English
နောက်ထပ်အလုပ်ကမ်းလှမ်းချက်များရယူပါ
ယခု App ကိုဒေါင်းလုပ်ဆွဲပါ!
စစ်၍ကြည့်သည်:
အလုပ်အမျိုးအစား
တည်နေရာ
လုပ်ငန်းအမျိုးအစား
လုပ်သက်အဆင့်
ဆုများ
အနိမ့်ဆုံး လစာ
Repat / Expat
885 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
အလုပ် 885 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
စဉ်၍ကြည့်သည်
စဉ်၍ကြည့်သည်:
နောက်ထပ်အလားတူအလုပ်များ တင်သောအခါ သင့်အားအကြောင်းကြားပါလိမ့်မည်။
ကျေးဇူးပြု၍ အလုပ်သတိပေးချက်စာမျက်နှာတွင် သင့်အလုပ်သတိပေးချက်ကိုပြင်ပြီး ထပ်မံကြိုးစားပါ။
Rover X Travel
ဒဂုံ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
18 Nov 2026
Job Summary Rover X Travel တွင် ရုံးလုပ်ငန်းများကို စနစ်တကျကူညီဆောင်ရွက်မည့် အထွေထွေရုံးဝန်ထမ်းအဖြစ် အလုပ်လုပ်ရမည်။ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၏ ရုံးတွင်းအချက်အလက်များ၊ ဖိုင်စာရွက်စာတမ်းများနှင့် ဧည့်သည်ဆက်ဆံရေးကို ပံ့ပိုးကူညီရမည်။ Key Responsibilities ရုံးတွင်းနေ့စဉ်လုပ်ငန်းများကို ကူညီဆောင်ရွက်ခြင်း ဖိုင်စာရွက်စာတမ်းများ စနစ်တကျ သိမ်းဆည်းပြင်ဆင်ခြင်း ဖုန်းခေါ်ဆိုမှုများနှင့် ဧည့်သည်များကို ယဉ်ကျေးစွာလက်ခံဆက်ဆံခြင်း အစီရင်ခံစာ၊ စာရင်းနှင့် ရုံးစာများ ပြင်ဆင်ပေးခြင်း ခရီးသွားဝန်ဆောင်မှုဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း ရုံးသုံးပစ္စည်းများ စီမံခန့်ခွဲ၍ အချိန်မီတင်ပြခြင်း အထက်အရာရှိများ၏ အခြားတာဝန်များကို ကူညီဆောင်ရွက်ခြင်း
အကျိုးအမြတ်: ရက်မှန်ကြေး လုပ်ငန်းစွမ်းဆောင်ရည်အတွက်ဆုကြေး
တင်သောနေ့: 18 Nov 2026
A4 International School
28 Oct 2026
- ကျောင်း၏ နေ့စဉ်ရုံးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်နှင့် မိဘများ၊ ကျောင်းသားများ၊ - ဆရာများအကြား ဆက်သွယ်ရေးနှင့် ကျောင်းအုပ်ချုပ်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးရန်။ - ကျောင်းအပ်နှံရေးနှင့် မှတ်တမ်းထိန်းသိမ်းပေးရန်။ - ရုံးစာရွက်စာတမ်းများ ပြင်ဆင်ပေးရန်။ - ကျောင်းအုပ်ချုပ်ရေးလုပ်ငန်းများ ပံ့ပိုးပေးရန်။ - ရုံးသုံးပစ္စည်းများကို စာရင်းပြုစု၍ လိုအပ်ချက်များ တင်ပြရန်။
အကျိုးအမြတ်: Enjoyable work environment
တင်သောနေ့: 28 Oct 2026
Leading Engineering Company
တောင်ဥက္ကလာ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
25 Oct 2026
ဝန်ထမ်းများ၏ ကားအသုံးပြုရန် တောင်းဆိုမှုများအတွက် Pool Car စီစဉ်ပေးခြင်း။ ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုအသုံးစရိတ်များကို ကိုင်တွယ်ဆောင်ရွက်ခြင်း။ ရုံးအားလုံးအတွက် အင်တာနက်ဘေလ်များ ပေးချေခြင်းကို စီမံဆောင်ရွက်ခြင်း။ ရုံးလုပ်ငန်းဆိုင်ရာ ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပြည်တွင်းမှ ဝယ်ယူဖြည့်ဆည်းပေးခြင်း။ (ဥပမာ - IT ပစ္စည်းများ၊ IT ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုများ၊ ရုံးသုံးစာရေးကိရိယာများ၊ ဓာတ်လှေကားဝန်ဆောင်မှု၊ PPE လုပ်ငန်းခွင်ဘေးကင်းရေးပစ္စည်းများ၊ ရုံးပြုပြင်ထိန်းသိမ်းရေး၊ Generator ပြုပြင်ထိန်းသိမ်းရေးနှင့် ရုံးသုံးပရိဘောဂများ စသည်တို့) IT ပစ္စည်းများ၏ Serial Number နှင့် အခြားသက်ဆိုင်ရာအချက်အလက်များ ပါဝင်သော IT Asset Tracker ကို စနစ်တကျ ထိန်းသိမ်းအပ်ဒိတ်လုပ်ခြင်း။ ရုံးပိုင်ပစ္စည်းများ၊ Generator များနှင့် CCTV စနစ်များကို စီမံခန့်ခွဲကြီးကြပ်ခြင်း။ အင်တာနက်လိုင်းပြဿနာများနှင့် IT ဆိုင်ရာ နည်းပညာပြဿနာများကို စစ်ဆေးဖြေရှင်းပေးခြင်း။ Administration နှင့် Purchasing ဆိုင်ရာ အခြားလိုအပ်သည့် လုပ်ငန်းတာဝန်များကို ကူညီဆောင်ရွက်ခြင်း။ ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျ ဖြည့်သွင်းခြင်း၊ စီစဉ်ထိန်းသိမ်းခြင်းနှင့် မှတ်တမ်းတင်ခြင်း။ ရုံးသုံးပစ္စည်းများ၏ လက်ကျန်စာရင်းကို