• United Paper Co.,Ltd

  • အလုပ်ရှင်တိုက်ရိုက်

  • အတည်ပြုပြီး ဤကုမ္ပဏီကိုအမှန်တကယ်အဖြစ်အတည်ပြုပြီးဖြစ်သည်။
  • လုပ်ငန်းအမျိုးအစား :ကုန်ပစ္စည်းထုတ်လုပ်ရေး

  • ဝန်ထမ်းအရေအတွက် :101-200

  • လိပ်စာ :

    No.(24), MyaTaungWungyi U Mo Street, East Dagon Industrial Zone, East Dagon Township, Yangon,,ရန်ကုန်တိုင်း, Myanmar

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

ကုမ္ပဏီ၏မျှော်မှန်းချက်နှင့်တာဝန်

United Paper Company Limited သည် ကောင်းမွန်သော သဘာဝပါတ်ဝန်းကျင် အတွက်အလေးပေးပြီး လူ့အဖွဲ့ အစည်း အကျိုးပြုနိုင်ရန် အစဉ် ကြိုးပမ်းလျက်ရှိပါသည်။ ထုတ်ကုန်များ ပြန်လည်ထုတ်လုပ် အသုံးပြုနိုင်သော အခြေခံပစ္စည်းများ ဦးစားပေး ကုန်ကြမ်းအနေဖြင့် သုံးစွဲထုတ်လုပ်ခြင်းဖြင့် သဘာဝပါတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုသော ကုမ္ပဏီ တစ်ခုဖြစ်သည်။ ဝန်ထမ်းများ၏ အခွင့်အရေးအား အရေးထားပြီး လူ့အခွင့်အရေးအား အလေးပေး လုပ်ဆောင်လျက်ရှိသည်။ တည်ဆဲ အလုပ်သမား ဉပဒေ၊ စည်းမျဉ်းများအားလိုက်နာပြီး ဝန်ထမ်းများ၏ အလုပ်အကိုင် အခွင့်အလမ်းကို ပံ့ပိုးကူညီလျက်ရှိပါသည်။ ကုမ္ပဏီ၏ မူဝါဒတစ်ခုဖြစ်သော တန်းတူညီမျှ အလုပ်အကိုင်ရရှိရေး မူဝါဒအရ အသားအရောင်၊ ကိုးကွယ်ယုံကြည်မှု၊ ကျား/မ နှင့် မသန်စွမ်း သူများအား ခွဲခြားမှုမရှိပဲ အရည်အချင်ပြည့်မီသော မည်သူကိုမဆို အလုပ်ခန့်ထားရန် အသင့်ရှိနေပါသည်။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရန်၊ မတော်တဆမှုများ လုံးဝ ဖြစ်ပေါ်မှုမရှိစေရန်၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုမရှိစေရန် အတွက် ဘေးကင်းပြီး ပျေ်ရွင်ဖွယ်ကောင်းသော အလုပ်ပါတ်ဝန်းကျင်ကောင်းဖြစ်စေရန် ကြိုးစားအားထုတ် တည်ဆောက်ပြီးဖြစ်သည်။ United Paper Company Limited တွင် တာဝန်ထမ်းဆောင်သော မည်သည့် ဝန်ထမ်းမဆို တစ်နေရာတည်းတွင် ရပ်တန့်နေမည်မဟုတ်ပဲ မိမိတို့၏ စွမ်းဆောင်ရည်အလိုက် အခွင့်လမ်းများစွာ ရှိရန်လည်း အလေးပေးဆောင်ရွက်လျက်ရှိသည်။ ဝန်ထမ်းများ သက်သာ‌ချောင်ချိရေးအတွက် နေ့လည်စာ၊ သတ်မှတ်ထားသော နေရာမှ စီးနိုင်သော ကြိုပို့ယာဉ်၊ ‌နယ်ဝေးမှ လာရောက်သော ဝန်ထမ်းများအတွက် နေထိုင်စရာ နေရာများ စီစဉ်ထားပေးပါသည်။ တည်ဆဲ အလုပ်သမားဉပဒေများအပြင် ကုမ္ပဏီမှ ပြဌာန်းထားသော မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း အဆင့်ဆင့် ဆောင်ရွက်လုပ်ကိုင်‌သော ကုမ္ပဏီဖြစ်သည့်အတွက် လုံခြုံစိတ်ရသော လုပ်ငန်းခွင့်ဖြစ်ကြောင်း အသိပေးလိုပါသည်။ ယခုလက်ရှိဝန်ထမ်းပေါင်း ၂၀၀ ကျော်ဖြင့် စနစ်တကျလည်ပါတ်လျက်ရှိပြီး အရှေ့ဒဂုံစက်မှုဇုန်တွင် ကုမ္ပဏီတည်ရှိပါသည်။

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

x