English
နောက်ထပ်အလုပ်ကမ်းလှမ်းချက်များရယူပါ
ယခု App ကိုဒေါင်းလုပ်ဆွဲပါ!
စစ်၍ကြည့်သည်:
အလုပ်အမျိုးအစား
တည်နေရာ
လုပ်ငန်းအမျိုးအစား
လုပ်သက်အဆင့်
ဆုများ
အနိမ့်ဆုံး လစာ
Repat / Expat
856 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
အလုပ် 856 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
စဉ်၍ကြည့်သည်
စဉ်၍ကြည့်သည်:
နောက်ထပ်အလားတူအလုပ်များ တင်သောအခါ သင့်အားအကြောင်းကြားပါလိမ့်မည်။
ကျေးဇူးပြု၍ အလုပ်သတိပေးချက်စာမျက်နှာတွင် သင့်အလုပ်သတိပေးချက်ကိုပြင်ပြီး ထပ်မံကြိုးစားပါ။
Myan Prime Assurance Company Limited
ကမာရွတ် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
03 Nov 2026
ကမာရွတ်၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် သန့်ရှင်းရေး (သို့မဟုတ် သန့်ရှင်းရေး) ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံမရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
အကျိုးအမြတ်: Attractive salary package
တင်သောနေ့: 03 Nov 2026
RGK+Z&A Group (Zeya & Associates)
21 Oct 2026
ရုံးခန်းအတွင်းအပြင် သန့်ရှင်းရေးလုပ်ရမည်။ သန့်ရှင်းရေးနှင့် ပတ်သပ်သော လုပ်ငန်းအတွေ့အကြုံ နှင့် အခြေခံဗဟုသုတ ရှိသူဖြစ်ရမည်။ လုပ်ငန်းခွင်သုံးသန့်ရှင်းရေးပစ္စည်းများကို သေချာစစ်ဆေး၍ Stock များကိုလည်း သေချာစိစစ် ထားရှိနိုင်ရမည်။ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ရုံးမှသတ်မှတ်ထားသော သန့်ရှင်းရေးစံနှုန်းများနှင့် ကိုက်ညီစွာ ပြင်ဆင်နေထိုင်နိုင်ရန် တာဝန်ယူရမည်။ စည်းကမ်းလိုက်နာပြီး အချိန်မှန်အလုပ်ဆင်းနိုင်ရမည်။ အခြားလိုအပ်သော သန့်ရှင်းရေးတာဝန် များကိုလည်း လိုအပ်ပါက ထမ်းဆောင်ရမည်။
အကျိုးအမြတ်: အချိန်ပိုကြေး
တင်သောနေ့: 21 Oct 2026
Ichor Global Limited Myanmar
11 Nov 2026
လုပ်ငန်းတာဝန် ရည်ရွယ်ချက် လုပ်ငန်းအတွက် စာရွက်စာတမ်းများ ပို့ဆောင်ခြင်း၊ ရုံးမှတ်တမ်းနှင့် ဖိုင်တွဲများ ထိန်းသိမ်းခြင်း၊ ရုံးသုံးပစ္စည်းများ စီမံခြင်းနှင့် ရေ၊ မီးဆိုင်ရာ ကိစ္စများ လိုက်လံဆောင်ရွက်ခြင်း အပါအဝင် အထွေထွေ ရုံးလုပ်ငန်းများကို လုပ်ဆောင်ရမည်။ အဓိကတာဝန်ဝတ္တရားများ - စာများ၊ စာရွက်စာတမ်းများနှင့် ပစ္စည်းများကို သက်ဆိုင်ရာရုံးများသို့ ပို့ဆောင်ပြီး အကြောင်းပြန်စာ၊ ပြေစာ သို့မဟုတ် လက်ခံကြောင်း အထောက်အထားများ ပြန်ယူလာခြင်း။ ရုံးနှင့် ဆိုက်၏ လျှပ်စစ်မီး၊ မီးစက်လောင်စာ၊ ရေ၊ အင်တာနက်နှင့် တယ်လီဖုန်းဆိုင်ရာ ကိစ္စများကို လိုက်လံဆောင်ရွက်ခြင်း၊ ငွေတောင်းခံလွှာများကို အချိန်မီ မှတ်တမ်းတင်ခြင်းနှင့် ချို့ယွင်းချက်များကို သက်ဆိုင်ရာထံ အကြောင်းကြားခြင်း။ ရုံးသုံးစာရေးကိရိယာများ၊ သုံးကုန်ပစ္စည်းများ၊ သန့်ရှင်းရေးပစ္စည်းများနှင့် ဝန်ထမ်းသုံး ပစ္စည်းများကို စီမံခြင်း — လက်ကျန်စစ်ဆေးခြင်း၊ ဝယ်ယူရန် တောင်းခံခြင်းနှင့် ထုတ်ပေးမှုများကို မှတ်တမ်းတင်ခြင်း။ အဝင်/အထွက် စာများ၊ မှတ်စုများ၊ စာချုပ်များ၊ ခွင့်ပြုချက်နှင့် လိုင်စင်များကို စာရွက်နှင့် အီလက်ထရောနစ် ဖိုင်တွဲများဖြင့် မှတ်တမ်းတင် ထိန်းသိမ်းခြင်း၊ အလွယ်တကူ ရှာဖွေနိုင်ပြီး လျှို့ဝှက်စွာ ထိန်းသိမ်းထားခြင်း။ အထွေထွေမန်နေဂျာမှ တာဝန်ပေးသော မိတ္တူကူးခြင်း၊ စကင်ဖတ်ခြင်း၊ ဧည့်သည်လက်ခံခြင်းနှင့် ရုံးသန့်ရှင်းသပ်ရပ်အောင် ထားရှိခြင်း စသည့် အခြား အထွေထွေ ရုံးလုပ်ငန်းများကို ဆောင်ရွက်ခြင်း။
အကျိုးအမြတ်: Enjoyable work environment
တင်သောနေ့: 11 Nov 2026
Mega Ace Cineplex
10 Nov 2026
