• Yours Excellency Service

  • အလုပ်ရှင်တိုက်ရိုက်

  • လုပ်ငန်းအမျိုးအစား :ထောက်ပံ့ပို့ဆောင်ရေး/သယ်ယူပို့ဆောင်ရေး

  • ဝန်ထမ်းအရေအတွက် :21-50

  • လိပ်စာ :

    MGW Center, 5 floor, Room 502, Bo Aung Kyaw st,Botataung Twonship,ရန်ကုန်တိုင်း, Myanmar

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

Yours Excellency Service အလုပ်များ

ရန်ကုန်တိုင်း
03 Sep 2026
1 ဦး
03 Sep 2026

ကုမ္ပဏီ၏မျှော်မှန်းချက်နှင့်တာဝန်

ကုမ္ပဏီအကြောင်း

Your Excellency Service Co., Ltd (YES) သည် မြန်မာနိုင်ငံအခြေစိုက် ထိပ်တန်း အဆင့်မြင့် လောဂျစ်စတစ်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတစ်ခုဖြစ်ပြီး ပြည့်စုံစိတ်ချရသော အစမှအဆုံး ကွင်းဆက်စီမံခန့်ခွဲမှု (Supply Chain Management) ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ကောင်းမွန်သောဝန်ဆောင်မူ၊ ထိရောက်သောအကျိုးသက်ရောက်မှုနှင့် စည်းမျဉ်းစည်းကမ်းများကို အပြည့်အဝဦးစားပေးလိုက်နာပြီး လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းနှင့် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများမှတစ်ဆင့် ကုန်သွယ်မှုကို ကမ္ဘာ့ကွန်ရက်များနှင့် ချိတ်ဆက်ပေးလျက်ရှိပါသည်။

အဓိက စီးပွားရေးလုပ်ငန်းများ

ကျွန်ုပ်တို့သည် စီးပွားရေးလုပ်ငန်းရှင် သုံးစွဲသူများအတွက် ကုန်သွယ်မှုလုပ်ငန်းစဉ်များကို ချောမွေ့စေရန်၊ သယ်ယူပို့ဆောင်ချိန်များကို လျှော့ချရန်နှင့် ကုန်ကျစရိတ်များကို သက်သာစေရန် လောဂျစ်စတစ် ဝန်ဆောင်မှုအပြည့်အစုံကို ဆောင်ရွက်ပေးနေပါသည်-

နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း

အကောက်ခွန်ရှင်းလင်းရေးနှင့် စည်းမျဉ်းစည်းကမ်း လိုက်နာရေး

နယ်စပ်ဖြတ်ကျော် ကုန်စည်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု

ကုန်လှောင်ရုံ ဝန်ဆောင်မှု

စီမံကိန်းသုံး ကုန်စည်များနှင့် အထူးသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု

မျှော်မှန်းချက် (Vision)

ဒေသတွင်း၌ အယုံကြည်ရဆုံး Logistics မိတ်ဖက်အဖွဲ့အစည်းဖြစ်လာရန်၊ နိုင်ငံတကာစံချိန်စံညွှန်းမီ ဝန်ဆောင်မှုများ ပေးအပ်ရန်နှင့် မြန်မာနိုင်ငံ၏ ထိပ်တန်း Logistics ကုမ္ပဏီဖြစ်လာရန်။

ရည်မှန်းချက် (Mission)

မတူညီသော Logistics စိန်ခေါ်မှုတိုင်းကို "Yes" ဟု အမြဲတမ်းအဆင်သင့် တုံ့ပြန်ဆောင်ရွက်ရန်၊ စိတ်ချယုံကြည်ရပြီး ဆန်းသစ်သော ဝန်ဆောင်မှုများကို ပေးအပ်ရန်နှင့် သုံးစွဲသူများ၏ စိတ်ကျေနပ်မှုကို အဓိကထား ဆောင်ရွက်ရန်။

ပင်မတန်ဖိုးများ (Core Values)

ရိုးသားဖြောင့်မတ်မှု (Integrity)

သုံးစွဲသူကို ဦးစားပေးမှု (Customer Focus)

ဆန်းသစ်တီထွင်မှု (Innovation)

အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှု (Teamwork)

ရေရှည်တည်တံ့ခိုင်မြဲမှု (Sustainability)

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

x