English
နောက်ထပ်အလုပ်ကမ်းလှမ်းချက်များရယူပါ
ယခု App ကိုဒေါင်းလုပ်ဆွဲပါ!
စစ်၍ကြည့်သည်:
အလုပ်အမျိုးအစား
တည်နေရာ
လုပ်ငန်းအမျိုးအစား
လုပ်သက်အဆင့်
ဆုများ
အနိမ့်ဆုံး လစာ
Repat / Expat
14 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
အလုပ် 14 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
စဉ်၍ကြည့်သည်
စဉ်၍ကြည့်သည်:
နောက်ထပ်အလားတူအလုပ်များ တင်သောအခါ သင့်အားအကြောင်းကြားပါလိမ့်မည်။
ကျေးဇူးပြု၍ အလုပ်သတိပေးချက်စာမျက်နှာတွင် သင့်အလုပ်သတိပေးချက်ကိုပြင်ပြီး ထပ်မံကြိုးစားပါ။
Shwe Ywar Ngan
ရွာငံ | ရှမ်းပြည်နယ် ရှမ်းပြည်နယ်
29 Sep 2026
TikTok, Facebook, Messenger, Viber နှင့် Phone Call များမှ Customer များ၏ Inquiry များကို လျင်မြန်ပြီး ယဉ်ကျေးစွာ ဖြေကြားပေးရမည်။ Customer များ၏ မေးမြန်းချက်များ၊ လိုအပ်ချက်များနှင့် Product/Service အကြောင်းအရာများကို သေချာစွာ ရှင်းပြပေးရမည်။ Daily Outbound Calls များ ပြုလုပ်၍ Customer များနှင့် ဆက်သွယ်ပေးရမည်။ Customer များအား Follow-up ပြုလုပ်ပြီး Sales Process ကို ဆက်လက်ဆောင်ရွက်ပေးရမည်။ Customer များနှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်၍ Customer Service ကောင်းမွန်စွာ ပေးနိုင်ရမည်။ ရရှိလာသော Customer Information နှင့် Sales/Follow-up အချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်ထားရမည်။ သတ်မှတ်ထားသော Daily/Monthly Sales Target များကို ကြိုးစားပြည့်မီအောင် ဆောင်ရွက်ရမည်။ Team နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး လိုအပ်သည့် လုပ်ငန်းတာဝန်များကို တာဝန်ယူဆောင်ရွက်နိုင်ရမည်။
အကျိုးအမြတ်: နေစရာအဆောင် စီစဉ်ပေးသည်။
တင်သောနေ့: 29 Sep 2026
Ko Kyaw Win-Construction materials distribution
လားရှိုး | ရှမ်းပြည်နယ် ရှမ်းပြည်နယ်
12 Nov 2026
ဆိုင်သို့လာရောက်ဝယ်ယူသူများအား၊ ဖော်ရွေစွာကြိုဆိုပြီး၊ ကုန်ပစ္စည်းအချက်အလက်များကို ရှင်းလင်းပြောပြခြင်း. ဖောက်သည်များ၏ လိုအပ်ချက်ကို နားထောင်ပြီး၊ သင့်လျော်သောကုန်ပစ္စည်းများကို အကြံပြုရောင်းချပေးခြင်း. POS Software ဖြင့် အရောင်းဘောက်ချာများကို တိကျမှန်ကန်စွာထုတ်ပေးခြင်း. နေ့စဉ်အရောင်းစာရင်းများကို စာရင်းဇယားစနစ်တကျပြုစုပြီးသက်ဆိုင်ရာဌာနသို့ နေ့စဉ်တင်ပြခြင်း. ကုန်ပစ္စည်းပေးပို့ခြင်း (Delivery) နှင့် ငွေပေးချေမှု (Payment) ကိစ္စရပ်များတွင် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း.
