English
နောက်ထပ်အလုပ်ကမ်းလှမ်းချက်များရယူပါ
ယခု App ကိုဒေါင်းလုပ်ဆွဲပါ!
ပစ္စည်းစာရင်းကိုင် အလုပ် 11 ခုရှာတွေ့ပါသည်။
စဉ်၍ကြည့်သည်:
ယနေ့ မြန်မာနိုင်ငံ တွင် ထိပ်တန်း ပစ္စည်းစာရင်းကိုင် အလုပ်အကိုင်များ။ Alote.com.mm တွင် နောက်ဆုံး လစ်လပ်နေရာများအတွက် အလုပ်ရှင်များထံ တိုက်ရိုက်လျှောက်ထားပါ။
စစ်၍ကြည့်သည်:
အလုပ်အမျိုးအစား
တည်နေရာ
လုပ်ငန်းအမျိုးအစား
လုပ်သက်အဆင့်
ဆုများ
အနိမ့်ဆုံး လစာ
Repat / Expat
အလုပ်များ ရယူရန်...
နောက်ထပ်အလားတူအလုပ်များ တင်သောအခါ သင့်အားအကြောင်းကြားပါလိမ့်မည်။
ကျေးဇူးပြု၍ အလုပ်သတိပေးချက်စာမျက်နှာတွင် သင့်အလုပ်သတိပေးချက်ကိုပြင်ပြီး ထပ်မံကြိုးစားပါ။
Poco Mobile Myanmar
ဗဟန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
31 Jul 2026
Inventory Accountant သည် ကုန်ပစ္စည်းလက်ကျန်စာရင်းများကို မှန်ကန်တိကျစွာ ထိန်းသိမ်းခြင်း၊ နေ့စဉ် Stock အဝင်/အထွက်များကို စောင့်ကြည့်စစ်ဆေးခြင်း၊ လက်တွေ့ကုန်ပစ္စည်းလက်ကျန်နှင့် Inventory Management System အတွင်းရှိ စာရင်းများကို ကိုက်ညီမှုရှိစေရန် စစ်ဆေးညှိနှိုင်းခြင်းနှင့် Finance Department အတွက် Inventory Report များနှင့် Sales Report များကို အချိန်မီ ပြုစုတင်ပြရန် တာဝန်ယူရပါသည်။ ထို့အပြင် Inventory စာရင်းများ၊ IMEI Records များကို မှန်ကန်စွာ ထိန်းသိမ်းပြီး Warehouse၊ Sales နှင့် Finance ဌာနများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရမည်။ အဓိကတာဝန်များ (Key Responsibilities) နေ့စဉ် Stock အဝင်/အထွက် (Stock In / Stock Out) စာရင်းများကို မှန်ကန်တိကျစွာ မှတ်တမ်းတင်ခြင်း။ နေ့စဉ် IMEI Records များကို မှန်ကန်စွာ ထိန်းသိမ်း၍ Inventory Tracking ကို တိကျစေရန် ဆောင်ရွက်ခြင်း။ နေ့စဉ် Physical Stock Count ပြုလုပ်၍ Inventory Management System နှင့် လက်ကျန်စာရင်းများကို တိုက်ဆိုင်စစ်ဆေးခြင်း။ Inventory ကွာဟချက်များ၊ ပျောက်ဆုံးမှုများ သို့မဟုတ် မကိုက်ညီမှုများကို စုံစမ်းစစ်ဆေးပြီး Finance Department နှင့် သက်ဆိုင်ရာ Supervisor ထံ အစီရင်ခံတင်ပြခြင်း။ နေ့စဉ် Inventory Reconciliation Report များကို Finance Department သို့ အချိန်မီ တင်ပြခြင်း။ Daily Sales Order များကို မှန်ကန်တိကျစွာ ပြင်ဆင်ထုတ်ပေးခြင်း။ နေ့စဉ် Sales Report များကို Management နှင့် Finance Department သို့ တင်ပြခြင်း။ Inventory လှုပ်ရှားမှုများကို စောင့်ကြည့်စစ်ဆေးပြီး Stock Transactions အားလုံးအတွက် လိုအပ်သော အထောက်အထားစာရွက်စာတမ်းများ ပြည့်စုံစွာ ရှိစေရန် ဆောင်ရွက်ခြင်း။ Warehouse၊ Sales နှင့် Finance Department များနှင့် ပူးပေါင်းဆောင်ရွက်၍ Inventory Accuracy နှင့် လုပ်ငန်းစဉ်များ ချောမွေ့စေရန် ဆောင်ရွက်ခြင်း။ Inventory Records နှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို Audit နှင့် Compliance အတွက် စနစ်တကျ ထိန်းသိမ်းထားရှိခြင်း။ လစဉ်နှင့် နှစ်ကုန် Inventory Closing လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ခြင်း။ Periodic Stock Count များနှင့် Inventory Audit များတွင် ပါဝင်ကူညီခြင်း။ Management မှ တာဝန်ပေးအပ်သော Inventory နှင့် Accounting ဆိုင်ရာ အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
အကျိုးအမြတ်: .