• ကျောင်းချိန်နှင့် ကျောင်းကိစ္စများ စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်ပေးရန်။ • ဆရာ/ဆရာမများ၏ လစာထုတ်ပေးခြင်းဆိုင်ရာ စာရင်းဇယားများနှင့် လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးရန်။ • ဘဏ်ဆိုင်ရာ ငွေသွင်း/ငွေထုတ်နှင့် အခြား ဘဏ်လုပ်ငန်းစဉ်များကို တာဝန်ယူ ဆောင်ရွက်ပေးရန်။ • နေ့စဉ် ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းများနှင့် Data စာရင်းများကို MS Word, Excel ဖြင့် စနစ်တကျ ပြုစု ထိန်းသိမ်းရန်။ • ရုံး၏ နေ့စဉ် အထွေထွေ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များကို ဝိုင်းဝန်း ကူညီပေးရန်။
အကျိုးအမြတ်: Salary + Attendance Bonus + Phone Bill Allowance
တင်သောနေ့: 10 Nov 2026
Thuriya Win Int'l Co.,Ltd (Nagar Pyan Tea)
-နေ့စဉ် ရုံးတက်ရုံးဆင်း မှတ်တမ်းသွင်းခြင်း၊Over time ၊ ခွင့် ၊ နောက်ကျ/စောပြန် မှတ်တမ်းလုပ်ခြင်း။ -ဝန်ထမ်းခေါ်ယူရေးအတွက် arrangements လုပ်ခြင်း။ -ဝန်ထမ်းများအတွက် သင်တန်းပေးရာတွင် ကူညီဆောင်ရွက်ခြင်း။ -ဝန်ထမ်းများ၏ Personal data များ update ပြုလုပ်ခြင်း။ - ဝန်ထမ်းများ၏ welfare အစဉ်အစဉ်များအတွက် ကူညီဆောင်ရွက်ခြင်း။
အကျိုးအမြတ်: - ယူနီဖောင်း - ကားခ / ဖယ်ရီ - အချိန်ပိုကြေး - နှစ်တိုး
Vantage land Machinery Trading Co.,Ltd
ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ၊ အချက်အလက်များနှင့် မှတ်တမ်းများကို စနစ်တကျ ပြင်ဆင်ထိန်းသိမ်းခြင်း။ နေ့စဉ် ရုံးလုပ်ငန်းဆောင်တာများကို စီမံဆောင်ရွက်ခြင်း။ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ Admin ပိုင်းဆိုင်ရာ လုပ်ငန်းများကို ပံ့ပိုးကူညီခြင်း။ အထက်အရာရှိမှ ပေးအပ်သော အခြားတာဝန်များကို ဆောင်ရွက်ခြင်း။
အကျိုးအမြတ်: • သင့်တင့်သောလစာနှင့် ခံစားခွင့်များ • လုပ်ငန်းကျွမ်းကျင်မှု တိုးတက်စေရန် အခွင့်အရေး
Asia Power Quality Electric
ကမာရွတ်၊ Yangonတွင်ရှိသော Full Time Document Controller ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး။ ဝန်ဆောင်မှုလုပ်ငန်းများအတွက် လိုအပ်သော ပစ္စည်းတောင်းခံမှုများကို ကိုင်တွယ်ဆောင်ရွက်ရန်။ ဝန်ဆောင်မှုလုပ်ငန်းများအတွက် လိုအပ်သော ပစ္စည်းများနှင့် အပိုပစ္စည်းများ (Spare Parts) ဝယ်ယူရေးကို ညှိနှိုင်းဆောင်ရွက်ရန်။ လက်သုံးကိရိယာများ (Hand Tools) နှင့် စမ်းသပ်စစ်ဆေးရေးပစ္စည်းများ (Testing Equipment) ၏ စာရင်းမှတ်တမ်းများကို ထိန်းသိမ်းထားရန်။ Service Engineer များအတွက် လိုအပ်သော ပစ္စည်းများ၊ ကိရိယာများနှင့် စက်ပစ္စည်းများကို စီစဉ်ပေးရန်။ သက်ဆိုင်ရာ စာရွက်စာတမ်းများကို ထိန်းသိမ်းထားရှိပြီး ပစ္စည်းဆိုင်ရာ မှတ်တမ်းများနှင့် အစီရင်ခံစာများကို ပြင်ဆင်ရေးသားရန်။ Project တစ်ခုချင်းစီအလိုက် ပစ္စည်းပို့ဆောင်မှုလက်ခံစာ (Delivery Note) များကို စုဆောင်းရယူရန်။ MO (Material Order) နှင့် ခရီးစရိတ် (Travelling Expense) ဆိုင်ရာ စာရွက်စာတမ်းများကို ပြင်ဆင်ဆောင်ရွက်ရန်။ ကြိုတင်ထုတ်ယူထားသော ငွေကြေး (Cash Advance) များကို စာရင်းရှင်းလင်းဆောင်ရွက်ရန်။
အကျိုးအမြတ်: • Attractive salary package • Rewards for over performance • Ferry-Provide • Saturday, Sunday and Public Holidays Off
Trade Trigger Trading
28 Oct 2026
HR Executive သည် ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု၊ Recruitment၊ Attendance၊ Leave၊ Payroll နှင့် HR Administration လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပြီး Company ၏ HR Policy နှင့် လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ငန်းစဉ်များ လည်ပတ်နိုင်ရန် တာဝန်ယူရမည်။ Key Responsibilities ဝန်ထမ်းအသစ်များ Recruitment နှင့် Selection လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း Job Vacancy များ တင်ခြင်း၊ CV များ စိစစ်ခြင်းနှင့် Interview စီစဉ်ပေးခြင်း