English
နောက်ထပ်အလုပ်ကမ်းလှမ်းချက်များရယူပါ
ယခု App ကိုဒေါင်းလုပ်ဆွဲပါ!
စစ်၍ကြည့်သည်:
အလုပ်အမျိုးအစား
တည်နေရာ
လုပ်ငန်းအမျိုးအစား
လုပ်သက်အဆင့်
ဆုများ
အနိမ့်ဆုံး လစာ
Repat / Expat
885 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
အလုပ် 885 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
စဉ်၍ကြည့်သည်
စဉ်၍ကြည့်သည်:
နောက်ထပ်အလားတူအလုပ်များ တင်သောအခါ သင့်အားအကြောင်းကြားပါလိမ့်မည်။
ကျေးဇူးပြု၍ အလုပ်သတိပေးချက်စာမျက်နှာတွင် သင့်အလုပ်သတိပေးချက်ကိုပြင်ပြီး ထပ်မံကြိုးစားပါ။
1915 Burma House
ဗိုလ်တထောင် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
11 Nov 2026
Restaurant နှင့် ပတ်ဝန်းကျင်ရှိ လုံခြုံရေးအခြေအနေများကို စောင့်ကြည့်ထိန်းသိမ်းရမည်။ ဧည့်သည်များ ဝင်ထွက်မှုကို စနစ်တကျ ကြီးကြပ်ပေးရမည်။ Restaurant အတွင်းနှင့် အပြင်ပိုင်းရှိ ပစ္စည်းဥစ္စာများကို လုံခြုံစွာ ထိန်းသိမ်းပေးရမည်။ ကားပါကင်နှင့် ဧည့်သည်များ၏ ယာဉ်ဝင်ထွက်မှုကို လိုအပ်သလို ကူညီကြီးကြပ်ပေးရမည်။ မသင်္ကာဖွယ်ရာ အခြေအနေများနှင့် လုံခြုံရေးဆိုင်ရာ ပြဿနာများကို သက်ဆိုင်ရာ Supervisor ထံ ချက်ချင်း သတင်းပို့ရမည်။ အရေးပေါ်အခြေအနေများတွင် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်။ လုပ်ငန်းခွင်အတွင်း စည်းကမ်းရှိစွာ တာဝန်ထမ်းဆောင်ရမည်။
အကျိုးအမြတ်: .
တင်သောနေ့: 11 Nov 2026
Myanma Apex Bank (MAB) Ltd
07 Oct 2026
ဘဏ်အတွင်းနှင့် အပြင်ဘက်နေရာများ လုံခြုံရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်။ ဘဏ်သို့လာရောက်သော ဧည့်သည်များနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို အစဉ်ဂရုပြု ဆောင်ရွက်နေရမည်။ ဘဏ်သို့လာရောက်သော ဧည့်သည်များအား စစ်ဆေးခြင်း နှင့် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ရမည်။ ဘဏ်သို့လာသော ဧည့်သည့်များ စီးနှင်လာသည့် ယာဉ်များထားရန် နေရာချပေးခြင်း နှင့် ဂရုတစိုက်စောင့်ကြည့်ခြင်းများ ဆောင်ရွက်ရမည်။ ဧည့်သည်များကို ဖော်ရွေစွာ ကြိုဆိုနှုတ်ဆက်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရမည်။ ဘဏ်မှ အခါအားလျှော်စွာ ပေးအပ်လာသောတာဝန်များကို လိုက်နာဆောင်ရွက်ရမည်။
အကျိုးအမြတ်: - အချိန်ပိုကြေး - Uniform Provide - လိုအပ်သည့် သင်တန်းပေးခြင်း
တင်သောနေ့: 07 Oct 2026
AYA SOMPO Insurance
21 Sep 2026
- Customer နှင့် ဝန်ထမ်းများအား ကြိုဆိုနှုတ်ဆက်ခြင်း၊ - ကားပါကင် စနစ်တကျနေရာချထားခြင်းနှင့် လုံခြုံရေးစောင့်ကြည့်ခြင်း - လူနှင့်ယာဉ်အဝင် / အထွက်များအား စစ်ဆေးကြည့်ရှုခြင်း။ - လုပ်ငန်းခွင်အတွင်း ပစ္စည်းများ ပျက်စီး၊ပျောက်ဆုံးမှု မဖြစ်စေရေး တာဝန်ယူစောင့်ကြည့်ခြင်း - လုပ်ငန်းခွင်အတွင်း မည်သည့်အန္တာရယ်မှ မဖြစ်ပေါ်စေရေး စောင့်ကြပ်ကြည့်ရှုခြင်း
အကျိုးအမြတ်: လစာ လမ်းစရိတ် ရှားပါးစရိတ်ထောက်ပံ့ကြေး နေထိုင်စရိတ်ထောက်ပံ့ကြေး လုံလောက်သော နားရက်ရရှိခြင်း Uniform ပေးခြင်း လစာတိုးခံစားခွင့် ဘောနပ် ခံစားခွ
