• Wei Li Hlaine General Trading Co.,Ltd

  • အလုပ်ရှင်တိုက်ရိုက်

  • လုပ်ငန်းအမျိုးအစား :ကုန်ပစ္စည်းဖြန့်ချီရေး/ရောင်းဝယ်ရေး/ပို့ကုန်/သွင်းကုန်

  • ဝန်ထမ်းအရေအတွက် :101-200

  • လိပ်စာ :

    Head Office : No 107, Between 64*65 , Mandalay, Chan Mya Thazi.,Bldg K, Rm 71/72/73, Hta Wun Bae Ward, North Okkalapa Township,မန္တလေးတိုင်း, Myanmar

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

ကုမ္ပဏီ၏မျှော်မှန်းချက်နှင့်တာဝန်

ဝေလီလှိုင်း အထွေထွေရောင်းဝယ်ရေး ကုမ္ပဏီလီမိတတ်ကို ၂၀၁၁ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ဝန်ထမ်းအင်အား (၄၀)ကျော်ဖြင့်သာ ရပ်တည်ခဲ့သည့် ကုမ္ပဏီဖြစ်ပါသည်။ ယခင် မန္တလေးတွင်သာ ရုံးရှိခဲ့သော်လည်း ၂၀၁၃ ခုနှစ်မှ စတင်ကာ ရန်ကုန်တွင်ရုံးခွဲ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ဝန်ထမ်း အင်အား (၂၀၀) ကျော်ခန့်ဖြင့် ခိုင်မာစွာ ရပ်တည်နေပါသည်။ စျေးကွက် ဖြန့်ဖြူးရောင်းချရာတွင်လည်း အတွေ့အကြုံရှိသော ဝန်ထမ်းများဖြင့် ဝန်ဆောင်မှု အပြည့်အဝ ပေးနေသော ကုမ္ပဏီဖြစ်ပါသည်။

ဝေလီလှိုင်း ကုမ္ပဏီအနေဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချသော ကုန်ပစ္စည်း အမျိုးအစားပေါင်း ၂၅၀၀ ကျော်ရှိပြီး စျေးကွက်အတွင်းအခိုင်အမာ ရပ်တည်လျက်ရှိပါသည်။စျေးကွက် လိုအပ်ချက်နှင့်ကိုက်ညီအောင် ဆောင်ရွက်နိုင်ပြီး Customer များ၏ယုံကြည်မှုကို အပြည့်အဝ ရရှိထားပါသည်။ မြန်ဆန်မှုနှင့် ထိရောက်မှုရှိစေရန်အတွက် အလေးထားဆောင်ရွက် လျက်ရှိပြီး လူစွမ်းအားနှင့် စက်ယန္တရားများ အပြည့်အဝဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီသည် ဝယ်ယူအားပေးကြသော Customer ကြီးများ စိတ်တိုင်းကျစေရန် ဝန်ဆောင်မှုများစွာဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ကျွန်တော်တို့ ကုမ္ပဏီနှင့် အတူ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများဖြင့် တောက်ပသော အနာဂါတ်ဆီသို့ အတူလျှောက်လှမ်း သွားကြပါမည်။

ပြီးပြည့်စုံသော ဝန်ဆောင်မှု့ဖြင့် သင်နှင့်အတူ ရှိနေသော ဝေလီလှိုင်း

Our Mission
အရည်အသွေးကောင်းမွန်ရမည်။
ယုံကြည်စိတ်ချမှု အပြည့်ပေးနိုင်ရမည်။
အချိန်နဲ့တပြေးညီ ဝန်ဆောင်မှုပေးနိုင်ရမည်။
ကုန်ပစ္စည်းများ သုံးစွဲသူ ယုံကြည်စိတ်ချစေရမည်။
အားလုံးနဲ့အတူ တောက်ပသော အနာဂါတ်သို့ လျှောက်လမ်းနိုင်ရမည်။

Our Vision
မြန်မာနိုင်ငံတွင် အကြီးမားဆုံးသော စျေးကွက်ရယူနိုင်ရမည်။
ရောက်ရှိလာသော ကုန်ပစ္စည်းများ စျေးကွက်တွင်နေရာ အမြန်ယူနိုင်ရမည်။
အများယုံကြည်အားထားရသော ဝန်ဆောင်မှုများဖြင့် သုံးစွဲသူများ စိတ်ကျေနပ်မှုပေးနိုင်ရမည်။
သုံးစွဲသူများကို အချိန်ချွေတာနိုင်ပြီး မိမိတို့အရှေ့အရောက် ဝန်ဆောင်မှာပေးနိုင်ရမည်။

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

x