English
နောက်ထပ်အလုပ်ကမ်းလှမ်းချက်များရယူပါ
ယခု App ကိုဒေါင်းလုပ်ဆွဲပါ!
စစ်၍ကြည့်သည်:
အလုပ်အမျိုးအစား
တည်နေရာ
လုပ်ငန်းအမျိုးအစား
လုပ်သက်အဆင့်
ဆုများ
အနိမ့်ဆုံး လစာ
Repat / Expat
1,027 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
အလုပ် 1,027 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
စဉ်၍ကြည့်သည်
စဉ်၍ကြည့်သည်:
နောက်ထပ်အလားတူအလုပ်များ တင်သောအခါ သင့်အားအကြောင်းကြားပါလိမ့်မည်။
ကျေးဇူးပြု၍ အလုပ်သတိပေးချက်စာမျက်နှာတွင် သင့်အလုပ်သတိပေးချက်ကိုပြင်ပြီး ထပ်မံကြိုးစားပါ။
Tharaphu Specialist Clinic
ရွှေပြည်သာ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ဒီနေ့
ပြသမည့်လူနာများ၏ နာမည်စာရင်းကို တိကျစွာ ပြုစုဆောင်ရွက်ရကာ အလှည့်ကျဝင်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း။ MO နှင့် Specialist များ လူနာများကို စမ်းသပ်စစ်ဆေးသောအခါ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်း။ လိုအပ်သော ရောဂါရှာဖွေစမ်းသပ်စစ်ဆေးမှု (Laboratory, Imaging, ECG, USG, X-Ray) များအတွက် Reception ကောင်တာသို့ ပို့ပေးပြီး သက်ဆိုင်ရာဌာန (ဓာတ်ခွဲခန်း၊ ဓာတ်မှန်၊ အီးစီဂျီ) သို့ လိုက်လံ ပို့ဆောင်ပေးခြင်း။ လူနာများ၏ (Vital signs) သွေးပေါင်ချိန်၊ သွေးခုန်နှုန်း၊ ကိုယ်အပူချိန်၊ အသက်ရှုနှုန်းတို့ကို သတ်မှတ်ချိန်အလိုက် ပြုလုပ်ပေးခြင်း။ အထူးကုဆရာဝန်ကြီးများ လူနာများကို round လှည့်သည့်အခါ လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးခြင်း။
အကျိုးအမြတ်: Salary- Nego
တင်သောနေ့: ဒီနေ့
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင်ရှိသော Tharaphu Specialist Clinc တွင် အချိန်ပြည့် Pharmacist Aid ရာထူးအတွက် ခေါ်ယူလျက်ရှိပါသည်။ ဆရာဝန်ဆေးစာရွက်အတိုင်း ဆေးများပြင်ဆင်ခြင်းနှင့် လူနာအား ဆေးပေးခြင်း၊ ဆေးနှင့်ပတ်သက်သည်ကိုရှင်းပြခြင်း။ ဆေးသိုလှောင်ခန်းမှ ဆေးပစ္စည်းများအား စနစ်တကျစီစဉ်ခြင်း။ ဆေးစာရင်းများ၊ သုံးစွဲမှတ်တမ်းများအား သေချာစွာထိန်းသိမ်းခြင်း။ ဆေးမှတ်တမ်းစနစ်များနှင့် stock control၊ expired date များအား သေချာစွာ စစ်ဆေးခြင်း။ သက်ဆိုင်ရာဌာနတာဝန်ခံ purchaserနှင့် ပူးပေါင်း၍ စည်းစနစ်ရှိသောဝန်ဆောင်မှုများ ပေးနိုင်ခြင်း။ မိမိ၏အထက်လူကြီးအား အစီရင်ခံတင်ပြခြင်း။
အကျိုးအမြတ်: salary- Nego
Cherry Tree House International School
လှိုင် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
14 Jul 2026
ကျောင်းသား/သူများနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးအခြေအနေများကို စောင့်ကြည့်ထိန်းသိမ်းရန်။ အသေးစားထိခိုက်ဒဏ်ရာများနှင့် ရောဂါလက္ခဏာများအတွက် First Aid နှင့် အခြေခံကုသမှုပေးရန်။ ကျောင်းအတွင်း ကျန်းမာရေးနှင့် သန့်ရှင်းရေးဆိုင်ရာ စည်းမျဉ်းများ လိုက်နာစေရန် ကူညီဆောင်ရွက်ရန်။ ဆေးဝါးနှင့် Medical Supplies များကို စနစ်တကျ ထိန်းသိမ်းရန်။ ကျောင်းသား/သူများ၏ ကျန်းမာရေးမှတ်တမ်းများကို Update ပြုလုပ်ထိန်းသိမ်းရန်။ အရေးပေါ်ကျန်းမာရေးအခြေအနေများတွင် သက်ဆိုင်ရာမိဘများနှင့် ဆက်သွယ်ဆောင်ရွက်ရန်။ ကျန်းမာရေးဆိုင်ရာ Report များ ပြုစုတင်ပြရန်။
အကျိုးအမြတ်: .
