• Myanmar Oasis Manufacturing

  • အလုပ်ရှင်တိုက်ရိုက်

  • အတည်ပြုပြီး ဤကုမ္ပဏီကိုအမှန်တကယ်အဖြစ်အတည်ပြုပြီးဖြစ်သည်။
  • လုပ်ငန်းအမျိုးအစား :လူ့သုံးကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု, ကုန်ပစ္စည်းထုတ်လုပ်ရေး

  • ဝန်ထမ်းအရေအတွက် :201-500

  • လိပ်စာ :

    No.1(A), Corner of Gandamar 6th Street & Padauk Street, Mingalar Taung Nyunt Township.,No.123-124, Pyin Si Minthargyi Street, Industrial Zone 2, Dagon Seik Kan Township < Yangon,ရန်ကုန်တိုင်း, Myanmar

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

ကုမ္ပဏီ၏မျှော်မှန်းချက်နှင့်တာဝန်

❝Myanmar Oasis Manufacturing Company Limited❞ သည် ၁၉၉၀ ခုနှစ်တွင် ❝Royal-D❞ ORS (Oral Rehydration Salt) တစ်ကြိမ်သောက် အားဖြည့်ဓာတ်ဆားမှုန့်ထုပ်ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ပြီး ယနေ့တိုင် စားသုံးသူများ၏ ယုံကြည်စိတ်ချစွာ အသုံးပြုလာသည့် ထုတ်ကုန်တစ်ခုဖြစ်ပါသည်။

၂၀၁၆ ခုနှစ်တွင် လတ်ဆတ်သော သစ်သီးရနံ့နှင့် ထူးခြားသော အရသာကို ပေးစွမ်းသည့် ❝Royal-D Mix Fruit Flavored Electrolyte Beverage❞ ကို ခေတ်မီဆန်းသစ်သော ဘူးဒီဇိုင်းဖြင့် မြန်မာဈေးကွက်သို့ မိတ်ဆက်ခဲ့ပြီး မိသားစုတိုင်း၏ နှစ်သက်အားပေးမှုကို ရရှိခဲ့ပါသည်။

ထို့နောက် ၂၀၂၃ ခုနှစ်တွင် စားသုံးသူများအတွက် အရသာရွေးချယ်စရာ ပိုမိုစုံလင်စေရန် ❝Royal-D Grape Flavor Electrolyte Beverage❞ ကို ထပ်မံမိတ်ဆက်ခဲ့ပါသည်။

ထို့အပြင် ❝Myanmar Oasis Manufacturing Company Limited❞ မှ အပြာရောင်ဘူးဒီဇိုင်းဖြင့် ထုတ်လုပ်ထားသော ❝Hikari Ion Supply Drink❞ ကိုလည်း မိတ်ဆက်ခဲ့ပြီး၊ စွမ်းဆောင်ရည်ကို အထောက်အကူပြုသည့် အိုင်ယွန်ဓာတ်များ ပါဝင်သဖြင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူများ၊ အားကစားသမားများနှင့် နေ့စဉ်လှုပ်ရှားမှုများတွင် ရေဓာတ်နှင့် အားဓာတ်ကို ထိရောက်စွာ ဖြည့်တင်းပေးနိုင်ပါသည်။

❝Myanmar Oasis Manufacturing Company Limited❞ သည် ၃၅ နှစ်တိုင်တိုင် မြန်မာပြည်သူများအတွက် ယုံကြည်စိတ်ချရသော ရေဓာတ်နှင့် ဓာတ်ဆားဓာတ် ဖြည့်တင်းပေးသည့် အရည်အသွေးမြင့် ထုတ်ကုန်များကို အစဉ်တစိုက် ပံ့ပိုးပေးလျက်ရှိပြီး၊ ယနေ့ရောက်ရှိလာသော ၃၅ နှစ်ပြည့် ခရီးမှတ်တိုင်သည် ကုမ္ပဏီအတွက်သာမက စားသုံးသူများ၏ ယုံကြည်မှုနှင့် အားပေးမှုတို့၏ ဂုဏ်ယူဖွယ် သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်ပါသည်။

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

x