အကျိုးအမြတ်: SALARY+ATTENDANCE BONUS+PERFORMANCE BONUS (Lunch Provided)
တင်သောနေ့: 12 Nov 2026
ဂိုဒေါင်ဝန်ထမ်းများ၏အလုပ်တာဝန်များကို စီမံခန့်ခွဲပေးရမည်။ ပစ္စည်းအဝင်/အထွက်များတိကျမှန်ကန်မှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ရ မည်။ ကုန်တင်/ကုန်ချခြင်းလုပ်ငန်းစဉ်များကို အချိန်မီပြီးမြောက်နိုင်စေရန်စီစဉ်ဆောင်ရွက်ရမည်။ ကုန်ပစ္စည်းများစနစ်တကျထားသိုရန်စီစဉ်ဆောင်ရွက်ရမည်။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊သန့်ရှင်းရေး နှင့် လုံခြုံရေးကိုကြီးကြပ်ထိန်းသိမ်းရမည်။
အကျိုးအမြတ်: SALARY + ATTENDANCE BONUS + PERFORMANCE BONUS Lunch Provided
Fairy Land
ကလော | ရှမ်းပြည်နယ် ရှမ်းပြည်နယ်
10 Nov 2026
အေးချမ်းသာယာလှပတဲ့ ကလောမြို့လေးမှာရှိတဲ့ Fairyland Kalaw မှာ ကျွန်ုပ်တို့နဲ့အတူ လက်တွဲလုပ်ကိုင်မယ့် လုပ်ဖော်ကိုင်ဖက်တွေကို ရှာဖွေနေပါတယ်။ ရာထူးအမည် - Housekeeper (၂ ဦး) • Reception ကောင်တာ၊ ဧည့်ကြိုခန်းမ၊ ရုံးခန်း (Office)၊ စားသောက်ဆိုင် (Restaurant) အတွင်း၊ အပြင် နှင့် စားသောက်ဆောင်ဝန်းကျင်များကို သန့်ရှင်းသပ်ရပ်အောင်ဆောင်ရွက်ပေးရန်။ • သတ်မှတ်ထားသော အချိန်ဇယားအတိုင်း Reception/Office နှင့် Restaurant အပိုင်းများကို ဝန်ထမ်း အလှည့်ကျ ညှိနှိုင်းတာဝန်ယူ ဆောင်ရွက်ပေးရန်။
အကျိုးအမြတ်: • နေစားစရိတ်ငြိမ်း • အချိန်ပိုကြေး (OT) • နားရက် ၁ပတ် ၁ရက် • လုပ်ငန်းမှ သတ်မှတ်ထားသော အခြားခံစားခွင့်များ
တင်သောနေ့: 10 Nov 2026
အေးချမ်းသာယာတဲ့ ကလောမြို့မှာရှိတဲ့ Fairyland မှာကျွန်ုပ်တို့နဲ့အတူလက်တွဲပြီး အလုပ်လုပ်ကိုင်မယ့် လုပ်ဖော် ကိုင်ဖက်(စားပွဲထိုး - Waiter) တွေ ရှာဖွေနေပါတယ်။ • ရာထူးအမည် (Job Title) - Waiter ( ၃ ဦး ) • ဌာန (Department) - F&B / Service ဌာန • အလုပ်အမျိုးအစား (Employment Type) - Full-time • တိုက်ရိုက်အစီရင်ခံရမည့်သူ (Reporting To) - Supervisor • အလုပ်ချိန် (Working Hours & Days) - ရာသီချိန်များ၌ နံနက် ၆ - ၀၀ နာရီခန့်မှစ၍ သတ်မှတ်အချိန် ဇယားများတွင် ဝင်ရောက်ဆင်းပေးနိုင်ရမည်။ ( အချိန်ပိုကြေးပေးမည်) • ဧည့်သည်များကို ဖော်ရွေပျူငှာစွာ ကြိုဆိုခြင်း၊ မီနူးစာအုပ်များ ပေးအပ်ခြင်းနှင့် အစားအသောက်/အချိုရည် မှာယူမှုများကို မှန်ကန်စွာ လက်ခံဆောင်ရွက်ခြင်း။ • မှာယူထားသော အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာဖြင့် စားပွဲများဆီသို့ အချိန်မီ ပို့ဆောင်ဝန်ဆောင်မှုပေးခြင်း။ • စားပွဲခုံများ၊ ပတ်ဝန်းကျင်နေရာများနှင့် စားသောက်ဆိုင်အတွင်းပိုင်း သန့်ရှင်းသပ်ရပ်မှုရှိစေရန် အမြဲတမ်း စစ်ဆေးရှင်းလင်းခြင်း။ • ဧည့်သည်များ၏ လိုအပ်ချက်များကို အမြန်ဆုံးနှင့် အကောင်းဆုံး တုံ့ပြန်ဆောင်ရွက်ပေးခြင်း။ • လုပ်ငန်းလိုအပ်ချက်အရ အချိန်ပို (OT) ဆင်းပေးနိုင်ခြင်း။