စီမံခန့်ခွဲပြီး လိုအပ်သည့်ပစ္စည်းများ လုံလောက်စွာ ရှိစေရန် ဆောင်ရွက်ခြင်း။ Software၊ Network၊ Internet၊ Email နှင့် Printer များ တပ်ဆင်အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းများကို ကူညီဆောင်ရွက်ခြင်း။ ရုံးပိုင်ပစ္စည်းများနှင့် စက်ပစ္စည်းကိရိယာများ ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုများကို စီမံဆောင်ရွက်ခြင်း။ ရုံးများအားလုံး၏ အိမ်ငှားခနှင့် လုံခြုံရေးဝန်ထမ်းများ၏ ဝန်ဆောင်ခပေးချေမှုများကို system အတွင်း Payment Request တင်သွင်းခြင်းနှင့် သက်ဆိုင်ရာစာရွက်စာတမ်းများကို Finance ဌာနသို့ ပေးပို့ခြင်း။ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ရုံးလုပ်ငန်းများ ချောမွေ့စွာ လည်ပတ်နိုင်ရန် လိုအပ်သည့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ခြင်း။
တင်သောနေ့: 25 Oct 2026
Infinity Mart
ဒဂုံမြို့သစ်မြောက်ပိုင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
16 Oct 2026
Store & Office Administrative Management ရုံးချုပ်နှင့် retail စတိုးဆိုင်ခွဲများ၏ နေ့စဉ် အုပ်ချုပ်ရေးနှင့် ရုံးသုံး လုပ်ငန်းစဉ်များကို စနစ်တကျ စီမံခန့်ခွဲခြင်း။ ရုံးသုံး ပစ္စည်းများ (Office Supplies)၊ Stationery နှင့် Cleaning Material များ ပြတ်လပ်မှုမရှိစေရန် တောင်းခံခြင်း၊ စစ်ဆေးခြင်းနှင့် စနစ်တကျ စိစစ်ထုတ်ပေးခြင်း။ စတိုးဆိုင်ခွဲများ၏ သန့်ရှင်းရေး၊ လုံခြုံရေး (Security) နှင့် အထွေထွေ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆိုင်ခွဲ မန်နေဂျာများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။ Asset, Facility & Vendor Management Infinity Mart ၏ ပိုင်ဆိုင်မှုများ (Fixed Assets)၊ ရုံးသုံးစက်ပစ္စည်းများနှင့် Furniture များကို စာရင်းဇယားဖြင့် စနစ်တကျ ထိန်းသိမ်းခြင်း။ စတိုးဆိုင်ခွဲများရှိ လျှပ်စစ်နှင့် အခြား ပြင်ပ Vendor / Contractor များ (ဥပမာ - Aircon Service, Generator Repair) နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။ လျှပ်စစ်မီတာခ၊ ရေဖိုး၊ အင်တာနက်ဖိုး နှင့် အခြား အထွေထွေ သုံးစွဲစရိတ် bills များကို အချိန်မှန် စိစစ်ပေးပို့ခြင်း။ HR Support & Office Logistics ဝန်ထမ်းသစ်များအတွက် Uniforms၊ ID cards၊ Stationery နှင့် လုပ်ငန်းသုံး ပစ္စည်းများ အချိန်မှန် ရရှိစေရန် ဆောင်ရွက်ပေးခြင်း။ ကုမ္ပဏီပိုင် ယာဉ်များ (Company Vehicles) နှင့် အထွေထွေ သယ်ယူပို့ဆောင်ရေး (Logistics) စီမံခန့်ခွဲမှုများကို ကူညီစစ်ဆေးခြင်း။ စတိုးဆိုင်ခွဲများ၏ အရေးပေါ်ကိစ္စရပ်များ (Incident / Emergency) တွင် Management ထံ အချိန်နဲ့တစ်ပြေးညီ သတင်းပို့၍ ကူညီဖြေရှင်းပေးခြင်း။ Compliance & Documentation စတိုးဆိုင် လိုင်စင်များ၊ အစိုးရဌာနဆိုင်ရာ စာရွက်စာတမ်းများ သက်တမ်းတိုးခြင်း လုပ်ငန်းများကို အချိန်မီ ဆောင်ရွက်ခြင်း။ Admin နှင့် ပတ်သက်သော စာချုပ်များ၊ ရုံးမိန့်များ၊ ဘောက်ချာများနှင့် အစည်းအဝေး မှတ်တမ်းများကို စနစ်တကျ Files စီထားခြင်း။
အကျိုးအမြတ်: -Viber Phone - 09 4210 92027, 09 759 600 850
တင်သောနေ့: 16 Oct 2026
Glamdust LTD
အလုပ်အကျဉ်းချုပ် ကုမ္ပဏီ၏ နေ့စဉ် ** (HR)** နှင့် **အုပ်ချုပ်ရေး (Admin)** လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန် တာဝန်ယူမည့် HR & Admin အရာရှိတစ်ဦးကို ခန့်အပ်လိုပါသည်။ ဝန်ထမ်းခန့်အပ်ခြင်း၊ ဝန်ထမ်းရေးရာ၊ တက်ရောက်မှုနှင့် ခွင့်ရက်စီမံခန့်ခွဲမှု၊ လစာတွက်ချက်မှုအတွက် အချက်အလက်များ စီစဉ်ပေးခြင်း၊ ရုံးလုပ်ငန်းများနှင့် ကုမ္ပဏီစည်းမျဉ်းများကို လိုက်နာစေရေးတို့တွင် ပါဝင်ကူညီရမည်။ အဓိကတာဝန်များ **လူ့စွမ်းအားအရင်းအမြစ် (HR) လုပ်ငန်းများ** - ဝန်ထမ်းခန့်အပ်ခြင်းလုပ်ငန်းစဉ်များကို စီမံခန့်ခွဲခြင်း၊ အလုပ်ကြော်ငြာတင်ခြင်း၊ လျှောက်ထားသူများကို စိစစ်ခြင်း၊ အင်တာဗျူးပြုလုပ်ခြင်းနှင့် ဝန်ထမ်းအသစ်များကို အလုပ်စတင်ဝင်ရောက်နိုင်ရန် စီစဉ်ပေးခြင်း။ - ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များနှင့် ဝန်ထမ်းဖိုင်များကို မှန်ကန်စွာ ထိန်းသိမ်းထားခြင်း။ - အလုပ်ခန့်စာချုပ်များ၊ HR ဆိုင်ရာစာများနှင့် ဝန်ထမ်းရေးရာစာရွက်စာတမ်းများ ပြင်ဆင်ပေးခြင်း။ - ဝန်ထမ်းများ၏ တက်ရောက်မှု၊ ခွင့်ရက်၊ အချိန်ပိုလုပ်အားနှင့် ဆက်စပ်မှတ်တမ်းများကို စီမံခန့်ခွဲခြင်း။ - လစာတွက်ချက်ရာတွင် လိုအပ်သော အချက်အလက်များကို စုစည်းပြီး အချိန်မီ ပေးပို့ခြင်း။ - ဝန်ထမ်းများ၏ စွမ်းဆောင်ရည်အကဲဖြတ်ခြင်းနှင့် ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ခြင်း။ - ဝန်ထမ်းများ၏ မေးမြန်းချက်များကို ဖြေကြားပေးခြင်းနှင့် ကောင်းမွန်သော ဝန်ထမ်းဆက်ဆံရေး ရှိစေရန် ကူညီဆောင်ရွက်ခြင်း။ - ကုမ္ပဏီ၏ HR မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို ဝန်ထမ်းများသိရှိပြီး မှန်ကန်စွာ လိုက်နာဆောင်ရွက်နိုင်ရန် စီမံခြင်း။ - လိုအပ်ပါက ဝန်ထမ်းစည်းကမ်းပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် တိုင်ကြားမှုများကို ကိုင်တွယ်ရာတွင် ကူညီဆောင်ရွက်ခြင်း။ - သက်ဆိုင်ရာ အလုပ်သမားဥပဒေများနှင့် ကုမ္ပဏီစည်းမျဉ်းများကို လိုက်နာဆောင်ရွက်နိုင်ရေး စောင့်ကြည့်ခြင်း။ **အုပ်ချုပ်ရေး (Admin) လုပ်ငန်းများ** - နေ့စဉ် ရုံးလုပ်ငန်းများကို စနစ်တကျ လည်ပတ်နိုင်ရန် စီမံခန့်ခွဲခြင်း။ - ရုံးသုံးပစ္စည်းများ၊ ရုံးသုံးစက်ပစ္စည်းများနှင့် အခြားလိုအပ်သည့် အုပ်ချုပ်ရေးဆိုင်ရာ အရင်းအမြစ်များကို စီမံခြင်း။ - ရုံးပြုပြင်ထိန်းသိမ်းမှု၊ ပြုပြင်ရေးလုပ်ငန်းများ၊ လျှပ်စစ်/ရေ/အင်တာနက်စသည့် ဝန်ဆောင်မှုများနှင့် ဝန်ဆောင်မှုပေးသူများကို ညှိနှိုင်းဆောင်ရွက်ခြင်း။ - ကုမ္ပဏီ၏ စာရွက်စာတမ်းများ၊ မှတ်တမ်းများနှင့် ဖိုင်များကို စနစ်တကျ သိမ်းဆည်းထိန်းသိမ်းခြင်း။ - အစည်းအဝေးများ၊ ကုမ္ပဏီအခမ်းအနားများ၊ ခရီးစဉ်များနှင့် အခြားအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို စီစဉ်ပေးခြင်း။ - အုပ်ချုပ်ရေးဆိုင်ရာ အစီရင်ခံစာများနှင့် စာများကို ပြင်ဆင်ခြင်း။ - လိုအပ်ပါက ပြင်ပအဖွဲ့အစည်းများ၊ ပစ္စည်း/ဝန်ဆောင်မှုပေးသူများနှင့် အစိုးရဌာနများနှင့် ဆက်သွယ်ညှိနှိုင်းခြင်း။ - စီမံခန့်ခွဲမှုအဖွဲ့မှ ပေးအပ်သည့် အခြား HR & Admin လုပ်ငန်းတာဝန်များနှင့် အထူးစီမံကိန်းများကို ကူညီဆောင်ရွက်ခြင်း။
အကျိုးအမြတ်: .
1 Stop Printing Service
သာကေတ | ရန်ကုန်တိုင်း . ရန်ကုန်တိုင်း .
17 Nov 2026
ကုမ္ပဏီ၏ နေ့စဉ်ရုံးလုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ဆောင်ရွက်ခြင်း။ ရုံးသုံးပစ္စည်းများ ဝယ်ယူခြင်း၊ လက်ကျန်ပစ္စည်းစာရင်းများ ထိန်းသိမ်းခြင်းနှင့် လစဉ်ပစ္စည်းလက်ကျန်အစီရင်ခံစာများ ပြုစုတင်ပြခြင်း။ ရုံးသုံးစက်ပစ္စည်းများနှင့် ရုံးအဆောက်အအုံဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စီစဉ်ညှိနှိုင်းဆောင်ရွက်ခြင်း။ ကုမ္ပဏီ၏ စာရွက်စာတမ်းများနှင့် စာချုပ်စာတမ်းများကို စနစ်တကျ စုစည်းသိမ်းဆည်းထိန်းသိမ်းခြင်း။ အစည်းအဝေးများ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းနှင့် လိုအပ်သည့်ကိစ္စရပ်များကို ညှိနှိုင်းပေးခြင်း။ ကုမ္ပဏီ၏ မူဝါဒများ အကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီခြင်းနှင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်မှုရှိစေရန် ကြီးကြပ်ခြင်း။ စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ပေးအပ်လာသည့် အခြားသော စီမံရေးရာလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
အကျိုးအမြတ်: ●Attendance Bonus/Overtime Fee/ Performance Bonus/ Service Year Bonus ●တနင်္ဂနွေနေ့တိုင်း ပိတ်သည်။
တင်သောနေ့: 17 Nov 2026
Great Golden Apex Co., Ltd.
