English
နောက်ထပ်အလုပ်ကမ်းလှမ်းချက်များရယူပါ
ယခု App ကိုဒေါင်းလုပ်ဆွဲပါ!
စစ်၍ကြည့်သည်:
အလုပ်အမျိုးအစား
တည်နေရာ
လုပ်ငန်းအမျိုးအစား
လုပ်သက်အဆင့်
ဆုများ
အနိမ့်ဆုံး လစာ
Repat / Expat
1,076 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
အလုပ် 1,076 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
စဉ်၍ကြည့်သည်
စဉ်၍ကြည့်သည်:
နောက်ထပ်အလားတူအလုပ်များ တင်သောအခါ သင့်အားအကြောင်းကြားပါလိမ့်မည်။
ကျေးဇူးပြု၍ အလုပ်သတိပေးချက်စာမျက်နှာတွင် သင့်အလုပ်သတိပေးချက်ကိုပြင်ပြီး ထပ်မံကြိုးစားပါ။
Alote SME Company
စမ်းချောင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
19 Feb 2026
ကုမ္ပဏီသို့အကြောင်းကိစ္စအမျိုးမျိုးဖြင့် လာရောက်သည့်ဧည့်သည်များအား နွေးထွေးစွာခရီးဦးကြိုပြု၍ လမ်းညွှန်ကူညီပေးခြင်း၊ တယ်လီဖုန်းများအားလက်ခံဖြေကြား၍ သက်ဆိုင်ရာသို့လွှဲပြောင်းပေးခြင်း၊ ဝင်စာ၊ထွက်စာများအား မှတ်တမ်းသွင်းဖြန့်ဝေပေးခြင်း၊ ရုံးသုံး စာရေးကိရိယာများ ထိန်းသိမ်းခြင်း၊ ထုတ်ပေးခြင်း၊ အစည်အဝေး ၊အင်တာဗျူးများအား စီစဉ်ပေးခြင်း ဧည့်သည်များအား ဧည့်ခံခြင်း နှင့် စီမံဌာန (Admin Department) မှ အခါအားလျော်စွာ စေခိုင်းသောလုပ်ငန်းများအား ဆောင်ရွက်ရန်တာဝန်ရှိပါသည်။
အကျိုးအမြတ်: -
တင်သောနေ့: 19 Feb 2026
M Education Preschool
22 Jan 2026
စမ်းချောင်း၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Receptionist ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
အကျိုးအမြတ်: Salary - ညှိနှိုင်း (အတွေ့အကြုံပေါ်မူတည်၍) Working hours - 8AM to 4:00PM Working Days - Monday to Friday (Public Holiday များ ပိတ်ပါသည်)
တင်သောနေ့: 22 Jan 2026
Aqua Seafood
ရန်ကင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
24 Feb 2026
နေ့စဉ် ပါဆယ် ပို့ဆောင်ပြီးသမျှ လမ်းကြောင်းတွေကို ကာစတန်မာတွေအစဉ်ပြေမပြေfollow up လုပ်ရမယ်။ Customer Complaint တွေကို ဖြေရှင်းရမယ်။ ကာစတန်မာ တွေရဲ့ ဖုန်းအဝင်တွေကိုဖြေဆိုပြီ အော်ဒါကောက်ပေးရမယ်။ Delivery သမားတွေ ပို့ပြီးသမျှလမ်းကြောင်းတွေမှာ Delivery Service အပေါ် ကာစတန်မာ ကျေနပ်မှုရှိမရှိကို follow up လုပ်ပေးရမယ်။
အကျိုးအမြတ်: နေစရိတ်စားစရိတ်အငြိမ်း Wi-Fi Free လစဉ် ၁၃ ရက်နေ့ ၂၃ ရက်နေ့ ပိတ်ရက် လစာ- ညှိုနိုင်း
တင်သောနေ့: 24 Feb 2026
Flamingo Co.,Ltd
ဗဟန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
23 Feb 2026
📌Customer များအား face to face and phone ဖြင့် ယဉ်ကျေးပျူငှါစွာ ပြောဆို ဆက်ဆံတတ်ရမည် 💪 သင်ယူလိုစိတ် ရှိပီး ရိုးသားကြိုးစားစွာဖြင့် စေ့စပ်သေချာစွာ လုပ်ကိုင်နိုင်သူ 👩🏻🦰 ရုပ်ရည် ပြေပြစ် သပ်ရပ်သူ ✔️ လုပ်ငန်းအတွေ့အကြုံ မရှိဘဲ အမှန်တကယ် အလုပ်လုပ်ချင်သူများလည်း လျှောက်ထားနိုင်သည်
အကျိုးအမြတ်: အလုပ်ချိန် - 9 am to 6pm တပတ် - ၁ ရက်နား + public holiday Uniform ပေးသည်..
