြီးညွှန်ကြားချက်များ ကို လိုက်နာပြီး အခြားသုံးစွဲသူများအနေဖြင့်လည်း လိုက်နာအောင် ညွှန်ကြားပေးရန်။ ယာဉ်အတွင်း/အပြင် ခန့်သတ်သန့်ရှင်းရေးကို နေ့စဉ် သေချာစွာ ဆောင်ရွက်ပြီး အမြဲသန့်ရှင်းပြောင်စင်စွာ ထိန်းသိမ်းထားရန်။ Maintenance Work Ticket / Log Book / Mileage Book များတွင် မှန်ကန်ဖြစ်စွာ မှတ်တမ်းတင်ရန်။ အလုပ်တာဝန် ဖြည့်ဆောင်ရာတွင် ထွက်ခွာချိန်နှင့် Pick-up / Drop-off ကို အချိန်မှန်မှန် ဆောင်ရွက်နိုင်ရန်။
အကျိုးအမြတ်: စွမ်းဆောင်ရည်အတွက်ဆုလာဘ်များ
Myanmar Metro Bank
စမ်းချောင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်နာသူဖြစ်ပြီး ရန်ကုန်မြို့တွင်း လမ်းကြောင်းကျွမ်းကျင်စွာမောင်းနိုင်သူဖြစ်ရမည်။ ရုံးဝန်ထမ်းကြိုပို့ နှင့် ရုံးဝန်ထမ်းများ ရုံးလုပ်ငန်းများအတွက် ပြင်ပသွားရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ယာဥ် ကိုမောင်းနှင်ပို့ဆောင်နိုင်ရမည်။ မိမိကားကို သပ်ရပ် သန့်ရှင်းစွာ ကိုင်တွယ်အသုံးပြု၍ စိတ်ရှည်စွာဖြင့် စည်းကမ်းတကျ မောင်းနှင်နိုင်သူဖြစ်ရမည်။ မိမိတာဝန်ယူမောင်းနှင်ရသောယာဥ်၏ကြံ့ခိုင်မှုအားနေ့စဥ်စစ်ဆေးပြီး နေ့စဥ်အသုံးပြုသည့် ယာဥ်၏ ကြံ့ခိုင်စစ်ဆေးမှုမှတ်တမ်း၊ သွားလာမှုမှတ်တမ်း နှင့် ဆီအသုံးပြုမှုမှတ်တမ်းများကို တိကျမှန်ကန်စွာ ဖြည့်သွင်းရန်။ မိမိတာဝန်ချထားရာနေရာတွင်သာမကပဲ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ပေးအပ်လိုက်သည့်နေရာများတွင်လည်း တာဝန်ထမ်းဆောင်နိုင်ရမည်။ (လိုအပ်ပါက ခရီးသွားလာနိုင်ရမည်) ခေါင်းဆောင်မှ ပေးအပ်သည့် တာဝန်များကို နာခံဆောင်ရွက်နိုင်ရမည်။ အကျင့်စာရိတ္တကောင်းမွန်ပြီး ယဉ်ကျေးစွာ ပြောဆိုတတ်ရမည်။ အသောက်အစား နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကင်းရှင်းသူ ဖြစ်ရမည်။
အကျိုးအမြတ်: အချိန်ပိုကြေး ခရီးစရိတ် လုပ်ငန်းစွမ်းဆောင်ရည်အတွက် ဆုလာဘ်များ
Oral Care
လသာ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
05 Nov 2025
အချိန်ပြည့် Delivery Man ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ ပစ္စည်းများ ရန်ကုန်မြို့တွင်းနေရာအစုံပို့နိုင်ရမည်။ အသောက်အစား ကင်းရှင်းရမည်။
အကျိုးအမြတ်: အချိန်ပိုကြေး
တင်သောနေ့: 05 Nov 2025
Pro Smart Co.,Ltd