တင်သောနေ့: 31 Jul 2026
Beauty VIVO
တောင်ဥက္ကလာ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
30 Jul 2026
Stock Software အသုံးပြုနိုင်ရမည်။ နေ့စဉ်အရောင်းဘောက်ချာများ၊ အော်ဒါများ၊ ပစ္စည်းအဝင်အထွက် စာရင်းများ ရိုက်နိုင်ရမည်။ Stock ပစ္စည်း အဝင်/အထွက် စာရင်းများ စစ်ဆေးနိုင်ရမည်။ တာဝန်ယူထားသော သက်ဆိုင်ရာ Operation မှ စာရင်းဇယားများ စစ်ဆေးရန်။ လစဉ်၊ နှစ်စဉ် စာရင်းချုပ် လုပ်ငန်းများအတွက် Senior Accountant အား Support ပေးနိုင်ရမည်။ Excel ဖြင့် Stock အဝင်/အထွက်များ ရိုက်ခြင်းကို မြန်ဆန် တိကျရမည်။ Store လက်ကျန် စာရင်းနှင့် Warehouse ရှိ မြေပြင်အရှိစာရင်း Ground Stock တိတိကျကျ တိုက်စစ်နိုင်ရမည်။
တင်သောနေ့: 30 Jul 2026
New A1 Family Co.,Ltd
ဒဂုံမြို့သစ်မြောက်ပိုင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
Inventory & Stock Management ပစ္စည်းဝင်/ထွက် စာရင်းများ နှင့် ရွှေ့ပြောင်းမှုများကို စနစ်တကျ မပျက်မကွက် မှတ်တမ်းတင် ရေးသွင်း ထိန်းသိမ်းရမည်။ ပစ္စည်းများ ရောက်ရှိလာပါက အရေအတွက် တိကျမှန်ကန်မှု ရှိ/မရှိ၊ ပျက်စီးယိုယွင်းမှု ရှိ/မရှိ Delivery Order (DO) / Invoice များနှင့် တိုက်ဆိုင် စစ်ဆေးလက်ခံရမည်။ ပစ္စည်းများ လွှဲပြောင်း ပေးပို့ရာတွင် သက်ဆိုင်ရာ စာရွက်စာတမ်း များ စနစ်တကျ ထုတ်ပေးပြီး စာရင်းဇယား ရေးသွင်းရမည်။ စတော့ခ် လိုအပ်ချက်များ မဖြစ်ပေါ်စေရန်နှင့် ပစ္စည်းပြတ်လပ်မှု သို့မဟုတ် အပိုအလိုများ မဖြစ်စေရန် အနည်းဆုံးရှိရမည့် စာရင်းများကို စောင့်ကြည့် ထိန်းသိမ်းရမည်။ Stock Count & Reporting မြေပြင်ရှိ ပစ္စည်းစတော့ခ် နှင့် စာရင်းဇယားပါ စတော့ခ် ကိုက်ညီမှု ရှိ/မရှိ ပုံမှန် အလှည့်ကျ စတော့ခ် စစ်ဆေးခြင်း ပြုလုပ်ရမည်။ စတော့ခ် စာရင်း ကွဲလွဲမှု၊ ပျက်စီးမှု သို့မဟုတ် ပျောက်ဆုံးမှုများ တွေ့ရှိပါက အကြောင်းရင်းကို စစ်ဆေး၍ အထက်ထံ ချက်ချင်း တင်ပြရမည်။ ပစ္စည်းများကို အလွယ်တကူ ရှာဖွေနိုင်ရေးနှင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် စနစ်တကျ စီစဉ် သိမ်းဆည်းရမည်။ လစဉ်/အပတ်စဉ် အစီရင်ခံစာများကို မန်နေဂျာနှင့် သက်ဆိုင်ရာ ဌာနများသို့ တင်ပြရမည်။
အကျိုးအမြတ်: ကော်မရှင်ပေးမည်။ အချိန်ပိုကြေး ရက်မှန်ကြေး ဘောနပ်စ် ပေးမည်။
Yadanar Taung Co.,Ltd
အင်းစိန် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
04 Jul 2026