တင်သောနေ့: 14 Jul 2026
Beauty Diary
ဗဟန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
07 Jul 2026
Job Summary Beauty Diary အတွက် ဆေးဝါးဆိုင်ရာ ပံ့ပိုးမှုများ၊ ဖောက်သည်များအား ယဉ်ကျေးစွာ ဝန်ဆောင်မှုပေးခြင်းနှင့် ဆေးဝါး/ကျန်းမာရေးပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်သော အတွေ့အကြုံရှိသူကို ရှာဖွေနေပါသည်။ Key Responsibilities ● ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်းများကို စနစ်တကျ စီစဉ်သိမ်းဆည်း၍ အရောင်း/ဖြန့်ချိမှုကို ကူညီဆောင်ရွက်ရန် ● ဖောက်သည်များ၏ လိုအပ်ချက်ကို နားထောင်ပြီး သင့်တော်သော ထုတ်ကုန်များနှင့် ပတ်သက်၍ ရှင်းလင်းစွာ အကြံပြုရန် ● ဆေးစတော့ ၊ သက်တမ်းကုန်ရက်၊ လက်ကျန်စာရင်းများကို စစ်ဆေးထိန်းသိမ်းရန် ● ဆေးဆိုင်/အရောင်းခန်း၏ သန့်ရှင်းရေးနှင့် စည်းကမ်းလိုက်နာမှုကို ထိန်းသိမ်းရန် ● ငွေရှင်း၊ မှတ်တမ်းတင်ခြင်းနှင့် နေ့စဉ်အစီရင်ခံစာများ ပြုစုရာတွင် ပံ့ပိုးရန် ● အသင်းအဖွဲ့နှင့် ပူးပေါင်းကာ လုပ်ငန်းလည်ပတ်မှု ချောမွေ့စေရန် ကူညီရန်
အကျိုးအမြတ်: Attractive salary package
တင်သောနေ့: 07 Jul 2026
City Dental - Aesthetic, Orthodontic and Implant C
သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
Appointment list အားစာရင်းသွင်းခြင်း နှင့် ကုသမှုအလိုက် လိုအပ်သော ကိရိယာများ (Before/After Treatment) ပြင်ဆင်ခြင်း။ လူနာမလာရောက်မီ Treatment အလိုက် လိုအပ်သော ကိရိယာများနှင့် ခန်းမများကို ကြိုတင်ပြင်ဆင်ခြင်း။ Treatment ပြုလုပ်နေစဉ်အတွင်း ဆရာဝန်အား ကျွမ်းကျင်စွာ ကူညီပံ့ပိုးပေးခြင်း။ Chair များပိုးသတ်ခြင်း၊ ကိရိယာများအား Pouch ထုတ်၍ ပိုးသတ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း။ Sr Dental Assistant များလိုအပ်သည်များကို ကူညီပံ့ပိုးပေးခြင်း။
အကျိုးအမြတ်: ယူနီဖောင်း အချိန်ပိုကြေး ခရီးစရိတ် ရက်မှန်ကြေး နှစ်စဉ် ခရီးစဉ် နှစ်စဉ် ဆေးခန်း ဝန်ထမ်းဧည့်ခံပွဲ (staff party) ဆေးခန်းတွင်း ကုသမှု သက်သာခွင့်
My Aura Aesthetic Clinic
လမ်းမတော် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
30 Jun 2026
My Aura နဲ့အတူလက်တွဲပီးအလုပ်လုပ်ကိုင်ရန် အလှအပရေးရာ စိတ်ဝင်စားသူ Aesthetic Clinic Beauty Therapist အမျိုးသမီး အလိုရှိပါတယ်ရှင် • လုပ်ငန်းအတွေ့အကြုံ ၂ နှစ်ရှိသူဖြစ်ရမည် (aesthetic clinic, sale & marketing, mid-wife , nurse-aid နှင့် Spa တို့တွင် လုပ်ဖူးပါက ဦးစားပေးမည်)
တင်သောနေ့: 30 Jun 2026
Dr. Hnin - Skin, Aesthetic & Laser Center
(ရန်ကုန်နှင့်မန္တလေး) တွင် တာဝန်ထမ်းဆောင်ရန် အချိန်ပြည့် 𝗕𝗲𝗮𝘂𝘁𝘆 𝗧𝗵𝗲𝗿𝗮𝗽𝗶𝘀𝘁 ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။ Facial Treatment များကို client များအား ဝန်ဆောင်မှုပေးခြင်းနဲ့ Aesthetic Doctors များ၏ Treatment Procedure များကို ကူပေးရခြင်းတို့ ပြုလုပ်ရပါမည်။
အကျိုးအမြတ်: -
Concordia Public Company Limited
25 Jun 2026
စစ်ဆေးရမည့် ကုန်ကြမ်းနှင့် ကုန်ချော နမူနာများကို သတ်မှတ်ထားသည့်နေရာများမှ QC Lab သို့ စနစ်တကျ သယ်ယူပို့ဆောင်ခြင်း။ အသုံးပြုပြီးသား ဖန်ပြွန်၊ ဘီကာများနှင့် Lab သုံးပစ္စည်းများကို သတ်မှတ်စံနှုန်းအတိုင်း ဆေးကြောခြင်း၊ ပိုးသတ်ခြင်းနှင့် အခြောက်ခံခြင်း။ Lab အတွင်းသုံး Chemical များနှင့် တစ်ခါသုံးပစ္စည်းများ (Masks, Gloves) ပြတ်လပ်မှုမရှိစေရန် စစ်ဆေးပြီး ဂိုဒေါင်မှ ထုတ်ယူဖြည့်တင်းခြင်း။ ဓာတ်ခွဲခန်းသန့်ရှင်းရေးကို အမြဲမပြတ်လုပ်ဆောင်ပြီး၊ Chemical စွန့်ပစ်ပစ္စည်းများကို ဘေးကင်းလုံခြုံစိတ်ချရသော စနစ်အတိုင်း စွန့်ပစ်ခြင်း။ QC စစ်ဆေးချက် Report များနှင့် စာရွက်စာတမ်းများကို သက်ဆိုင်ရာ ဌာနများသို့ အချိန်မှီ လိုက်လံပို့ဆောင်ပေးခြင်း။