တင်သောနေ့: 23 Feb 2026
Vélica Clinique
📌 Client များ၏ Skin Treatment / Service များအကြောင်း ရှင်းပြပေးရန် 📌 Promotion များ မိတ်ဆက်ပြီး Sales Target ပြည့်မီရန် ကြိုးစားနိုင်သူ 📌 Customer Feedback များ စုဆောင်း၍ Management ထံ တင်ပြရန် 📌 Long-term Client Relationship တည်ဆောက်နိုင်ရန် ဝန်ဆောင်မှုကောင်းမွန်စွာ ပေးနိုင်သူ
အကျိုးအမြတ်: .
Photo Box
ကမာရွတ် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
20 Feb 2026
ဆိုင်သို့ရောက်ရှိလာသေား customer များအာ ကြိုဆိုခြင်း Customer များအားမိမိတို့ ဝန်ဆောင်မှူ(self photobooth package )အကြောင်း အသေးစိတ်ရှင်းပြပေးခြင်း ရိုက်ကူးရေး process များတွင်ချေားမွေ့စေရန် ဝန်ဆောင်မှုပေးခြင်း (လိုအပ်လျှင် ကိုယ်တိုင်ဝင်ရိုက်ကူးပေးခြင်း) ရိုက်ကူးရေတွင်အသုံးပြုရသည်း props accessories များကို ပုံမှန် စစ်ဆေးခြင်း သန့်ရှင်းရေးပြုလုပ်ခြင်း (လိုအပ်လျှင်ရုံးသို့တင်ပြီး အသစ်ဖြည့်တင်းခြင်း) နေ့စဉ် paper အဝင်အထွက်စစ်ဆေးခြင်း တစ်နေ့တာရိုက်ကူးမှုးအရေအတွက်ရရှိငွေများကိုစာရင်းပြုစုခြင်း
အကျိုးအမြတ်: တစ်ပါတ်ကုိ ရုိက်ကူးေရးတစ်ကဒ် တစ်ေစာင် အလကားေပးမည်
တင်သောနေ့: 20 Feb 2026
Jin Long Learning Center
တောင်ဥက္ကလာ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
03 Feb 2026
📌 Customer များ၏ မေးခွန်းများကို ယဉ်ကျေးစွာ ဖြေကြားနိုင်သူ 📌 သင်တန်းအကြောင်း၊ ဝန်ဆောင်မှုအကြောင်းကို ရှင်းလင်းပြောကြားနိုင်သူ 📌 Customer Complaint များကို သည်းခံစိတ်ဖြင့် ဖြေရှင်းနိုင်သူ 📌 Customer Satisfaction ကို ဦးစားပေးလုပ်ဆောင်နိုင်သူ
တင်သောနေ့: 03 Feb 2026
Ding Hang International Logistics
မင်္ဂလာဒုံ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
28 Jan 2026
Customer Complaintများကို ကိုင်တွယ်ဖြေရှင်းနိုင်ရမည်။ Customerများအပေါ် အပြုသဘောဆောင်သော၊ စာနာနားလည်မှုနှင့် ပရော်ဖက်ရှင်နယ်သဘောထားကို အချိန်တိုင်းထိန်းသိမ်းရမည်။ Customerများ၏ စိတ်ကျေနပ်မှုကို အာမခံပြီး ပရော်ဖက်ရှင်နယ်ဆန်စွာ ပံ့ပိုးကူညီမှုကို ပေးဆောင်ပါ။ Telephone ဖြေကြားပေးခြင်း။ Software များအသုံးပြူ၍ data entry လုပ်ဆောင်ရမည်။
တင်သောနေ့: 28 Jan 2026
Shopvana - Online Store
မရမ်းကုန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
13 Jan 2026
မရမ်းကုန်း၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Customer Service Assistant ရာထူး 8 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
အကျိုးအမြတ်: **လစာ - ညှိနှိုင်း + % + bonus **နားရက် - တစ်လ (၄)ရက်
တင်သောနေ့: 13 Jan 2026