New Employee Onboarding နှင့် Orientation ပြုလုပ်ခြင်း Employee Personal Files နှင့် HR Records များ စနစ်တကျ ထိန်းသိမ်းခြင်း Attendance, Leave နှင့် Overtime Records များ စစ်ဆေးထိန်းသိမ်းခြင်း Payroll အတွက် လိုအပ်သော Attendance/Leave Data များ ပြင်ဆင်ပေးခြင်း Employee Confirmation, Promotion, Transfer, Resignation နှင့် Exit Process များ ဆောင်ရွက်ခြင်း Company HR Policies နှင့် Rules & Regulations များကို ဝန်ထမ်းများ သိရှိလိုက်နာစေရန် ဆောင်ရွက်ခြင်း Employee Relations နှင့် ဝန်ထမ်းများ၏ HR-related အခက်အခဲများကို ဖြေရှင်းပေးခြင်း Performance Appraisal / KPI Process များတွင် ပါဝင်ကူညီခြင်း Training & Development လုပ်ငန်းများ စီစဉ်ညှိနှိုင်းပေးခြင်း HR Monthly Reports နှင့် Employee Statistics များ ပြုစုတင်ပြခြင်း Labour Law နှင့် Company Policy များနှင့် ကိုက်ညီစေရန် HR လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း Management နှင့် သက်ဆိုင်ရာ Department များအကြား HR ကိစ္စများကို Coordination ပြုလုပ်ခြင်း HR Manager/Management မှ ပေးအပ်သော အခြား HR-related တာဝန်များ ဆောင်ရွက်ခြင်း
အကျိုးအမြတ်: .
တင်သောနေ့: 28 Oct 2026
26 Sep 2026
ဖုန်းအဝင်/အထွက် လက်ခံပေးခြင်း၊ဖုန်းခေါ်ပေးခြင်းဆောင်ရွက်ရမည်။ ရုံး email အဝင် စိစစ်ပေးခြင်း၊လိုအပ်သည့် email ပို့ပေးရမည်။ ကုန်ပစ္စည်းအမှာ order အမှာများရှိပါက သက်ဆိုင်ရာ department အား ချိတ်ဆက်၍ Data record မှန်ကန်စွာပေးခြင်းဆောင်ရွက်ရမည်။
အကျိုးအမြတ်: - အချိန်ပိုကြေး - နှစ်တိုး - ကားခ (သို႔) ဖယ္ရီ
တင်သောနေ့: 26 Sep 2026
Tag Eyewear
23 Sep 2026
Sales Team ၏ နေ့စဉ် Administration လုပ်ငန်းများကို စီမံကူညီဆောင်ရွက်ခြင်း Sales Orders, Quotations, Invoices နှင့် Customer Records များကို ပြင်ဆင်ထိန်းသိမ်းခြင်း Customer Orders များကို စနစ်တကျ မှတ်တမ်းတင်ပြီး သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း Sales Data များကို Update ပြုလုပ်ပြီး လစဉ်/အပတ်စဉ် Report များ ပြင်ဆင်ပေးခြင်း Stock Availability နှင့် Delivery Status များကို စစ်ဆေး၍ Sales Team အား အချက်အလက်ပေးခြင်း Customer Inquiries နှင့် Complaints များကို သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးခြင်း Sales Documents နှင့် Contract Files များကို စနစ်တကျ သိမ်းဆည်းထိန်းသိမ်းခြင်း Sales Target နှင့် Performance Data များကို စုစည်းတင်ပြခြင်း Supervisor/Manager မှ တာဝန်ပေးအပ်သော အခြားလုပ်ငန်းများကို ဆောင်ရွက်ခြင်း
တင်သောနေ့: 23 Sep 2026
Peace Myanmar Group Co.,Ltd (PMG)
21 Sep 2026
ရုံးလုပ်ငန်းသုံး စာများ စာစီစာရိုက် ပြုလုပ်ခြင်း။ Scan ဖတ်ခြင်း။ Admin ပိုင်း ၏ လုပ်ငန်းလိုအပ်ချက်များအား Admin & IT Team တို့ဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ခြင်း။
အကျိုးအမြတ်: - နှစ်စဉ် လစာပြန်လည် သုံးသပ်ခြင်း၊ - SSB (လူမှုဖူလုံရေး ခံစားခွင့်)
တင်သောနေ့: 21 Sep 2026
မော်တော်ယာဉ်လုပ်ငန်းသုံး ယာဉ်လိုင်စင်ဝင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ကြော်ငြာခွန်ဆောင်ခြင်း တို့နှင့် ပတ်သက်သည့် ကိစ္စရပ်များအတွက် ဌာနဆိုင်ရာများသို့ သွားရခြင်း၊ မော်တော်ယာဉ် ပြင်ဆင်ခြင်း လုပ်ငန်းအတွက် ယာဉ်ပြင်ဆင်မှု မှတ်တမ်းများ စာရင်းရေးသွင်းခြင်း၊ Log book ရေးမှတ်ခြင်း၊ အသုံးစရိတ်စာရင်းရေးသွင်းခြင်း၊ မော်တော်ယာဉ်ဌာနအတွက် လိုအပ်သော ရုံးစာများ စာစီစာရိုက်ပြုလုပ်ခြင်း၊
အကျိုးအမြတ်: -လုပ်ငန်းကိစ္စဆောင်ရွက်ရန်အတွက် မော်တော်ယာဉ်စီစဉ်ပေးခြင်း -နှစ်စဉ် လစာခံစားခွင့်များ ပြန်လည်သုံးသပ်ပေးခြင်း -SSB အကျုံးဝင်မှု ခံစားခွင့်ရရှိခြင်း