အကျိုးအမြတ်: ထမင်းဖိုး ရက်မှန်ကြေး ခံစားခွင့်ရှိသည်။
တင်သောနေ့: 25 Jun 2026
Family Doctor Specialist Clinic
အလုံ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
24 Jun 2026
အလုံ၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Nurse Aid (Female) (သို့မဟုတ် သူနာပြု) ရာထူး 5 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
အကျိုးအမြတ်: လစာ - ညှိနှိုင်း
တင်သောနေ့: 24 Jun 2026
Linn Paragu EENT Specialist Clinic
04 Jun 2026
လင်းပါရဂူ မျက်စိ၊ နား၊ နှာခေါင်း နှင့် လည်ချောင်း အထူးကုဆေးခန်း ဗဟန်းမြို့နယ် အကူသူနာပြု ၂ ဦး အမြန်လိုအပ်ပါသည်။
အကျိုးအမြတ်: - အစမ်းခန့်ကာလပြီးပါက လစာပြန်လည်ညှိနိူင်းပေးမည် - တခြားအကျိုးခံစားခွင့်များလည်းရရှိမည်
တင်သောနေ့: 04 Jun 2026
Shwe Min Medical Laboratory & Clinic
22 May 2026
📣 ရွှေမင်း အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်းများ ( လှိုင် / စမ်းချောင်း) မြို့နယ်တွင် အောက်ပါရာထူးအတွက် ဝန်ထမ်းအသစ်များခေါ်ယူနေပါသည်။
အကျိုးအမြတ်: -လစာညှိနှိုင်း + အချိန်ပိုကြေး + ရက်မှန်ကြေး + ၃ လပြည့်လျှင် လစာတိုးပေးခြင်းနှင့် အခြားခံစားခွင့်များ ရရှိပါမည်။
တင်သောနေ့: 22 May 2026
Poh Poh Gold & Jewellery
ဒဂုံမြို့သစ်မြောက်ပိုင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
16 Jul 2026
• Operation မှ မနက်ခင်း ငွေလက်ကျန်စစ်ဆေးယူခြင်း ကိုလုပ်ဆောင်ရမည်။ • အရောင်းငွေများအား စစ်ဆေးလက်ခံယူခြင်း (ငွေလက်ခံဘောင်ချာဖြတ်ခြင်း) ကိုလုပ်ဆောင်ရမည်။ • အဝယ်ငွေများအား ဘောင်ချာစစ်ဆေးပြီး ငွေထုတ်ပေးခြင်း (ငွေထုတ်ဘောင်ချာဖြတ်ခြင်း) ကိုလုပ်ဆောင်ရမည်။ • အပေါင်ငွေများအား ဘောင်ချာစစ်ဆေးပြီးငွေထုတ်ပေးခြင်း (ငွေထုတ်ဘောင်ချာဖြတ်ခြင်း) ကိုလုပ်ဆောင်ရမည်။ • အရွေးငွေများအား စစ်ဆေးလက်ခံယူခြင်း (ငွေလက်ခံဘောင်ချာဖြတ်ခြင်း) ကိုလုပ်ဆောင်ရမည်။ • အခြားသော ငွေလက်ခံ ၊ငွေထုတ်များရှိပါက ငွေသွင်း၊ငွေထုတ် ဘောင်ချာဖြတ်ခြင်း ကိုလုပ်ဆောင်ရမည်။ • အရောင်း Cash Book စာအုပ် ရေးခြင်း ကိုလုပ်ဆောင်ရမည်။ • အပေါင် Cash Book စာအုပ် ရေးခြင်း ကိုလုပ်ဆောင်ရမည်။ • Drive တွင် ငွေလက်ခံ၊ငွေထုတ်ဘောင်ချာတစ်စောင်ချင်းစီအလိုက် အချိန်နှင့်တပြေးညီ စာရင်းရေးသွင်းခြင်း ကိုလုပ်ဆောင်ရမည်။ • Bank စာရင်းများရှိပါက ငွေလွှဲ Screen Shot စစ်ဆေးပြီး Print ထုတ်ခြင်း ကိုလုပ်ဆောင်ရမည်။ • Drive တွင် ငွေလက်ခံ၊ငွေထုတ်ဘောင်ချာတစ်စောင်ချင်းစီအလိုက် ရေးသွင်းထားသော စာရင်းများ စာရွက်ထုတ်ခြင်း ကိုလုပ်ဆောင်ရမည်။ • လိုအပ်သော နောက်တွင် ပူးတွဲတင်ပြခြင်း ကိုလုပ်ဆောင်ရမည်။ • ဆိုင်အချင်းချင်း ချေးငွေရှိပါက Cashier အချင်းချင်း ချိတ်ဆက် အကြွေးတောင်းရန် ကိုလုပ်ဆောင်ရမည်။
အကျိုးအမြတ်: -Uniform Provide - Ferry Provide - Attendance
တင်သောနေ့: 16 Jul 2026
Cover Myanmar
တာမွေ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
Job Summary Cover Myanmar တွင် လုပ်ငန်းခွင်အတွက် သွက်လက်တက်ကြွပြီး အရောင်းပိုင်းကို စိတ်ပါဝင်စားသူ အရောင်းများအား ရှာဖွေနေပါသည်။ Customer များအပေါ် Service ကောင်းမွန်မှု၊ အဖွဲ့လိုက်ပူးပေါင်းလုပ်ဆောင်နိုင်မှုနှင့် သတ်မှတ်ထားသည့် Sales Target များအားပြည့်မှီအောင်ဆောင်ရွက်ရမည်ဖြစ်သည်။
အကျိုးအမြတ်: * လစာအပြင် လစဥ် ကော်မရှင် ခံစားခွင့်များ * နှစ်စဥ် Bonus
United Future Treasure Co.,Ltd