ဒဂုံမြို့သစ်မြောက်ပိုင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ဂိုဒေါင်အတွင်း ပစ္စည်းများ စနစ်တကျ စုဆောင်းခြင်း၊ စီမံထိန်းသိမ်းခြင်း ကားမောင်းသူနှင့် ပူးပေါင်း၍ ပစ္စည်းများကို သက်ဆိုင်ရာနေရာများသို့ တင်ဆောင်ပေးခြင်း Customer များဆီသို့ ပစ္စည်းများကို တိကျမှန်ကန်စွာ ပို့ဆောင်ခြင်း ပစ္စည်းများကို ပို့ဆောင်မီ စစ်ဆေးခြင်းနှင့် မှန်ကန်မှုအတည်ပြုခြင်း ရုံး/ဂိုဒေါင်အတွင်း လိုအပ်သည့်အလုပ်များတွင် ပူးပေါင်းထောက်ပံ့ခြင်း ပစ္စည်းတင်ချခြင်းနှင့် ဂိုဒေါင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
Kyaw Cheery
ဗဟန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ပစ္စည်းများ ရန်ကုန်မြို့တွင်းနေရာအစုံပို့နိုင်ရမည်။ Marketing Wayထွက်နိုင်ရမည်။ Delivery ပစ္စည်းပို့နိုင်ရမည်။
အကျိုးအမြတ်: *အချိန်ပိုကြေး
HQ Delivery Service Co.,Ltd
ဒေါပုံ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ရန်ကုန်မြို့တွင်း Way လမ်းကြောင်းအလိုက် သတ်မှတ်နေရာများသို့ သွားလာရမည်ဖြစ်သည်။ ယဉ်စည်းကမ်းလမ်းစည်းကမ်းကို ကောင်းစွာနားလည်ပြီး သေချာလိုက်နာနိုင်ရမည်ဖြစ်သည်။ ယဉ်စစ်ဆေးခြင်းနှင့်သန့်ရှင်းခြင်းများကို ရုံးမှမထွက်ခွာမည်နှင့်ယဉ်ပြန်ထားချိန်တွင် ဆောင်ရွက်ရမည်ဖြစ်သည်။ အလုပ်ချိန်အတွင်း အရက်သောက်ခြင်းကို လုံးဝရှောင်ရှားရမည်ဖြစ်ပြီး၊ဆေးလိပ်နှင့်ကွမ်းစားသုံးခြင်းကို သန့်ရှင်း၍အန္တရယ်ကင်းစွာ သုံးစွဲနိုင်ပါသည်။ ဆဲဆိုရိုင်းပြပြောဆိုခြင်းများကို အထူးရှောင်ရှားရမည်ဖြစ်ပြီး၊ Service ပေးသောလုပ်ငန်းဖြစ်သဖြင့် စိတ်ရှည်သည်းခံနိုင်ရမည်ဖြစ်သည်။ Delivery Service လုပ်ငန်းအတွေ့ကြုံရှိသူ ဦးစားပေးမည်။မရှိသူများလဲ လျောက်ထားနိုင်ပါသည်။
အကျိုးအမြတ်: လုပ်ငန်းအတွေ့အကြုံပေါ်မူတည်ပြီး အခြေခံလစာ ညှိနှိုင်းနိုင်ပါသည်။ အခြေခံလစာ၊အချိန်မှန်ရက်မှန်ကြေး၊ခရီးစရိတ်နှင့်အခြား Bonus ခံစားခွင့်များရှိပါသည်။
SLG Education (SIS Myanmar)
သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ယာဉ်မောင်းလိုင်စင် ရှိရမည် အနည်းဆုံး ပညာအရည်အချင်း အထက်တန်းအဆင့်ရှိပြီး (နိုင်ငံခြားသား ဆရာ၊ ဆရာမများ ရှိသောကြောင့်) English စကားကို အနဲငယ်လေး နားလည် ပြန်ပြောနိုင်လျှင် ပိုကောင်းပါသည် ရေရှည်လက်တွဲ အလုပ်လုပ်နိုင်သူ ဖြစ်ရပါမည်
အကျိုးအမြတ်: - အလုပ်ပိတ်ရက်များ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ - အချိန်ပိုကြေး
The Clinic De Novo
ကမာရွတ် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
03 Nov 2025