ဗိုလ်တထောင် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ဗိုလ်တထောင်၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Office Staff ရာထူး 5 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
အကျိုးအမြတ်: လစာ+ Target bonus+ရက်မှန်းကြေး
Vantage land Machinery Trading Co.,Ltd
ကမာရွတ် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ၊ အချက်အလက်များနှင့် မှတ်တမ်းများကို စနစ်တကျ ပြင်ဆင်ထိန်းသိမ်းခြင်း။ နေ့စဉ် ရုံးလုပ်ငန်းဆောင်တာများကို စီမံဆောင်ရွက်ခြင်း။ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ Admin ပိုင်းဆိုင်ရာ လုပ်ငန်းများကို ပံ့ပိုးကူညီခြင်း။ အထက်အရာရှိမှ ပေးအပ်သော အခြားတာဝန်များကို ဆောင်ရွက်ခြင်း။
အကျိုးအမြတ်: • သင့်တင့်သောလစာနှင့် ခံစားခွင့်များ • လုပ်ငန်းကျွမ်းကျင်မှု တိုးတက်စေရန် အခွင့်အရေး
URC (Myanmar) Co.,Ltd
မင်္ဂလာဒုံ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
အလုပ်ခေါ်စာတင်ခြင်း ၊ အလုပ်လျှောက်လွှာများစိစစ်ပေးခြင်း ၊ အင်တာဗျူးစီစဉ်ပေးခြင်း ဝန်ထမ်းအသစ်စတင်ခန့်အပ်သည့်လုပ်ငန်းစဉ်များဆောင်ရွက်ပေးခြင်း နေ့စဉ် အလုပ်တက် အလုပ်ဆင်း စာရင်းများ စစ်ဆေးပေးခြင်း ဝန်ထမ်းရေးရာ ကိစ္စများ ညှိနှိုင်း ဆောင်ရွက်ပေးခြင်
အကျိုးအမြတ်: နေ့လည်စာ ဖယ်ရီ ဆေးကုသမှုအကျိုးခံစားခွင့် လှုမှုဖူလုံရေးခံစားခွင့် ယူနီဖောင်း အချိန်ပိုကြေး ခွင့်ခံစားမှုများ
Pan Nu Yaung Cosmetic Myanmar
ဝန်ထမ်းခေါ်ယူခြင်းနှင့် Interview စီစဉ်ဆောင်ရွက်ခြင်း။ ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များနှင့် HR Records များ ထိန်းသိမ်းခြင်း။ Attendance, Leave နှင့် OT များ စာရင်းပြုစုခြင်း။ ဝန်ထမ်းရေးရာကိစ္စများကို ကူညီဆောင်ရွက်ခြင်း။ HR Department ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ကူညီဆောင်ရွက်ခြင်း။
Super Shine Trading Co.,Ltd
16 Nov 2026
DO အတိုင်း ပစ္စည်းထုတ်ပေးရခြင်း။ အရောင်းကားများပေါ် ပစ္စည်းတင်ပေးရခြင်း။ Sticker နှင့် Barcode များ ကပ်ပေးရခြင်း။ DO စာရွက်စာတမ်းများအား Account သို့ အပ်နှံရခြင်း။ Stock လက်ကျန်များ စစ်ဆေးရခြင်း။ လိုအပ်ပါက ပစ္စည်းပို့ဆောင်ပေးရခြင်း။
အကျိုးအမြတ်: Ferry Provided (Pickup Point) Lunch Provided Attendance Bonus Annual Trip Annual Bonus +++
တင်သောနေ့: 16 Nov 2026
Unique Paragon Int'l Trading Co.,Ltd.
အလုံ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
နေ့စဉ် Office Administration လုပ်ငန်းများကို စီမံခန့်ခွဲခြင်း Office Supplies, Stationery နှင့် အသုံးအဆောင်ပစ္စည်းများကို စီမံထိန်းသိမ်းခြင်း Office Equipment နှင့် Facilities များကို စောင့်ကြည့်ထိန်းသိမ်းခြင်း Office Maintenance, Repair နှင့် Service များကို သက်ဆိုင်ရာ Vendor များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း ရုံးသုံးပစ္စည်းများ ဝယ်ယူရန် Quotation များ စုဆောင်းခြင်းနှင့် Procurement Process တွင် ပါဝင်ဆောင်ရွက်ခြင်း Office Expenses နှင့် Admin-related အသုံးစရိတ်များကို မှတ်တမ်းတင်ထိန်းသိမ်းခြင်း Company Documents, Records နှင့် Administrative Files များကို စနစ်တကျ သိမ်းဆည်းခြင်း Meeting, Company Event နှင့် Internal Activities များအတွက် လိုအပ်သည့် Administrative Support ပေးခြင်း Visitor Management နှင့် Office Reception ပိုင်းကို လိုအပ်သလို စီမံပေးခြင်း Transportation, Courier နှင့် အခြား Office Services များကို စီမံညှိနှိုင်းခြင်း Office cleanliness, security နှင့် workplace facilities များ အဆင်ပြေစေရန် ကြီးကြပ်ခြင်း Government Offices, Suppliers, Service Providers များနှင့် လိုအပ်သလို ဆက်သွယ်ညှိနှိုင်းခြင်း Admin-related Reports များကို အချိန်မီ ပြုစုတင်ပြခြင်း HR နှင့် အခြား Department များနှင့် ပူးပေါင်း၍ Employee-related Administrative ကိစ္စများကို ဆောင်ရွက်ခြင်း Management မှ ပေးအပ်သော အခြား Administrative တာဝန်များကို ဆောင်ရွက်ခြင်း