အကျိုးအမြတ်: • နားရက် - တစ်ပတ် (၁)ရက် • အချိန်ပိုကြေး (OT) • နေစားစရိတ်ငြိမ်း • လုပ်ငန်းမှ သတ်မှတ်ထားသော အခြားခံစားခွင့်များ
အေးချမ်းသာယာတဲ့ ကလောမြို့မှာရှိတဲ့ Fairyland မှာ ကျွန်ုပ်တို့နဲ့အတူ လက်တွဲပြီး အလုပ်လုပ်ကိုင်မယ့် လုပ်ဖော်ကိုင်ဖက် (F&B Supervisor) ရှာဖွေနေပါတယ်။ ဌာန (Department) - F&B / Restaurant ဌာန အလုပ်အမျိုးအစား (Employment Type) - Fulltime တိုက်ရိုက်အစီရင်ခံရမည့်သူ (Reporting To) - Operation Manager • စားသောက်ဆိုင် (Restaurant) နှင့် မီးဖိုချောင်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာများကို အထွေထွေ ကြီးကြပ်ကွပ်ကဲရန်။ • ဝန်ထမ်းများ၏ လုပ်ငန်းခွင် စည်းကမ်း၊ အချိန်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုတို့ကို စစ်ဆေးကြပ်မတ်ရန်။ • ဖောက်သည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းနှင့် ဝန်ဆောင်မှု အရည်အသွေး ကောင်းမွန်စေရန် ဆောင်ရွက်ရန်။ • နေ့စဉ် အရောင်းစာရင်းများနှင့် ပစ္စည်းလက်ကျန်များကို စနစ်တကျ စစ်ဆေးမှတ်တမ်းတင်ရန်။
အကျိုးအမြတ်: • နားရက် ၁ပတ် ၁ရက် • အချိန်ပိုကြေး (OT) • နေစားစရိတ်ငြိမ်း • လုပ်ငန်းမှ သတ်မှတ်ထားသော အခြားခံစားခွင့်များ
09 Nov 2026
ရာထူးအမည် (Job Title) - Fast Food Cook ( ၂ ဦး ) • ဌာန (Department) - F&B / Kitchen ဌာန • အလုပ်အမျိုးအစား (Employment Type) - Full-time (အမြဲတမ်းဝန်ထမ်း) • တိုက်ရိုက်အစီရင်ခံရမည့်သူ (Reporting To) - Operation Manager • Pop corn chicken၊ Crispy popcorn chicken burger၊ Loaded potato၊ Cheese fries နှင့် Spicy fries စသည့် Fast Food မီနူးများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ကျွမ်းကျင်စွာ ချက်ပြုတ်ပြင်ဆင်ရန်။ • မီးဖိုချောင်အတွင်း သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းမှု စည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန်။ • ပစ္စည်းလက်ကျန်များကို စစ်ဆေးခြင်းနှင့် မီးဖိုချောင်သုံး ပစ္စည်းကိရိယာများကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရန်။
အကျိုးအမြတ်: • နေစားစရိတ်ငြိမ်း • အချိန်ပိုကြေး (OT) • နားရက် - တစ်ပတ် (၁)ရက် • လုပ်ငန်းမှ သတ်မှတ်ထားသော အခြားခံစားခွင့်များ
တင်သောနေ့: 09 Nov 2026
အေးချမ်းသာယာတဲ့ ကလောမြို့မှာရှိတဲ့ Fairyland မှာ ကျွန်ုပ်တို့နဲ့အတူ လက်တွဲပြီး အလုပ်လုပ်ကိုင်မယ့် လုပ်ဖော်ကိုင်ဖက် (Purchaser) ကို ရှာဖွေနေပါတယ်။ • ရာထူးအမည် (Job Title) - Purchaser (Receiving) ( ၁ ဦး ) • အလုပ်အမျိုးအစား (Employment Type) - Full-time • တိုက်ရိုက်အစီရင်ခံရမည့်သူ (Reporting To) - Operation Manager • အလုပ်ချိန် (Working Hours & Days) - ပုံမှန်လုပ်ငန်းချိန် Job Description (လုပ်ငန်းတာဝန် အသေးစိတ်) • လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရှာဖွေဝယ်ယူပေးရန်။ • မီးဖိုချောင်သုံး ပစ္စည်းများနှင့် ဝန်ထမ်းစားဖိုဆောင်အတွက် လိုအပ်သော ရိက္ခာများကို အချိန်မီ ဝယ်ယူဖြည့်တင်းပေးရန်။ • ပေးသွင်းသူများထံမှ ဝယ်ယူလာသော ပစ္စည်းများကို အရည်အသွေး၊ အရေအတွက်တို့နှင့် ကိုက်ညီမှုရှိမရှိ စာရင်းတိုက်စစ်ဆေးခြင်း (Receiving & Checking) ကို တိကျစွာ လုပ်ဆောင်ရန်။ • ဝယ်ယူမှုများနှင့်ပတ်သက်သည့် စာရင်းဇယားများကို စနစ်တကျ မှတ်တမ်းတင် ထိန်းသိမ်းရန်။
SSELC PRESCHOOL
မူဆယ် | ရှမ်းပြည်နယ် ရှမ်းပြည်နယ်
23 Oct 2026
ကျွန်ုပ်တို့၏ မိသားစုဝင်အသစ်အဖြစ် ယဉ်ကျေးဖော်ရွေပြီး ကြိုးစားအားထုတ်မှုရှိသော အိမ်ဖော်အကူတစ်ဦးကို လိုအပ်ပါသည်။ အဓိကတာဝန်များ: · အိမ်သန့်ရှင်းရေး လုပ်ငန်းများ (ဖုန်စုပ်၊ ကြမ်းတိုက်၊ အိမ်သာကိုသန့်စင်ခြင်း)။ · ဟင်းချက်ပြုတ်ခြင်းနှင့် အခြေခံထမင်းဟင်းပြင်ဆင်ခြင်း။ · အဝတ်အစားများ လျှော်ဖွပ်ခြင်း၊ ပြင်ဆင်သိမ်းဆည်းခြင်း။ · ဈေးဝယ်ထွက်ရာတွင် အကူအညီပေးခြင်း (သို့) ပေးပို့သည့်အစားအစာများ လက်ခံခြင်း။ · လိုအပ်ပါက ကလေးကြည့်ရှုစောင့်ရှောက်ခြင်း (သို့) သက်ကြီးရွယ်အိုများအား အခြေခံဂရုစိုက်မှုပေးခြင်း။
အကျိုးအမြတ်: (နေ့စဉ် / အိမ်တွင်နေရာရန် နေရာပေးပြီး)
တင်သောနေ့: 23 Oct 2026
ကျွန်ုပ်တို့၏ မူကြိုကျောင်းတွင် ကလေးငယ်များ၏ ပညာရေး၊ စာရိတ္တနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အောက်ပါတာဝန်များကို ထမ်းဆောင်ရန် အတွေ့အကြုံရှိသော မူကြိုဆရာမများကို လိုအပ်နေပါသည် ခင်ဗျား။ # ကလေးငယ်များ၏ ပညာရေးနှင့် ဖွံ့ဖြိုးမှုကို ဦးဆောင်နိုင်ရမည်။ # သင့်တော်သော သင်ကြားမှုနည်းလမ်းများဖြင့် ကလေးများအား အခြေခံစာရေး၊ စာဖတ်၊ သင်္ချာ၊ အနုပညာနှင့် လူမှုရေးစွမ်းရည်များ သင်ကြားပေးနိုင်ရမည်။ # ကစားနည်းများ၊ သီချင်းနှင့် လှုပ်ရှားမှုများဖြင့် သင်ယူမှုကို ပျော်ရွှင်စေရန် ဖန်တီးပေးနိုင်ရမည်။ # လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရမည်။ # ကလေးများ၏ လုံခြုံမှု၊ ကျန်းမာရေးနှင့် သန့်ရှင်းမှုကို အထူးဂရုစိုက်နိုင်ရမည်။ # မိဘများနှင့် ပုံမှန်ဆက်သွယ်ပြီး ကလေး၏ တိုးတက်မှုကို အစီရင်ခံခြင်း၊ ဆွေနွေးတိုင်ပင်ခြင်းများပြုလုပ်နိုင်ရမည်။ # အဖွဲ့လိုက်လုပ်ဆောင်နိုင်စွမ်း ရှိရမည်။ # အခြားဆရာမများ၊ ကျောင်းအုပ်နှင့် ပူးပေါင်းကာ ကျောင်း၏ ပညာရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ခြင်း။
အကျိုးအမြတ်: ပညာအရည်အချင်းနဲ့အတွေ့အကြုံပေါ်မူတည်၍ လစာညှိနှိုင်းပေးမည်။
BEX Beauty
တောင်ကြီး | ရှမ်းပြည်နယ် ရှမ်းပြည်နယ်
28 Sep 2026