ဂိုဒေါင်အတွင်းရှိ ကုန်ပစ္စည်းများကို စနစ်တကျ လက်ခံ၊ စစ်ဆေး၊ သိမ်းဆည်းခြင်း။ ကုန်ပစ္စည်းအဝင် (Receiving) နှင့် အထွက် (Issuing) ကို သတ်မှတ်လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခြင်း။ Stock အရေအတွက်ကို မှန်ကန်စွာ ထိန်းသိမ်းပြီး လစဉ်/နှစ်စဉ် Stock Count တွင် ပါဝင်ဆောင်ရွက်ခြင်း။ Delivery အတွက် ကုန်ပစ္စည်းများကို မှန်ကန်စွာ ပြင်ဆင်ပေးခြင်း။ ကုန်ပစ္စည်းများကို အမျိုးအစားအလိုက် စနစ်တကျ စီစဉ်ထားရှိခြင်း။ Store အတွင်း သန့်ရှင်းရေး၊ လုံခြုံရေးနှင့် စည်းကမ်းများကို လိုက်နာထိန်းသိမ်းခြင်း။ Stock လျော့နည်းခြင်း၊ ပျက်စီးခြင်း သို့မဟုတ် ကွဲလွဲမှုများကို အချိန်မီ တင်ပြခြင်း။ ERP သို့မဟုတ် Stock Record များကို မှန်ကန်စွာ Update ပြုလုပ်ခြင်း။ Store In-Charge နှင့် Team အဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ Company Policy နှင့် SOP များကို လိုက်နာဆောင်ရွက်ခြင်း။ 📍 အလုပ်ခန့်အပ်မည့်နေရာများ အင်းစိန် တောင်ဒဂုံ ရွှေပြည်သာ အနီးဆုံး Branch တွင် တာဝန်ထမ်းဆောင်နိုင်ပါသည်။
အကျိုးအမြတ်: -
တင်သောနေ့: 04 Jul 2026
The Mix by Su
တာမွေ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
12 Jun 2026
ဂိုဒေါင်နှင့် ဆိုင်ခွဲများရှိ ကုန်ပစ္စည်းအဝင်၊ အထွက်နှင့် လက်ကျန်စာရင်းများကို နေ့စဉ် စစ်ဆေးထိန်းသိမ်းခြင်း။ Inventory Record များကို စနစ်တကျ Update ပြုလုပ်ပြီး တိကျမှန်ကန်စေရန် ထိန်းချုပ်ခြင်း။ Physical Stock Count နှင့် System Stock ကို ပုံမှန်တိုက်ဆိုင်စစ်ဆေး၍ ကွာဟချက်များကို ရှာဖွေဖြေရှင်းခြင်း။ Stock Transfer၊ Stock Adjustment နှင့် Damaged Items များကို မှတ်တမ်းတင်စီမံခန့်ခွဲခြင်း။ Reorder Level များကို စောင့်ကြည့်၍ လိုအပ်သော ကုန်ပစ္စည်းများကို အချိန်မီ အကြံပြုတင်ပြခြင်း။ Warehouse၊ Sales နှင့် Purchasing Team များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ လစဉ်၊ အပတ်စဉ် Inventory Report များကို ပြင်ဆင်တင်ပြခြင်း။ Stock Loss၊ Expired Items နှင့် Inventory Discrepancy များကို လျှော့ချနိုင်ရန် ထိန်းချုပ်ဆောင်ရွက်ခြင်း။ ကုမ္ပဏီ၏ Inventory Policy နှင့် SOP များကို လိုက်နာဆောင်ရွက်ခြင်း။ မန်နေဂျာမှ တာဝန်ပေးအပ်သည့် အခြားသက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
အကျိုးအမြတ်: Salary : Negotiable
တင်သောနေ့: 12 Jun 2026
ZAID MYANMAR COMPANY LIMITED
မင်္ဂလာတောင်ညွှန့် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
20 Jul 2026
မင်္ဂလာတောင်ညွှန့်၊ Yangonတွင်ရှိသော Full Time Junior Sales Executive ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - Experienced Non-Manager နှင့် Monthly လစာကောင်းကောင်းပေးမည်။ ဆိုင်သို့လာရောက်သော Customer များကို ယဉ်ကျေးပျူငှာစွာ ကြိုဆို၍ ဝန်ဆောင်မှုပေးရန်။ Customer ၏ လိုအပ်ချက်များကို နားလည်ပြီး သင့်လျော်သော Electrical ပစ္စည်းများကို အကြံပြုရောင်းချရန်။ Quotation များနှင့် Sales Order