MM Import Export Co.,Ltd
ပန်းပဲတန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
Recruitment Process အား စနစ်တကျပြုလုပ်၍ Interview Scheduling နှင့် Interview Form များကို စနစ်တကျစီစစ်အသုံးပြုရမည်။ Office Attendance & Overtime ကိစ္စရပ်များ လုပ်ဆောင်ရမည်။ Daily Report များရေးပြီး သက်ဆိုင်ရာသို့ ထပ်ရမည်။ Communicate with the customer & Suppliers အခြားသောရုံးပိုင်းဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သလို လုပ်ဆောင်ရမည်။ Office Sale နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဆောင်ရွက်ရမည်။
အကျိုးအမြတ်: ရက်မှန်ကြေး၊ အချိန်ပိုေကြး၊ နှစ်စဉ် ဘောနပ်စ်၊
Thurawinzaw Co.,Ltd
တာမွေ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
တာမွေ ( ယုဇနပလာဇာ ) ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Office Staff ( Mobile phone spear part Distribution ) ရာထူး 2 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
အကျိုးအမြတ်: အခြေခံလစာ - 500000 + KPI + အချိန်မှန်ရက်မှန်ကြေး
A Plus Tutor
ကြည့်မြင်တိုင် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ဝန်ထမ်းရေးရာနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်နိုင်မည့် တာဝန်ယူမှုရှိသူတစ်ဦးကို 𝐀 𝐏𝐥𝐮𝐬 𝐓𝐮𝐭𝐨𝐫 𝐓𝐞𝐚𝐦 မှ ဖိတ်ခေါ်လိုပါသည်။ ဝန်ထမ်းများ၏ 𝐀𝐭𝐭𝐞𝐧𝐝𝐚𝐧𝐜𝐞၊ ခွင့်ယူမှု၊ ကိုယ်ရေးမှတ်တမ်းနှင့် လစာစာရင်းများကို စီမံထိန်းသိမ်းခြင်း။ ဝန်ထမ်းခေါ်ယူမှုနှင့် 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 များတွင် ကူညီဆောင်ရွက်ခြင်း။ ဝင်ငွေ၊ ထွက်ငွေ၊ နေ့စဉ်ငွေစာရင်းနှင့် ငွေပေးချေမှုမှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းခြင်း။ လစဉ် 𝐅𝐢𝐧𝐚𝐧𝐜𝐞 𝐑𝐞𝐩𝐨𝐫𝐭 နှင့် သက်ဆိုင်ရာ စာရင်းဇယားများ ပြုစုခြင်း။ ရုံးလုပ်ငန်းနှင့် စာရွက်စာတမ်းဆိုင်ရာ လိုအပ်ချက်များကို ကူညီဆောင်ရွက်ခြင်း။
အကျိုးအမြတ်: အတွေ့အကြုံနှင့် လုပ်ကိုင်နိုင်စွမ်းအပေါ် မူတည်၍ လစာညှိနှိုင်းပေးမည်။
China National Electric Engineering Co., Ltd.
13 Nov 2026
ကမာရွတ်၊ Yangonတွင်ရှိသော Time City Office-3 building တွင် Full Time သန့်ရှင်းရေး ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး အလုပ်ချိန် ၉ နာရီ မှ ၅ နာရီ တနင်္လာနေ့ မှ စနေနေ့
အကျိုးအမြတ်: ***
တင်သောနေ့: 13 Nov 2026
Taw Win Family Co.,Ltd
စမ်းချောင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
12 Nov 2026
ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းများ၊ Data Entry နှင့် Filing လုပ်ငန်းများကို ဆောင်ရွက်ရမည်။ Daily Report နှင့် လိုအပ်သော Report များကို ပြင်ဆင်တင်ပြရမည်။ ဌာနအသီးသီး၏ ရုံးပိုင်းဆိုင်ရာ လုပ်ငန်းများကို ကူညီဆောင်ရွက်ရမည်။ ရုံးသုံးပစ္စည်းများကို စနစ်တကျ စီမံထိန်းသိမ်းရမည်။ Management မှ ပေးအပ်သော အခြားတာဝန်များကို ထမ်းဆောင်ရမည်။
တင်သောနေ့: 12 Nov 2026
လုပ်ငန်း ဦးဆောင်ကုမ္ပဏီ
ပုဇွန်တောင် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
* Sale order အတွက် invoice များကို ထုတ်ပေးရမည် * Stock အဝင်အထွက် စာရင်းများ လုပ်ဆောင်ပေးရမည် * Stock order လုပ်ငန်းစဉ်ကို supervisor နှင့် အတူ ပူးတွဲလုပ်ဆောင်ရမည် * လုပ်ငန်းအတွက်လိုအပ်သာ ငှါနဆိုင်ရာ စာရွက်စာတမ်းများ * မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးရမည် * အရောင်းဌာန နှင့် အထွေအထွေကိစ္စရပ်များကို လုပ်ဆောင်ပေးရမည် * အလုပ်ချိန် (Monday to Friday : 8:30AM to 5:00PM) * အလုပ်နှင့် နီးစပ်ရာ မြိုနယ်မှာ နေထိုင်သူ ကို ဦးစားပေးမည်
Kyaw Swar Air Con Sales & Services
- အရောင်း vouchers များကို ပစ္စည်း အသုံးစာရင်း နှင့် စျေးနှုန်းများ မှန်မမှန် စစ်ပေးရမည် - မိမိဆိုင်ရှိ stock များအား အပတ်စဉ်၊လစဉ်စစ်ဆေးရပါမည် - Sale report နှင့် stock reports များတင်ပြပေးရမည်