AACG Myanmar Limited
12 Jan 2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဗဟိုလမ်းမကြီးတွင် တည်ရှိသော ကျွန်ုပ်တို့၏ ရုံးတွင် (အမျိုးသမီး) Customer Service Assistant ရာထူး (၂) နေရာအတွက် အလျင်စလို ဝန်ထမ်းသစ်ခန့်အပ်ရန် ရှာဖွေလျက်ရှိပါသည်။ လုပ်သက်အတွေ့အကြုံ လုံးဝမလိုအပ်ဘဲ၊ လိုအပ်သော လုပ်ငန်းစွမ်းရည်များကို ကျွန်ုပ်တို့ဘက်မှ စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ပါသည်။ ဤရာထူးသည် ရုံးတွင်းတာဝန်များကိုသာ ထမ်းဆောင်ရမည်ဖြစ်ပြီး၊ ပြင်ပသို့ သွားလာရန် မလိုအပ်ပါ။ ကျွန်ုပ်တို့ရုံးသည် အမျိုးသမီးများသာ လုပ်ကိုင်သည့် လုပ်ငန်းခွင်တစ်ခု ဖြစ်သဖြင့် လူမှုရေးဆိုင်ရာ အခက်အခဲ သို့မဟုတ် အရှုပ်အရှင်းများ ကင်းစင်ပြီး၊ စိတ်ချရသော ပတ်ဝန်းကျင်တစ်ခုဖြစ်ပါသည်။ ရုံးခန်းအတွင်း လေအေးပေးစက်တပ်ဆင်ထားပြီး၊ ဝန်ထမ်းတစ်ဦးချင်းစီအတွက် သီးသန့်စားပွဲဖြင့် သက်တောင့်သက်သာ လုပ်ကိုင်နိုင်မည့် အခြေအနေကို ဖန်တီးပေးထားပါသည်။ စိတ်ဝင်စားပါက လျှောက်ထားနိုင်ပြီး၊ သင့်အတွက် အကောင်းဆုံး လုပ်ငန်းခွင်အတွေ့အကြုံကို ပေးအပ်ရန် ကျွန်ုပ်တို့ အသင့်ရှိနေပါသည်။
အကျိုးအမြတ်: လစာ+လစဉ်စွမ်းဆောင်ရည်ဆု+အချိန်ပိုကြေး။ နှစ်စဉ် ၂ ကြိမ် ဘောနပ်စ်။ လူမှုဖူလုံရေးကြေးကို အလုပ်ရှင်ထည့်ပေးမည်။
တင်သောနေ့: 12 Jan 2026
Mascon international Business Services Co.,Ltd
လုပ်ငန်းလိုအပ်ချက်အရ သတ်မှတ်ပေးထားသော Headcount ကို စီမံခန့်ခွဲရပါမည် သတ်မှတ်ထားသော Timeline နှင့် ဝန်ဆောင်မှုအဆင့်သဘောတူညီချက်များကို ပြည့်မီအောင်လုပ်ရပါမည်။ ကိုယ့်လက်အောက်မှ ဝန်ထမ်းများ ရဲ့ Attrition ကို သေချာစွာ စီမံနိုင်ရပါမယ်။ Daily / Monthly Report များကို အချိန်နှင့် တစ်ပြေးညီ ပြင်ဆင်ပေးပို့ရပါမည်။ Daily Operation အဆင်ပြေချောမွေ့စေရန် ကြီးကြပ်ပေးပါရမည်။
အကျိုးအမြတ်: • Salary Basic + Allowance + Bonus + incentive + OT (if able to work) + Publicy holiday (2×) • မိမိ ကြိုးစားမှုပေါ်မူတည်၍ ရုံးတွင် ရာထူးတိုးများရရှိန
Tint Sabei Trading Co.,Ltd(SUPER DRY DEHUMIDIFIER)
ပုဇွန်တောင် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
🔸customer care လုပ်ငန်းဆောင်တာများ အတွက် supervisor အား ကူညီပေးရမည် 🔸လုပ်ငန်း၏ သွင်းကုန် လုပ်ငန်းများကို အထက်လူကြီးနှင့်အတူ ပူးတွဲ လုပ်ပေးရမည် 🔸လိုအပ်ပါက ရံဖန်ရံခါ အပြင်သို့ လိုက်ရမည်
အကျိုးအမြတ်: စနေ၊ တနင်္ဂနွေ နဲ့ အစိုးရ ရုံးပိတ်ရက် ပိတ်ပေးပါတယ်။
Prime Looks Apparel