အင်းစိန် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ရန်ကုန်တိုင်းတွင်Tissue ဖြန့်ချိရန်အချိန်ပြည့် Sales & Marketing Staff (သို့မဟုတ် စီးပွားရေးနယ်ပယ်အရောင်း) ရာထူး 12 နေရာစာအတွက် အထူးအခွင့်အရေး နှင့်လစဉ် လစာကောင်းကောင်းပေးမည်။ sale target ပြည့်မှီအောင်လုပ်ဆောင်နိုင်ရမည်
အကျိုးအမြတ်: -အခြေခံလစာ+ကော်မရှင် -ခရီးစရိတ် -နှစ်ကုန်ဘောနပ်စ် -ဖုန်းဘေလ်
Shwe Pyi Hein Gold & Jewellery
မင်္ဂလာတောင်ညွှန့် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
အရောင်းပိုင်းဆိုင်ရာ တာဝန်ဝတ္တရားများ (Sales Responsibilities) ဆိုင်သို့လာရောက်သော Customer များအား ဖော်ရွေပျူငှာစွာနှင့် ပရော်ဖက်ရှင်နယ်ဆန်ဆန် ကြိုဆိုနှုတ်ဆက်ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန်။ Customer များနှင့် ရေရှည်ခိုင်မြဲသော ဆက်ဆံရေးကောင်းများ တည်ဆောက်ရန်နှင့် အကောင်းဆုံးသော ဝန်ဆောင်မှု (Customer Service) ကို အမြဲပေးနိုင်ရန်။ ကုန်ပစ္စည်းများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ (ရွှေအရည်အသွေး၊ အလေးချိန်၊ ကျောက်မျက်ရတနာများ၊ ဈေးနှုန်းနှင့် ပရိုမိုးရှင်းများ) ကို တိကျမှန်ကန်စွာ ရှင်းလင်းပြောပြပေးရန်။ Customer များ၏ လိုအပ်ချက်နှင့် စိတ်တိုင်းကျမှုအပေါ် မူတည်၍ သင့်တော်မည့် ကုန်ပစ္စည်းများကို အကြံပြုရောင်းချပေးရန်။ Facebook, TikTok, ဖုန်းခေါ်ဆိုမှုများနှင့် အခြားသော ဆက်သွယ်ရေး Channel များမှတစ်ဆင့် လာရောက်မေးမြန်းသော Customer များ၏ အမေးများကို ပြန်လည်ဖြေကြားပေးရန်။ သတ်မှတ်ပေးအပ်သည့်အခါတွင် Live လွှင့်၍ အရောင်းမြှင့်တင်ခြင်း၊ Online မှ ရောင်းချခြင်းနှင့် ပရိုမိုးရှင်း Campaign များတွင် အဓိကဦးဆောင်သူ (သို့မဟုတ်) ဘေးမှ ဝိုင်းဝန်းကူညီသူအဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်။ ပြင်ပပွဲများ၊ ပြပွဲ (Exhibitions) များ၊ Roadshows များနှင့် အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုများတွင် ပါဝင်အားဖြည့်ပေးရန်။ လစဉ် သတ်မှတ်ထားသော အရောင်းပစ်မှတ် (Sales Targets) များနှင့် လုပ်ငန်းစွမ်းဆောင်ရည်အညွှန်းကိန်း (KPIs) များကို ပြည့်မီအောင် (သို့မဟုတ်) ကျော်လွန်အောင် အမြဲတမ်း ကြိုးစားအားထုတ်ရန်။ ဆိုင်ရှိ ပစ္စည်းလက်ကျန်စစ်ဆေးခြင်း (Stock Checking)၊ စတော့မှတ်တမ်းများ ခြေရာခံခြင်းနှင့် စတော့အဝင်/အထွက် မှတ်တမ်းများကို ကူညီလုပ်ဆောင်ပေးရန်။ ပစ္စည်းများတွင် စျေးနှုန်း tag ချိတ်ခြင်း၊ စျေးနှုန်းသတ်မှတ်ခြင်း၊ ထုပ်ပိုးခြင်းနှင့် အရောင်းကောင်တာများတွင် လှပသပ်ရပ်စွာ ခင်းကျင်းပြသခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ရန်။ အရောင်းပြကောင်တာများ၊ လုပ်ငန်းခွင်ဧရိယာများနှင့် Customer နားနေဆောင်များကို အမြဲတမ်း သန့်ရှင်းသပ်ရပ်ပြီး စနစ်တကျရှိနေစေရန် ဂရုစိုက်ထိန်းသိမ်းရန်။ အော်ဒါ (Orders) များ လက်ခံခြင်း၊ ပါဆယ်ထုတ်ပိုးခြင်း၊ ပို့ဆောင်ရေးအပိုင်း ချိတ်ဆက်ပေးခြင်းနှင့် Customer များ လာရောက်ထုတ်ယူမည့် အစီအစဉ်များကို ကူညီစီစဉ်ပေးရန်။ ပစ္စည်းလက်ကျန်စာရင်းလွဲမှားခြင်း၊ ပစ္စည်းပျက်စီးခြင်း၊ ပျောက်ဆုံးခြင်း (သို့မဟုတ်) လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပြဿနာ တစ်စုံတစ်ရာရှိပါက ချက်ချင်း အစီရင်ခံတင်ပြရန်။ ကုမ္ပဏီ၏ အရောင်းဗျူဟာများနှင့် ပရိုမိုးရှင်း အစီအစဉ်များ အကောင်အထည်ဖော်ရာတွင် ဝိုင်းဝန်းပံ့ပိုးပေးရန်။ လိုအပ်ချက်အရ နေ့စဉ်နှင့် လစဉ် အရောင်းအစီရင်ခံစာ (Sales Reports) များကို ပြင်ဆင်တင်ပြရန်။ မာကတ်တင်းပိုင်းဆိုင်ရာ တာဝန်ဝတ္တရားများ (Marketing Responsibilities) Facebook, TikTok နှင့် အခြားသော Social Media