English
နောက်ထပ်အလုပ်ကမ်းလှမ်းချက်များရယူပါ
ယခု App ကိုဒေါင်းလုပ်ဆွဲပါ!
စစ်၍ကြည့်သည်:
အလုပ်အမျိုးအစား
တည်နေရာ
လုပ်ငန်းအမျိုးအစား
လုပ်သက်အဆင့်
ဆုများ
အနိမ့်ဆုံး လစာ
Repat / Expat
1,089 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
အလုပ် 1,089 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
စဉ်၍ကြည့်သည်
စဉ်၍ကြည့်သည်:
နောက်ထပ်အလားတူအလုပ်များ တင်သောအခါ သင့်အားအကြောင်းကြားပါလိမ့်မည်။
ကျေးဇူးပြု၍ အလုပ်သတိပေးချက်စာမျက်နှာတွင် သင့်အလုပ်သတိပေးချက်ကိုပြင်ပြီး ထပ်မံကြိုးစားပါ။
KOSMI Trading Co.,Ltd
တောင်ဥက္ကလာ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ဒီနေ့
တောင်ဥက္ကလာ၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Stock Controller ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
အကျိုးအမြတ်: -
တင်သောနေ့: ဒီနေ့
Apex Generation Group Co.,Ltd
19 Jan 2026
- ဘွဲ့ရရှိပြီးသူဖြစ်ရမည်။ - လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံ မရှိသေးသူများ လည်းပေးပို့ လျှောက်ထားနိုင်ပါသည်။ - Procurement ကို စိတ်ပါဝင်စားပြီး Purchasing အပိုင်း အနည်းငယ် နားလည် သူဖြစ်ရမည်။ - Computer word, excel ကျွမ်းကျင်စွာ အသုံးပြုနိူင်သူဖြစ်ရမည်။ -ကြိုးစားမှုနှင့်ဆိလျော်သောလစာပေးပါမည်။
အကျိုးအမြတ်: -ဘောနပ်စ်+ကော်မရှင် -ဖယ်ရီ -ဖုန်းဘေလ် -အချိန်ပိုကြေး -စွမ်းဆောင်ရည်အတွက်ဆုလာဘ်များ
တင်သောနေ့: 19 Jan 2026
GNB- Packaging and Photography Props
05 Jan 2026
1.ပစ္စည်း အဝင်အထွက်များကို စစ်ဆေးရမည် 2 ပစ္စည်း အဝင်များ စစ်ဆေးပြီးနောက် POS system တွင် စာရင်းသွင်းနိုင်ပါမည် 3. နေ့စဉ် အပတ်စဉ် လစဉ် စစ်ဆေးခြင်းများကို supervisor နှင့် ပူးတွဲလုပ်ကိုင်နိုင်ရမည်။
အကျိုးအမြတ်: - အစမ်းခန့် (3) လပြည့်ပြီးပါက Performance ပေါ်မူတည်၍ လစာအပြောင်းအလဲ+ Bouns ရှိမည် -အလုပ်ချိန်- မနက်၉နာရီမှ ညနေ ၅နာရီခွဲ -ပိတ်ရက် အပတ်စဉ် တနင်္ဂနွေ
တင်သောနေ့: 05 Jan 2026
Han Victory Investment and Strategic Co.,Ltd
ဒဂုံမြို့သစ်တောင်ပိုင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ဒဂုံမြို့သစ်တောင်ပိုင်း၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Warehouse Stock Controller (သို့မဟုတ် ပစ္စည်းစာရင်းကိုင်) ရာထူး အဓိက တာဝန်ဝတ္တရားများ ဂိုဒေါင်ရှိ ပစ္စည်းလက်ကျန်ပမာဏကို စီမံခန့်ခွဲခြင်း၊ စာရင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခြင်း၊ ပစ္စည်းများ လက်ခံရရှိခြင်း၊ သိုလှောင်ခြင်းနှင့် ထုတ်ပေးခြင်းတို့ကို တိကျမှန်ကန်မှုနှင့် ထိရောက်မှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ရမည်။ ပစ္စည်းလက်ကျန် စီမံခန့်ခွဲမှု: ပစ္စည်းပြတ်လပ်မှု သို့မဟုတ် လိုအပ်သည်ထက် ပိုလျှံမှုမဖြစ်စေရန် အကောင်းဆုံး လက်ကျန်ပမာဏကို စောင့်ကြည့်ထိန်းသိမ်းခြင်း။ ပစ္စည်းစာရင်း စစ်ဆေးခြင်း : တိကျမှုရှိစေရန်နှင့် ကွာဟချက်များကို ဖော်ထုတ်နိုင်ရန် ပုံမှန်စာရင်းစစ်ဆေးမှုများနှင့် စာရင်းစစ်များ ပြုလုပ်ခြင်း။ ပစ္စည်းလက်ခံခြင်းနှင့် ထုတ်ပေးခြင်း : ပစ္စည်းအသစ်များ လက်ခံရရှိမှုကို စီမံခန့်ခွဲခြင်း၊ ပေးပို့မှုများကို တိကျမှုနှင့် အရည်အသွေးအတွက် စစ်ဆေးခြင်း၊ ပစ္စည်းများကို လုပ်ငန်းခွင်သို့ ထုတ်ပေးမှုညှိနှိုင်းခြင်း။ အချက်အလက် ထည့်သွင်းခြင်းနှင့် မှတ်တမ်းထိန်းသိမ်းခြင်း : စာရင်းစနစ်တွင် ပစ္စည်းအဝင်/အထွက်အားလုံးကို မှတ်တမ်းတင်ခြင်းနှင့် ဝယ်ယူမှုများ၊ ပို့ဆောင်မှုများ၊ ပစ္စည်းအသိအမှတ်ပြုလက်မှတ်များ၏ မှတ်တမ်းများကို တိကျစွာ ထိန်းသိမ်းခြင်း။ ခန့်မှန်းတွက်ချက်ခြင်းနှင့် စီစဉ်ခြင်း : အနာဂတ် လိုအပ်မည့်ပစ္စည်းများကို ခန့်မှန်းရန်နှင့် လက်ကျန်ပမာဏကို သက်ဆိုင်ရာအဖွဲ့များနှင့် ညှိနှိုင်း၍ စီစဉ်ရန် အရောင်းနှင့် ထောက်ပံ့ရေးကွင်းဆက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ ကွာဟချက် ဖြေရှင်းခြင်း : စာရင်းစစ်ဆေးမှုများ သို့မဟုတ် မှတ်တမ်းများတွင် တွေ့ရှိရသည့် ပြဿနာများ သို့မဟုတ် ကွာဟချက်မှန်သမျှကို စုံစမ်းစစ်ဆေးခြင်းနှင့် ဖြေရှင်းခြင်း။ ညှိနှိုင်းဆောင်ရွက်ခြင်း : လုပ်ငန်းလည်ပတ်မှု ချောမွေ့စေရန် အရောင်း၊ ထောက်ပံ့ရေးကွင်းဆက်၊ ဂိုဒေါင်ဝန်ထမ်းများ အပါအဝင် အမျိုးမျိုးသော အဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သိုလှောင်မှု : ပစ္စည်းအားလုံးကို ၎င်းတို့၏ဖွဲ့စည်းမှုနှင့် ကုမ္ပဏီလုပ်ထုံးလုပ်နည်းများအရ မှန်ကန်စွာ၊ ဘေးကင်းစွာနှင့် ထိရောက်စွာ သိုလှောင်ထားရှိကြောင်း သေချာစေခြင်း။ ဤရာထူးသည် ခိုင်မာသော စီမံခန့်ခွဲမှုနှင့် ဆက်သွယ်ရေးစွမ်းရည်များ၊ Inventory Software ကျွမ်းကျင်မှုနှင့် ဆောက်လုပ်ရေးပစ္စည်းများအား ကောင်းစွာနားလည်မှုတို့ လိုအပ်ပါသည်။
အကျိုးအမြတ်: .
Hla Baik Hman
မင်္ဂလာတောင်ညွှန့် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
မင်္ဂလာတောင်ညွှန့်၊ ရန်ကုန်တိုင်းတွင်ရှိသော အထည်နှင့်ပိတ်လိပ်ဆိုင်တွင် ဂိုဒေါင်စာရင်းကိုင် (3)ဦး အလိုရှိသည် ဘောက်ချာဖွင့်ခြင်း၊ ပစ္စည်းအဝင်အထွက်များကိုမှတ်တမ်းတင်ခြင်း၊ ပစ္စည်းလက်ကျန်များကိုစီစစ်ခြင်း ဆိုင်နှင့်ဂိုဒေါင်ရှိအလုပ်များကိုဝိုင်းကူလုပ်ခြင်း စသည့်အလုပ်များကိုထန်းဆောင်ရပါမည်
အကျိုးအမြတ်: - ဝင်ဝင်ချင်း လစာ 360,000 + ရက်မှန်ကြေး20,000 + အချိန်မှန်ကြေး 20,000+အဆောင်ပေးမည် - ပိတ်ရက် - ၁ ပတ် ၁ ရက် - အလုပ်ချိန် - မနက် ၈:၃၀ မှ ည၆နာရီ
Myanmar BJ Enterprise Company Limited
အင်းစိန် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
29 Jan 2026