Ichor Global Limited Myanmar
11 Nov 2026
လုပ်ငန်းတာဝန် ရည်ရွယ်ချက် လုပ်ငန်းအတွက် စာရွက်စာတမ်းများ ပို့ဆောင်ခြင်း၊ ရုံးမှတ်တမ်းနှင့် ဖိုင်တွဲများ ထိန်းသိမ်းခြင်း၊ ရုံးသုံးပစ္စည်းများ စီမံခြင်းနှင့် ရေ၊ မီးဆိုင်ရာ ကိစ္စများ လိုက်လံဆောင်ရွက်ခြင်း အပါအဝင် အထွေထွေ ရုံးလုပ်ငန်းများကို လုပ်ဆောင်ရမည်။ အဓိကတာဝန်ဝတ္တရားများ - စာများ၊ စာရွက်စာတမ်းများနှင့် ပစ္စည်းများကို သက်ဆိုင်ရာရုံးများသို့ ပို့ဆောင်ပြီး အကြောင်းပြန်စာ၊ ပြေစာ သို့မဟုတ် လက်ခံကြောင်း အထောက်အထားများ ပြန်ယူလာခြင်း။ ရုံးနှင့် ဆိုက်၏ လျှပ်စစ်မီး၊ မီးစက်လောင်စာ၊ ရေ၊ အင်တာနက်နှင့် တယ်လီဖုန်းဆိုင်ရာ ကိစ္စများကို လိုက်လံဆောင်ရွက်ခြင်း၊ ငွေတောင်းခံလွှာများကို အချိန်မီ မှတ်တမ်းတင်ခြင်းနှင့် ချို့ယွင်းချက်များကို သက်ဆိုင်ရာထံ အကြောင်းကြားခြင်း။ ရုံးသုံးစာရေးကိရိယာများ၊ သုံးကုန်ပစ္စည်းများ၊ သန့်ရှင်းရေးပစ္စည်းများနှင့် ဝန်ထမ်းသုံး ပစ္စည်းများကို စီမံခြင်း — လက်ကျန်စစ်ဆေးခြင်း၊ ဝယ်ယူရန် တောင်းခံခြင်းနှင့် ထုတ်ပေးမှုများကို မှတ်တမ်းတင်ခြင်း။ အဝင်/အထွက် စာများ၊ မှတ်စုများ၊ စာချုပ်များ၊ ခွင့်ပြုချက်နှင့် လိုင်စင်များကို စာရွက်နှင့် အီလက်ထရောနစ် ဖိုင်တွဲများဖြင့် မှတ်တမ်းတင် ထိန်းသိမ်းခြင်း၊ အလွယ်တကူ ရှာဖွေနိုင်ပြီး လျှို့ဝှက်စွာ ထိန်းသိမ်းထားခြင်း။ အထွေထွေမန်နေဂျာမှ တာဝန်ပေးသော မိတ္တူကူးခြင်း၊ စကင်ဖတ်ခြင်း၊ ဧည့်သည်လက်ခံခြင်းနှင့် ရုံးသန့်ရှင်းသပ်ရပ်အောင် ထားရှိခြင်း စသည့် အခြား အထွေထွေ ရုံးလုပ်ငန်းများကို ဆောင်ရွက်ခြင်း။
အကျိုးအမြတ်: Attractive salary package
တင်သောနေ့: 11 Nov 2026
Htat Thiha Paing Co.,ltd
ရုံးစာရွက်စာတမ်းများ၊ ဖိုင်များနှင့် မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းသိမ်းဆည်းရန်။ ရုံးသုံးပစ္စည်းများ၊ စာရေးကိရိယာများနှင့် ရုံးအတွက် လိုအပ်သော ပစ္စည်းအားလုံးကို ဝယ်ယူရန်။ ရုံးသုံးပစ္စည်း လက်ကျန်ပမာဏကို စောင့်ကြည့်စစ်ဆေးပြီး လိုအပ်သလို အချိန်မီ ဝယ်ယူနိုင်ရန် စီစဉ်ရန်။ ရုံးလိုအပ်ချက်များအတွက် ပစ္စည်းပေးသွင်းသူများ (Suppliers & Vendors) နှင့် ပေါင်းစပ်ညှိနှိုင်းရန်။ ရုံးပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများကို စောင့်ကြည့်စစ်ဆေးပြီး ပေါင်းစပ်ညှိနှိုင်းပေးရန်။ ရုံးသုံးကိရိယာများ၊ အဲကွန်းများ၊ မီးဆိုင်းများ၊ မီးစက်များနှင့် ရုံးအဆောက်အအုံဆိုင်ရာ ပစ္စည်းများ ကောင်းမွန်စွာ အလုပ်လုပ်မလုပ် စစ်ဆေးရန်။ လိုအပ်ပါက ရုံးသုံးကိရိယာများကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဝန်ဆောင်မှုရယူခြင်းများ စီစဉ်ရန်။ ရုံးသန့်ရှင်းရေး၊ ရုံးလုံခြုံရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုများကို ထိန်းသိမ်းဆောင်ရွက်ရန်။ ရုံးသုံးပုံစံ (Forms) များအားလုံးကို ပြင်ဆင်ထုတ်ပေးရန်နှင့် ပုံစံဒီဇိုင်းများကို စနစ်တကျ ထိန်းသိမ်းထားရန်။ ဝန်ထမ်းများ၏ မွေးနေ့ပွဲများ၊ ဝန်ထမ်း သက်သာချောင်ချိရေးနှင့် နှုတ်ဆက်ပွဲ စီစဉ်မှုများကို ဆောင်ရွက်ပေးရန်။ ဖုန်းကောလ်များ၊ အီးမေးလ်များ၊ ပါဆယ်နှင့် စာပို့လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်။ စာလွှာများ၊ အစီရင်ခံစာများနှင့် အခြားရုံးစာရွက်စာတမ်းများကို ပြင်ဆင်ရန်၊ စာရိုက်ရန်၊ ပရင်ထုတ်ရန်နှင့် စီစဉ်ရန်။ အခြားဌာနများ၏ စီမံခန့်ခွဲရေးဆိုင်ရာ (Administrative) လုပ်ငန်းများကို ကူညီပံ့ပိုးပေးရန်။ အထက်လူကြီးများမှ ပေးအပ်သော အခြားတာဝန်များကို ထမ်းဆောင်ရန်။
အကျိုးအမြတ်: နှစ်စဉ် ဆုကြေး
Royal Care Plus Co.,Ltd
ရန်ကင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
10 Nov 2026
- နေ့စဉ်ရုံးတွင်းစစ်ဆေးခြင်း၊ - Admin Department အတွက်လိုအပ်သော ပစ္စည်းများဝယ်ယူပေးခြင်း၊ - ရုံးပစ္စည်းများသယ်ယူခြင်း၊ စာရင်းကောက်ခြင်း၊ - လုံခြုံရေးကိစ္စများ ကူညီလုပ်ဆောင်ခြင်း။