တောင်ကြီးမြို့တွင်ရှိသော BEX Company Limited မှ အရောင်းချထားသောဆိုင်တွင်အချိန်ပြည့် Beauty Advisor (Sales Person) ရာထူး ၁နေရာစာ လိုအပ်နေပါသည်။ Beauty Industry ကို စိတ်ပါဝင်စားသူဖြစ်ရမည်။ အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် Beauty Advisor အဖြစ် တာဝန်ထမ်းဆောင်ရမည်။ အလုပ်ချိန် မနက် 9:00 နာရီ မှ ညနေ 6:00 နာရီထိ ဖြစ်သည်။ (မိမိဆင်းမည့် ဆိုင်ပေါ် မူတည်၍ အပြောင်းအလဲအနည်းငယ်ရှိနိုင်သည်။) တစ်ပတ်လျှင် တစ်ရက်ပိတ်သည်။ လစာကို အင်တာဗျူးတွင်ညှိနှိုင်းနိုင်သည်။ (မျှော်မှန်းလစာကို CV Formတွင် ထည့်သွင်းဖော်ပြပေးပါရန်)
အကျိုးအမြတ်: လစဉ် အရောင်းကော်မရှင် လစဉ် အရောင်းဘောနပ်စ် သင်္ကြန် နှင့် သီတင်းကျွတ် အချိန်ပိုကြေး စွမ်းဆောင်ရည်အလိုက် ဆုလာဒ်များ
တင်သောနေ့: 28 Sep 2026
Tun Hospital
24 Sep 2026
Office နေ့စဉ်လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန် Documents များကို စီစဉ်ထိန်းသိမ်းပြီး Filing ပြုလုပ်ရန် Phone Call, Email နှင့် Customer Inquiry များကို ဖြေကြားပေးရန် Data Entry နှင့် Report များ ပြုလုပ်တင်ပြရန် Office Supplies များကို စစ်ဆေးပြီး လိုအပ်သည်များ တင်ပြရန် သက်ဆိုင်ရာ Department များနှင့် ပူးပေါင်းဆောင်ရွက်ရန် Meeting Schedule နှင့် Appointment များ စီစဉ်ပေးရန် Management မှ ပေးအပ်သော တာဝန်များကို အချိန်မီ ဆောင်ရွက်ရန်
အကျိုးအမြတ်: -
တင်သောနေ့: 24 Sep 2026
ဧည့်သည်များကို လက်ခံကြိုဆိုပြီး လိုအပ်သော အချက်အလက်များကို လမ်းညွှန်ပေးခြင်း ဖုန်းခေါ်ဆိုမှုများကို လက်ခံဖြေကြားပြီး သက်ဆိုင်ရာဌာနသို့ ဆက်သွယ်ပေးခြင်း Appointment များကို စီမံခန့်ခွဲခြင်းနှင့် မှတ်တမ်းတင်ခြင်း Incoming / Outgoing mail များကို လက်ခံပို့ဆောင်ပေးခြင်း Office area (Reception area) ကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းခြင်း ဧည့်သည်များနှင့် Customer များ၏ မေးမြန်းချက်များကို သင့်တင့်သလို ဖြေကြားပေးခြင်း Daily report သို့မဟုတ် visitor log များကို မှတ်တမ်းတင်ခြင်း အထက်လူကြီးညွှန်ကြားချက်များအတိုင်း အခြား administrative tasks များကို ကူညီလုပ်ဆောင်ခြင်း
Cashier သည် Customer များထံမှ ငွေများကို လက်ခံခြင်း၊ ငွေပေးချေမှုများကို စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် နေ့စဉ်ငွေစာရင်းများကို တိကျမှန်ကန်စွာ ထိန်းသိမ်းရန် တာဝန်ယူဆောင်ရွက်ရမည့် ရာထူးဖြစ်သည်။ 🔹 အဓိကတာဝန်များ Customer များထံမှ ငွေ (Cash / Mobile Payment / Card) လက်ခံခြင်း Receipt / Invoice များ ထုတ်ပေးခြင်း နေ့စဉ် Cash In / Cash Out စာရင်းများကို မှတ်တမ်းတင်ခြင်း Daily Cash Balance စစ်ဆေးပြီး စာရင်းတင်ပြခြင်း POS System သို့မဟုတ် Accounting Software အသုံးပြု၍ Transaction များ ထည့်သွင်းခြင်း ငွေကြေးများကို လုံခြုံစွာ ထိန်းသိမ်းခြင်း Customer များကို ငွေပေးချေမှုနှင့်ပတ်သက်ပြီး ကူညီရှင်းလင်းပေးခြင်း Finance/Account Team နှင့် ပူးပေါင်း၍ စာရင်းများကို တိကျမှန်ကန်စေရန် ဆောင်ရွက်ခြင်း နေ့စဉ် / အပတ်စဉ် Cash Report များ တင်ပြခြင်း