ကုန်ပစ္စည်းများကို လက်ခံခြင်း၊ စစ်ဆေးခြင်း နှင့် စာရင်းသွင်းခြင်းများ ဆောင်ရွက်ရမည်။ ကုန်ပစ္စည်းများကို စနစ်တကျ သိုလှောင်ထားရှိပြီး ပျက်စီးမှု မရှိစေရန် စီမံခန့်ခွဲရမည်။ Stock In / Stock Out များကို သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းအတိုင်း မှန်ကန်စွာ ဆောင်ရွက်ရမည်။ ကုန်ပစ္စည်းစာရင်း (Inventory) ကို နေ့စဉ်/လစဉ် စစ်ဆေးပြီး တိကျမှန်ကန်စေရန် ထိန်းသိမ်းရမည်။ ကုန်ပစ္စည်းပို့ဆောင်ရန် အမိန့်များအတိုင်း ထုပ်ပိုးခြင်း၊ စီစဉ်ခြင်းများ ဆောင်ရွက်ရမည်။ ဂိုထောင်အတွင်း သန့်ရှင်းရေးနှင့် လုံခြုံရေးကို စည်းကမ်းတကျ ထိန်းသိမ်းရမည်။ ကုန်ပစ္စည်း ပျောက်ဆုံးမှု၊ ပျက်စီးမှုများ ဖြစ်ပေါ်ပါက ချက်ချင်း အထက်အရာရှိအား တင်ပြရမည်။ Forklift / Hand Pallet (ရှိပါက) ကို လုံခြုံစွာ အသုံးပြုရမည်။ ကုမ္ပဏီ၏ စည်းကမ်းများနှင့် လုပ်ငန်းဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာရမည်။ အထက်အရာရှိမှ တာဝန်ပေးအပ်သည့် အခြားလုပ်ငန်းများကို ဆောင်ရွက်ရမည်။
အကျိုးအမြတ်: ရက်မှန်ကြေး အချိန်ပိုကြေး
တင်သောနေ့: 29 Jan 2026
6G Agriculture & Trading Co.,Ltd
ရွှေပြည်သာ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
Company ရှိ ဆန်၊ ပြောင်း များထားရှိသော ဂိုဒေါင်များအား လှည့်လည်သွားလာနိုင်ရမည်။ Export တင်ပို့မည့် ဆန်၊ ပဲ၊ ပြောင်း အရည်အသွေးများကောင်းမွန်စွာ စစ်ဆေးနိုင်ရမည်။ ဆန် အရည်အသွေးကောင်းမွန်စွာ ကြည့်တတ်သူ၊ လိုအပ်ပါက ဝယ်ယူပေးနိုင်သူဖြစ်ပါက ဦးစားပေးပါမည်။
Shwe Taik Wholesales & Retail Center
မင်္ဂလာတောင်ညွှန့်၊ Yangonတွင်ရှိသော Full Time Store Assistant (Female) ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - Entry Level နှင့် Monthly လစာကောင်းကောင်းပေးမည်။ Workshop store အတွင်းရှိ spare parts၊ tools၊ materials များကို စနစ်တကျ စီမံသိမ်းဆည်းခြင်း Stock အဝင်/အထွက်များကို စာရင်းသွင်း၍ စစ်ဆေးထိန်းသိမ်းခြင်း Mechanic များလိုအပ်သော ပစ္စည်းများကို စနစ်တကျ ထုတ်ပေးခြင်း ပစ္စည်းပြတ်လပ်မှု၊ stock လျော့နည်းမှုများကို Supervisor သို့ အချိန်မှန် အသိပေးခြင်း Supplier မှ ပစ္စည်းဝင်လာပါက စစ်ဆေးလက်ခံပြီး စာရင်းသွင်းခြင်း Store အတွင်း သန့်ရှင်းသပ်ရပ်မှုနှင့် စနစ်တကျထားရှိမှုကို ထိန်းသိမ်းခြင်း
အကျိုးအမြတ်: အလုပ်ချိန် မနက် ၈း၃၀မှ ညနေ ၅ဂ၃၀ OFF Days
Reddy
ဒဂုံမြို့သစ်မြောက်ပိုင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
-ကုန်ပစ္စည်း ဝင်/ထွက် (Stock in / Stock Out) များကို စနစ်တကျ စာရင်းသွင်းခြင်း -Inventory Ledger / Stock Card များကို နေ့စဉ် update ပြုလုပ်ခြင်း -Warehouse နှင့် ချိန်ဆက်ပြီး Physical stock count (monthly / quarterly / yearly ) ပြူလုပ်ခြင်း - System stock နှင့် ground stock ကို reconcile ပြုလုပ်၍ ကွာခြားချက်များးကို စစ်ဆေးခြင်း -Stock variance / damage /expired goods များကို report ပြုလုပ်ခြင်း -GRN, Delivery Note, Invoice စာရွက်စာတမ်းများကို စစ်ဆေး၊ ထိန်းသိမ်းခြင်း -Management အတွက် Inventory Report, Stock Aging Report များပြုလုပ်တင်ပြခြင်း -External/ Internal Audit အတွက် လိုအပ်သော စာရင်းများ ပြင်ဆင်ပေးခြင်း -Company policy နှင့် accounting procedure များအတိုင်း လိုက်နာလုပ်ဆောင်ခြင်း