NRF(No Replacements Found) Co.,Ltd
ရန်ကင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
13 Nov 2026
ဆိုင်တွင်း၊ ပြခန်းနေရာများ၊ ကဖီကောင်တာ၊ စားပွဲခုံများနှင့် ဧည့်သည်အနားယူရာ နေရာများကို နေ့စဉ် သန့်ရှင်းရေးပြုလုပ်ရန်။ ကြမ်းပြင်များနှင့် မှန်များကို သပ်ရပ်သန့်ရှင်းနေအောင် ထိန်းသိမ်းရန်။ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းနှင့် အမှိုက်ပုံးများကို အချိန်မီ လဲလှယ်ပေးရန်။ တိုက်ဆိုင်ရာ သန့်ရှင်းရေးပစ္စည်းများနှင့် ပိုးသတ်ဆေးများကို စနစ်တကျ အသုံးပြု၍ လိုအပ်သည့် Stock များကို အချိန်မီ စာရင်းတင်ပြရန်။ ဆိုင်၏ တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု စံနှုန်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန်။
အကျိုးအမြတ်: -ရက်မှန်ကြေး -ခရီးစားရိတ် -စွမ်းဆောင်ရည်ဘောနပ်စ်
တင်သောနေ့: 13 Nov 2026
FEI Co.,Ltd
စမ်းချောင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ရုံးခန်းနှင့် သတ်မှတ်ထားသောနေရာများကို နေ့စဉ် သန့်ရှင်းရေးပြုလုပ်ခြင်း။ ကြမ်းပြင်၊ စားပွဲ၊ ထိုင်ခုံ၊ မှန်၊ တံခါးနှင့် ပြတင်းပေါက်များကို သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းခြင်း။ သန့်စင်ခန်းများကို ပုံမှန်သန့်ရှင်းပြီး သန့်ရှင်းသပ်ရပ်မှုရှိစေရန် စစ်ဆေးခြင်း။ အမှိုက်များကို စနစ်တကျ စုဆောင်းပြီး သတ်မှတ်ထားသောနေရာသို့ ပို့ဆောင်ခြင်း။ သန့်ရှင်းရေးသုံးပစ္စည်းများကို စနစ်တကျ အသုံးပြုပြီး လိုအပ်ပါက Admin ထံ တင်ပြခြင်း။ ရေ၊ ဆပ်ပြာ၊ Tissue နှင့် အခြားလိုအပ်သောပစ္စည်းများ ပြည့်စုံမှုရှိစေရန် စစ်ဆေးခြင်း။ ရုံးနှင့် ဆိုင်အတွင်းရှိ ပစ္စည်းများကို သပ်ရပ်စွာ စီစဉ်ထားရှိရန် ကူညီခြင်း။ သန့်ရှင်းရေးနှင့်ပတ်သက်သော အခြားတာဝန်များကို အထက်လူကြီး၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခြင်း။ လုပ်ငန်းခွင်အတွင်း သန့်ရှင်းရေး၊ လုံခြုံရေးနှင့် စည်းကမ်းများကို လိုက်နာခြင်း။
MPA International School
ဗဟန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
08 Oct 2026
ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ရန် သန့်ရှင်းရေးရာထူးအတွက် အခွင့်အရေး။ နေ့စဉ် သန့်ရှင်းရေးတာဝန်များ (sweeping, mopping, dusting, and vacuuming) ဆောင်ရွက်ရမည်။ စာသင်ခန်းများ၊ အစည်းအဝေးခန်းများ၊ ရုံးခန်းများ၊ Restroom များနှင့် Lobby area ကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းရမည်။ ကျောင်းပရဝဏ်အတွင်းပိုင်း၊ အပြင်ပိုင်းများကို သန့်ရှင်းရေးပြုလုပ်ပေးရမည်။ ကြမ်းပြင်များ၊ အိမ်သာများ မြင့်မားသောအဆင့်များ၊နံရံများ၊ မျက်နှာကျက်များ၊ ပြတင်းပေါက်များ၊ အဖုံးအအုပ် (အကာ) များ၊ သံမဏိ၊ ကူရှင်များနှင့် လိုအပ်ပါက သီးသန့်တောင်းဆိုမှုများကိုလည်းသန့်ရှင်းပေးရမည်။ အဆောက်အဦးဝန်းကျင်ဧရိယာများနှင့် ပြင်ပနံရံများအပါအဝင် ကျောင်းဆိုင်းဘုတ်များကို သန့်ရှင်းပေးရမည်။ လိုအပ်သလို Deep Cleaning လုပ်ပေးရပါမည်။ စွန့်ပစ်ပစ္စည်းများ/အမှိုက်များကို နေ့စဉ် စနစ်တကျသတ်မှတ်ထားသော စွန့်ပစ်နေရာတွင်သာ စွန့်ပစ်ရမည်။ နေ့စဥ်အသုံးပြုနေသော သန့်ရှင်းရေးသုံးပစ္စည်းများနှင့် စက်ကို သန့်ရှင်းရေးပြုလုပ်ရပါမည်။ သန့်ရှင်းရေးသုံး ပစ္စည်းများကို စနစ်တကျ ထိန်းသိန်းထားသိုရပါမည်။ သန့်ရှင်းရေး ပစ္စည်းများကို မှန်မှန်ကန်ကန် အသုံးပြုပြီး စနစ်တကျ သိုလှောင်တတ်ရမည်။ သန့်ရှင်းရေး ပစ္စည်းများ လိုအပ်ပါက သက်ဆိုင်ရာတာဝန်ခံထံ အကြောင်းကြားရမည်။ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် လုံခြုံရေးစည်းမျဉ်းများကို လိုက်နာဆောင်ရွက်နိုင်ရမည်။ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ဝတ္တရားများကို ပြောင်းလဲလုပ်နိုင်ရမည်။ လုပ်ငန်းလိုအပ်ချက်အရ အထက်လူကြီး၏ တာဝန်ပေးညွှန်ကြားမှုများအပေါ် တာဝန်ယူ ဆောင်ရွက်နိုင်ရမည်။