မရမ်းကုန်း၊ Yangonတွင်ရှိသော Full Time Office Cashier (သို့မဟုတ် ငွေကိုင်) ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - Experienced Non-Manager နှင့် Monthly လစာကောင်းကောင်းပေးမည်။ •Customer Service: Showroom သို့ လာရောက်သော ဝယ်ယူသူများကို နွေးထွေးစွာ ကြိုဆို၍ ဝန်ဆောင်မှုပေးရန်။ •Sales Promotion: ကုန်ပစ္စည်းများအကြောင်း ကျွမ်းကျင်စွာ ရှင်းပြပြီး ရောင်းအားမြှင့်တင်ရန်။ •Target Achievement: သတ်မှတ်ထားသော အရောင်း Target များ ပြည့်မီအောင် ဆောင်ရွက်ရန်။ •Display & Inventory: ပစ္စည်းများကို သပ်ရပ်စွာ ခင်းကျင်းပြသပြီး Stock အခြေအနေကို စစ်ဆေးရန်။ •Reporting: အရောင်းမှတ်တမ်းနှင့် Customer Order များကို တိကျစွာ စာရင်းသွင်းရန်။ •Showroom Maintenance: အရောင်းခန်းမ တစ်ခုလုံး အမြဲသန့်ရှင်းသပ်ရပ်နေစေရန် ထိန်းသိမ်းရန်။
အကျိုးအမြတ်: Allowance Uniform Incentive
ML Global Business
အလုံ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ML Global business တွင်ရှိသော MTEC Education အတွက်ခေါ်ယူခြင်းဖြစ်ပါသည် Customer service များနှင့် Class room ဆိုင်ရာများကို ကောင်းမွန်စွာတာဝန်ယူရမည်။ စျေးကွက်အခြေအနေကို နေ့စဥ်မျက်ခြေမပြက်စောင့်ကြည့်နေပြီး သင်တန်း ဆိုင်ရာ Report များကို အချိန်မှီတင်ပေးနိူင်သူဖြစ်ရမည်။ Daily customer service and operation processများအား စာရင်းပြုလုပ်ရမည်။ Page reply နှင့် TikTok အသုံးပြုနိုင်၊ လုပ်နိုင် ရမည်။
Sky Mobile
မင်္ဂလာတောင်ညွှန့် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
14 Feb 2026
- အလဲ Stock များအား Error စစ်ဆေးပေးခြင်း၊ အလဲများ အတွက် စာရင်းပြုလုပ်ရမည်။ - Customer များအား အကောင်းဆုံး ဝန်ဆောင်မှုပေးရမည်။ - User Error ဖြစ်ပါကလည်း Customer အားသေချာစွာရှင်းပြပေးရမည်။ - Warranty ကာလများအားလည်း စစ်ဆေးပေးရပါမည်။ - အခြား လိုအပ်သည့် လုပ်ငန်းဆောင်တာများလုပ်ဆောင်ရပါမည်။
အကျိုးအမြတ်: ရက်မှန်ကြေး၊ အချိန်မှန်ကြေး ၃ လပြည့်လျှင် (Bonus) ခံစားခွင့်၊ Uniform
တင်သောနေ့: 14 Feb 2026
T&H Maths Centre
06 Feb 2026
- မိဘနှင့်ကျောင်းသား/သူများ သင်တန်းများအပ်ရာတွင် အဆင်ပြေချောမွေ့အောင် ကူညီစီစဉ်ပေးရခြင်း။ - SMS, LMS software ကို အသုံးပြူ၍စီစဉ်ဆောင်ရွက်ရခြင်း။ - ငွေကြေးစာရင်းများကိုလည်း စနစ်ကျစွာ finance department နှင့်ချိတ်ဆက်လုပ်ဆောင်ရခြင်း။ - ကျောင်းသားစာရင်းများကို စနစ်ကျစွာ ထိန်းသိမ်းဆောင်ရွက်ရခြင်း။ - မိဘများ၏လိုအပ်ချက်များကို အဆင်ပြေချောမွေ့အောင်ကူညီဆောင်ရွက်ရခြင်း။ - Olympiad Exam များအတွက်ကျောင်းသား စာရင်းများကောက်ခြင်း၊စာမေးပွဲခန်း များစောင့်ပေးရခြင်း။
အကျိုးအမြတ်: -ယူနီဖောင်း -ထမင်းစီစဉ်ပေးခြင်း
တင်သောနေ့: 06 Feb 2026