တင်သောနေ့: 21 Sep 2026
Mandala Company Limited
04 Nov 2026
ရုံးခန်း၊ အခန်းများ နေ့စဉ်သန့်ရှင်းရေးလုပ်ဆောင်ရမည်။ စားသောက်ခန်း၊ အိမ်သာများကို သန့်ရှင်းစွာ ထားရှိရမည်။ အမှိုက်များကို စနစ်တကျ စွန့်ပစ်ရမည်။ သန့်ရှင်းရေးပစ္စည်းများကို စနစ်တကျ အသုံးပြုနိုင်သူဖြစ်ရမည်။
အကျိုးအမြတ်: လစဉ်မွေးနေ့ပြုလုပ်ပေးခြင်း အလုပ်လုပ်နိုင်မှုပေါ်မူတည်၍ လစာတိုးပေးခြင်း
တင်သောနေ့: 04 Nov 2026
Mandarin Hotel Yangon
လှိုင်သာယာ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
17 Nov 2026
Company ၏ လုံခြုံရေးပိုင်းကို တာဝန်ယူစောင့်ရှောက်ရန် Office / Shop / Warehouse အဝင်အထွက်များကို စစ်ဆေးထိန်းချုပ်ရန် Visitors များအား မှတ်တမ်းတင်ပြီး လိုအပ်သလို လမ်းညွှန်ပေးရန် Company ပိုင်ပစ္စည်းများ လုံခြုံမှုရှိစေရန် စောင့်ကြည့်ရန် CCTV / Alarm System များကို စစ်ဆေးအသုံးပြုနိုင်ရန် အရေးပေါ်အခြေအနေများ ဖြစ်ပွားပါက ချက်ချင်း Report တင်ရန် Duty Schedule အတိုင်း နေ့/ည Shift ဖြင့် တာဝန်ထမ်းဆောင်နိုင်ရန် Company စည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်
တင်သောနေ့: 17 Nov 2026
Eain Taw Oo Security Service Co.,Ltd.
06 Nov 2026
တင်သောနေ့: 06 Nov 2026
Nutribay Limited
တောင်ဥက္ကလာ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
05 Nov 2026
ဆေးခန်းအတွင်းနှင့် အပြင်ပတ်ဝန်းကျင် လုံခြုံရေးကို စောင့်ကြည့်ထိန်းသိမ်းပေးရမည်။ ဆေးခန်းသို့ ဝင်ထွက်သွားလာသူများကို စစ်ဆေးကြည့်ရှုရမည်။ ဆေးခန်းပိုင်ပစ္စည်းများနှင့် အဆောက်အအုံများ လုံခြုံမှုရှိစေရန် စောင့်ရှောက်ရမည်။ လုံခြုံရေးဆိုင်ရာ ပြဿနာများနှင့် မသင်္ကာဖွယ်အခြေအနေများကို တာဝန်ရှိသူထံ အချိန်မီ သတင်းပို့ရမည်။ သတ်မှတ်ထားသော စည်းကမ်းများနှင့် လုံခြုံရေးလုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရမည်။
တင်သောနေ့: 05 Nov 2026
Win Brothers Group of Companies Limited
31 Oct 2026
လုံခြုံရေးလုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။ တာဝန်ယူမှုရှိပြီး ရိုးသား၊ ကြိုးစားသူဖြစ်ရမည်။ ကျန်းမာရေးကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်ရမည်။ စည်းကမ်းလိုက်နာနိုင်သူ ဖြစ်ရမည်။
အကျိုးအမြတ်: Rewards for over performance
တင်သောနေ့: 31 Oct 2026
JPZ Company Limited
အင်းစိန် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
29 Oct 2026
Company ၏ လုံခြုံရေးပိုင်းကို တာဝန်ယူစောင့်ရှောက်ရန် အဝင်အထွက်များကို စစ်ဆေးထိန်းချုပ်ရန် Company ပိုင်ပစ္စည်းများ လုံခြုံမှုရှိစေရန် စောင့်ကြည့်ရန် CCTV များကို စစ်ဆေးအသုံးပြုနိုင်ရန် အရေးပေါ်အခြေအနေများ ဖြစ်ပွားပါက ချက်ချင်း Report တင်ရန် Duty Schedule အတိုင်း နေ့/ည Shift ဖြင့် တာဝန်ထမ်းဆောင်နိုင်ရန် Company စည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်
တင်သောနေ့: 29 Oct 2026
MPA International School
ဗဟန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
