• Shwe Tatar Gold & Jewelry Group

  • အလုပ်ရှင်တိုက်ရိုက်

  • လုပ်ငန်းအမျိုးအစား :ဘဏ်လုပ်ငန်း/အာမခံလုပ်ငန်း/အသေးစားချေးငွေလုပ်ငန်း, လက်ဝတ်ရတနာနှင့် ကျောက်မျက်ရတနာလုပ်င...

  • ဝန်ထမ်းအရေအတွက် :21-50

  • လိပ်စာ :

    No. (243), Sagaing-Mandalay Road, Near Kandawgyi Traffic Light, Tampawadee Quarter,မန္တလေးတိုင်း, Myanmar

Shwe Tatar Gold & Jewelry Group အလုပ်များနှင့်ကိုယ်ရေးအချက်အလက်များ

ကုမ္ပဏီ၏မျှော်မှန်းချက်နှင့်တာဝန်

“ရွှေတံတား”ကို ယခုတည်ရှိရာနေရာတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အပေါင်လုပ်ငန်းလိုင်စင်ရယူပြီး ၁၉၉၅ခုနှစ်၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ အာမခံပစ္စည်းအဖြစ် စိန်၊ ရွှေ၊ပလက်တီနမ် အစရှိသည်တို့ကို လက်ခံ၍ ချေးငွေဝန်ဆောင်မှုများ ပေးအပ်ပါသည်။ ၂၀၁၈ခုနှစ်တွင် စိန်ရွှေရတနာဆိုင်ကို တိုးချဲ့ဖွင့်လှစ်သည်။ မီးလင်းအပိုင်းဖြတ်စများမှသည် ဒီဇိုင်းစုံ စက်ထည်လက်ထည်များ၊ ကျောက်မျက်ရတနာများ၊ 18Kအထည်များကို တာဝန်ယူမှု၊ အာမခံမှုအပြည့်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ထို့အပြင် ဖောက်သည်များ စိတ်တိုင်းကျ အော်ဒါဒီဇိုင်းအမျိုးမျိုး ပြုလုပ်ပေးခြင်း၊ အထည်ပြုပြင်အရောင်တင်ခြင်း၊ အခမဲ့ ဂျေးချွတ်သန့်စင်ပေးခြင်း စသည်များကို လုပ်ဆောင်ပေးလျှက် ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင် ရွှေပန်းထိမ်လုပ်ငန်းကို တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ မျိုးဆက်နှစ်ဆက်ရှိလာပြီဖြစ်တဲ့ ရွှေတံတားကို လူထုအကျိုးပြုနိုင်တဲ့ လုပ်ငန်းစုအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားမှာဖြစ်သလို လုပ်ငန်းနဲ့ ဆက်စပ်လုပ်ကိုင်နေသူ အားလုံးအတွက် အကျိုးပြုနိုင်တဲ့ နေရာတစ်ခု ဖြစ်လာအောင်လည်း ကြိုးပမ်းသွားပါမည်။
x