Platform များအတွက် စိတ်ဝင်စားဖွယ်ရာ Content များ ဖန်တီးရေးသားရန်။ TikTok Campaign များနှင့် TikTok Content များ ဖန်တီးခြင်း၊ စီမံခန့်ခွဲခြင်းလုပ်ငန်းများတွင် အဓိက တာဝန်ခံ အဖြစ် ဆောင်ရွက်ရန်။ လိုအပ်ပါက ဗီဒီယိုများ၊ ဓာတ်ပုံများ၊ Live လွှင့်ခြင်းများနှင့် မာကတ်တင်း Campaign များတွင် ကိုယ်တိုင် ပါဝင်သရုပ်ဆောင်/ရိုက်ကူးရန်။ Content ကာလဇယား (Content Calendar) အတိုင်း Social Media Content များကို ဗီဒီယိုရိုက်ကူးခြင်း၊ Edit ပြုလုပ်ခြင်း၊ Post တင်ခြင်းနှင့် စီမံခန့်ခွဲခြင်းများ လုပ်ဆောင်ရန်။ လက်ရှိခေတ်ရေစီးကြောင်း (Trends) များနှင့် လုပ်ငန်း၏ ရည်မှန်းချက်များနှင့် ကိုက်ညီမည့် Content Idea များကို ကြံဆ၊ စဉ်းစားပြီး အကြံပြုတင်ပြရန်။ Social Media Page များ၏ စွမ်းဆောင်ရည် (Performance) ကို စောင့်ကြည့်စစ်ဆေးရန်နှင့် ပိုမိုကောင်းမွန်လာစေမည့် အကြံပြုချက်များအပါအဝင် လစဉ် Report များ ပြုစုတင်ပြရန်။ ခေတ်ရေစီးကြောင်းများ၊ အခွင့်အလမ်းများနှင့် Customer များ၏ အကြိုက်ကို သိရှိနိုင်ရန် ပြိုင်ဘက်များနှင့် ဈေးကွက်အခြေအနေကို လေ့လာစမ်းစစ်မှုများ (Market Research) ပြုလုပ်ရန်။ Brand အား လူသိများမှု (Brand Awareness) ပိုမိုရရှိလာစေရန်နှင့် အရောင်းမြှင့်တင်နိုင်ရန် မာကတ်တင်း Idea အသစ်များ၊ Campaign များနှင့် ပရိုမိုးရှင်း အစီအစဉ်များကို အကြံပြုတင်ပြရန်။ ကုမ္ပဏီ၏ Brand ပုံရိပ်နှင့် ဂုဏ်သတင်းကို ပိုမိုကောင်းမွန် ခိုင်မာလာစေရန် ဝိုင်းဝန်းထိန်းသိမ်းမြှင့်တင်ပေးရန်။
Blue Ocean Builder Group
စမ်းချောင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
လမ်းမတော်မြို့နယ် , ရန်ကုန်တိုင်းတွင်းရှိသော ဆိုဒ်လုပ်ငန်းသုံး ကားမောင်းနှင်ရန် ( အချိန်ပြည့် )ယာဉ်မောင်းရာထူးဖြင့် တာဝန်ထမ်းဆောင်ရန် ၂ ဦး အလိုရှိပါသည် မြို့တွင်းကားလမ်းကြောင်းများကျွမ်းကျင်စွာ သွားနိုင်ရပါမည် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာနိုင်သူဖြစ်ရမည်
Pyin Nyar Pa Day Thar
ကမာရွတ် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
15 Jul 2026
ဆိုင်ခွဲများအရောင်းစာရင်း၊ အဝယ်စာရင်းများအား Daily စစ်ဆေးနိုင်ရမည်။ Accountant မှတင်ပြသော AP/AR စာရင်းများကို စစ်ဆေးပေးနိုင်ရမည်။ Income & Expense, Cash,Bank Trasaction များစစ်ဆေးနိုင်ရမည်။ Finance & Accountant Department ရှိ Cashier, Accountantများမှတင်ပြလာသောစာရင်းများမှန်ကန်မှုရှိ၊ မရှိစစ်ဆေးပေးနိုင်ရမည်။ Ground Stock Balance နှင့် စာရင်းထဲရှိ Stock စာရင်းများကွာဟမှု ရှိ၊ မရှိ စစ်ဆေးပြီးManagementသို့အချိန်မှီတင်ပြနိုင်ရမည်။ Financial Report ရေးဆွဲနိုင်ရမည်။ အခါအားလျော်စွာ Management မှလိုအပ်သည့် Report များအား တင်ပြနိုင်ရမည်။
တင်သောနေ့: 15 Jul 2026
Legendary Myanmar Shipping & Logistics Co., Ltd
In Burmese ဖောက်သည်များနှင့် ချိန်းဆိုမှုများ စီစဉ်ဆောင်ရွက်ပြီး အရောင်းဆိုင်ရာ အစည်းအဝေးများ ကျင်းပဆောင်ရွက်ခြင်း။ ဈေးနှုန်းကမ်းလှမ်းချက် (Quotation) များ ပြင်ဆင်ပေးပြီး Booking ရရှိစေရန် နောက်ဆက်တွဲ ဆက်သွယ်ဆောင်ရွက်ခြင်း။ Customer Service Team နှင့် ပူးပေါင်း၍ Report များ ပြင်ဆင်ခြင်း၊ ဈေးနှုန်းသတ်မှတ်ခြင်းနှင့် လက်ရှိတင်ပို့/ပို့ဆောင်နေသော Shipment များကို တာဝန်ယူ စီမံခန့်ခွဲခြင်း။ In English Arrange appointment ands conduct sales meeting with client. Prepare quotation and follow up to secure booking. Co-operate with customer service team, for reporting, pricing & taking reponsible for ongoing shipment.