များကို ပြင်ဆင်ပေးရန်။ ဖုန်း၊ Facebook Messenger၊ Viber၊ WhatsApp နှင့် အခြားဆက်သွယ်ရေး Channel များမှ Customer မေးမြန်းမှုများကို အချိန်မီ ပြန်လည်ဖြေကြားရန်။ Quotation ပေးထားသော Customer များကို Follow-up ပြုလုပ်၍ အရောင်းအခွင့်အလမ်းများ တိုးမြှင့်ရန်။ Customer များနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထိန်းသိမ်းရန်။ ကုမ္ပဏီ၏ Electrical Product များ၊ Brand များနှင့် Specification များကို လေ့လာနားလည်ထားရန်။ Warehouse နှင့် ပူးပေါင်း၍ ကုန်ပစ္စည်းလက်ကျန်အခြေအနေကို စစ်ဆေးဆောင်ရွက်ရန်။ လိုအပ်ပါက Purchasing နှင့် Accounting ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်။ Showroom ကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းထားရန်။ Stock Count နှင့် Inventory စစ်ဆေးမှုများတွင် လိုအပ်ပါက ပါဝင်ကူညီရန်။ သတ်မှတ်ထားသော Sales Target များ ပြည့်မီစေရန် ကြိုးပမ်းဆောင်ရွက်ရန်။ Management မှ တာဝန်ပေးအပ်သည့် အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်။
အကျိုးအမြတ်: Rewards for over performance
တင်သောနေ့: 20 Jul 2026
Gloria'outfit Designer Clothing Brand
14 Jul 2026
Sales Strategy နှင့် Plan များရေးဆွဲခြင်း။ Sales Team ကို ဉီးဆောင်ပီး Training , Coaching ပေးခြင်း ။ Customer Relationship ကို ထိန်းသိမ်းပီး လုပ်ငန်းတိုးချဲ့မှူများ ဆောင်ရွက်ခြင်း။ Customer များ၏ လိုအပ်ချက်များကို သုံးသပ်၍ Customer Satisfaction နှင့် Service Quality မြှင့်တင်ခြင်း ။ Stock Control နှင့် Inventory Management ကို တိကျမှန်ကန်စွာ စီမံခြင်:။ ဆိုင်အားလုံး အတွက် Sales Target များ သတ်မှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း။
အကျိုးအမြတ်: -Uniform -Sales Target(incentive) -Transportation fees
တင်သောနေ့: 14 Jul 2026
Supreme Group of Companies
ဥတ္တရသီရိ | နေပြည်တော် နေပြည်တော်
24 Jun 2026
Company Asset/Inventory များ စနစ်တကျစစ်ဆေးမှတ်တမ်းတင်ခြင်း Office Supplies/Stationery များ Procurement, Issue, Stock Control ကိစ္စများကို Manage ပြုလုပ်ခြင်း Vehicle, Generator, Building Maintenance နှင့် စက်ပစ္စည်းများ၏ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပတ်သက်သောကိစ္စရပ်များကို ကြီးကြပ်စစ်ဆေးခြင်း License, Government Relation, MIC, Fire, Building Permit စသည့် မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း Facility Management (Cleanliness, Security, Repair & Maintenance) ဆိုင်ရာကိစ္စရပ်များအား ကြီးကြပ်ခြင်း Office Administrative Files, Contracts, Bills, Receipts များ မှတ်တမ်းတင်ထားရှိနိုင်ရေး ကိစ္စများအား ကြီးကြပ်ခြင်း Fixed Asset Register စနစ်တကျ ပြုစုခြင်းနှင့် Update လုပ်ခြင်း HR Department နှင့် ပူးပေါင်း၍ Attendance, Leave Records စနစ်တကျစစ်ဆေးခြင်း