အကျိုးအမြတ်: - Attendance Allowance - Transportation Allowance
NCX Myanmar Co.,Ltd (Honda)
မင်္ဂလာဒုံ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ကွန်တိန်နာမှချသည့် ပစ္စည်းများကိုသတ်မှတ်ထားသောနေရာများတွင် ထားသိုခြင်းနှင့်စစ်ဆေးခြင်း။ Production အတွက် လိုအပ်သည့်အပိုပစ္စည်းများကို Warehouse မှထုတ်ယူ၍ သက်ဆိုင်ရာ Station များသို့ ပို့ပေးခြင်း။ ထုတ်လုပ်မှုလုပ်ငန်းစဥ်များကို ကြီးကြပ်စောင့်ကြည့်၍ သက်ဆိုင်ရာအချိန်အတွင်း ထိရောက်စွာလုပ်ဆောင်ရန်။ လုံခြုံရေးစည်းမျဥ်းများနှင့် ကုမ္ပဏီမူဝါဒများကို အမြဲလိုက်နာရန်။ အလုပ်လုပ်ရာနေရာကို သန့်ရှင်းမှုနှင့် စနစ်တကျစီမံထားရန်။ မန်နေဂျာမှ assign လုပ်လျှင် လိုအပ်သလိုဆောင်ရွက်ပေးခြင်း။
အကျိုးအမြတ်: အချိန်ပိုကြေး စွမ်းဆောင်ရည်အတွက် ဆုလာဘ်များ ဖယ်ရီ စီစဥ်ပေးသည်
Unity Paper
လှိုင်သာယာ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
28 Jan 2026
ပစ္စည်းအဝင်အထွက်များကို စစ်ဆေးလက်ခံခြင်း ၊ ထုတ်ပေးခြင်း များပြုလုပ်နိုင်ခြင်း ၊ နေ့စဥ် Stock များကို စစ်ဆေးခြင်းများ ပြုလုပ်နိုင်ရမည် ။ Daily , Monthly Report များကို ပြလုပ်ပို့ပေးနိုင်ရမည် ။ Word , Excel , Power Point အသုံးပြုနိုင်ရမည် ။ Teamwork ရှိရှိ အလုပ်လုပ်နိုင်ရမည် ။
အကျိုးအမြတ်: ဖယ်ရီနီးစပ်ရာ စီစဥ်ပေးသည် ။
တင်သောနေ့: 28 Jan 2026
BRIGHT LIGHT GROUP COMPANY LIMITED
27 Jan 2026
ကုန်ပစ္စည်းများ ဝင်ရောက်လာချိန်တွင် သတ်မှတ်စံချိန်စံညွှန်းအတိုင်းရှိစေရန် Logistic Supervisor နှင့်တိုင်ပင်ပြီး စီစစ်လက်ခံရန်၊ ကား/စက်လည် အဝင်/အထွက်၊ ကုန်ပစ္စည်းများအရည်အသွေး/ အရေအတွက် (အိတ်+အလေးချိန်) မှန်ကန်စေရန် လုပ်ဆောင်ရန်၊ နယ်ကားအဝင်/အထွက်များအား ပန်းစာပေါ်ရှိ ကုန်ပစ္စည်းအရေအတွက်၊ အရည်အသွေး၊ အလေးချိန်၊ ကားနံပါတ် မှန်ကန်မှုရှိစေရန် စနစ်တကျ စီမံဆောင်ရွက်ရန်၊ ကားချပြီးတိုင်း ကားတစ်စီးလုံး၏ ပိုက်စာနမူနာများအား QC ဌာနသို့ ပို့ပေးရန်၊
အကျိုးအမြတ်: တစ်နှစ်(၂)ကြိမ်လစာတိုးရှိသည်။ နေထိုင်ရန်အဆောင်စီစဉ်ပေးမည်၊ တနေ့(၃)ကြိမ် ထမင်း,ဟင်းကျွေးသည်၊ သင်္ကြန်၊ သီတင်းကျွတ်တို့တွင် မုန့်ဖို့ပေးသည်၊
တင်သောနေ့: 27 Jan 2026
Myanma Awba Group
26 Jan 2026
Warehouse တွင်ရှိသော Inventory Stocks များ အားစစ်ဆေးရမည်။ ဆန်နှင့်ဆန်ကွဲများ ကားတင်/ချ ပြုလုပ်ရာတွင် တာလီပေးခြင်း၊ ပန်းစာရေးခြင်း၊ ကုန်ရ/ကုန်ထုတ် ပြေစာရေးခြင်း ကိစ္စရပ်များဆောင်ရွက်ရမည်။ ဆန်တွင် ဆန်ကွဲအမှတ်ပါဝင်မှု့အား စစ်ဆေးပေးရမည်။
အကျိုးအမြတ်: Rewards for over performance
တင်သောနေ့: 26 Jan 2026
NTR Myanmar Co.,Ltd.