- ရုံးလုပ်ငန်းပိုင်းဆိုင်ရာလမ်းကြောင်းများမောင်းနှင်ရမည်။ - ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများအား သိရှိနားလည်ပြီး ဘေးကင်းစွာမောင်းနှင်နိုင်သူဖြစ်ရမည်။ - အကျင့်စာရိတ္တကောင်းမွန်ပြီး ပြစ်မှုမှတ်တမ်းကင်းရှင်းသူဖြစ်ရမည်။ - ဝန်ထမ်းများကိုသတ်မှတ်ထားသည့် နေရာများသို့ အန္တာရယ်ကင်းရှင်းစွာ ကြို/ပို့ပေးရမည်။ - Car သန့်ရှင်းရေးကို လိုအပ်လျှင်လိုအပ်သလို နေ့စဉ်ဆောင်ရွက်ရမည်။ - ကုမ္ပဏီနှင့်ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူဖြစ်ရမည်။
အကျိုးအမြတ်: Basic Salary Attendance allowance Transportation allowance နေ့လည်စာထမင်း အချိန်ပိုကြေး
တင်သောနေ့: 03 Nov 2025
CHANNEL-5
31 Oct 2025
ကျွန်တော်တို့ ရုံးအတွက် ဝန်ထမ်းအရာရှိများအား၊ ဘေးကင်းပြီး အချိန်နှင့်တပြေးညီ ပို့ဆောင်နိုင်ရန် ယာဉ်မောင်းတစ်ဦးကို ရှာဖွေနေပါသည်။ ယာဉ်မောင်း၏ တာဝန်များမှာ - (၁) ယာဉ်အတွက် ပုံမှန်သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ပေးခြင်း။ (၂) ခရီးစဥ်အတွက် အသင့်လျော်ဆုံး လမ်းကြောင်းကို ဆုံးဖြတ်ပြီး အချိန်မတိုင်မီ မောင်းနှင်နိုင်ရမည်။ (၃) ပုံမှန်ကားဝန်ဆောင်မှုချိန်းဆိုမှုများကို အချိန်ဇယားဆွဲပြီး ပြဿနာတစ်စုံတစ်ရာကို အထက်လူကြီးအား အချိန်မှီ သတင်း ပို့ရန်။ (၄) ကားအတွင်းပိုင်းနှင့် အပြင်ပိုင်း သန့်ရှင်းမှုကို ထိန်းသိမ်းရန် ကားရေဆေးခြင်းနှင့် ပြုပြင် ထိန်းသိမ်းမှုများကို စာရင်းပြုစု ရမည်။ (၅) Car GPS စက်များနှင့် ရင်းနှီးခြင်း ရှိရအပြင် ကားအတွင်းပိုင်းမှ အသုံးပြုရမည့် ပစ္စည်းများကိုလဲ အသေးစိတ်သိရှိရမည်။ အစမ်းခန့်ကာလမှာ ရက် (၆၀) ဖြစ်ပြီး၊ ရက် (၆၀) မပြည့်မှီ (၁၄) ရက်အလိုတွင် အတည်ခန့်၊မခန့် ဆုံးဖြတ်မည်။ CHANNEL - 5 Company Limited သည်အသစ်ဖြစ်ပြီး ပိုင်ရှင်များမှာ Prominent Business leader များဖြစ်သည်။ အလုပ်အတည်ခန့်ပြီး၍ အလုပ်ထွက်လိုပါက ရက်ပေါင်း 30 ကြိုပြောရမည် (သို့) အစားထိုးလူရှာပေးပြီး Handover လုပ်ပေးပြီးနောက်အလုပ်မှနှုတ်ထွက်နိုင်သည်။) နိုင်ငံခြားရောက်ဖူးသူ၊ Passport ရှိသူကိုဦးစားပေးမည်။
အကျိုးအမြတ်: အလုပ်ချိန် (၁) တစ်ပတ် ၆ ရက် (ပုံမှန်အလုပ်ချိန်မှာ မနက် ၉ - ညနေ ၆ ဖြစ်သည်) (၂) တစ်ပတ်လျှင် အနည်းဆုံး ၂ ရက် ညအိပ်ပေးရမည်။ (၁ ညအိပ် - အလုပ်ချိန် ၁ ရက်
တင်သောနေ့: 31 Oct 2025
SHARK EXPRESS
ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Delivery Man ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံမရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။ အစမ်းခံကာလ Basic Salary - 270,000 ရက်မှန်ကြေး - 30,000
အကျိုးအမြတ်: ၁ပတ်၁ရက်ပိတ်သည်။
ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Driver (Male) (သို့မဟုတ် ယာဉ်မောင်း) ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။ အစမ်းခံကာလ Basic Salary - 370,000 ရက်မှန်ကြေး - 30,000
Beyond Group of Companies
လှိုင်သာယာ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
မောင်းနှင်ရသည့် မော်တော်ယာဉ်အား အမြဲတမ်း စစ်ဆေးမှု၊ထိန်းသိမ်းမှု များပြုလုပ်ပေးရမည်ဖြစ်ပါသည်။ လုပ်ငန်းသို့ အချိန်တိကျစွာ လာရောက်ရမည်ဖြစ်သည်။ မိမိမောင်းနှင်ရသည့် မော်တော်ယာဉ်အား အန္တာရာယ်ကင်းစွာ မောင်းနှင်ရမည်ဖြစ်သည်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိနားလည်ပြီး လိုက်နာရမည်ဖြစ်သည်။ မော်တော်ယာဉ်အား အမြဲ သန့်ရှင်းအောင် နှင့် လုံခြုံအောင် ထားရမည်ဖြစ်သည်။ နေ့စဉ် မော်တော်ယာဉ်၏ ဆီ၊ ရေ၊ ဘက်ထရီ၊ တာယာ အစရှိသည့်များကို စစ်ဆေးရမည် ဖြစ်ပြီး မော်တော်ယာဉ်ပြုပြင်မှုများကို သက်ဆိုင်ရာဌာနသို့တင်ပြ၍ မိမိမောင်းနှင်ရသည့်ယာဉ်၏ သတ်မှတ်ချက်များအတိုင်း ပြုပြင်ပေးရမည် ဖြစ်သည်။ တာဝန်ချိန်အတွင်း အရက်သေစာ ၊ ကွမ်း စားသုံးပြီး ယာဉ်မောင်းခြင်းကို မပြုလုပ်ရမည်ဖြစ်သည်။
အကျိုးအမြတ်: Yearly Bonus
Ichor Global Limited Myanmar
ကားမောင်းသူနှင့် ပူးပေါင်း၍ ပစ္စည်းများကို သက်ဆိုင်ရာ ကားပေါ်သို့ မှန်ကန်စွာတင်ဆောင်ရမည်။ ပစ္စည်းများကို သက်ဆိုင်ရာနေရာများသို့ မပို့ဆောင်မီ သေချာစွာ စစ်ဆေးရမည်။ ရုံးကားဖြင့် ပစ္စည်းများကို သက်ဆိုင်ရာ customer များဆီသို့ တိကျမှန်ကန်စွာ ပို့ဆောင်ပေးရမည်။ ပစ္စည်းများကို နေရာတင်ချပြုလုပ်ရမည်။ Customer များထံမှ ငွေသားပေးချေမှုများကို ကောက်ခံပေးပြီး သက်ဆိုင်ရာတာဝန်ခံထံသို့ စာရင်းဇယားနှင့်တကွ အပ်နှံခြင်းများပြုလုပ်ရမည်။
အကျိုးအမြတ်: Paid Leave
Cozy Purified Drinking Water - RO သောက်ရေသန့်
သံလျင် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
သံလျင်၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် ယာဉ်မောင်း - Driver (သို့မဟုတ် ယာဉ်မောင်း) ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။ ရန်ကုန်မြို့တွင်း ကားလမ်းကြောင်းများကို ကောင်းစွာနားလည်ရမည်။