အကျိုးအမြတ်: - ခရီးစရိတ် - ရက်မှန်ကြေး
တင်သောနေ့: 10 Nov 2026
Mega Ace Cineplex
• ကျောင်းချိန်နှင့် ကျောင်းကိစ္စများ စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်ပေးရန်။ • ဆရာ/ဆရာမများ၏ လစာထုတ်ပေးခြင်းဆိုင်ရာ စာရင်းဇယားများနှင့် လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးရန်။ • ဘဏ်ဆိုင်ရာ ငွေသွင်း/ငွေထုတ်နှင့် အခြား ဘဏ်လုပ်ငန်းစဉ်များကို တာဝန်ယူ ဆောင်ရွက်ပေးရန်။ • နေ့စဉ် ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းများနှင့် Data စာရင်းများကို MS Word, Excel ဖြင့် စနစ်တကျ ပြုစု ထိန်းသိမ်းရန်။ • ရုံး၏ နေ့စဉ် အထွေထွေ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များကို ဝိုင်းဝန်း ကူညီပေးရန်။
အကျိုးအမြတ်: Salary + Attendance Bonus + Phone Bill Allowance
Vision Care Co Ltd
1. Customer များ၏ Inquiry များကို ဖုန်း၊ Viber နှင့် Messenger တို့မှတစ်ဆင့် ဖြေကြားပေးပြီး Product Information နှင့် Price များကို ရှင်းလင်းစွာ ရှင်းပြပေးရန်။ 2. Quotation, Invoice နှင့် Delivery Note များကို မှန်ကန်စွာ ပြင်ဆင်ရေးသားရန်။ 3. ရရှိလာသော Order များအတွက် ပစ္စည်းများကို စနစ်တကျ ထုတ်ပိုးပြီး သက်ဆိုင်ရာ Customer များထံ ပို့ဆောင်ပေးရန်။ 4. ရောင်းချပြီးသော Order များအတွက် Customer Payment များကို Follow-up ပြုလုပ်ပြီး Accounting Department နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်။ 5. Customer များထံ ပုံမှန် Follow-up ပြုလုပ်ကာ Sales Order များ ရရှိစေရန် ဆောင်ရွက်ရန်။ 6. Customer Database, Sales Records နှင့် Stock Records များကို ပုံမှန် Update ပြုလုပ်ထိန်းသိမ်းရန်။ 7. Management မှ ပေးအပ်သော Office နှင့် Sales ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရန်။
Myo Naing Nine Co.,Ltd
အလုပ်အကျဉ်းချုပ် ရန်ကုန်မြို့၊ မင်္ဂလာဒုံတွင် Trading/Distribution/Import/Export လုပ်ငန်းအတွက် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးရမည့် ဝန်ထမ်းတစ်ဦးကို ရှာဖွေနေပါသည်။ စတင်အဆင့် အတွေ့အကြုံရှိသူများ လျှောက်ထားနိုင်ပြီး ရုံးလုပ်ငန်းများ၊ စာရွက်စာတမ်းများနှင့် ဌာနတွင်းညှိနှိုင်းမှုများတွင် ပါဝင်ဆောင်ရွက်ရမည်။ Key Responsibilities ● ရုံးတွင်းစာရွက်စာတမ်းများ၊ ဖိုင်များနှင့် မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းစီမံရန် ● အထွေထွေ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ဌာနတွင်းညှိနှိုင်းမှုများကို ကူညီဆောင်ရွက်ရန် ● လိုအပ်သည့် ရုံးသုံးပစ္စည်းများကို စာရင်းထိန်း၍ သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ရန် ● အလုပ်အပ်နှံချက်များကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ပြီး အစီရင်ခံတင်ပြရန်
အကျိုးအမြတ်: Ferry Provided
Thuriya Win Int'l Co.,Ltd (Nagar Pyan Tea)
-နေ့စဉ် ရုံးတက်ရုံးဆင်း မှတ်တမ်းသွင်းခြင်း၊Over time ၊ ခွင့် ၊ နောက်ကျ/စောပြန် မှတ်တမ်းလုပ်ခြင်း။ -ဝန်ထမ်းခေါ်ယူရေးအတွက် arrangements လုပ်ခြင်း။ -ဝန်ထမ်းများအတွက် သင်တန်းပေးရာတွင် ကူညီဆောင်ရွက်ခြင်း။ -ဝန်ထမ်းများ၏ Personal data များ update ပြုလုပ်ခြင်း။ - ဝန်ထမ်းများ၏ welfare အစဉ်အစဉ်များအတွက် ကူညီဆောင်ရွက်ခြင်း။
အကျိုးအမြတ်: - ယူနီဖောင်း - ကားခ / ဖယ်ရီ - အချိန်ပိုကြေး - နှစ်တိုး
Shwe Moe Pwint Aye Co,Ltd
09 Nov 2026
- Sales Data နှင့် Customer စာရင်းများကို စနစ်တကျ ထိန်းသိမ်းခြင်း။ - Daily / Weekly / Monthly Sales Reports များ ပြုစုခြင်း။ - Price List, Product List နှင့် Promotion Information များကို သက်ဆိုင်ရာ Sales Team ထံ ဖြန့်ဝေပေးခြင်း။ - Sales Team ထံမှ လိုအပ်သော Data များ စုစည်းခြင်း။ - Invoice / Payment ကိစ္စများအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။ - Customer Complaints များကို မှတ်တမ်းတင်ထိန်းသိမ်းခြင်း။ - Sales Department နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို စနစ်တကျ သိမ်းဆည်းခြင်း။ - မပြီးပြတ်သေးသော Orders များနှင့် Customer Follow-up များ ဆောင်ရွက်ခြင်း။ - Sales Department အတွက် General Expenses များကို စီစဉ်ဆောင်ရွက်ခြင်း။