အကျိုးအမြတ်: နေ့လည်စာ ကော်ဖီ ခရီးစရိတ် အချိန်ပိုကြေး ဘောနပ်စ်
တင်သောနေ့: 08 Oct 2026
KBZ Bank
မရမ်းကုန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
30 Sep 2026
ဘဏ်ခွဲများ၊ ATM များ၊ ရုံးခန်းများ ၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းများကို သန့်ရှင်းရေးလုပ်ရန်။ မြင့်မားသောအဆင့်များ၊နံရံများ၊ မျက်နှာကျက်များ၊ ပြတင်းပေါက်များ၊ အဖုံးအအုပ် (အကာ) များ၊ သံမဏိ၊ ကူရှင်များနှင့် လိုအပ်ပါက သီးသန့်တောင်းဆိုမှုများကိုလည်းသန့်ရှင်းပေးရန်။ အဆောက်အဦးဝန်းကျင်ဧရိယာများနှင့် ပြင်ပနံရံများအပါအဝင် ဘဏ်ခွဲများ၏ဆိုင်းဘုတ်များကို သန့်ရှင်းပေးရန်။ ကြမ်းပြင်ကော်ဇောနှင့် ကူရှင်များကို လျှော်ဖွတ်ဆေးကြောပေးရန်။ ဘဏ်ခွဲများ၊BU နှင့် Function များတွင် ပိုးသတ်ဆေးများအား လိုအပ်သလိုအသုံးပြုပေးရန်။ ဘဏ်ခွဲများတွင် လိုအပ်သလို Deep Cleaning လုပ်ပေးရန်။ ကျန်းမာရေးနှင့်ဘေးကင်းရေး လုပ်ထုံးလုပ်နည်းအားလုံးကို လိုက်နာပြီး ဘေးကင်းစွာ အလုပ်လုပ်ခြင်းကိုသာအားပေးရန်။
အကျိုးအမြတ်: ဘောနပ် ထောက်ပံ့ကြေး ကျန်းမာရေးအာမခံရရှိခြင်း မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်တွင်လုပ်ကိုင်ခွင့်ရရှိခြင်: စနေ၊တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက် ပိတ်သည်
တင်သောနေ့: 30 Sep 2026
Urban Focus Cleaning Service and Hygiene Products
သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
Office, building, room, restroom, common areas စသည့် သတ်မှတ်ထားသောနေရာများကို သန့်ရှင်းရေးပြုလုပ်ခြင်း Floor, glass, furniture, doors, windows နှင့် အခြားမျက်နှာပြင်များကို သတ်မှတ်ထားသော cleaning procedure အတိုင်း သန့်ရှင်းခြင်း Restroom များကို သန့်ရှင်းပြီး hygiene standard နှင့်အညီ ထိန်းသိမ်းခြင်း အမှိုက်များကို စနစ်တကျ စုဆောင်းခြင်း၊ ခွဲခြားခြင်းနှင့် သတ်မှတ်နေရာသို့ စွန့်ပစ်ခြင်း Cleaning tools, equipment နှင့် cleaning chemicals များကို မှန်ကန်စွာ အသုံးပြုခြင်း Cleaning supplies များ လုံလောက်မှုရှိ/မရှိ စစ်ဆေးပြီး လိုအပ်ပါက Supervisor ထံ တင်ပြခြင်း Cleaning equipment နှင့် tools များကို အသုံးပြုပြီးနောက် သန့်ရှင်းစွာ သိမ်းဆည်းခြင်း သတ်မှတ်ထားသော Daily / Weekly Cleaning Schedule အတိုင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း လုပ်ငန်းခွင် Safety နှင့် Hygiene စည်းမျဉ်းများကို လိုက်နာခြင်း ပျက်စီးမှု၊ အန္တရာယ်ရှိနိုင်သောအခြေအနေများ သို့မဟုတ် maintenance လိုအပ်ချက်များကို Supervisor ထံ အချိန်မီ report ပြုလုပ်ခြင်း Customer / Staff များနှင့် ယဉ်ကျေးစွာ ဆက်ဆံပြီး company rules နှင့် regulations များကို လိုက်နာခြင်း Supervisor မှ ပေးအပ်သော အခြားသက်ဆိုင်ရာတာဝန်များကို ဆောင်ရွက်ခြင်း
အကျိုးအမြတ်: -
Academy Hospital
အလုံ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
29 Sep 2026
ရုံးခန်း၊ ဆိုင်၊ Showroom နှင့် သတ်မှတ်ထားသောနေရာများကို နေ့စဉ် သန့်ရှင်းရေးပြုလုပ်ခြင်း။ ကြမ်းပြင်၊ စားပွဲ၊ ထိုင်ခုံ၊ မှန်၊ တံခါး၊ ပြတင်းပေါက်များကို သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းခြင်း။ သန့်စင်ခန်း (Toilet) များကို ပုံမှန်သန့်ရှင်းပြီး သန့်ရှင်းသပ်ရပ်မှုရှိစေရန် စစ်ဆေးခြင်း။ အမှိုက်များကို စနစ်တကျ စုဆောင်းပြီး သတ်မှတ်ထားသောနေရာသို့ ပို့ဆောင်ခြင်း။ သန့်ရှင်းရေးသုံးပစ္စည်းများကို စနစ်တကျ အသုံးပြုပြီး လိုအပ်ပါက Admin ထံ တင်ပြခြင်း။ ရေ၊ ဆပ်ပြာ၊ Tissue နှင့် အခြားလိုအပ်သောပစ္စည်းများ ပြည့်စုံမှုရှိစေရန် စစ်ဆေးခြင်း။ ရုံး/ဆိုင်အတွင်း ပစ္စည်းများကို သပ်ရပ်စွာ စီစဉ်ထားရှိရန် ကူညီခြင်း။ သန့်ရှင်းရေးနှင့် ပတ်သက်သော အခြားတာဝန်များကို အထက်လူကြီး၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခြင်း။ လုပ်ငန်းခွင်အတွင်း သန့်ရှင်းရေး၊ လုံခြုံရေးနှင့် စည်းကမ်းများကို လိုက်နာခြင်း။