MPA International School တွင် ကျောင်းဝင်းအတွင်းရှိ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းပိုင်ပစ္စည်းများ၏ လုံခြုံရေးနှင့် ဘေးကင်းလုံခြုံမှုကို ထိရောက်စွာ စီမံကြီးကြပ်နိုင်ရန်အတွက် Head of Security Department (လုံခြုံရေးဌာနမှူး) ရာထူးအတွက် အရည်အချင်းပြည့်မီသူများကို ခေါ်ယူလျက်ရှိပါသည်။ • ကျောင်း၏ လုံခြုံရေးဌာနတစ်ခုလုံးကို ဦးဆောင်စီမံခန့်ခွဲပြီး နှစ်စဉ်လုပ်ငန်းအစီအစဉ်၊ ဌာနဆိုင်ရာ ရည်မှန်းချက်များနှင့် လုံခြုံရေးစံနှုန်းများကို ရေးဆွဲအကောင်အထည်ဖော်ခြင်း။ • လုံခြုံရေးဝန်ထမ်းအင်အား၊ ဌာနဖွဲ့စည်းပုံ၊ Duty Roster၊ Shift Schedule နှင့် တာဝန်ခွဲဝေမှုများကို စီမံကြီးကြပ်ပြီး လိုအပ်သော ဝန်ထမ်းခန့်အပ်မှုများကို Management ထံ အကြံပြုတင်ပြခြင်း။ • Security Rules & Regulations၊ SOPs နှင့် Emergency Response Procedures များကို ရေးဆွဲပြန်လည်သုံးသပ်ခြင်း၊ Management ၏ အတည်ပြုချက်ဖြင့် အကောင်အထည်ဖော်ခြင်းနှင့် လိုက်နာမှုရှိ/မရှိ စစ်ဆေးကြီးကြပ်ခြင်း။ • ကျောင်းဝင်းအတွင်းနှင့် ပတ်ဝန်းကျင်ရှိ လုံခြုံရေးအန္တရာယ်များကို သုံးသပ်အကဲဖြတ်၍ ကာကွယ်တားဆီးရေးနှင့် အန္တရာယ်လျှော့ချရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း။ • ကျောင်းဝင်/ထွက်ပေါက်များ၊ ကျောင်းသား၊ ဝန်ထမ်း၊ မိဘ၊ ဧည့်သည်၊ Contractor နှင့် ယာဉ်များ၏ ဝင်ထွက်မှုကို စနစ်တကျ ထိန်းချုပ်ကြီးကြပ်ခြင်း။ • CCTV၊ Security Alarm၊ Access Control နှင့် အခြားလုံခြုံရေးစနစ်များ၏ ထိရောက်မှုကို စစ်ဆေးကြီးကြပ်ပြီး လိုအပ်သော ပြုပြင်တိုးတက်မှုများကို စီမံဆောင်ရွက်ခြင်း။ • ခိုးမှု၊ ပျောက်ဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် အခြားလုံခြုံရေးဖြစ်စဉ်များကို ကိုင်တွယ်ဖြေရှင်းခြင်း၊ လိုအပ်ပါက စုံစမ်းစစ်ဆေးခြင်းနှင့် Incident Reports များကို Management ထံ အချိန်မီ တင်ပြခြင်း။ • Fire Safety၊ Emergency Evacuation၊ Lockdown နှင့် အခြားအရေးပေါ်တုံ့ပြန်ရေးအစီအစဉ်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းစီမံဆောင်ရွက်ခြင်း။ • Security Team ၏ လုပ်ဆောင်ရည်၊ စည်းကမ်း၊ Professional Conduct နှင့် လုပ်ငန်းဆောင်ရွက်မှုစံနှုန်းများကို အကဲဖြတ်ကြီးကြပ်ပြီး လိုအပ်သော Training၊ Briefing နှင့် Performance Improvement များကို စီစဉ်ဆောင်ရွက်ခြင်း။ • ကျောင်းပွဲများ၊ Parent-Teacher Meetings၊ Examinations၊ Graduation၊ ကျောင်းဘတ်စ်ကားနှင့် Ferry Area၊ Parking Area တို့အတွက် လုံခြုံရေးအစီအစဉ်များကို ကြိုတင်ရေးဆွဲ၍ ကြီးကြပ်ဆောင်ရွက်ခြင်း။ • HR၊ Administration၊ Health & Safety၊ Operations နှင့် အခြားသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ခြင်း။ • လုံခြုံရေးဌာန၏ လုပ်ဆောင်ရည်၊ ဝန်ထမ်းအင်အား၊ ဖြစ်စဉ်များ၊ အန္တရာယ်များ၊ လေ့ကျင့်သင်ကြားမှုနှင့် ဘတ်ဂျက်/အရင်းအမြစ်လိုအပ်ချက်များကို ပုံမှန်သုံးသပ်၍ Management ထံ အစီရင်ခံတင်ပြခြင်း။ • ပေးအပ်ထားသော လုပ်ပိုင်ခွင့်အတွင်း လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ခြင်း၊ လုပ်ပိုင်ခွင့်ကျော်လွန်သော ကိစ္စရပ်များအတွက် Management ၏ အတည်ပြုချက်ရယူခြင်းနှင့် အခြားသက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ခြင်း။