အကျိုးအမြတ်: Sales commission
RMA Myanmar
13 Jul 2026
Pizza /မုန့်ဖုတ်ခြင်း (သို့) Customer Service (Waiter) လုပ်ကိုင်ရပါမည် ဧည့်သည်များအား ဖော်ရွေစွာကူညီဆက်ဆံရပါမည် မီးဖိုချောင်အတွင်း ကူညီလုပ်ကိုင်ရပါမည် နေ့ဆိုင်း၊ ညဆိုင်း အလှည့်ကျဆင်းရပါမည် မိမိနေထိုင်ရာမြို့နယ်နှင့် နီးစပ်သည့် The Pizza Company ဆိုင်ခွဲများတွင် နေရာချထားပေးပါမည်
အကျိုးအမြတ်: - ကော်မရှင်ခံစားခွင့် - ခရီးစရိတ် + ညဆိုင်းအတွက် ဖယ်ရီ စီစဥ်ထားရှိမှု - အစားအသောက်စရိတ် - လုပ်ငန်းအတွင်းထိခိုက်မှုအာမခံ
တင်သောနေ့: 13 Jul 2026
JobNet Myanmar (HR)
စမ်းချောင်း | ရန်ကုန်တိုင်း . ရန်ကုန်တိုင်း .
စမ်းချောင်း၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် ယာဉ်မောင်း (Driver) (သို့မဟုတ် ယာဉ်မောင်း) ရာထူး 2 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။ မော်တော်ကား၏ ကြံ့ခိုင်ရေးနှင့် သန့်ရှင်းရေးပြုလုပ်ခြင်း ၊ စက်နှိုး/စက်စမ်း ပြုလုပ်ခြင်း ၊စက်စီချောစီများ စစ်ဆေးခြင်းများကို ဆောင်ရွက်ရမည်။ ကားနှင့်ပတ်သက်သော ပြုပြင်ထိန်းသိမ်းခြင်းအပိုင်းများအား အထိုက်အလျှောက် ကားအကြောင်း သိရှိနားလည်ရမည်။
အကျိုးအမြတ်: ✔️အလုပ်ချိန် - 8:00 AM to 5:30 PM ( Mon - Sat ) ✔️ပိတ်ရက် - Sun & Gazette Holidays ✔️အကျိုးခံစားခွင့် - OT + Transportation+ Meal allowance
ShweProperty.com
ရန်ကုန်တိုင်း ၊ စမ်းချောင်း မြို့နယ် တွင် အချိန်ပြည့် ယာဉ်မောင်း ရာထူး 2 နေရာစာအတွက် ခေါ်ယူ နေပါသည် ။ အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။ Alpha car/ Luxury car/ အိမ်စီးကား မောင်းဖူးသော အတွေ့အကြုံရှိရမည်။ ကားနှင့်ပတ်သက်သော ပြုပြင်ထိန်းသိမ်းခြင်းအပိုင်းများအား အထိုက်အလျှောက် ကားအကြောင်း သိရှိနားလည်ရမည်။
အကျိုးအမြတ်: ✔️အလုပ်ချိန် - 8:00 AM to 5:30 PM ( Mon - Sat ) ✔️ပိတ်ရက် - Sun & Gazette Holidays ✔️အကျိုးခံစားခွင့် - OT+Transportation+Meal allowance+ Bon
Golden SGI Trading Co.,Ltd
1. Customer အသစ်များ ရှာဖွေ၍ အရောင်းအခွင့်အလမ်းများ ဖန်တီးခြင်း။ 2. ကုမ္ပဏီ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို Customer များထံ မိတ်ဆက်ရောင်းချခြင်း။ 3. သတ်မှတ်ထားသော Sales Target များ ပြည့်မီအောင် ဆောင်ရွက်ခြင်း။ 4. Customer များနှင့် ရေရှည်ဆက်ဆံရေးကောင်းမွန်စွာ ထိန်းသိမ်းခြင်း။ 5. Customer Visit, Meeting နှင့် Follow-up များ ဆောင်ရွက်ခြင်း။ 6. Market Research ပြုလုပ်၍ စျေးကွက်အခြေအနေများနှင့် ပြိုင်ဘက်လုပ်ငန်းများကို လေ့လာသုံးသပ်ခြင်း။ 7. Marketing Plan နှင့် Campaign များ ရေးဆွဲအကောင်အထည်ဖော်ခြင်း။ 8. Social Media Platform များကို စီမံခန့်ခွဲ၍ Brand Awareness တိုးတက်စေရန် ဆောင်ရွက်ခြင်း။ 9. Promotion Activities, Events နှင့် Marketing Programs များတွင် ပါဝင်ဆောင်ရွက်ခြင်း။ 10.Customer Feedback နှင့် Market Information များ စုဆောင်းတင်ပြခြင်း။ 11. Sales Report နှင့် Marketing Report များကို အချိန်မီ ပြင်ဆင်တင်ပြခြင်း။ 12. Management Team နှင့် ပူးပေါင်း၍ လုပ်ငန်းရည်မှန်းချက်များ အောင်မြင်စေရန် ဆောင်ရွက်ခြင်း။ 13.ကုမ္ပဏီ၏ Brand Image နှင့် Professional Standard များကို ထိန်းသိမ်းလိုက်နာခြင်း။
Ethan Baby Wears & Accessories
တောင်ဥက္ကလာ | ရန်ကုန်တိုင်း . ရန်ကုန်တိုင်း .