24 Jan 2026
ကုန်ပစ္စည်းများ အဝင်/အထွက်ကို စနစ်တကျ လက်ခံခြင်းနှင့် ထုတ်ပေးခြင်းများ ပြုလုပ်နိုင်ရပါမည်။ စတိုအတွင်းရှိ ပစ္စည်းလက်ကျန်စာရင်း (Stock Balance) ကို နေ့စဉ်/လစဉ် တိုက်စစ်ရပါမည်။ ပါဆယ်များကိုထုတ်ပိုးပြီး Delivery ဘက်သို့ တိကျစွာ လွှဲပြောင်းပေးနိုင်ရပါမည်။ အတွေ့အကြုံမရှိပါက Company မှသင်ကြားပေးမှာဖြစ်ပြီး ရေရှည်လုပ်ကိုင်နိုင်သူ ဉီးစားပေးပါမည်။
အကျိုးအမြတ်: • နေစရာစီစဥ်ပေးပါမည်။ • အခြေခံလစာ + Quarterly Bonus + incentive • စားသောက်စရိတ် ရှိပါသည်။( နေရာဒေသပေါ်မူတည်၍ ရှားပါးစရိတ် + ) • Uniform ပေးမည်။
တင်သောနေ့: 24 Jan 2026
လုပ်ငန်း ဦးဆောင်ကုမ္ပဏီ
မရမ်းကုန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
23 Jan 2026
ကုန်ပစ္စည်းအဝင်အထွက်စာရင်းများကို စီစစ်လက်ခံခြင်း၊ သိုလှောင်သိမ်းဆည်းခြင်းနှင့် ပြန်လည်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ခြင်း။ Google Sheets နှင့် Excel များကို အသုံးပြု၍ ပစ္စည်းစာရင်း အချက်အလက်များကို တိကျမှန်ကန်စွာ မှတ်တမ်းတင်ခြင်း။ ပို့ဆောင်ရမည့် ပစ္စည်းများကို အချိန်မီ ပြင်ဆင်ထားရှိခြင်း။ သိုလှောင်ထားသည့်ပစ္စည်းများကို ပုံမှန်စစ်ဆေးခြင်းနှင့် ပျက်စီးဆုံးရှုံးမှုတစ်စုံတရာရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူထံသို့ အကြောင်းကြားခြင်း။ ကုန်ကြမ်းပစ္စည်း လိုအပ်ချက်ရှိပါက စက်ရုံ/ဌာနဆိုင်ရာသို့ အသိပေးခြင်း။ သိုလှောင်ခန်း (Warehouse) သန့်ရှင်း သပ်ရပ်မှုရှိစေရေး စီစဉ်ဆောင်ရွက်ခြင်း။
အကျိုးအမြတ်: ခရီးစရိတ်
တင်သောနေ့: 23 Jan 2026
Royal New Planet Co.,Ltd
လှိုင် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
22 Jan 2026
လှိုင်၊ Yangonတွင်ရှိသော Full Time Warehouse Clerk (သို့မဟုတ် လုပ်ငန်းလည်ပတ်မှုဆိုင်ရာအကူ) ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - Entry Level နှင့် Monthly လစာကောင်းကောင်းပေးမည်။
အကျိုးအမြတ်: Yearly Bonus/Attendance Bonus /SSB/OT
တင်သောနေ့: 22 Jan 2026
(၁)ကုန်ပစ္စည်းလက်ခံခြင်း၊ သိုလှောင်ခြင်း၊ ထုပ်ပိုးခြင်းနှင့်ပို့ဆောင်ခြင်းအပါအဝင် ဂိုဒေါင်လုပ်ငန်း များကို ကြီးကြပ်ရန်။ (၂) စာရင်းဇယားအဆင့်များကို စီမံခန့်ခွဲခြင်းနှင့် စတော့ခ်မှတ်တမ်းများ တိကျသေချာစေရန် (၃) သန့်ရှင်းသပ်ရပ်ပြီး စနစ်တကျ သည့် ဂိုဒေါင်ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် စီမံအုပ်ချုပ်မှု လုပ်ငန်းများဆောင်ရွက်ရန် (၄)ကျန်းမာရေး၊ ဘေးကင်းရေးနှင့် လုံခြုံရေးစည်းမျဉ်းများကို လိုက်နာမှုရှိစေရန် (၅)ဂိုဒေါင်လုပ်ငန်းများ၏ ကဏ္ဍပေါင်းစုံတွင် ဂိုဒေါင်ဝန်ထမ်းများအား လေ့ကျင့်သင်ကြားခြင်းနှင့် ကြီးကြပ် ရန်။ (၆)ကုန်စည်ပို့ဆောင်မှု ချောမွေ့စေရေးအတွက် အခြားဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန်နှင့် ဖောက်သည် များ၊ ရောင်းချသူများ နှင့် စီမံခန့်ခွဲသူများနှင့် ထိထိရောက်ရောက် ဆက်သွယ်ရန်။ (၇) အကောင်းဆုံးဂိုဒေါင်၏စွမ်းဆောင်ရည်ကိုသေချာစေရန်အတွက်စက်ကိရိယာများနှင့် ပြုပြင်ထိန်းသိမ်းမှု အချိန်ဇယားများကို စောင့်ကြည့်ခြင်းနှင့် လုပ်ငန်းစဉ်များမြှင့်တင်ရန်နှင့် ကုန်ထုတ်စွမ်းအားမြှင့်တင်ရန် မဟာဗျူဟာများကို