တင်သောနေ့: 29 Sep 2026
ArYu International Healthcare Co.,Ltd
တာမွေ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
24 Sep 2026
ဆေးရုံ ပရဝဏ်အတွင်း/အပြင် သန့်ရှင်းရေး ပြုလုပ်ခြင်း။ လူနာခန်းများအား သန့်ရှင်းရေးပြုလုပ်ခြင်း။ မျက်နှာပြင်များ၊ ကြမ်းပြင်များ၊ အိမ်သာများ စသည်တို့ကို ပိုးသတ်ဆေးဖြင့် သန့်ရှင်းခြင်း။ နေ့စဥ်အသုံးပြုနေသော သန့်ရှင်းရေးသုံးပစ္စည်းများနှင့် စက်ကို သန့်ရှင်းရေးပြုလုပ်ခြင်း။ ဆေးရုံစည်းကမ်းနှင့် စံနှုန်းအတိုင်း အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျသေချာစွာ စွန့်ပစ်ခြင်း။ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ဝတ္တရားများကို ပြောင်းလဲလုပ်နိုင်ရမည်။
အကျိုးအမြတ်: ထမင်းစရိတ် ရက်မှန်ကြေး အချိန်ပိုကြေး ဖယ်ရီကြို/ပို့ နှစ်စဉ် ဘောနပ် အကျိုးခံစားခွင့်များ ဆေးကုသမှု အကျိုးခံစားခွင့် (ကုမ္ပဏီစည်းမျဥ်းအတိုင်း)
တင်သောနေ့: 24 Sep 2026
Taw Win Family Co.,Ltd
12 Nov 2026
ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းများ၊ Data Entry နှင့် Filing လုပ်ငန်းများကို ဆောင်ရွက်ရမည်။ Daily Report နှင့် လိုအပ်သော Report များကို ပြင်ဆင်တင်ပြရမည်။ ဌာနအသီးသီး၏ ရုံးပိုင်းဆိုင်ရာ လုပ်ငန်းများကို ကူညီဆောင်ရွက်ရမည်။ ရုံးသုံးပစ္စည်းများကို စနစ်တကျ စီမံထိန်းသိမ်းရမည်။ Management မှ ပေးအပ်သော အခြားတာဝန်များကို ထမ်းဆောင်ရမည်။
တင်သောနေ့: 12 Nov 2026
လုပ်ငန်း ဦးဆောင်ကုမ္ပဏီ
ပုဇွန်တောင် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
* Sale order အတွက် invoice များကို ထုတ်ပေးရမည် * Stock အဝင်အထွက် စာရင်းများ လုပ်ဆောင်ပေးရမည် * Stock order လုပ်ငန်းစဉ်ကို supervisor နှင့် အတူ ပူးတွဲလုပ်ဆောင်ရမည် * လုပ်ငန်းအတွက်လိုအပ်သာ ငှါနဆိုင်ရာ စာရွက်စာတမ်းများ * မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးရမည် * အရောင်းဌာန နှင့် အထွေအထွေကိစ္စရပ်များကို လုပ်ဆောင်ပေးရမည် * အလုပ်ချိန် (Monday to Friday : 8:30AM to 5:00PM) * အလုပ်နှင့် နီးစပ်ရာ မြိုနယ်မှာ နေထိုင်သူ ကို ဦးစားပေးမည်
Kyaw Swar Air Con Sales & Services
- အရောင်း vouchers များကို ပစ္စည်း အသုံးစာရင်း နှင့် စျေးနှုန်းများ မှန်မမှန် စစ်ပေးရမည် - မိမိဆိုင်ရှိ stock များအား အပတ်စဉ်၊လစဉ်စစ်ဆေးရပါမည် - Sale report နှင့် stock reports များတင်ပြပေးရမည်
Htat Thiha Paing Co.,ltd
ရုံးစာရွက်စာတမ်းများ၊ ဖိုင်များနှင့် မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းသိမ်းဆည်းရန်။ ရုံးသုံးပစ္စည်းများ၊ စာရေးကိရိယာများနှင့် ရုံးအတွက် လိုအပ်သော ပစ္စည်းအားလုံးကို ဝယ်ယူရန်။ ရုံးသုံးပစ္စည်း လက်ကျန်ပမာဏကို စောင့်ကြည့်စစ်ဆေးပြီး လိုအပ်သလို အချိန်မီ ဝယ်ယူနိုင်ရန် စီစဉ်ရန်။ ရုံးလိုအပ်ချက်များအတွက် ပစ္စည်းပေးသွင်းသူများ (Suppliers & Vendors) နှင့် ပေါင်းစပ်ညှိနှိုင်းရန်။ ရုံးပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများကို စောင့်ကြည့်စစ်ဆေးပြီး ပေါင်းစပ်ညှိနှိုင်းပေးရန်။ ရုံးသုံးကိရိယာများ၊ အဲကွန်းများ၊ မီးဆိုင်းများ၊ မီးစက်များနှင့် ရုံးအဆောက်အအုံဆိုင်ရာ ပစ္စည်းများ ကောင်းမွန်စွာ အလုပ်လုပ်မလုပ် စစ်ဆေးရန်။ လိုအပ်ပါက ရုံးသုံးကိရိယာများကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဝန်ဆောင်မှုရယူခြင်းများ စီစဉ်ရန်။ ရုံးသန့်ရှင်းရေး၊ ရုံးလုံခြုံရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုများကို ထိန်းသိမ်းဆောင်ရွက်ရန်။ ရုံးသုံးပုံစံ (Forms) များအားလုံးကို ပြင်ဆင်ထုတ်ပေးရန်နှင့် ပုံစံဒီဇိုင်းများကို စနစ်တကျ ထိန်းသိမ်းထားရန်။ ဝန်ထမ်းများ၏ မွေးနေ့ပွဲများ၊ ဝန်ထမ်း သက်သာချောင်ချိရေးနှင့် နှုတ်ဆက်ပွဲ စီစဉ်မှုများကို ဆောင်ရွက်ပေးရန်။ ဖုန်းကောလ်များ၊ အီးမေးလ်များ၊ ပါဆယ်နှင့် စာပို့လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်။ စာလွှာများ၊ အစီရင်ခံစာများနှင့် အခြားရုံးစာရွက်စာတမ်းများကို ပြင်ဆင်ရန်၊ စာရိုက်ရန်၊ ပရင်ထုတ်ရန်နှင့် စီစဉ်ရန်။ အခြားဌာနများ၏ စီမံခန့်ခွဲရေးဆိုင်ရာ (Administrative) လုပ်ငန်းများကို ကူညီပံ့ပိုးပေးရန်။ အထက်လူကြီးများမှ ပေးအပ်သော အခြားတာဝန်များကို ထမ်းဆောင်ရန်။
အကျိုးအမြတ်: နှစ်စဉ် ဆုကြေး
Rover X Travel
ဒဂုံ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
Job Summary Rover X Travel တွင် ရုံးလုပ်ငန်းများကို စနစ်တကျကူညီဆောင်ရွက်မည့် အထွေထွေရုံးဝန်ထမ်းအဖြစ် အလုပ်လုပ်ရမည်။ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၏ ရုံးတွင်းအချက်အလက်များ၊ ဖိုင်စာရွက်စာတမ်းများနှင့် ဧည့်သည်ဆက်ဆံရေးကို ပံ့ပိုးကူညီရမည်။ Key Responsibilities ရုံးတွင်းနေ့စဉ်လုပ်ငန်းများကို ကူညီဆောင်ရွက်ခြင်း ဖိုင်စာရွက်စာတမ်းများ စနစ်တကျ သိမ်းဆည်းပြင်ဆင်ခြင်း ဖုန်းခေါ်ဆိုမှုများနှင့် ဧည့်သည်များကို ယဉ်ကျေးစွာလက်ခံဆက်ဆံခြင်း အစီရင်ခံစာ၊ စာရင်းနှင့် ရုံးစာများ ပြင်ဆင်ပေးခြင်း ခရီးသွားဝန်ဆောင်မှုဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း ရုံးသုံးပစ္စည်းများ စီမံခန့်ခွဲ၍ အချိန်မီတင်ပြခြင်း အထက်အရာရှိများ၏ အခြားတာဝန်များကို ကူညီဆောင်ရွက်ခြင်း
အကျိုးအမြတ်: ရက်မှန်ကြေး လုပ်ငန်းစွမ်းဆောင်ရည်အတွက်ဆုကြေး
Royal Care Plus Co.,Ltd
- နေ့စဉ်ရုံးတွင်းစစ်ဆေးခြင်း၊ - Admin Department အတွက်လိုအပ်သော ပစ္စည်းများဝယ်ယူပေးခြင်း၊ - ရုံးပစ္စည်းများသယ်ယူခြင်း၊ စာရင်းကောက်ခြင်း၊ - လုံခြုံရေးကိစ္စများ ကူညီလုပ်ဆောင်ခြင်း။
အကျိုးအမြတ်: - ခရီးစရိတ် - ရက်မှန်ကြေး
A Plus Tutor
ကြည့်မြင်တိုင် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ဝန်ထမ်းရေးရာနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်နိုင်မည့် တာဝန်ယူမှုရှိသူတစ်ဦးကို 𝐀 𝐏𝐥𝐮𝐬 𝐓𝐮𝐭𝐨𝐫 𝐓𝐞𝐚𝐦 မှ ဖိတ်ခေါ်လိုပါသည်။ ဝန်ထမ်းများ၏ 𝐀𝐭𝐭𝐞𝐧𝐝𝐚𝐧𝐜𝐞၊ ခွင့်ယူမှု၊ ကိုယ်ရေးမှတ်တမ်းနှင့် လစာစာရင်းများကို စီမံထိန်းသိမ်းခြင်း။ ဝန်ထမ်းခေါ်ယူမှုနှင့် 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 များတွင် ကူညီဆောင်ရွက်ခြင်း။ ဝင်ငွေ၊ ထွက်ငွေ၊ နေ့စဉ်ငွေစာရင်းနှင့် ငွေပေးချေမှုမှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းခြင်း။ လစဉ် 𝐅𝐢𝐧𝐚𝐧𝐜𝐞 𝐑𝐞𝐩𝐨𝐫𝐭 နှင့် သက်ဆိုင်ရာ စာရင်းဇယားများ ပြုစုခြင်း။ ရုံးလုပ်ငန်းနှင့် စာရွက်စာတမ်းဆိုင်ရာ လိုအပ်ချက်များကို ကူညီဆောင်ရွက်ခြင်း။
အကျိုးအမြတ်: အတွေ့အကြုံနှင့် လုပ်ကိုင်နိုင်စွမ်းအပေါ် မူတည်၍ လစာညှိနှိုင်းပေးမည်။
Vision Care Co Ltd