အကျိုးအမြတ်: နေ့လည်စာ ကော်ဖီ ခရီးစရိတ် အချိန်ပိုကြေး ဘောနပ်စ်
Heaven Melody Co.,Ltd
ဒေါပုံ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
29 Sep 2026
တင်သောနေ့: 29 Sep 2026
SiSein Creative Agency
ကြည့်မြင်တိုင် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
25 Sep 2026
တင်သောနေ့: 25 Sep 2026
Green Indo Myanmar
သာကေတ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
စက်ရုံ၊ ရုံး၊ ဂိုဒေါင်နှင့် လုပ်ငန်းဝင်းအတွင်း လုံခြုံရေးအခြေအနေများကို စောင့်ကြည့်ရန်။ CCTV နှင့် ဝင်ထွက်ခွင့်ထိန်းချုပ်မှုစနစ်များကို ကြီးကြပ်စောင့်ကြည့်ရန်။ လုံခြုံရေးစစ်ဆေးမှုများကို ပုံမှန်ဆောင်ရွက်ရန်။ လုံခြုံရေးနှင့်သက်ဆိုင်သော ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံတင်ပြရန်။ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ရန်။ နေ့စဉ်နှင့် လစဉ် လုံခြုံရေးအစီရင်ခံစာများကို သက်ဆိုင်ရာအုပ်ချုပ်မှုအဖွဲ့ထံ တင်ပြရန်။
အကျိုးအမြတ်: စွမ်းဆောင်ရည်အတွက် ဆုလာဘ်များ အချိန်ပိုကြေး တစ်ပတ်တစ်ရက်ပိတ်ရက်
CHANNEL-5
ကမာရွတ် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
16 Nov 2026
၁။ လုံခြုံရေးတာဝန်မရှိပါက သန့်ရှင်းရေးလုပ်ရမည်။ ၂။ နေ့စဥ် လူအဝင်အထွက်၊ယာဥ်အဝင်အထွက် စာရင်းများမှတ်ရမည်။ တစ်နေ့တာလုပ်ဆောင်ချက်အား မြန်မာလို ကောင်းမွန် စွာရေး၍တင်ပြနိုင်ရမည်။ ၃။ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရုံးဌာနများပစ္စည်းများအား ပျက်စီးရှုံးဆုံးမှု မဖြစ်ပွားစေရန် ဂရုတစိုက် စစ်ဆေးလှည့်လည်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။ ၄။ လက်ကိုင်ဖုန်းကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။ ၅။ အလုပ်ချိန်တွင်းချမှတ်ထားသည့်စည်းကမ်းလိုက်နာနိုင်ရမည်။ ၆။ သတ်မှတ်ထားသောမြို့နယ်တွင် တာဝန်ထမ်းဆောင်နိုင်ရမည်။
အကျိုးအမြတ်: ခေါင်းဆောင်ဖြစ်လာပါက လစာ ၇ သိန်းအထက်ရရှိနိုင်ပါသည် - အစမ်းခန့်လစာ - ၄၀၀,၀၀၀ ကျပ် - အတည်ခန့်လစာ - ၅၀၀,၀၀၀ ကျပ် - Uniform, accessories များရမည်
တင်သောနေ့: 16 Nov 2026
Super Shine Trading Co.,Ltd
တာမွေ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
14 Nov 2026
Supermarket အတွင်း/အပြင် လုံခြုံရေးအခြေအနေများကို စောင့်ကြည့်ရန်။ လုပ်ငန်းလိုအပ်ချက်အရ ကင်းလှည့်စစ်ဆေးခြင်းနှင့် တာဝန်လွှဲပြောင်းခြင်းအတွက် သတ်မှတ်ထားသော ပုံစံစာရွက်များနှင့် သက်ဆိုင်ရာတာဝန်ခံများကို Report တင်နိုင် ရမည်။ ဆိုင်လုံခြုံရေးနှင့် ဆိုင်ဝန်ထမ်းများ၏ လုံခြုံရေးဆိုင်ရာတာဝန်များကို လုပ်ဆောင် ရမည်။ Supermarket အတွင်း/ အပြင် ခိုးယူမှု နှင့် မတော်တဆမှုများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရန်။ Visitor, Supplier Checking & Gate Control လုပ်နိုင်ရမည်။ လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များနှင့် ဖြစ်ပေါ်လာသော ပြဿနာများကို သက်ဆိုင်ရာတာဝန်ခံထံ အချိန်မီ သတင်းပို့ရန်။