အကောင်အထည်ဖော်သည့် အခွင့်အလမ်းများကို ဖော်ထုတ်ရန် (၈)အဖွဲ့အစည်းဆိုင်ရာ ကျွမ်းကျင်မှု၊ ခိုင်မာသော ခေါင်းဆောင်မှုစွမ်းရည်နှင့်အတူ သိုလှောင်ရုံများ၏ စွမ်းဆောင်ရည်ကိုတိကျသော မှတ်တမ်းများဖြင့် ထိန်းသိမ်းခြင်းနှင့် ပုံမှန်အစီရင်ခံစာများ တင်ပြရန် (၉) နေ့စဉ် Daily Stock စာရင်းများကို ဂိုထောင်ရှိ ဂိုထောင်စာရေးနှင့် customer service ဝန်ထမ်း များ၏ စာရင်းနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးတင်ပြရန်
အကျိုးအမြတ်: Attendance Bonus/Annual Bonus SSB, Life Insurance
Trust Oo
20 Jan 2026
📌 နေ့စဉ်လုပ်ငန်းလည်ပတ်မှုများကို စနစ်တကျ ဆောင်ရွက်နိုင်သူ 📌 Department များအကြား ဆက်သွယ်ညှိနှိုင်းပေးနိုင်သူ 📌 စာရွက်စာတမ်း၊ Order နှင့် Operation Process များကို စောင့်ကြည့်နိုင်သူ 📌 အထက်အရာရှိမှ ပေးအပ်သော တာဝန်များကို တိကျစွာ ဆောင်ရွက်နိုင်သူ
တင်သောနေ့: 20 Jan 2026
VALUE
ဒဂုံမြို့သစ်အရှေ့ပိုင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
Store/ Warehouse Supervisor ရာထူးအတွက် ဂိုထောင်ပိုင်းအတွေ့အကြုံရှိရမည်။ အတွေ့အကြုံမရှိပါက Store Helperရာထူးဖြင့် လျှောက်ထားနိုင်သည်။ အရှေ့ဒဂုံစက်မှုဇုံတွင် အလုပ်ဆင်းနိုင်ရမည်။ အခြေခံပညာ အထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။ ရေရှည်အလုပ်လုပ်နိုင်ရမည်။
အကျိုးအမြတ်: အချိန်ပိုကြေး အလုပ်ချိန် မနက် 8ခွဲမှ ညနေ 5နာရီ စနေ တစ်ပါတ်ခြား၊ Sunday နှင့် Public Holidayများတွင် ရုံးပိတ်ပေးသည်။ အချိန်ပိုဆင်းရပါက အချိန်ပိုကြေး
MGL Express by Magnate Group Logistics
Stock အဝင် / အထွက် အား leger နှင့် Excel တွင်စာရင်းသွင်းခြင်း။ လုပ်ငန်းသုံး / ရုံးသုံးပစ္စည်းများရောက်လာလျှင် PO နှင့် တိုက်စစ်၍ စာရင်းသွင်းခြင်း။ Closing Balance သွင်းခြင်း။ ရန်ကုန်နှင့်နယ်ရုံးခွဲများအား Requisition အလိုက် ပစ္စည်းများ ထုပ်ပိုးပို့ဆောင်ရန်စီစဉ်ခြင်း။ EOQအရ Stock များစစ်ဆေးပြီး လက်ကျန်မပြတ်စေရန် PO/PRတင်ခြင်း။ PO တင်ပြရာတွင် Manual stock Ledger update recoded အား သက်ဆိုင်ရာ Dept ဆီသို့ တင်ပြရန်လိုအပ်ခြင်း။ Stock Ground check လုပ်ခြင်း။ လစဉ် Stock report ပေးပို့ရခြင်း။
အကျိုးအမြတ်: Yearly Bonus Yearly Increment
မရမ်းကုန်း၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Warehouse Data Entry (သို့မဟုတ် ဂိုဒေါင်လုပ်သား) ရာထူး 2 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံမရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။ Software တွင် Data များအချိန်မီ စာရင်းသွင်းခြင်း ပစ္စည်းထုပ်ပိုးမှုများကူညီဆောင်ရွက်ခြင်း ဖုန်းလက်ခံဖြေကြားခြင်း