Bee Choo Origin Myanmar Co.,Ltd
ဧည့်ကြိုသည် Bee Choo Origin Myanmar ဆိုင်သို့ လာရောက်သော ဖောက်သည်များအား အပေါက်ဝတွင် ရပ်စောင့်၍ ယဉ်ကျေးပျူငှာစွာ ကြိုဆိုခြင်း၊ တံခါးဖွင့်ပေးခြင်းနှင့် ဆိုင်၏ ပထမဆုံး ထိတွေ့ရသည့် ပုံရိပ်ကို ကိုယ်စားပြုသည့် အရေးကြီးသော အလုပ်ဖြစ်ပြီး သန့်ရှင်းမှု၊ စည်းကမ်းနှင့် ယဉ်ကျေးမှုကို အမြဲ ထိန်းသိမ်းရမည် ဖြစ်ပါသည်။ ၁။ ဆိုင်အပေါက်ဝတွင် ရပ်စောင့်၍ ဖောက်သည်များအား ယဉ်ကျေးပျူငှာစွာ ကြိုဆိုလက်ခံရမည် ၂။ ဖောက်သည်များ ဝင်ထွက်ရာတွင် တံခါးဖွင့်ပေးရမည် ၃။ ဖောက်သည်များ၏ ဖိနပ်များကို သန့်ရှင်းစွာ စနစ်တကျ ချပေးရမည် ၄။ ဖိနပ်ချရာတွင် ဖောက်သည်တစ်ဦးချင်းစီ မမှားမယွင်းအောင် သေချာစွာ စီစဉ်ထားရှိရမည် ၅။ ဖောက်သည်များ အတွင်းသို့ ဝင်ရောက်ပြီးနောက် Reception သို့ သို့မဟုတ် ဝန်ထမ်းများထံ သေချာစွာ ညွှန်ပြပေးရမည် ၆။ ဆိုင်ဝင်ပေါက်နှင့် ဖိနပ်ချရာ နေရာကို သန့်ရှင်းသပ်ရပ်စွာ အမြဲ ထိန်းသိမ်းထားရမည် ၇။ ဖောက်သည်များနှင့် ယဉ်ကျေးစွာ ဆက်ဆံပြီး စကားပြောအနေအထား သိကောင်းသည့်အတိုင်း လိုက်နာရမည် ၈။ ဆိုင်၏ စည်းကမ်းများ၊ ယဉ်ကျေးမှုများနှင့် မန်နေဂျ်မင့်၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာရမည် ၉။ ဖောက်သည်များနှင့် ပတ်သက်သော ပြဿနာ၊ မထူးခြားသော အခြေအနေများကို ချက်ချင်း မန်နေဂျာ သို့မဟုတ် တာဝန်ရှိသူထံ အသိပေးရမည် ၁၀။ မန်နေဂျာမှ သတ်မှတ်ပေးသော အခြားတာဝန်များကို လိုအပ်သလို ဆောင်ရွက်ရမည်
Capital Taiyo Life Insurance
ဒလ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
05 Feb 2026
-ရန်ကုန်တိုင်း၊ဒလမြို့နယ်တွင်ရှိသော Capital Taiyo Life Insurance တွင် အချိန်ပြည့် Office Staff (သို့မဟုတ် ရုံးပိုင်း) ရာထူး ၁ နေရာစာ အတွက် အထူးအခွင့်အရေး
အကျိုးအမြတ်: ပိတ်ရက်- စနေ၊ တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်များပိတ်သည်။ အလုပ်ချိန်- 8:30 AM to 5:00 PM
တင်သောနေ့: 05 Feb 2026
Hledan Centre Management Company Limited
02 Feb 2026
အထက်တန်းပညာရေး(ဆယ်တန်း/ဆယ့်နှစ်တန်း)အထိတက်ရောက်သင်ကြားဖူးသူဖြစ်ရမည်။ အသက်(၁၈)နှစ်မှ (၂၅)နှစ်အတွင်းဖြစ်ရမည်။ ကွန်ပျူတာအသုံးပြုနိုင်သူဖြစ်ရမည်။
အကျိုးအမြတ်: အခြေခံလစာ ခရီးစရိတ် Service Money နှစ်စဥ◌်ဆုကြေး ယူနီဖောင်း+ဖိနပ်
တင်သောနေ့: 02 Feb 2026
StudyHub Malaysia
ဗိုလ်တထောင် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
30 Jan 2026