အကျိုးအမြတ်: Morning shift & Evening shift Off days : one day per week ရက်မှန်ကြေး။
တင်သောနေ့: 14 Nov 2026
NRF(No Replacements Found) Co.,Ltd
ရန်ကင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
13 Nov 2026
ဆိုင်အတွင်းနှင့် အပြင်ဘက် ပတ်ဝန်းကျင်ကို အမြဲတမ်း စောင့်ကြပ်ကြည့်ရှုခြင်းဖြင့် ဆိုင်လုံခြုံရေးကို အပြည့်အဝ တာဝန်ယူဆောင်ရွက်ရန်။ ဆိုင်သို့ လာရောက်ကြသော Customer များကို လေးစားယဉ်ကျေးစွာ နှုတ်ဆက်ဧည့်ခံခြင်းနှင့် လိုအပ်ပါက ကားပါကင် သို့မဟုတ် ဝင်/ထွက်ပေါက်နေရာများတွင် ကူညီလမ်းပြပေးရန်။ ဆိုင်အတွင်း သံသယဖြစ်ဖွယ် အခြေအနေများ သို့မဟုတ် မူမမှန်မှုများ ရှိမရှိ စောင့်ကြည့်စစ်ဆေးပြီး လိုအပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်မီ တင်ပြတားဆီးရန်။ ဆိုင်ဖွင့်ချိန်နှင့် ပိတ်ချိန်များတွင် ဆိုင်တံခါးများ၊ လုံခြုံရေးစနစ်များနှင့် CCTV များကို စနစ်တကျ စစ်ဆေးပိတ်ို့ဆောင်ရွက်ရန်။ ဆိုင်၏ စည်းကမ်းချက်များနှင့် လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန်။
အကျိုးအမြတ်: -ခရီးစားရိတ် -ရက်မှန်ကြေး
တင်သောနေ့: 13 Nov 2026
Myanmar Technology Gateway
မရမ်းကုန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
12 Nov 2026
မရမ်းကုန်း၊ Yangonတွင်ရှိသော Full Time လုံခြုံရေးဝန်ထမ်းရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး။
အကျိုးအမြတ်: အခြေခံလစာ + ရာထူးအလိုက်ခံစားခွင့် + ရက်မှန်ကြေး + လမ်းစရိတ်
တင်သောနေ့: 12 Nov 2026
United Vision Eye Care Center
ဗဟန်းမြို့နယ်တွင် တာဝန်ထမ်းဆောင်ရန် ညစောင့်လုံခြုံရေး ကျား (1) ဦးအလိုရှိပါတယ်
အကျိုးအမြတ်: -အဆောင်နေချင်ရင် အဆောင်ပေးမည် အဆောင်နေပါက စားဖို့ ဆန်နဲ့ ဆီ ရမည် အသွားအပြန်လုပ်မယ်ဆိုလည်း လျှောက်ထားလို့ ရပါတယ်
Shwe Moe Pwint Aye Co,Ltd
09 Nov 2026
တာမွေ၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် လုံခြုံရေးဝန်ထမ်း ရာထူး 3 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံမရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
အကျိုးအမြတ်: နေ၊ စား ငြိမ်း
တင်သောနေ့: 09 Nov 2026
Excellent Fortune Development Group
လှိုင် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
အဓိကတာဝန်များ လုံခြုံရေးဝန်ထမ်းများ၏ နေ့စဉ်လုပ်ငန်းစဉ်နှင့် တာဝန်ကျစာရင်း များအား စီမံကြီးကြပ်ရန်။ ကုမ္ပဏီအတွင်း ဝင်/ထွက်မှုများနှင့် လုံခြုံရေးစနစ်များ (CCTV, Access Control) ကို စနစ်တကျ စစ်ဆေးရန်။ မီးဘေးနှင့် အရေးပေါ်အခြေအနေများအား ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရန်။ နေ့စဉ်/လစဉ် အစီရင်ခံစာ (ဖြစ်ရပ်အစီရင်ခံစာ) များ ရေးသားတင်ပြရန်။ ဝန်ထမ်းများအား စည်းကမ်းပိုင်းဆိုင်ရာနှင့် လုံခြုံရေးသင်တန်းများ လမ်းညွှန်ပေးရန်။