တင်သောနေ့: 09 Nov 2026
May Educare International School
မြောက်ဥက္ကလာ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ရာထူး၏ ရည်ရွယ်ချက် ကျောင်း၏ နေ့စဉ်ရုံးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်နှင့် မိဘများ၊ ကျောင်းသားများ၊ ဆရာများအကြား ဆက်သွယ်ရေးနှင့် ကျောင်းအုပ်ချုပ်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးရန်။ အစီရင်ခံရမည့်သူ — Founder / Principal သို့မဟုတ် ရုံးတာဝန်ခံ ၁။ မိဘများနှင့် ဧည့်သည်များအား ဝန်ဆောင်မှုပေးခြင်း • မိဘများနှင့် ဧည့်သည်များကို ယဉ်ကျေးပျူငှာစွာ ကြိုဆိုရန်။ • ကျောင်း၏ အတန်းများ၊ အချိန်ဇယားနှင့် ကျောင်းအပ်နှံရေးဆိုင်ရာ အတည်ပြုထားသော အချက်အလက်များကို ရှင်းပြရန်။ • ဖုန်းနှင့် Page Messenger မှ မေးမြန်းမှုများကို အချိန်မီ ပြန်လည်ဖြေကြားရန်။ • မိဘများ၏ တင်ပြချက်များကို မှတ်တမ်းတင်၍ သက်ဆိုင်ရာတာဝန်ရှိသူထံ တင်ပြရန်။ ၂။ ကျောင်းအပ်နှံရေးနှင့် မှတ်တမ်းထိန်းသိမ်းခြင်း • ကျောင်းအပ်နှံရေးဖောင်များ ဖြည့်သွင်းရာတွင် ကူညီပြီး လိုအပ်သော စာရွက်စာတမ်းများ စစ်ဆေးရန်။ • ကျောင်းသားစာရင်း၊ အတန်းစာရင်းနှင့် မိဘဆက်သွယ်ရန် အချက်အလက်များကို ပြင်ဆင်ထိန်းသိမ်းရန်။ • အချက်အလက်ပြောင်းလဲမှုများကို အချိန်မီ ပြင်ဆင်ဖြည့်စွက်ရန်။ • စာရွက်စာတမ်းနှင့် ကွန်ပျူတာဖိုင်များကို ပြန်လည်ရှာဖွေရလွယ်ကူအောင် စနစ်တကျ သိမ်းဆည်းရန်။ ၃။ ရုံးစာရွက်စာတမ်း ပြင်ဆင်ခြင်း • Microsoft Word ဖြင့် ရုံးစာ၊ ကြေညာစာ၊ ဖောင်နှင့် စာရင်းများ ပြင်ဆင်ရန်။ • မြန်မာစာနှင့် အင်္ဂလိပ်စာများကို တိကျစွာ စာရိုက်ရန်။ • Print၊ Scan၊ Copy လုပ်ငန်းများ ဆောင်ရွက်ရန်။ • ထုတ်ပြန်မည့်စာရွက်စာတမ်းများအတွက် တာဝန်ရှိသူ၏ အတည်ပြုချက် ရယူရန်။ ၄။ ငွေပေးချေမှုဆိုင်ရာ လုပ်ငန်းများ • တာဝန်ပေးအပ်ထားပါက ကျောင်းလခနှင့် အခြားပေးချေမှုများကို လက်ခံ၍ ပြေစာထုတ်ပေးရန်။ • လက်ခံငွေနှင့် ပြေစာများကို တိကျစွာ မှတ်တမ်းတင်ရန်။ • နေ့စဉ်လက်ခံငွေနှင့် မှတ်တမ်းများကို သတ်မှတ်ထားသော တာဝန်ရှိသူထံ စစ်ဆေးအပ်နှံရန်။ • ငွေစာရင်းကွာဟမှုရှိပါက ချက်ချင်း တင်ပြရန်။ ၅။ ကျောင်းအုပ်ချုပ်ရေးလုပ်ငန်းများ ပံ့ပိုးခြင်း • အစည်းအဝေး၊ မိဘဆရာတွေ့ဆုံပွဲနှင့် ကျောင်းအခမ်းအနားများအတွက် လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ရန်။ • ရုံးသုံးပစ္စည်းများကို စာရင်းပြုစု၍ လိုအပ်ချက်များ တင်ပြရန်။ • ဆရာများနှင့် သက်ဆိုင်ရာဌာနများထံ အတည်ပြုထားသော အကြောင်းကြားချက်များ အချိန်မီ ပေးပို့ရန်။ • Founder / Principal က ပေးအပ်သော ရုံးလုပ်ငန်းဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရန်။
R.Oasis Limited
မင်္ဂလာတောင်ညွှန့် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
06 Nov 2026
အရောင်းအော်ဒါများကို စီမံဆောင်ရွက်ပြီး အော်ဒါပြည့်စုံမှုကို စီမံပါ။ တိကျသော သုံးစွဲသူဒေတာဘေ့စ်များနှင့် အရောင်းမှတ်တမ်းများကို ထိန်းသိမ်းပါ။ အရောင်းအစီရင်ခံစာများနှင့် ခန့်မှန်းချက်များကို ပြင်ဆင်ရာတွင် ကူညီဆောင်ရွက်ပေးခြင်း။ အရောင်းအဖွဲ့နှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်း။ အရောင်းအဖွဲနှင့် ချိတ်ဆက်၍၊မေးမြန်းမှုများကို တုံ့ပြန်ပြီး ထူးခြားသော ဝန်ဆောင်မှုကို ဆောင်ရွက်ပေးခြင်း။ မိမိနှင့် သက်ဆိုင်သော report များအား အချိန်နှင့် တပြေးညီ ဆောင်ရွက်နိင်ရမည်။
အကျိုးအမြတ်: -
တင်သောနေ့: 06 Nov 2026
YouFang Real Estate Agency Co.,Ltd
ကွန်ပျူတာသုံးပြီးစာစီစာရိုက်၊အသုံးစာရင်းမှတ်၊ ရုံးဖုန်းကိုင်၊ဝန်ထမ်းရုံးတက်မှတ်တန်းလုပ်၊အခြားလိုအပ်တလိုအကူပေး
အကျိုးအမြတ်: ဆုကျေးငွေ၊ဖုန်းဘေ၊အချိန်ပိုကြေး