Senior Consultant များ၏ လုပ်ငန်းများကို ကူညီထောက်ပံ့ပေးခြင်း Client များအား အခြေခံအချက်အလက်များ၊ အကြံပေးချက်များ ပေးအပ်ခြင်း Client နှင့် ပတ်သက်သော စာရွက်စာတမ်းများကို ပြင်ဆင်၊ စုစည်း၊ စီမံခန့်ခွဲခြင်း လိုအပ်သော အချက်အလက်များကို စုဆောင်းခြင်း၊ သုတေသနလုပ်ဆောင်ခြင်း Client များနှင့် Follow-up ပြုလုပ်ခြင်း (Application, Progress, Inquiry) Internal System များတွင် အချက်အလက်များ Update ပြုလုပ်ခြင်း ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်၍ လုပ်ငန်းများ ဆောင်ရွက်ခြင်း Training များတွင် ပါဝင်တက်ရောက်၍ လုပ်ငန်းစဉ်များကို လေ့လာခြင်း အထက်အရာရှိမှ ပေးအပ်သည့် တာဝန်များကို ဆောင်ရွက်ခြင်း
တင်သောနေ့: 30 Jan 2026
H2P Distribution
လှိုင် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
29 Jan 2026
အရောင်းဝန်ထမ်းများ အား စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအားလုံးတွင် ကူညီပံ့ပိုးပေးရန်။ အဖွဲ့အတွက် လိုအပ်သော စာရွက်စာတမ်းများနှင့် စာချုပ်များ၊ အော်ဒါဖောင်များနှင့် အခြားရုံးသုံး စာရွက်စာတမ်းများ ကို ပြင်ဆင်ပေးရန်။ Microsoft Office (Word နှင့် Excel) ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။ အလုပ်ကြိုးစားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသူ ဖြစ်ရမည်။
တင်သောနေ့: 29 Jan 2026
Ayeyar Nagar Construction Co.,ltd
• ဖုန်း၊ အီးမေးလ် (Email) သို့မဟုတ် ကိုယ်တိုင်လာရောက်ခြင်းဖြင့် ဝင်ရောက်လာသော Customer များ၏ မေးမြန်းချက်များကို ဖြေကြားပေးရမည်။ • Customer များ၏ တိုင်ကြားချက်များနှင့် ပြဿနာများကို အချိန်မီနှင့် ထိရောက်စွာ ဖြေရှင်းပေးရမည်။ • ကုမ္ပဏီ၏ မူဝါဒများနှင့် ဝန်ဆောင်မှုစံနှုန်းများကို လိုက်နာဆောင်ရွက်ရမည်။ • After Sales Service နှင့် ပတ်သက်သည့် အချက်အလက်များကို ကုမ္ပဏီမူဝါဒအတိုင်း မှန်ကန်စွာ Customer များအား ပေးပို့ရှင်းလင်းရမည်။ • Customer များ၏ မေးမြန်းချက်များ၊ တိုင်ကြားချက်များနှင့် ချို့ယွင်းချက် (Defect) အစီရင်ခံစာများကို မှတ်တမ်းတင်ထားရှိရမည်။
အကျိုးအမြတ်: • အစားအသောက်ထောက်ပံ့ကြေး • ခရီးသွားလာရေးထောက်ပံ့ကြေး • နှစ်စဉ် ခရီးစဉ်အစီအစဉ် (Annual Trip Plan) နှင့် အခြား ထောက်ပံ့ကြေးများ
Myanmar International Business College
ကျောက်တံတား | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ကျောက်တံတား၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Student Support ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံမရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
အကျိုးအမြတ်: Working Days: 5days (Weekday 3days and Saturday & Sunday) Working Hours: 48 hour ၆ လပြည့်ပါက မိမိ၏လုပ်ဆောင်မှုပေါ်မူတည်၍ လစာတိုးဖို့ရှိပါသည်။
NTR Myanmar Co.,Ltd.