10 Jul 2026
တောင်ဥက္ကလာ၊ ရန်ကုန်ရှိ Ethan Baby Wears & Accessories တွင် ကလေးဆိုင်အရောင်းဝန်ထမ်း (Full Time) တစ်ဦး အလိုရှိသည်။ အတွေ့အကြုံရှိသူများကို ဦးစားပေးခေါ်ယူလိုပါတယ်။ Key Responsibilities ✔ ကလေးအင်္ကျီဆိုင် အတွေ့အကြုံရှိလျှင် ဦးစားပေးပါမည် (ကလေးချစ်တတ်ရမည်) ✔ ငွေရှင်းခြင်း၊ အော်ဒါလက်ခံခြင်းနှင့် ဆိုင်တွင်း ရောင်းအားမှတ်တမ်းများ ကူညီစီမံပေးရမည် ✔ ပစ္စည်းလက်ကျန် စစ်ဆေးခြင်းနှင့် ပြန်လည်ဖြည့်တင်းရန် လိုအပ်ချက်များကို အချိန်မီ တင်ပြခြင်း ✔ Teamwork ဖြင့် ဆိုင်လည်ပတ်မှုကောင်းမွန်စေရန် နေ့စဉ်လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်း
အကျိုးအမြတ်: အခြေခံလစာ+ရက်မှန်ကြေး+အရောင်းကော်မရှင် Yearly Bonus
တင်သောနေ့: 10 Jul 2026
iConic Casual & Sports
တောင်ဥက္ကလာ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
09 Jul 2026
တောင်ဥက္ကလာ၊ Yangonတွင်ရှိသော Full Time Shop Supervisor ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - Entry Level နှင့် Monthly လစာကောင်းကောင်းပေးမည်။ လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲနိုင်ရမည်။ အရောင်းပိုင်းနှင်ပတ်သက်သော လုပ်ငန်းဆောင်တာများကို သင်ကြားပြသပေးနိုင်ရမည်။ Customer များ၏ လိုအပ်ချက်များကို အကောင်းဆုံးနားလည်ပြီး ဖြေရှင်းပေးနိုင်ရမည်။ နေ့စဉ် လက်ကျန်ပစ္စည်းစာရင်းများကို စစ်ဆေးနိုင်ရမည်။ လိုအပ်သော ပစ္စည်းစာရင်းများကို Purchase Order တင်နိုင်ရမည်။ ပစ္စည်းထားသိုမှုများကို စီမံခန့်ခွဲနိုင်ရမည်။ နေ့စဉ် အရောင်းစာရင်းများကိုလည်း ဆိုင်ပိတ်ချိန်တွင် တင်ပြနိုင်ရမည်။
အကျိုးအမြတ်: အရောင်းကော်မရှင်များ ခရီးစရိတ်များ နှစ်စဉ် ဘောနပ်များ
တင်သောနေ့: 09 Jul 2026
08 Jul 2026
Customer များအား ကုန်ပစ္စည်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ (ရွှေအရည်အသွေး၊ အလေးချိန်၊ စျေးနှုန်း၊ ကျောက်မျက်ရတနာများ) ကို ရှင်းလင်းပြောပြပေးရန်။ TikTok နှင့် အခြားသတ်မှတ်ထားသော Social Media Channel များတွင် စိတ်ဝင်စားဖွယ် Content များ တင်ဆက်ပေးရန်။ Online မှဖြစ်စေ၊ ဆိုင်သို့ လူကိုယ်တိုင်ဖြစ်စေ လာရောက်မေးမြန်းသော Customer များအား အချိန်နှင့်တစ်ပြေးညီ ပရော်ဖက်ရှင်နယ်ကျကျ ပြန်လည်ဖြေကြား ဝန်ဆောင်မှုပေးရန်။ လိုအပ်ပါက Online/Live Sale ရောင်းချခြင်းများတွင် ကူညီဆောင်ရွက်ပေးရန်။ လိုအပ်ပါက ပြင်ပပွဲများနှင့် ပြပွဲ (Exhibitions) များတွင် ပါဝင်အားဖြည့် ဆောင်ရွက်ပေးရန်။ လစဉ် သတ်မှတ်ထားသော အရောင်းပစ်မှတ် (Sales Target) ကို ပြည့်မီအောင် (သို့မဟုတ်) ကျော်လွန်အောင် အမြဲတမ်း စွမ်းဆောင်နိုင်ရန်။ ဆိုင်၏ လုပ်ငန်းစည်းမျဉ်းစည်းကမ်းများနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များကို တိကျစွာ လိုက်နာရန်။ အချိန်မှန်ကန်မှုရှိပြီး စည်းကမ်းသေဝပ်မှုရှိရန်။
တင်သောနေ့: 08 Jul 2026
GNB- Packaging and Photography Props
Page Messenger, viber နှင့် TikTok များမှ ဝင်ရောက်လာသော Customer message များကို အချိန်နှင့် တပြေးညီ ဖြေပေးရပါမည်။ သေသေချာချာ စိတ်ရှည်စွာနဲ့ အချိန်နှင့် တိကျ၊ ယဉ်ကျေးစွာ Reply လုပ်နိုင်ရမည်။ မိမိ တာဝန်ယူထားသော အရောင်းပိုင်းအား ကျွမ်းကျင်ပိုင်နိုင်စွာ ရောင်းချနိုင်ရမည်။ Customer များ၏ ဝေဖန်အကြံပြုချက်များနှင့် Complain များကို စိတ်ရှည်သည်းခံစွာဖြင့် အဆင်ပြေအောင် ဖြေရှင်းပေးရပါမည်။
အကျိုးအမြတ်: အစမ်းခန့်(2)လပြည့်ပြီးပါက Performance ပေါ်မူတည်၍ လစာအပြောင်းအလဲ+Bounsရှိမည်
Take Li Gold & Jewellery Shop
လသာ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
- customer များအားသွက်သွက်လက်လက်နှင့် စိတ်ရှည်စွာဖြင့်ရှင်းပြရောင်းချနိုင်သူဖြစ်ရမည် - အဓိကအားဖြင့် jewelry နှင့်ပတ်သက်၍ စျေးရောင်းကျွမ်းကျင်သူဖြစ်ရပါမည် အတွေ့ကြုံ ရှိပြီး အရောင်းကျွမ်းကျင်ပါက 450000/- +အချိန်မှန်ကြေး+ (ရက်မှန်ကြေး10% )+ performance အတွေ့ကြုံမရှိပါက သင်ကြားပေးသည် 350000+အချိန်မှန်ကြေး+(ရက်မှန်ကြေး10%)+ performance
အကျိုးအမြတ်: တစ်လ 2 ရက် နားရက်ပေးပါသည် အလုပ်ချိန် 8:30-6:00
Fortune International Limited
လှိုင် | ရန်ကုန်တိုင်း . ရန်ကုန်တိုင်း .