အကျိုးအမြတ်: စွမ်းဆောင်ရည်အတွက်ဆုလာဘ်များ အလှည့်ကျ တာဝန် ကျန်းမာရေးအာမခံ Meal Provided
အဓိကတာဝန်များ တာဝန်ချိန်အတိုင်း လုံခြုံရေးတာဝန်များကို စနစ်တကျ ထမ်းဆောင်ရမည်။ မော်တော်ယာဉ်၊ ဝန်ထမ်း၊ ဧည့်သည်နှင့် ပစ္စည်း အဝင်အထွက်များကို မှတ်တမ်းတင် စစ်ဆေးရမည်။ ထူးခြားဖြစ်စဉ်များအား သက်ဆိုင်ရာ တာဝန်ရှိသူထံ အချိန်မီ သတင်းပို့ရမည်။ ဧည့်သည်များအား သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ လိုအပ်သလို ကူညီပို့ဆောင်ရမည်။ ရုံးပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် လုံခြုံရေးအသိကို အမြဲဂရုပြု ဆောင်ရွက်ရမည်။ ကုမ္ပဏီ၏ စည်းမျဉ်းများ၊ Report နှင့် ISO Standard များကို မှန်ကန်စွာ လိုက်နာရမည်။
Best Guiding Star Co Ltd
14 Oct 2026
ဆောက်လုပ်ရေးဆိုဒ်လုံခြုံရေးကို တာဝန်ယူနိုင်ရမည်။ ညဆိုင်းဆင်းနိုင်သူဖြစ်ရမည်။ လုံခြုံရေးအတွေ့အကြုံ ဦးစားပေးမည်။
အကျိုးအမြတ်: လစာ + အချိန်ပိုကြေး အလုပ်ပိတ်ရက် - တစ်ပတ် (၁) ရက် အလုပ်ချိန် - ညနေ (၅) နာရီ မှ မနက် (၈) နာရီ OT (2)နာရီပေးသည်။
တင်သောနေ့: 14 Oct 2026
Royal Care Plus Co.,Ltd
05 Oct 2026
အသက် ၅၀ နှစ်အောက်ဖြစ်ရမည်။ လုံခြုံရေးအလုပ်အတွေ့အကြုံ ၁ နှစ်ရှိရမည်။ အရက်၊ ကွမ်း၊ ဆေးလိပ် မသုံးစွဲတတ်သူဖြစ်ရမည်။ လူမှုဆက်ဆံရေးပြေပြစ်ကောင်းမွန်ရမည်။
အကျိုးအမြတ်: - အခြေခံလစာ - ခရီးစရိတ်
တင်သောနေ့: 05 Oct 2026
MPT - Myanma Posts & Telecommunications
ကျောက်တံတား | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
28 Sep 2026
ကျောက်တံတားမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်၊ Yangonတွင်ရှိသော လုံခြုံရေးဝန်ထမ်း (နေ့စား) Contract ရာထူးနေရာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - Entry Level နှင့် Monthly လစာပေးမည်။ (နေ့ည တစ်လှည့်စီ အဆိုင်းစနစ်ဖြင့် တာဝန်ထမ်းဆောင်ရပါမည်။ အားလပ်ရက်များနှင့် အများပြည်သူရုံးပိတ်ရက်များတွင်လည်း တာဝန်ထမ်းဆောင်နိုင်ရမည်။) ရုံးဝင်း၊ အဆောက်အအုံ၊ ပစ္စည်းများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို စောင့်ကြပ်ပေးခြင်း။ ဝင်ထွက်သူများ၊ ဧည့်သည်များ၊ ယာဉ်များနှင့် ပစ္စည်းများကို သတ်မှတ်ထားသော လုံခြုံရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးခြင်း။ ဧည့်သည်များ၏ အချက်အလက်များကို မှတ်တမ်းတင်ပြီး သက်ဆိုင်ရာဌာနသို့ အသိပေးခြင်း။ CCTV နှင့် အခြားလုံခြုံရေးကိရိယာများကို စောင့်ကြည့်ပေးခြင်း။ အလှည့်ကျလုံခြုံရေး လှည့်လည်စစ်ဆေးခြင်းနှင့် မမှန်ကန်သော လှုပ်ရှားမှုများ၊ ပျက်စီးမှု များ၊ အန္တရာယ်ရှိနိုင်သော အခြေအနေများကို တင်ပြအစီရင်ခံခြင်း။ မီးဘေးအန္တရာယ်၊ ခိုးယူမှု၊ ရန်ဖြစ်မှု၊ အရေးပေါ်အခြေအနေများဖြစ်ပွားပါက သတ်မှတ် ထားသော Procedure အတိုင်း ဆောင်ရွက်ခြင်း။ လုံခြုံရေးစည်းမျဉ်းများ၊ ဌာန၏မူဝါဒများနှင့် အထက်လူကြီးများ၏ ညွှန်ကြားချက်များကို လိုက်နာခြင်း။ လိုအပ်သည့် အခြားလုံခြုံရေးဆိုင်ရာ တာဝန်များကို ဆောင်ရွက်ခြင်း။
