ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

စားဖိုဆောင်အကူ

မီးဖိုချောင်အကူ | Kitchen Helper
Myanmar Artisans Co.,Ltd

စားဖိုဆောင်အကူ

မီးဖိုချောင်အကူ | Kitchen Helper
1 ဦး
Myanmar Artisans Co.,Ltd
1 ဦး
အတည်ပြုပြီး
ဗဟန်း | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 4 နာရီက အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

စားသောက်ဆိုင်ဝန်ဆောင်မှု
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: ဒီနေ့

ရာထူး                                          : Kitchen Helper (စားဖိုဆောင်အကူ)
သတင်းပို့ရန်                                  : ကဖေးခေါင်းဆောင်

ဌာန                                             : Artisan Café

အလုပ်အကိုင်အမျိုးအစား                : (၃) လ အချိန်ပြည့်

အခြေခံလစာ                                 : ၃၅ဝ,ဝဝဝကျပ်
တာဝန်ထမ်းဆောင်ရမည့်နေရာ          : ရန်ကုန် 

အလုပ်ချိန်                                    : မနက် ၈:၀၀ မှ ညနေ ၆:၀၀ အထိ

အလုပ်စတင်မည့် ရက်                     : ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်။ (သောကြာနေ့)

Artisan Café ၏ အသေးစားကော်ဖီဆိုင်တွင် တာဝန်ထမ်းဆောင်ရန် စားဖိုဆောင်အကူတစ်ဦး ရှာဖွေနေပါ သည်။ ဤရာထူးသည် အစားအသောက်ပြင်ဆင်ခြင်းနှင့် စားဖိုဆောင်ဆိုင်ရာလုပ်ငန်းဆောင်တာများ ဆောင်ရွက်ခြင်း၊ မြန်မာ့ရိုးရာအစားအစာများ၊ တိုင်းရင်းသားအစားအစာများ ချက်ပြုတ် ပြင်ဆင်ခြင်းနှင့် တည်ခင်းဧည့်ခံခြင်းများအတွက် လက်တွေ့အတွေ့အကြုံများ ရရှိနိုင်မည့် အခွင့်အရေး ဖြစ်ပါသည်။
တာဝန်ဝတ္တရားများ

စားသောက်ဖွယ်ရာများပြင်ဆင်ခြင်း

  • ကဖေးအဖွဲ့ခေါင်းဆောင် (သို့မဟုတ်) စားဖိုမှူးမှ  ညွှန်ကြားသည့်အတိုင်း မြန်မာ့ရိုးရာ အစားအစာ များနှင့် တိုင်းရင်းသားဟင်းလျာများကို ချက်ပြုတ်ပြင်ဆင်ရာတွင်ကူညီပေးရန်။
  • ကြီးကြပ်သူ၏ညွှန်ကြားချက်အတိုင်း အစားအသောက်များတည်ခင်းခြင်းနှင့် ပြင်ဆင်ခြင်းများတွင် ကူညီပေးရန်။
  • ချက်ပြုတ်မှု၊ ပြင်ဆင်မှု အဆင့်တိုင်းတွင် သန့်ရှင်းလတ်ဆတ်မှုနှင့် ကျန်းမာရေးဆိုင်ရာ စံချိန်စံညွှန်း များအတိုင်း သေချာစွာလိုက်နာရန်။
  • ကဖေးအတွက်လိုအပ်သော ဟင်းသီးဟင်းရွက်များ၊ အချိုရည်များနှင့် အခြားကုန်ကြမ်းပစ္စည်းများကို ဝယ်ယူပေးရန်။

