ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

Senior Operator (အကြီးတန်းစက်ကိုင်)

ထုတ်လုပ်ရေးလုပ်သား၊စက်ကိုင် | Production, Machine Worker
Good Brothers Co.,Ltd

Senior Operator (အကြီးတန်းစက်ကိုင်)

ထုတ်လုပ်ရေးလုပ်သား၊စက်ကိုင် | Production, Machine Worker
2 ဦး
Good Brothers Co.,Ltd
2 ဦး
အတည်ပြုပြီး
သံလျင် | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 6 နာရီက အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

စက်ရုံနှင့် အထည်ချုပ်
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: 26 Aug 2026

လုပ်ငန်းအကြောင်း

Good Brothers' Group of Companies သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍတွင် နှစ်ပေါင်း ၃၄ နှစ်ကြာ ဦးဆောင်ရပ်တည်နေသော စိုက်ပျိုးရေးလုပ်ငန်းစုကြီးတစ်ခု ဖြစ်သည်။ G.B.S Agricultural Services Public Co., Ltd. သည် GBS လုပ်ငန်းစု၏ အဓိက စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး ဒေသထွက် ပဲမျိုးစုံနှင့် နှမ်း အစရှိသည်များအား အဆင့်မြင့် နည်းပညာသုံး စက်ယန္တရားများဖြင့် သန့်စင်၊ အဆင့်ခွဲ၊ ပြုပြင်ထုတ်လုပ်ကာ ပြည်တွင်း/ပြည်ပ ဈေးကွက်များသို့ အဓိက တင်ပို့ရောင်းချလျက် ရှိပါသည်။

 

ရာထူးအကြောင်း

Senior Operator သည် သီလဝါစက်မှုဇုန်ရှိ ပဲမျိုးစုံနှင့် နှမ်း ပြုပြင်ထုတ်လုပ်ရေးစက်ရုံ၏ ထုတ်လုပ်မှုလိုင်းအတွင်းရှိ စက်ယန္တရားကြီးများကို ကိုယ်တိုင် ကျွမ်းကျင်စွာ မောင်းနှင်လည်ပတ်ထိန်းသိမ်းရန် ဖြစ်ပါသည်။ သတ်မှတ်ထားသော နေ့စဉ် ထုတ်လုပ်မှုများ ပြည့်မီစေရေး၊ ကုန်ချောအရည်အသွေး စံချိန်စံညွှန်းပြည့်မီစေရေး၊ ကုန်ကြမ်းအလေအလွင့် လျှော့ချရေးနှင့် စက်များ တိကျစွာ ချိန်ညှိမောင်းနှင်နိုင်ရေးအတွက် တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

 