MTK Mobile
တာမွေ၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Delivery (သို့မဟုတ် ကုန်စည်ပစ္စည်း ပို့ဆောင်သူ) ရာထူး 5 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
Heguru Yangon Centre
ကမာရွတ်၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Driver (သို့မဟုတ် ယာဉ်မောင်း) ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး
အကျိုးအမြတ်: Attractive salary package
လုပ်ငန်း ဦးဆောင်ကုမ္ပဏီ
ရန်ကုန်မြို့တွင်း ကားလမ်းကြောင်းများကို ကောင်းစွာနားလည်ရမည်။ အကျင့်စာရိတ္တ ကောင်းမွန်ရမည်။ ယာဉ်စည်းကမ်းနှင့် ပတ်သက်၍ နားလည်ရမည်။ အရက်သေစာ ရှောင်ကြဉ်ရမည်။ ကျန်းမာရေး ကောင်းမွန်ပြီး အလုပ်ကြိုးစားသူဖြစ်ရမည်။ အလုပ်နှင့် စပ်ဆက်သော အခြားတာဝန်များကို ပေးအပ်ပါက ကျေပွန်စွာ ထမ်းဆောင်ပေးရမည်။
အကျိုးအမြတ်: စွမ်းဆောင်ရည်အတွက် ဆုလာဘ်များ
ArYu International Healthcare Co.,Ltd
27 Oct 2025
လူနာတင်ယာဥ် နှင့် ရုံးကား မောင်းနှင်ခြင်း၊ လူနာတင်ယာဥ် နှင့် ရုံးကားများကို နေ့စဥ် အတွင်းအပြင် သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ခြင်း၊ နေ့စဉ် ဆီ၊ရေ၊လေ၊ဝိုင် စစ်ဆေးခြင်း၊ အလုပ်နှင့်ဆက်စပ်သော အခြားတာဝန်များကို ပေးအပ်ပါက ကျေပွန်စာ ထမ်းဆောင်ခြင်း၊ မော်တော်ယာဥ် နှင့် ပတ်သက်သော ကိစ္စအဝဝကို သက်ဆိုင်ရာ ကြီးကြပ်ရေးမှုထံ အစီရင်ခံတင်ပြခြင်း၊ အရေးပေါ် အခြေအနေတွင် လိုအပ်ရင် လိုအပ်သလို အလုပ်အချိန်မရွေးဆင်းပေးရန်၊
အကျိုးအမြတ်: ထမင်းစရိတ် ရက်မှန်ကြေး အချိန်ပိုကြေး ဖယ်ရီကြို/ပို့ နှစ်စဉ် ဘောနပ် အကျိုးခံစားခွင့်များ ဆေးကုသမှု အကျိုးခံစားခွင့် (ကုမ္ပဏီစည်းမျဥ်းအတိုင်း)
တင်သောနေ့: 27 Oct 2025
Golden Hill Tower
-ကားအခြေအနေကောင်းမွန်မှု ပုံမှန်စစ်ဆေးရပါမည်။ -ဧည့်သည်များကို လေဆိပ်အကြို အပို့နှင့် ရန်ကုန်မြို့တွင်း မောင်းနှင်ပို့ဆောင်ပေးရပါမည်။ -ကားအတွင်းအပြင် ပုံမှန်သန့်ရှင်းရေးလုပ်ဆောင်ရပါမည်။ -လိုအပ်သည့်အချိန်တွင် Bell Boy ကိုကူညီပေးရပါမည်။ - Management မှချမှတ်ထားသည့် စည်းမျဥ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရပါမည်။ - အလုပ်တွင်သတ်မှတ်ထားသော ဂျူတီချိန်အတိုင်း ဆင်းနိုင်၍ အလုပ်တွင် ညအိပ်နိုင်ရမည်။
အကျိုးအမြတ်: - ဖယ်ရီ၊ ယူနီဖောင်း၊ နေ့လည်စာ - အလုပ်မဝင်မီ ဆေးစစ်ပေးခြင်း - လစာအပြင် အပိုထောက်ပံ့ကြေး - Service Money