မီးဖိုခန်း ထိန်းသိမ်းခြင်း

  • ပန်းကန်ဆေးခြင်း၊ မီးဖိုခန်းမျက်နှာပြင်များသန့်ရှင်းရေးလုပ်ခြင်းနှင့် အထွေထွေမီးဖိုခန်းသန့်ရှင်း သပ်ရပ်မှုအတွက် လုပ်ဆောင်ရန်။
  • အလုပ်စချိန်မတိုင်မီနှင့် အလုပ်မဆင်းမီ မီးဖိုခန်းကိုသေခြာစွာ သန့်ရှင်းရေးပြုလုပ်ရန်။
  • အမှိုက်များကိုစနစ်တကျစွန့်ပစ်ရန်နှင့် မီးဖိုချောင်သုံးပစ္စည်းများကို စီမံထိန်းသိမ်းရာတွင် ကူညီပေး ရန်။
  • မီးဖိုခန်းဧရိယာ၊ ချက်ပြုတ်ရာနေရာများနှင့် အသုံးအဆောင်ပစ္စည်းကိရိယာများကို သန့်ရှင်းစွာ ထိန်းသိမ်းပေးရန်။ (ကျန်းမာရေးစံချိန်စံညွှန်းများအတိုင်း ကိုက်ညီစွာ လိုက်နာရန်။)
  • စားဖိုဆောင်ဘေးကင်းရေး ဆောင်ရွက်ချက်များ၊ စည်းကမ်းများနှင့် သန့်ရှင်းမှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို အချိန်တိုင်းလိုက်နာဆောင်ရွက်ရန်။

ဝန်ဆောင်မှုပေးခြင်း

  • စားသုံးသူများထံ အစားအစာများအချိန်မီပို့ဆောင်ပေးရန်နှင့် အချိန်မီတည်ခင်းနိုင်ရန် ပြင်ဆင်ရာတွင် ကူညီပေးရန်။
  • စားသုံးသူများစိတ်ကျေနပ်မှုရရှိစေရန်၊ ကောင်းမွန်သောဝန်ဆောင်မှုအတွေ့အကြုံများ ဖြစ်ပေါ်စေရန် နှင့် လုပ်ငန်းလည်ပတ်မှုချောမွေ့စေရန် စားဖိုမှူးအပါအဝင် ကဖေးဝန်ထမ်းများအားလုံးနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန်။
  • လိုအပ်ပါက စားသုံးသူများအား ဝန်ဆောင်မှုပေးခြင်းနှင့် အစားအစာများ ပို့ဆောင်ခြင်းကို ပြုလုပ်ရန်။

 သင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

  • စားဖိုဆောင်လုပ်ငန်းများ ချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် ကဖေးအဖွဲ့ဝင်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ပြီး ကဖေးခေါင်းဆောင်၏ လမ်းညွှန်မှုများအတိုင်း လိုက်နာဆောင်ရွက်ရန်။
  • အဖွဲ့၏အစည်းအဝေးဆွေးနွေးမှုများတွင် တက်ကြွစွာပါဝင်ပြီး ကြုံတွေ့နေရသည့်အခက်အခဲများ၊ အဆင်မပြေမှုများ၊ အတားအဆီးများနှင့် စိုးရိမ်ပူပန်မှုများကို (ကဖေးခေါင်းဆောင် သို့မဟုတ် မန်နေဂျာ ထံ) တင်ပြဆွေးနွေးရန်။
  • ဆိုင်မှပွဲများ၊ အထူးစားသောက်ပွဲအခန်းအနားများတွင် လိုအပ်ပါက အစားအသောက်များ ပြင်ဆင်ခြင်း နှင့် လိုအပ်သောကူညီပံ့ပိုးမှုများ ပေးရန်။
  • နေ့စဉ်အသုံးပြုနေသော ပစ္စည်းများ၏ လက်ကျန်စာရင်းအပါအဝင် လိုအပ်သောကုန်ကြမ်းပစ္စည်းများ ၏ လက်ကျန်ကို အမြဲမပြတ် စောင့်ကြည့်ပြီး ပြန်လည်ဖြည့်တင်းရန်လိုအပ်ပါက ကဖေးခေါင်းဆောင် အား အကြောင်းကြားရန်။
  • စားသောက်ကုန်စာရင်းပြုစုခြင်းနှင့် ဝယ်ယူထောက်ပံ့ခြင်းတို့တွင် ကဖေးခေါင်းဆောင်၊ စားဖိုမှူးတို့နှင့် အတူတကွ ညှိနှိုင်းဆောင်ရွက်ရန်။
  • အလုပ်လိုအပ်ချက်အရ အလုပ်နှင့်ပတ်သက်သည့် အခြားတာဝန်များကို အကူအညီတောင်းလာပါက လုပ်ဆောင်ပေးရန်။

အခွင့်အရေးရှိသူ :