လုပ်ငန်းတာဝန်များ

  • ပဲမျိုးစုံနှင့် နှမ်း သန့်စင်စက်များ၊ အရောင်ရွေးစက်၊ ကျောက်ထုတ်စက်၊ အဆင့်ခွဲစက် နှင့် အရောင်တင်/အခွံချွတ်စက်များကို ကိုယ်တိုင် ကျွမ်းကျင်စွာ မောင်းနှင်လည်ပတ်ရန်။
  • ဝင်ရောက်လာသော ပဲ/နှမ်း ကုန်ကြမ်းများ၏ အရွယ်အစား၊ အမှိုက်ပါဝင်မှုနှင့် အစိုဓာတ်အခြေအနေအပေါ် မူတည်၍ စက်၏ လေအား၊ တုန်ခါမှု၊ သီးနှံစီးဆင်းမှုနှုန်းနှင့် စက်များကို ချိန်ညှိမောင်းနှင်ရန်။
  • သတ်မှတ်ထားသော နေ့စဉ် ထုတ်လုပ်မှုများ ပြည့်မီစေရန်အတွက် စက်ရပ်တန့်မှု အချိန် အနည်းဆုံးဖြစ်အောင် စဉ်ဆက်မပြတ် စောင့်ကြည့် ထိန်းကျောင်းမောင်းနှင်ရန်။
  • ထွက်ရှိလာသော ကုန်ချောများ၏ သန့်စင်မှု၊ အရွယ်အစား ညီညာမှုနှင့် အရောင်အသွေး ကို ပုံမှန် နမူနာယူ စစ်ဆေး၍ လိုအပ်သော စက်ချိန်ညှိမှုများ ချက်ချင်း ပြုလုပ်ရန်။
  • ကုန်ကြမ်းအလေအလွင့် မဖြစ်ပေါ်စေရေးနှင့် စက်တွင်း သီးနှံ/အညစ်အကြေးများ ပိတ်ဆို့မှု မရှိစေရေးအတွက် ပုံမှန် စစ်ဆေးရှင်းလင်းရန်။
  • စက်များ ချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် နေ့စဉ် အခြေခံ စက်စစ်ဆေးခြင်း၊ ချောဆီထည့်ခြင်း၊ ဇကာလဲလှယ် သန့်ရှင်းခြင်းနှင့် အသေးစား ထိန်းသိမ်းပြုပြင်မှုများ ကို ပုံမှန် ပြုလုပ်ရန်။
  • စက်လည်ပတ်မှုအတွင်း မူမမှန်သော အသံ၊ တုန်ခါမှု သို့မဟုတ် ချွတ်ယွင်းမှုများ တွေ့ရှိပါကထံ အချိန်မီ သတင်းပို့၍ ပူးပေါင်း ဖြေရှင်းဆောင်ရွက်ရန်။
  • ဂျူတီချိန်အတွင်း ထုတ်လုပ်မှု အခြေအနေနှင့် စက်ပိုင်းဆိုင်ရာ မှတ်တမ်းများကို တာဝန်ကျအဖွဲ့ထံ စနစ်တကျ လွှဲပြောင်းပေးအပ်ရန်။

အခွင့်အရေးရှိသူ :

ကျား

လိုအပ်သောအရည်အချင်း

လိုအပ်သည့်အရည်ချင်းများ

  • ပညာအရည်အချင်း ကန့်သတ်မထားပါ (ပဲမျိုးစုံနှင့်နှမ်း စက်ရုံလုပ်ငန်းခွင် အတွေ့အကြုံနှင့် စက်မောင်းနှင်/ချိန်ညှိနိုင်စွမ်း ကျွမ်းကျင်မှုကိုသာ အဓိက ဦးစားပေးပါမည်)။
  • ပဲမျိုးစုံ သန့်စင်စက်ရုံ သို့မဟုတ် နှမ်းပြုပြင်ထုတ်လုပ်ရေး စက်ရုံများတွင် စက်မောင်းနှင်သည့် Operator အတွေ့အကြုံ အနည်းဆုံး (၂) နှစ်မှ (၃) နှစ်အထက် ရှိသူ ဖြစ်ရမည်။
  • အရောင်ရွေးစက်၊ ဖုန်စစ်/ကျောက်ထုတ်စက်၊ အဆင့်ခွဲစက် နှင့် သန့်စင်စက်များ၏ အလုပ်လုပ်ပုံနှင့် ချိန်ညှိမှုများကို လက်တွေ့ ကျွမ်းကျင်စွာ နားလည်ကိုင်တွယ်နိုင်သူ ဖြစ်ရမည်။
  • သီးနှံအရည်အသွေးကို မျက်မြင်စစ်ဆေး၍ ချိန်ညှိနိုင်သူဖြစ်ရမည်။

What We Can Offer

အကျိုးအမြတ်

➢ နေ့လည်စာ စီစဉ်ပေးသည်
➢ ဝန်ထမ်းအဆောင် စီစဉ်ပေးသည်

ထူးခြားချက်များ

➢ ပဲမျိုးစုံနှင့်နှမ်းလုပ်ငန်းခွင်ကျွမ်းကျင်သူ

အခွင့်အလမ်းများ

➢ GBS လုပ်ငန်းစုကြီးတွင် လုပ်ငန်းစဉ်များကို စနစ်တကျလေ့လာပြီး ရာထူးတိုးတက်မှု အခွင့်အလမ်းများ ရရှိနိုင်ခြင်း