မရမ်းကုန်း (လေဆိပ်အနီးဂိုဒေါင်) တွင် တာဝန်ထမ်းဆောင်ရန်။ (၈မိုင်ရုံးချုပ်မှ ဂိုဒေါင်သို့ ဖယ်ရီရှိပါသည်။) ရုံးသုံးပစ္စည်းများ (စာအုပ်၊ ကတ်ပြား၊ ကလစ်၊ ကိရိယာများ စသည်) ကို လက်ခံခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းမှတ်တမ်းတင်ခြင်း ရုံးဌာနများမှ တောင်းခံသည့် ပစ္စည်းများကို စာရင်းစစ်ဆေးပြီး အချိန်မှန်အတိုင်း ထုတ်ပေးခြင်း သိုလှောင်ထားသည့် Stationery ပစ္စည်းများကို အစီအစဉ်တကျ စီမံထိန်းသိမ်းခြင်း စတော့စာရင်းများကို တိကျမှန်ကန်အောင် မှတ်တမ်းတင်ခြင်းနှင့် Update လုပ်ခြင်း ပစ္စည်းကုန်ခါနီးသည့်အချိန် စုံစမ်း၍ အချိန်မီ Order တင်ပေးခြင်း အပတ်စဉ်/လစဉ် စတော့စာရင်း (Stock Balance) ကို စစ်ဆေးခြင်း ပစ္စည်းပျောက်ဆုံးမှု၊ ချို့တဲ့မှု ဖြစ်ပါက တာဝန်ခံဌာနသို့ အချိန်မီ တင်ပြခြင်း ရုံးသုံးပစ္စည်း အသုံးချမှုကို ထိရောက်စွာ ဖြစ်စေရန် စီမံဆောင်ရွက်ခြင်း အထက်တန်းမှ ညွှန်ကြားသည့် တာဝန်များ ဆောင်ရွက်ခြင်း
အကျိုးအမြတ်: ဘောနပ်စ် အချိန်မှန်ကြေး + ရက်မှန်ကြေး Incentive
Resources Group Logistics Co., Ltd
ဂိုထောင်လုပ်ငန်းစဉ်များကို အထက်လူကြီးနှင့်အတူ ကူညီကြီးကြပ်ခြင်း (ဝန်ထမ်း၊ ပစ္စည်း၊ စတော့ စီမံခန့်ခွဲမှု)။ နေ့စဉ်လုပ်ငန်းများနှင့် အထက်လူကြီးမှပေးသော အထူးတာဝန်များကို ဆောင်ရွက်ခြင်း။ လစဉ် စတော့စစ်ဆေးခြင်းနှင့် စာရင်းကိုက်ညီစေရန် စစ်ဆေးခြင်း။ ပစ္စည်းများ လက်ခံခြင်း၊ သိမ်းဆည်းခြင်း၊ အချိန်မီ ပို့ဆောင်ခြင်းကို လိုက်လံညှိနှိုင်းခြင်း။ စာရွက်စာတမ်းများ၊ မှတ်တမ်းများကို မှန်ကန်စွာ ထိန်းသိမ်းခြင်း။ ဂိုထောင် ဝန်ထမ်းများကို ဦးဆောင်ကြီးကြပ်ပြီး ထိရောက်စွာ အလုပ်လုပ်နိုင်စေရန် စီမံခန့်ခွဲခြင်း။
အကျိုးအမြတ်: - အချိန်ပိုကြေး - နီးစပ်ရာ ဖယ်ရီစီစဉ်ပေးပါသည်
Khin Maung Tun & Brothers
သာကေတ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
15 Jan 2026
- ဂိုဒေါင်ရှိ ကုန်ပစ္စည်းအားလုံးကို စနစ်တကျ စီမံခန့်ခွဲပြီး ထိန်းချုပ်ရမည်။ -ကုန်ကြမ်းနှင့် ပြီးမြောက်သော ကုန်ပစ္စည်းများအတွက် သင့်လျော်သော မှတ်တမ်းများကိုထိန်းသိမ်း ရမည်။ -ကုန်ပစ္စည်းနည်းနေချိန်တွင် ကုန်ပစ္စည်းအဆင့်များကို စောင့်ကြည့်ပြီး ဝယ်ယူမှုတောင်းဆိုမှုများကို တင်ပြရမည်။ -ကုန်ပစ္စည်းမှတ်တမ်းများနှင့် ရုပ်ပိုင်းဆိုင်ရာကုန်ပစ္စည်းများကို ပုံမှန်စစ်ဆေးပြီး ညှိနှိုင်းရပါမည်။ -ထုတ်ပေးထားသော ကုန်ကြမ်းပစ္စည်းများကို ထုတ်လုပ်မှုမှတ်တမ်းများနှင့် ကိုက်ညီစွာအတည်ပြုပေး ရမည်။ -ထုတ်လုပ်မှုမှ ပြန်လာသော ပြီးမြောက်သော ကုန်ပစ္စည်းများကို စစ်ဆေးပြီး လက်ခံပါ။ -ထရပ်ကားများမှ ကုန်ပစ္စည်းများ တင်ဆောင်ခြင်းနှင့် ချခြင်းတို့ကို ကြီးကြပ်ပြီး အတည်ပြုပါ။ -နေ့စဉ်၊ အပတ်စဉ်နှင့် လစဉ် ကုန်ပစ္စည်းစာရင်း အစီရင်ခံစာများကို ပြင်ဆင်ပါ။ -ဂိုဒေါင်၏ သိုလှောင်မှု၊ သန့်ရှင်းမှုနှင့် စီစဉ်မှုကို သေချာစေပါ။ -ဂိုဒေါင်ပစ္စည်းများ ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းနှင့် ပြတ်လပ်မှုများကို ကာကွယ်ပါ။
အကျိုးအမြတ်: Enjoyable work environment
တင်သောနေ့: 15 Jan 2026
Oriental Leaf International Co.,Ltd
• Accurately check, record, and maintain stock-in and stock-out inventory records. • Prepare and present inventory and related data using Microsoft (Word, Excel). • Manage and maintain store items in accordance with established rules, regulations, and procedures. • Perform assigned duties and other related tasks as instructed by manager.
အကျိုးအမြတ်: Bonus + Commission
AIMA Myanmar Co., Ltd.