အကျိုးအမြတ်: • နေ့စား လရှင်းစနစ်ဖြင့် လခတွက်ချက်ပေးမည်။ • သတ်မှတ်ချက်နှင့်အညီ အချိန်ပိုကြေးနှင့် ကားခစရိတ်များရရှိမည်။ • တယ်လီဖုန်း sim card အခမဲ့ သုံးစွဲခွင့်
တင်သောနေ့: 28 Sep 2026
Bumble Bee Professionals Co., Ltd
Job Summary Bumble Bee Professionals Co., Ltd အတွက် Mayangone, Yangon တွင် သန့်ရှင်းသပ်ရပ်မှုကို တာဝန်ယူထိန်းသိမ်းမည့် သန့်ရှင်းရေးဝန်ထမ်းအား ခေါ်ယူလျက်ရှိပါသည်။ စည်းကမ်းရှိစွာ လုပ်ကိုင်နိုင်ပြီး အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်နိုင်သူများ လျှောက်ထားနိုင်ပါသည် ● လိုအပ်သည့်အခါ ပစ္စည်းရွှေ့ပြောင်းခြင်းနှင့် ရိုးရှင်းသော အထောက်အကူလုပ်ငန်းများတွင် ကူညီရန် ● လုပ်ငန်းခွင် ဘေးကင်းရေးစည်းကမ်းများနှင့် ကုမ္ပဏီညွှန်ကြားချက်များကို လိုက်နာရန် Key Responsibilities ● ရုံးခန်း၊ အများသုံးနေရာများနှင့် လုပ်ငန်းခွင်များကို နေ့စဉ် သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းရန် ● အမှိုက်စွန့်ပစ်မှု၊ သန့်ရှင်းရေးပစ္စည်းများ စနစ်တကျ အသုံးပြုထိန်းသိမ်းရန် ● အိမ်သာ၊ ရေချိုးခန်းနှင့် အသုံးများသောနေရာများကို သန့်ရှင်းမှု စံနှုန်းအတိုင်း စစ်ဆေးပြုပြင်ရန်
အကျိုးအမြတ်: - ရက်မှန်ကြေး - ခရီးစရိတ် - Uniform - OT - အဆောင်စီစဉ်ပေးပါမည်။ - နားရက် - တစ်ပတ် (၁)ရက်/ -စနေ့၊ တနင်္ဂနွေ၊ အများပြည်သူရုံးပိတ်ရက်။
Gentle Care Co.,Ltd
ဒဂုံမြို့သစ်အရှေ့ပိုင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
Digital Printing နှင့် CNC စက်များကို အသုံးပြု၍ ပစ္စည်းများ ထုတ်လုပ်ခြင်း၊ Printing လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ထုတ်လုပ်ပြီးသော ပစ္စည်းများ၏ အရည်အသွေးကို စစ်ဆေးပေးရမည်ဖြစ်ပါသည်။ Computer Basic အသုံးပြုတတ်ရုံဖြင့် လျှောက်ထားနိုင်ပြီး စက်မောင်းနည်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာများကို ကုမ္ပဏီမှ သင်ကြားပေးမည်ဖြစ်ပါသည်။ - Digital Printing နှင့် CNC စက်များကို သင်ကြားပေးထားသည့် လုပ်ငန်းစဉ်များအတိုင်း အသုံးပြုမောင်းနှင်ရန်။ - Printing နှင့် CNC လုပ်ငန်းများအတွက် Computer အသုံးပြု၍ လိုအပ်သော လုပ်ငန်းများ ဆောင်ရွက်ရန်။ - ထုတ်လုပ်ပြီးသော ပစ္စည်းများ၏ အရေအတွက်နှင့် အရည်အသွေးကို စစ်ဆေးရန်။ - စက်ပစ္စည်းများကို စနစ်တကျ အသုံးပြုပြီး သန့်ရှင်းထိန်းသိမ်းရန်။ - သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်း၍ ထုတ်လုပ်မှုလုပ်ငန်းများကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန်။ - အထက်အရာရှိမှ ပေးအပ်သော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်။
အကျိုးအမြတ်: အရှေ့ဒဂုံစက်မှုဇုန် Monday to Saturday, 8:30 AM to 5:30 PM Ferry provided
My Hill
ဒဂုံ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
