• Myanmar Shin Poong Pharma Co.,ltd

  • အလုပ်ရှင်တိုက်ရိုက်

  • အတည်ပြုပြီး ဤကုမ္ပဏီကိုအမှန်တကယ်အဖြစ်အတည်ပြုပြီးဖြစ်သည်။
  • လုပ်ငန်းအမျိုးအစား :ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာသိပ္ပံ

  • ဝန်ထမ်းအရေအတွက် :21-50

  • လိပ်စာ :

    No.238,ROOM NO(10-C),ERC Condo ,EAST HORSE RACE COURSE ROAD, (16/1)WARD,TAMWE TOWNSHIP,YANGON,ရန်ကုန်တိုင်း, Myanmar

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

Myanmar Shin Poong Pharma Co.,ltd အလုပ်များ

ရန်ကုန်တိုင်း
25 Aug 2025
2 ဦး
25 Aug 2025

ကုမ္ပဏီ၏မျှော်မှန်းချက်နှင့်တာဝန်

Myanmar Shin Poong Pharma Company ဟာဆိုရင်ဖြင့် တောင်ကိုးရီးယားနိုင်ငံ ၊ ဆိုးလ်မြို့ အခြေစိုက် ရုံးချုပ် Shin Poong Pharm Co.,Ltd. မှ ထုတ်လုပ်ဖြန့်ဖြူးပေးနေသော ဆေးဝါးကောင်းများကို ၂၀၀၁ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံသို့ တင်ပို့၍ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ထားဝယ်၊ မြိတ်၊ ပြည်၊ မကွေး၊ ပုသိမ်၊ မုံရွာ၊ ကလေး၊ ကျိုင်းတုံ၊ လာရှိုး၊ တောင်ကြီး အစရှိသဖြင့် အမြို့မြို့ အနယ်နယ်မှာရှိသော ဆေးဆိုင်များ၊ ဆေးခန်းများနှင့် ဆေးရုံများသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

အရှေ့တောင်အာရှ Pharmaceutical market တွင်သာမက ဥရောပ၊ အမေရိကန် နှင့် တောင်အာဖရိကနိုင်ငံများတွင်ပါကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုလက်ခံခြင်းကို ရရှိထားသော ကိုးရီးယားနိုင်ငံမှ Shin Poong Pharm Co.,Ltd. ၏ ထုတ်ကုန်များဖြစ်သည့် Gentrisone Cream၊ Loxfen Tablet၊ Varocomin Tablet ၊ Clamoxin Tablet 375 ၊ Clamoxin Tablet 625၊ Clamoxin Dry Syrup၊ Dompil Tablet၊ Liversol Injection ၊ Liveract Injection ၊ Varodipine Tablet ၊ Gamocid Tablet ၊ Lozarsin tablet ၊ Varogel Suspension ၊ Polybamycin ointment နှင့် Cristan Vaginal Tablet အစရှိသော အဆင့်မြင့်ဆေးဝါးကောင်းများကို Myanmar Shin Poong Pharma မှ ရောင်းချပေးလျက်ရှိပါသည်။

Myanmar Shin Poong Pharma Company ဟာဆိုရင်ဖြင့် Shin Poong Pharm ၏ “To Excert Best Effort to Promote Health of the People” ဆိုသည့် ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံတစ်ဝှမ်းမှ မိဘပြည်သူများရဲ့ ကျန်းမာရေးအတွက် အားထားရာ အရည်အသွေးမြင့် ဆေးဝါးကောင်းများကို သင့်လျော်သော စျေးနှုန်းများဖြင့် နှစ်ပေါင်း ၂၀ ကာလအတွင်းမှာ ရောင်းချပေးနေခြင်းဖြစ်ပါသည်။

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

x