သက်ဆိုင်ရာ FTTH (Wifi) ကြိုးဆွဲခြင်း လုပ်ငန်းလုပ်ကိုင်ရမည် လုပ်ငန်းအတွေ့အကြုံ မရှိသူများလည်း အလုပ်အပေါ် စိတ်ဝင်စားပြီး သင်ယူလုပ်ကိုင်လိုစိတ်ရှိပါက လျှောက်ထားနိုင်ပါသည်။) Wifi ကြိုးဆွဲတပ်ဆင်ခြင်းအတွက် အသင်းအဖွဲ့နှင့်အတူ ရုံးကားဖြင့် သွားရောက်လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ကျန်းမာရေးကောင်းမွန်ပြီး ရန်ကုန်မြို့တွင်း သွားလာနိုင်သူ၊ အသင်းအဖွဲ့နှင့် ပူပေါင်းဆောင်ရွက်လုပ်ကိုင်နိုင်သူဖြစ်ရမည်။ ကေဘယ်ကြိုးတပ်ဆင်ခြင်း၊ ODB Box စသည်တို့ကဲ့သို့သော Complaint များအတွက် ပြုပြင်ထိန်းသိမ်းခြင်းများ ဖြေရှင်းပြုလုပ်ခြင်းများတွင် ကူညီဆောင်ရွက်ပေးရမည်။
အကျိုးအမြတ်: #တစ်ပတ်နှစ်ရက်ပိတ်ပါသည်။ လစာညှိနှိုင်း၊ ရက်မှန်ကြေး +OT ကြေးခံစားခွင့်ရှိသည်။*
U Hton Gold & Jewelry
06 Jul 2026
- ဖောက်သည်များအား လက်ဝတ်ရတနာပစ္စည်းများကို သေချာရှင်းပြပေးခြင်း - အရောင်းပိုင်းတွင် Senior များကို ကူညီပေးခြင်း - ဆိုင်အတွင်းအပြင် သန့်ရှင်း သပ်ရပ်အောင် ထိန်းသိမ်းခြင်း - လက်ဝတ်ရတနာပစ္စည်းများအား စနစ်တကျ စီမံခန့်ခွဲခြင်း - ဖောက်သည်များနှင့် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံနိုင်ခြင်း - အရောင်းအဝယ်ပိုင်းတွင် အတွေ့အကြုံရှိသူကို ဦးစားပေးမည် (အတွေ့အကြုံမရှိလျှင်လည်း လျှောက်ထားနိုင်သည်)
အကျိုးအမြတ်: - လုပ်ရည်ကိုင်ရည်အပေါ် မူတည်ပြီး ဘောနပ်စ်များ ပေးသည် - ကျန်းမာရေး အကျိုးခံစားခွင့်များ ရှိသည် - တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်သည်
တင်သောနေ့: 06 Jul 2026
Rover X Travel
Yangon ရုံးအတွက် ခရီးစဉ်များကို စနစ်တကျ စီမံခန့်ခွဲ၍ booking များ၊ supplier ဆက်သွယ်မှုများ၊ itinerary အပြောင်းအလဲများနှင့် နေ့စဉ် tour operation လုပ်ငန်းများကို ထိရောက်စွာ ပံ့ပိုးဆောင်ရွက်မည့် အသေးစိတ်ဂရုစိုက်တတ်သူကို လိုအပ်ပါသည်။ ● ခရီးစဉ်အစီအစဉ်၊ booking များနှင့် travel schedule များကို တိကျစွာ စီမံညှိနှိုင်းရန်။ ● hotel, guide, transport partner နှင့် supplier များကို ဆက်သွယ်၍ ဝန်ဆောင်မှုများ ချောမွေ့စေရန်။ ● customer inquiry များ၊ itinerary ပြောင်းလဲမှုများနှင့် operational follow-up များကို အချိန်မီ ဖြေရှင်းရန်။ ● tour progress ကို စောင့်ကြည့်ပြီး ပြဿနာများကို လျင်မြန်စွာ ဖြေရှင်းကာ service quality ထိန်းသိမ်းရန်။ ● travel documents, confirmations နှင့် operation report များကို ပြင်ဆင်တင်ပြရန်။ ● sales နှင့် customer service team များကို destination နှင့် product အချက်အလက်များဖြင့် ပံ့ပိုးရန်။