ကျား/မ

လိုအပ်သောအရည်အချင်း

  လိုအပ်သော အရည်အချင်းများ

  • မြန်မာ့ရိုးရာနှင့် တိုင်းရင်းသားအစားအစာများ ပြုလုပ်ပြင်ဆင်ခြင်းတွင် စိတ်ဝင်စားသော အခြေခံ ပညာအထက်တန်းတက်ရောက်ဖူးသူ (သို့မဟုတ်) အလယ်တန်းအဆင့် အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပါသည်။
  • အစားအစာကျန်းမာရေးစံချိန်စံညွှန်းများနှင့်အညီ စားဖိုဆောင်လုပ်ငန်းစဉ်များကို ကောင်းစွာ နားလည်သိရှိသူ ဖြစ်ရမည်။
  • လူမှုဆက်ဆံရေးအထူးကောင်းမွန်၍ တစ်ခုထက်ပိုသောလုပ်ငန်းဆောင်တာများကို (လိုအပ်လာပါက) တပြိုင်တည်းပြီးစီးအောင် လုပ်ဆောင်နိုင်ရမည်။
  • ခင်မင်ဖော်ရွေသော၊ အလုပ်ချိန်တိကျမှန်ကန်သော၊ ယုံကြည်စိတ်ချရသော၊ ကူညီဖေးမသော အကျင့် စရိုက်များဖြင့် အဖွဲ့ဝင်ကောင်းတစ်ဦးပီသစွာ အလုပ်လုပ်ကိုင်နိုင်ရမည်။
  • အချိန်ကြာမြင့်စွာ မတ်တပ်ရပ်အလုပ်လုပ်ကိုင်ခြင်း အပါအဝင် ကာယပိုင်းဆိုင်ရာအလုပ်များကို လုပ်ကိုင်နိုင်ရမည်။
  • ကဖေး၏အချိန်ဇယား (ဗုဒ္ဓဟူးနေ့မှ တနင်္ဂနွေနေ့အထိ)အတိုင်း အလုပ်လုပ်ကိုင်နိုင်ရမည်။

What We Can Offer

အကျိုးအမြတ်

အကျိုးခံစားခွင့်များ
• အခြေခံလစာ
• လုပ်ငန်းစွမ်းဆောင်ရည် ဆုကြေး
• ရက်မှန်ကြေး
• နေ့လည်စာ
• သန့်ရှင်းသပ်ရပ်သော ယူနီဖောင်း
• တာဝန်ထမ်းဆောင်ချိန်အ

ထူးခြားချက်များ

-

အခွင့်အလမ်းများ

-

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

Turquoise Mountain သည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ စတင် လုပ်ကိုင်လျက်ရှိပါသည်။ ထိုအချိန် မှစ၍ ယနေ့အထိ လက်မှုပညာရှင် (၁၇၀၀) ကျော်အား အထည်ချုပ်လုပ်ငန်း၊ ရွှေထည်လုပ်ငန်းနှင့် ယွန်းထည်လုပ်ငန်းအပါအဝင် လက်မှုပညာအမျိုးအစားပေါင်း (၂၀) ကျော်တွင် ပံ့ပိုးကူညီပေးခဲ့ပါသည်။

ထို့အပြင် ရန်ကုန်မြို့တွင် သမိုင်းဝင်အဆောက်အအုံ (၈) ခုကို ပြန်လည်ထိန်းသိမ်းပြုပြင်ထားပြီး၊ ယင်းတို့အနက် ကုန်သည်လမ်း၊ အမှတ် ၄၉၁-၅၀၁ တွင် ရန်ကုန်မြို့၏အမှတ်တရအဖြစ် သိသာထင်ရှားသော Tourist Burma Building နှင့် ၁၉၂၀ ပြည့်နှစ်များမှ teak villa အိမ်တစ်လုံးတို့ ပါဝင်ပါသည်။ ယနေ့တွင် အဆိုပါ Teak villa အိမ်ကြီးအား ယဉ်ကျေးမှုစင်တာအဖြစ် အသုံးပြုလျက် ရှိပြီး Turquoise Mountain ၏ လက်ဝတ်ရတနာလုပ်ငန်းခန်းနှင့် ပြခန်း၊ ချည်ထည်နှင့် အထည်ရက်လုပ်မှုအလုပ်ရုံအပါအဝင် (သဘာဝ)ဆေးရောင်တင်အလုပ်ရုံနှင့် ရုံးခန်းများကိုလည်း ထားရှိထားပါသည်။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

စားသောက်ဆိုင်ဝန်ဆောင်မှု

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x