14 Jan 2026
ကုန်ပစ္စည်းများကို လက်ခံယူခြင်း၊ စစ်ဆေးခြင်းနှင့် မှတ်တမ်းတင်ခြင်း ကုန်ပစ္စည်းများကို စနစ်တကျ သိုလှောင်ထားခြင်း Order များအလိုက် ကုန်ပစ္စည်းများ ရွေးချယ်ထုပ်ပိုးခြင်း (Picking & Packing) Stock အရေအတွက် စစ်ဆေးခြင်းနှင့် စာရင်းမှန်ကန်အောင် ထိန်းသိမ်းခြင်း ဂိုဒေါင်အတွင်း သန့်ရှင်းရေးနှင့် စည်းကမ်းလိုက်နာမှု ထိန်းသိမ်းခြင်း Supervisor/Manager မှ ပေးအပ်သော အခြားတာဝန်များကို ဆောင်ရွက်ခြင်း
အကျိုးအမြတ်: ယူနီဖောင်း + အချိန်ပိုကြေး (သို့) အစားထိုးနားရက်
တင်သောနေ့: 14 Jan 2026
ကုန်ပစ္စည်းများကို လက်ခံခြင်း၊ စစ်ဆေးခြင်းနှင့် စနစ်တကျ သိမ်းဆည်းရန် ကြီးကြပ်ခြင်း Order များအတိုင်း ကုန်ပစ္စည်းများကို မှန်ကန်စွာ ထုတ်ပို့နိုင်ရန် စီမံခန့်ခွဲခြင်း ဂိုဒေါင်ဝန်ထမ်းများ၏ အလုပ်တာဝန်များကို ခွဲဝေပေးခြင်းနှင့် ကြီးကြပ်ခြင်း Stock level ကို စောင့်ကြည့်ပြီး shortage သို့မဟုတ် overstock မဖြစ်အောင် ထိန်းချုပ်ခြင်း Inventory စာရင်းများကို မှန်ကန်စွာ ထိန်းသိမ်းပြီး စစ်ဆေးခြင်း (Stock count / Stock audit) ဂိုဒေါင်အတွင်း လုံခြုံရေးနှင့် အလုပ်အကိုင်ဘေးကင်းရေး စည်းမျဉ်းများကို လိုက်နာစေရန် ကြီးကြပ်ခြင်း ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းများကို လျော့နည်းစေရန် ကာကွယ်ထိန်းချုပ်ခြင်း Management ထံသို့ Daily / Weekly / Monthly Report များ တင်ပြခြင်း Logistics / Procurement / Sales Team များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
K Line Logistics [Myanmar] Co.,Ltd
ကျောက်တံတား | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
📌 Import / Export shipment များကို စနစ်တကျ စီမံခန့်ခွဲနိုင်သူ 📌 Shipping document (BL, Invoice, Packing List, DO) များ ကိုင်တွယ်နိုင်သူ 📌 Line, Agent, Customer များနှင့် ဆက်သွယ်ညှိနှိုင်းနိုင်သူ 📌 Shipment status ကို timely follow-up ပြုလုပ်နိုင်သူ
13 Jan 2026
ဝင်လာသော ကွန်တိန်နာများ၏ အခြေအနေအား စစ်ဆေးရေးစံနှုန်းများ၊ သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်အညီ ရှိ/မရှိ၊ ပျက်စီးမှု ရှိ/မရှိ စစ်ဆေးခြင်း။ ဖောက်သည်များ၏ စစ်ဆေးရေးစံနှုန်းများနှင့် သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်အညီ ပျက်စီးမှုများအား ပြုပြင်ရန် အကြံပြုခြင်း။ ကွန်တိန်နာ ဝင်/ထွက် ခြင်းနှင့် အခြားကွန်တိန်နာနှင့် သက်ဆိုင်သော လုပ်ငန်းဆောင်တာအားလုံးကို စောင့်ကြည့်စစ်ဆေးခြင်း။ ဖောက်သည်များ၏ လိုအပ်ချက်များနှင့် ၎င်းတို့၏ တိုင်ကြားချက်များကို ဖောက်သည်စိတ်ကျေနပ်မှု ရရှိစေရန် ဖြည့်ဆည်းပေးခြင်း။ တာဝန်ချိန်ပြီးဆုံးသည့်အခါ သင့်လျော်သော လွှဲပြောင်းပေးအပ်မှု ပြုလုပ်ရမည်။ အထက်လူကြီးမှ ပေးအပ်သော အခြားတာဝန်များကိုလည်း ထမ်းဆောင်ရမည်။
တင်သောနေ့: 13 Jan 2026
Gandamar Shwe Pyi
အမြင့်9.5 M Reach Truck ကို အသုံးပြုပြီး Warehouse အတွင်း ကုန်ပစ္စည်းများကို တင်ပို့ခြင်း၊ တင်ချခြင်း၊ ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်ရမည်။ Warehouse SOP များနှင့်စည်းမျဉ်းများအတိုင်း လုပ်ကိုင်ဆောင်ရွက်ရမည်။ Inbound / Outbound operations အား loading/unloading, put-away နှင့် order picking တွင် ကူညီလုပ်ကိုင်ဆောင်ရွက်ပေးရမည်။ Ground နှင့် 4-layer Racking System အတွင်း Pallet များကို ဆောင်ရွက်ခြင်းများ ပြုလုပ်ရမည်။ Reach Truck များကို နေ့စဉ်ပုံမှန် စစ်ဆေးထိန်းသိမ်းခြင်းနှင့် ချို့ယွင်းချက်များရှိပါက ချက်ချင်း အကြောင်း ကြား ဆောင်ရွက်ရမည်။ Warehouse အဖွဲ့သားများနှင့် ပူးပေါင်းဆောင်ရွက်ကာ နေ့စဉ်လုပ်ငန်းများကို အချောမွေ့ဆုံး ဖြစ်စေရန် လုပ်ကိုင်ဆောင်ရွက်ပေးရမည်။ မတော်တဆမှုများ သို့မဟုတ် Near-Miss ဖြစ်ရပ်များဖြစ်ပေါ်ပါက သက်ဆိုင်ရာ တာတဝန်ရှိသူထံသို့ ချက်ချင်း သတင်းပို့ခြင်းများ ဆောင်ရွက်ရမည်။
အကျိုးအမြတ်: လမ်းစရိတ်ထောက်ပံ့ပေးခြင်း ကျန်းမာရေးအာမခံ ထားရှိပေးခြင်း ကျန်းမာရေးခံစားခွင့်ရှိခြင်း ယူနီဖောင်းထောက်ပံ့ပေးခြင်း