1. Customer များ၏ Inquiry များကို ဖုန်း၊ Viber နှင့် Messenger တို့မှတစ်ဆင့် ဖြေကြားပေးပြီး Product Information နှင့် Price များကို ရှင်းလင်းစွာ ရှင်းပြပေးရန်။ 2. Quotation, Invoice နှင့် Delivery Note များကို မှန်ကန်စွာ ပြင်ဆင်ရေးသားရန်။ 3. ရရှိလာသော Order များအတွက် ပစ္စည်းများကို စနစ်တကျ ထုတ်ပိုးပြီး သက်ဆိုင်ရာ Customer များထံ ပို့ဆောင်ပေးရန်။ 4. ရောင်းချပြီးသော Order များအတွက် Customer Payment များကို Follow-up ပြုလုပ်ပြီး Accounting Department နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်။ 5. Customer များထံ ပုံမှန် Follow-up ပြုလုပ်ကာ Sales Order များ ရရှိစေရန် ဆောင်ရွက်ရန်။ 6. Customer Database, Sales Records နှင့် Stock Records များကို ပုံမှန် Update ပြုလုပ်ထိန်းသိမ်းရန်။ 7. Management မှ ပေးအပ်သော Office နှင့် Sales ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရန်။
Myo Naing Nine Co.,Ltd
မင်္ဂလာဒုံ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
အလုပ်အကျဉ်းချုပ် ရန်ကုန်မြို့၊ မင်္ဂလာဒုံတွင် Trading/Distribution/Import/Export လုပ်ငန်းအတွက် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးရမည့် ဝန်ထမ်းတစ်ဦးကို ရှာဖွေနေပါသည်။ စတင်အဆင့် အတွေ့အကြုံရှိသူများ လျှောက်ထားနိုင်ပြီး ရုံးလုပ်ငန်းများ၊ စာရွက်စာတမ်းများနှင့် ဌာနတွင်းညှိနှိုင်းမှုများတွင် ပါဝင်ဆောင်ရွက်ရမည်။ Key Responsibilities ● ရုံးတွင်းစာရွက်စာတမ်းများ၊ ဖိုင်များနှင့် မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းစီမံရန် ● အထွေထွေ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ဌာနတွင်းညှိနှိုင်းမှုများကို ကူညီဆောင်ရွက်ရန် ● လိုအပ်သည့် ရုံးသုံးပစ္စည်းများကို စာရင်းထိန်း၍ သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ရန် ● အလုပ်အပ်နှံချက်များကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ပြီး အစီရင်ခံတင်ပြရန်
အကျိုးအမြတ်: Ferry Provided
Team Ascend Company Limited
သာကေတ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
နေ့စဉ် Admin လုပ်ငန်းများနှင့် ရုံးသုံးပစ္စည်းများ စီမံခြင်း။ Office Supplies / Materials များ ဝယ်ယူရန် Quotation တောင်းခြင်း၊ ဈေးနှုန်းနှိုင်းယှဉ်ခြင်းနှင့် Order/Delivery Follow-up ပြုလုပ်ခြင်း။ PR, PO, Invoice နှင့် Procurement Documents များ စီမံခြင်း။ Office Facility၊ Air-Con၊ Electrical၊ Plumbing နှင့် Equipment များ၏ Maintenance ကို စီစဉ်/Follow-up ပြုလုပ်ခြင်း။ Supplier, Vendor နှင့် Technician များနှင့် ဆက်သွယ်ညှိနှိုင်းခြင်း။ Inventory / Asset / Maintenance Records များ ထိန်းသိမ်းခြင်း။ Manager မှ ပေးအပ်သော အခြားတာဝန်များ ဆောင်ရွက်ခြင်း။
1 Stop Printing Service
သာကေတ | ရန်ကုန်တိုင်း . ရန်ကုန်တိုင်း .
09 Nov 2026
ကုမ္ပဏီ၏ နေ့စဉ်ရုံးလုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ဆောင်ရွက်ခြင်း။ ရုံးသုံးပစ္စည်းများ ဝယ်ယူခြင်း၊ လက်ကျန်ပစ္စည်းစာရင်းများ ထိန်းသိမ်းခြင်းနှင့် လစဉ်ပစ္စည်းလက်ကျန်အစီရင်ခံစာများ ပြုစုတင်ပြခြင်း။ ရုံးသုံးစက်ပစ္စည်းများနှင့် ရုံးအဆောက်အအုံဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စီစဉ်ညှိနှိုင်းဆောင်ရွက်ခြင်း။ ကုမ္ပဏီ၏ စာရွက်စာတမ်းများနှင့် စာချုပ်စာတမ်းများကို စနစ်တကျ စုစည်းသိမ်းဆည်းထိန်းသိမ်းခြင်း။ အစည်းအဝေးများ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းနှင့် လိုအပ်သည့်ကိစ္စရပ်များကို ညှိနှိုင်းပေးခြင်း။ ကုမ္ပဏီ၏ မူဝါဒများ အကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီခြင်းနှင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်မှုရှိစေရန် ကြီးကြပ်ခြင်း။ စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ပေးအပ်လာသည့် အခြားသော စီမံရေးရာလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
အကျိုးအမြတ်: ●Attendance Bonus/Overtime Fee/ Performance Bonus/ Service Year Bonus ●တနင်္ဂနွေနေ့တိုင်း ပိတ်သည်။
တင်သောနေ့: 09 Nov 2026