Customer များအား အစားအသောက်နှင့် သောက်စရာများ ဝန်ဆောင်မှုပေးရာတွင် ကူညီပေးရမည်။ စားပွဲများ၊ Dining Area များကို သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းပေးရမည်။ Food & Beverage များကို သတ်မှတ်ထားသော နေရာများသို့ ပို့ဆောင်ပေးရမည်။ Waiter နှင့် သက်ဆိုင်ရာ Service Team များအား လိုအပ်သလို ကူညီပေးရမည်။
အကျိုးအမြတ်: Salary + Service Money + Tip Money + Incentive +Transportation Allowance နေ ၊ စား ၊ ငြိမ်း
Safe Paws Pet Clinic & Spa
ဆိုင်အတွင်းနှင့် ဆိုင်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရန် ဆောင်ရွက်ခြင်း။ အိမ်မွေးတိရစ္ဆာန်များ၏ နေထိုင်ရာနေရာများနှင့် လှောင်အိမ်များကို သန့်ရှင်းရေးပြုလုပ်ခြင်း။ အိမ်မွေးတိရစ္ဆာန်များအား အစာနှင့် ရေ ပုံမှန်ကျွေးမွေးပေးခြင်း။ အိမ်မွေးတိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် အပြုအမူများကို သတိပြုစောင့်ကြည့်ခြင်း။ Pet Food၊ Pet Accessories နှင့် အခြားပစ္စည်းများကို စနစ်တကျ စီစဉ်ထားရှိခြင်း။ ပစ္စည်းအဝင်အထွက်များကို ကူညီဆောင်ရွက်ပေးခြင်း။ Customer များအား လိုအပ်သည့်အကူအညီများ ပေးခြင်း။ ဆိုင်၏ နေ့စဉ်လုပ်ငန်းဆောင်တာများတွင် လိုအပ်သလို ကူညီဆောင်ရွက်ခြင်း။ တာဝန်ရှိသူမှ ပေးအပ်သော အခြားလုပ်ငန်းတာဝန်များကို လုပ်ဆောင်ခြင်း။
Green Pest Management Co.,Ltd
Customer များ၏ နေအိမ်၊ အလုပ်ရုံ၊ ဆိုင်ခန်း၊ စက်ရုံများသို့ သွားရောက်၍ ပိုးသတ်ဆေးဖျန်းခြင်းနှင့် ပိုးမွှားထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း။ ဆေးဖျန်းပြီးနောက် လုပ်ငန်းပြီးစီးမှုများအား Supervisor/Operation Manager/Admin Team သို့ တင်ပြခြင်း။ ပေးအပ်သော တာဝန်များအား ကျေပွန်စွာ ဆောင်ရွက်နိုင်ခြင်း။
အကျိုးအမြတ်: - နေစားငြိမ်းစီစဉ်ပေးမည်။ - ယူနီဖောင်း၊ Safety Shoe များပံ့ပိုးပေးမည်။ - ၃ လပြည့်လျှင် လစာတိုးပေးမည်။ - လုပ်ငန်းစွမ်းဆောင်ရည်ပေါ်မူတည်၍ ရာထူးတိုးမည
Unique Paragon Int'l Trading Co.,Ltd.
အလုံ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ရုံးခန်း၊ ဆိုင်၊ Showroom နှင့် သတ်မှတ်ထားသောနေရာများကို နေ့စဉ် သန့်ရှင်းရေးပြုလုပ်ခြင်း။ ကြမ်းပြင်၊ စားပွဲ၊ ထိုင်ခုံ၊ မှန်၊ တံခါးနှင့် ပြတင်းပေါက်များကို သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းခြင်း။ သန့်စင်ခန်း (Toilet) များကို ပုံမှန်သန့်ရှင်းရေးပြုလုပ်ပြီး သန့်ရှင်းမှုရှိစေရန် စစ်ဆေးခြင်း။ အမှိုက်များကို စနစ်တကျ စုဆောင်းပြီး သတ်မှတ်ထားသောနေရာသို့ စွန့်ပစ်ခြင်း။ သန့်ရှင်းရေးသုံးပစ္စည်းများကို စနစ်တကျ အသုံးပြုပြီး လိုအပ်ပါက Admin ဌာနသို့ တင်ပြခြင်း။ ရေ၊ ဆပ်ပြာ၊ Tissue နှင့် အခြားလိုအပ်သောပစ္စည်းများ ပြည့်စုံမှုရှိစေရန် စစ်ဆေးခြင်း။ ရုံးနှင့် ဆိုင်အတွင်းရှိ ပစ္စည်းများကို သပ်ရပ်စွာ စီစဉ်ထားရှိရန် ကူညီခြင်း။ အထက်လူကြီး၏ ညွှန်ကြားချက်အတိုင်း အခြားသန့်ရှင်းရေးဆိုင်ရာ တာဝန်များကို ဆောင်ရွက်ခြင်း။ လုပ်ငန်းခွင်အတွင်း သန့်ရှင်းရေး၊ လုံခြုံရေးနှင့် စည်းကမ်းများကို လိုက်နာခြင်း။