ဒဂုံမြို့သစ်မြောက်ပိုင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
24 Jan 2026
နေ့စဉ်အရောင်းပြုလုပ်ရန်အတွက် လိုအပ်သော ပစ္စည်းများကို ကြိုတင်ပြင်ဆင်ရန်။ နေရာပေါ် မူတည်၍ battery စက်ဘီး (သို့) ဆိုင်ကယ် ဖြင့် Sales Order ကောက်ရမည်။ သတ်မှတ်ထားသော အရောင်း Target (Sales, KPI) ပြည့်မှီအောင်ရောင်းချနိုင်ရမည်။ ချမှတ်ထားသောတနေ့တာ တာဝန်များပြီးမြောက်အောင် လုပ်ဆောင်နိုင်ရမည်။ Customer Service ကောင်းမွန်ရမည်။ ကိုယ်စားလှယ်နှင့် ကုန်ကြွေးကောက်ခံရမည်။ (အတွေ့အကြုံမရှိသူများကို Company မှ လုပ်ငန်းအတွက် လိုအပ်သော သင်တန်းများပို့ချပေးပါသည်။)
အကျိုးအမြတ်: • နေစရာစီစဥ်ပေးပါမည်။ • အခြေခံလစာ + Quarterly Bonus + incentive • စားသောက်စရိတ် ရှိပါသည်။( နေရာဒေသပေါ်မူတည်၍ ရှားပါးစရိတ် + ) • Training Provided
တင်သောနေ့: 24 Jan 2026
MK Networks Company Limited (Knet)
သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
21 Jan 2026
📌 Customer များ၏ မေးခွန်းများ၊ တိုင်ကြားချက်များကို ဖုန်း၊ အီးမေးလ်၊ လူမှုကွန်ရက်များမှတဆင့် ဖြေရှင်းပေးနိုင်သူ 📌 Service Request & Follow-up များကို စနစ်တကျ ဆောင်ရွက်နိုင်သူ 📌 Customer Data များကို မှန်ကန်စွာ မှတ်တမ်းတင်နိုင်သူ 📌 Internal Team များနှင့် ပူးပေါင်း၍ Customer Satisfaction ကို ထိန်းသိမ်းနိုင်သူ 📌 Company Service & Product များကို Customer များအား ရှင်းလင်းတင်ပြနိုင်သူ
တင်သောနေ့: 21 Jan 2026
OECS Education Services
𝐎𝐄𝐂𝐒 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 တွင် အရောင်းပိုင်းနှင့် ရုံးလုပ်ငန်းပိုင်းကို စိတ်ပါဝင်စားစွာဖြင့် ပူးပေါင်းဆောင်ရွက်ရန် 𝐒𝐚𝐥𝐞𝐬 𝐜𝐮𝐦 𝐀𝐝𝐦𝐢𝐧 (၁) ဦး အမြန်အလိုရှိပါသည်။ အဓိကတာဝန်ဝတ္တရားများ (𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬) • 𝐒𝐚𝐥𝐞𝐬 𝐒𝐮𝐩𝐩𝐨𝐫𝐭: ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသူများနှင့် လူကိုယ်တိုင်လာရောက်စုံစမ်းသူများကို ဝန်ဆောင်မှုများ/သင်တန်းများအကြောင်း ဖော်ရွေစွာ ရှင်းလင်းပြောကြားခြင်း • 𝐋𝐞𝐚𝐝 𝐓𝐫𝐚𝐜𝐤𝐢𝐧𝐠: စုံစမ်းမေးမြန်းသူများ၏ အချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်ခြင်းနှင့် ပြန်လည်ဆက်သွယ်ခြင်း (𝐅𝐨𝐥𝐥𝐨𝐰-𝐮𝐩) • 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐒𝐡𝐚𝐫𝐢𝐧𝐠: 𝐀𝐠𝐞𝐧𝐜𝐲၏ 𝐏𝐨𝐬𝐭 များနှင့် သတင်းအချက်အလက်များကို သက်ဆိုင်ရာ ပညာရေး 𝐆𝐫𝐨𝐮𝐩𝐬 များအတွင်းသို့ ပုံမှန်မျှဝေခြင်း (𝐒𝐡𝐚𝐫𝐢𝐧𝐠) နှင့် လူသိများအောင် ပြုလုပ်ခြင်း • 𝐒𝐨𝐜𝐢𝐚𝐥 𝐈𝐧𝐭𝐞𝐫𝐚𝐜𝐭𝐢𝐨𝐧: 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 ပေါ်တွင် လာရောက်မေးမြန်းသူများကို ဖော်ရွေစွာ ပြန်လည်ဖြေကြားပေးခြင်း • 𝐂𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐢𝐨𝐧: သင်တန်းသားများ၏ ကျောင်းဝင်ခွင့်ဖောင်နှင့် စာရွက်စာတမ်းများကို လက်ခံခြင်း နှင့် စစ်ဆေးခြင်း