အကျိုးအမြတ်: Lunch provided
တင်သောနေ့: 24 Jun 2026
Aye Yeik Mon Specialist clinic & diagnostic center
မြင်းခြံ | မန္တလေးတိုင်း မန္တလေးတိုင်း
22 Jun 2026
ဓာတ်ခွဲခန်းအတွင်း နေ့စဉ်လုပ်ငန်းများကို Laboratory Technician/Analyst များနှင့် ပူးပေါင်းကူညီဆောင်ရွက်ရန်။ စမ်းသပ်ရန် Samples များကို စုဆောင်းခြင်း၊လက်ခံခြင်း၊ တံဆိပ်ကပ်ခြင်းနှင့် မှတ်တမ်းတင်ခြင်းများ ပြုလုပ်ရန်။ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ Chemical များနှင့် Equipment များကို စနစ်တကျ စီမံထိန်းသိမ်းရန်။ စမ်းသပ်ပြီးနောက် အသုံးပြုသော Glassware နှင့် Equipment များကို သန့်ရှင်းရေးပြုလုပ်ရန်။ Test Results နှင့် Laboratory Records များကို မှန်ကန်စွာ မှတ်တမ်းတင်ထိန်းသိမ်းရန်။ Laboratory Safety Procedures နှင့် Quality Control Standards များကို လိုက်နာဆောင်ရွက်ရန်။ Stock Inventory များကို စစ်ဆေးပြီး လိုအပ်သော ပစ္စည်းများကို အချိန်မီ တင်ပြရန်။ Supervisor မှ တာဝန်ပေးအပ်သော အခြား Laboratory လုပ်ငန်းများကို ဆောင်ရွက်ရန်။
တင်သောနေ့: 22 Jun 2026
Glamdust LTD
ဒဂုံမြို့သစ်အရှေ့ပိုင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
15 Jun 2026
In Burmese ဂိုဒေါင်ဝန်ထမ်းများနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ကြီးကြပ်စီမံခန့်ခွဲခြင်း။ ကုန်ပစ္စည်းလက်ခံခြင်း၊ သိုလှောင်ခြင်း၊ ရွေးထုတ်ခြင်း (Picking)၊ ထုပ်ပိုးခြင်း (Packing) နှင့် ပို့ဆောင်ခြင်း (Shipping) လုပ်ငန်းစဉ်များကို စောင့်ကြည့်ထိန်းချုပ်ခြင်း။ တိကျမှန်ကန်သော ကုန်ပစ္စည်းစာရင်း (Inventory) နှင့် လက်ကျန်ပစ္စည်းများကို စီမံခန့်ခွဲထိန်းသိမ်းခြင်း။ ပုံမှန် Inventory Count များပြုလုပ်ပြီး စာရင်းကွာဟမှုများကို စစ်ဆေးဖြေရှင်းခြင်း။ ဂိုဒေါင်အတွင်း စနစ်တကျ စီမံထားရှိမှုနှင့် သန့်ရှင်းသပ်ရပ်မှုကို ထိန်းသိမ်းခြင်း။ လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်စေခြင်း။ ဂိုဒေါင်ဝန်ထမ်းများအား သင်ကြားပေးခြင်း၊ လမ်းညွှန်ပေးခြင်းနှင့် စွမ်းဆောင်ရည် အကဲဖြတ်ခြင်း။ ဝန်ထမ်း Duty Shift များကို စီစဉ်သတ်မှတ်ပြီး အလုပ်တာဝန်များ ခွဲဝေပေးခြင်း။ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် ထုတ်လုပ်နိုင်စွမ်း (Productivity) ကို စောင့်ကြည့်အကဲဖြတ်ခြင်း။ ပေးသွင်းသူများ (Suppliers)၊ ပို့ဆောင်ရေးဝန်ဆောင်မှုပေးသူများနှင့် အခြားဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများ (Operational Reports) ပြင်ဆင်တင်ပြခြင်းနှင့် ဂိုဒေါင်မှတ်တမ်းများကို ထိန်းသိမ်းထားရှိခြင်း။ လုပ်ငန်းဆိုင်ရာ ပြဿနာများ သို့မဟုတ် Customer Complaint များကို စုံစမ်းစစ်ဆေးပြီး ဖြေရှင်းဆောင်ရွက်ခြင်း။ In English Supervise and coordinate warehouse employees and daily activities. Monitor receiving, storage, picking, packing, and shipping operations. Ensure accurate inventory management and stock control. Conduct regular inventory counts and resolve discrepancies. Maintain warehouse organization and cleanliness. Enforce workplace health and safety procedures. Train, coach, and evaluate warehouse personnel. Schedule staff shifts and assign workloads. Monitor employee performance and productivity. Coordinate with suppliers, transport providers, and other departments. Prepare operational reports and maintain warehouse records. Investigate and resolve operational issues or customer complaints.
အကျိုးအမြတ်: OT+Meal Allow +Bonus (yearly)
တင်သောနေ့: 15 Jun 2026
Happy Baby
သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
Department: Finance & Accounts Reports To: Chief Accountant / Finance Manager ကုန်ပစ္စည်းစာရင်း (Inventory) များကို တိကျမှန်ကန်စွာ မှတ်တမ်းတင်ထိန်းသိမ်းရန်။ Stock In၊ Stock Out နှင့် Stock Transfer လုပ်ငန်းစဉ်များကို စစ်ဆေး၍ စာရင်းရေးသွင်းရန်။ ဂိုဒေါင်နှင့် အရောင်းဌာနများမှ Stock Report များကို နေ့စဉ်၊ အပတ်စဉ်နှင့် လစဉ် စစ်ဆေးတင်ပြရန်။ Physical Stock Count များတွင် ပါဝင်ဆောင်ရွက်၍ စာရင်းနှင့် ကိုက်ညီမှုရှိစေရန် စစ်ဆေးရန်။ Inventory Variance နှင့် Stock Loss များကို စိစစ်၍ အစီရင်ခံတင်ပြရန်။ Inventory Valuation နှင့် Cost of Goods Sold (COGS) များကို တိကျစွာ တွက်ချက်ပြင်ဆင်ရန်။ Inventory Accounting Records များကို Accounting Software တွင် အချိန်မီ မှတ်တမ်းတင်ရန်။ Warehouse၊ Purchasing နှင့် Sales Department များနှင့် ပူးပေါင်းဆောင်ရွက်ရန်။ လစဉ် Inventory Reconciliation နှင့် Bank/GL Reconciliation များကို ဆောင်ရွက်ရန်။ Internal Audit နှင့် External Audit အတွက် လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ပေးရန်။ Management မှ ပေးအပ်သော အခြားသက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရန်။
အကျိုးအမြတ်: Salary Negotiable (Based on Experience) Working Hours Company Policy အရ သတ်မှတ်ထားသော အလုပ်ချိန်အတိုင်း။