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက်ကို ၁၉၉၁ ခုနှစ်တွင် ညီနောင်ရင်းချာ (၅) ဦးတို့မှ အသေးစား မိသားစုစီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် မန္တလေးတွင် စတင်ခဲ့ကြပါသည်။ တစ်ချိန်က လုပ်ငန်းသေးသေးလေးဟာ ယနေ့အချိန်မှာတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ခိုင်မာစွာအခြေတည်လျက် အစဉ်အမြဲတိုးတက်ရန် ကြိုးစားနေကြသော မြန်မာတောင်သူများကို ပံ့ပိုးပေးလျက်ရှိပါသည်။ ကုမ္ပဏီအနေဖြင့် စိုက်ပျိုးရေးစက်ပစ္စည်းများကို အဓိကထားရောင်းချခဲ့သော်လည်း ယနေ့အချိန်တွင် ကွဲပြားကျယ်ပြန့်လှသော စိုက်ပျိုးရေးဆိုင်ရာ ဖြေရှင်းဝန်ဆောင်မှု အလုံးစုံကို ပေးစွမ်းနိုင်နေပြီ ဖြစ်ပါသည်။ ယနေ့တွင် ဂျီဘီအက်(စ်)ဟာ နိုင်ငံ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ ရှေ့ပြေးဖြစ်ကာ မြန်မာ့တောင်သူများကြားတွင်လည်း လက်စွဲနာမည်အမှတ်တံဆိပ် တစ်ခုအဖြစ် ရပ်တည်နေပါသည်။ ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီများလုပ်ငန်းစု ကို ကုမ္ပဏီခွဲ (၁၆) ခု၊ ရုံးခွဲပေါင်း (၂၇) ရုံးနှင့် ဝန်ထမ်းဦးရေ (၁၈၀၀) ခန့်တို့ဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာ့လယ်ယာစိုက်ပျိုးရေး ကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြင့်မားသောနည်းပညာများ၊ ဆန်းသစ်သော နည်းလမ်းများကို အသုံးပြုကာ မရပ်မနား ရှေ့သို့မောင်းနှင်ရန်မှာ ဂျီဘီအက်(စ်) ၏ ခိုင်မာသောသန္တိဌာန် ဖြစ်ပါသည်။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

စက်ရုံနှင့် အထည်ချုပ်

နောက်ထပ်အလားတူအလုပ်များ

Operation Supervisor (ကြီးကြပ်ရေးမှူး)

Good Brothers Co.,Ltd သံလျင် | ရန်ကုန်တိုင်း

Packaging Staff (ပါဆယ်ထုတ်ပိုး Staff)

GNB- Packaging and Photography Props တောင်ဥက္ကလာ | ရန်ကုန်တိုင်း

Production Staff

Scrub House Co.,Ltd တောင်ဥက္ကလာ | ရန်ကုန်တိုင်း

စတိုအကူဝန်ထမ်း

T&T မင်္ဂလာတောင်ညွှန့် | ရန်ကုန်တိုင်း

Junior Operator (အော်ပရေတာ)

HQS Co., Ltd လသာ | ရန်ကုန်တိုင်း

QA QC Assistant

Myanmar Distribution Group Co., Ltd. (MDG) မင်္ဂလာဒုံ | ရန်ကုန်တိုင်း

Production Officer ( Male )

Mountaineer Coffee Co.,Ltd ဒဂုံမြို့သစ်မြောက်ပိုင်း | ရန်ကုန်တိုင်း

QC Staff (ပစ္စည်းအရည်သွေးစစ်ဝန်ထမ်း)

Win Brothers Group of Companies Limited ရွှေပြည်သာ | ရန်ကုန်တိုင်း

Packaging Staff

Royal Digital Camera Shop ကျောက်တံတား | ရန်ကုန်တိုင်း

Factory Worker

Golden Palace Enterprises Limited လသာ | ရန်ကုန်တိုင်း

Storekeeper (စတိုစာရေး)

Pro+ Furniture Industry Co.,Ltd ဒဂုံမြို့သစ်အရှေ့ပိုင်း | ရန်ကုန်တိုင်း

စက်ကိုင်

New Harmony Co.,Ltd သာကေတ | ရန်ကုန်တိုင်း

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x