အကျိုးအမြတ်: • သင့်တင့်လျောက်ပတ်သော အခြေခံလစာ • မိမိ၏ ကြိုးစားအားထုတ်မှုအပေါ် မူတည်၍ ရရှိမည့် အရောင်းဆုကြေး (𝐒𝐚𝐥𝐞𝐬 𝐈𝐧𝐜𝐞𝐧𝐭𝐢𝐯𝐞)
Tickle Right Myanmar (Right Brain Education)
ဗဟန်း၊ Yangonတွင်ရှိသော Full Time Junior Customer Care (သို့မဟုတ် ဝယ်ယူသူဝန်ဆောင်မှုအကူ) ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - Entry Level နှင့် Monthly လစာကောင်းကောင်းပေးမည်။ ကျောင်းနှင့် Customerများ အကြား ကြားခံချိတ်ဆက်ပေးရန် ။ ကျောင်းကို လာရောက်သူအားလုံးကို ကြိုဆိုရန် နှင့် ၊ သက်ဆိုင်ရာ departmentများအား ချိတ်ဆက်ပေးရန် ။ Inquiry များ , Customer များ၏ အခက်အခဲများကို ဖြေရှင်းပေးရန် ။ event များ , ကျောင်းပွဲများတွင် တက်ကြွစွာပါဝင်လှုပ်ရှားရန် ။ ကျောင်း , customerများ နှင့်ပတ်သက်သော စာရွက်စာတမ်းများကို ထိန်းသိမ်းပေးရန် ။
အကျိုးအမြတ်: ✅ အလုပ်ချိန် : 9:30AM - 5:30 PM ✅ ပိတ်ရက် : အင်္ဂါနေ့ + Gazette Holidays ✅ Basic Salary +++ ✅ ရက်မှန်ကြေး + Transportation Allowance
Shine Laundry
20 Jan 2026
- ဆိုင်သို့ လာရောက်သော Customer များကို ယဉ်ကျေးစွာ ကြိုဆိုခြင်း - Laundry ဝန်ဆောင်မှုများ၊ ဈေးနှုန်းများကို ရှင်းလင်းပြောကြားခြင်း - Order လက်ခံခြင်း၊ Receipt ထုတ်ပေးခြင်း - Customer များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားပေးခြင်း - Supervisor / Manager မှ ပေးအပ်သော အခြားတာဝန်များကို ဆောင်ရွက်ခြင်း
အကျိုးအမြတ်: Incentive, OT, Day Off, Leave & Other Benefits
တင်သောနေ့: 20 Jan 2026
Capital Diamond Star Group (CDSG)
16 Jan 2026
CTZPay အပလီကေးရှင်းအား အသုံးပြုခြင်း နှင့် နည်းပညာလိုအပ်ချက်များကို Customer များအား ရှင်းလင်းပြောပြရမည်။ CTZPay နှင့် ပတ်သက်သော အကောင့် သစ်ဖွင့်ခြင်းနှင့် အခြား CTZPay ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးရမည်။ Agent, Merchant နှင့် Customer အသစ်များကို ရှာဖွေခြင်း။ ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ရမည်။ တာဝန်ကျရာနေရာရှိ သက်ဆိုင်ရာ Agent, Merchant, Customer များ၏ လိုအပ်ချက်များ၊ မေးမြန်းချက်များကို ဖြေရှင်းပေးရမည်။ လိုအပ်ပါက ကြီးကြပ်သူထံသို့ သတင်းပို့၍ ညွန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရမည်။
အကျိုးအမြတ်: လစာ+ခရီးစရိတ် ဖုန်းဘေ/ဖုန်းဆင်းကတ်
တင်သောနေ့: 16 Jan 2026
Myanmar Technology Gateway
14 Jan 2026
Loyar Myanmar Company လေဆိပ်တွင် တာဝန်ထမ်းဆောင်ရန် Operator ဝန်ထမ်းများ အလိုရှိပါသည်။ Customer များ ကို Application အသုံးပြု၍ ဝန်ဆောင်မှုပေးရပါမည်။ စကားပြော ပြေပြစ်ပြီး သပ်ရပ်စွာ ဝတ်စားဆင်ယင် တတ်ရပါမည်။ Customer များနှင့် ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်စွမ်း ရှိရပါမည်။
အကျိုးအမြတ်: အစမ်းခန့် ကာလ (3) လ - 300,000 ကျပ်+ ခရီးစရိတ် 40,000 ကျပ်+အချိန်ပိုကြေး အစမ်းခန့်ကာလ အောင်မြင်ပြီး - 350,000 ကျပ်+ခရီးစရိတ် 40,000 ကျပ်+အချိန်ပိုကြေး
တင်သောနေ့: 14 Jan 2026