ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

Admin Supervisor / Admin Executive

ကြီးကြပ်ရေးမှူး | Office Supervisor
Shwe Tatar Gold & Jewelry Group

Admin Supervisor / Admin Executive

ကြီးကြပ်ရေးမှူး | Office Supervisor
1 ဦး
Shwe Tatar Gold & Jewelry Group
1 ဦး
အတည်ပြုပြီး
ချမ်းမြသာစည် | မန္တလေးတိုင်း
အချိန်ပြည့်
လွန်ခဲ့သော 1 ရက်က အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

စားသုံးသူဝန်ဆောင်မှုပိုင်းဆိုင်ရာအလုပ်အကိုင်
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: 05 Jan 2023
  • နေ့တဓူဝ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကို ပံ့ပိုးပေးရန်။
  • ပစ္စည်းဝယ်ယူခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြုပြင်ခြင်းများ ဆောင်ရွက်ရန်။ 
  • ရုံးအဆောက်အဦနှင့် လုပ်ငန်းပိုင် စက်ပစ္စည်းကိရိယာများကို မြေပြင်စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်း ဆောင်ရွက်ရန်။
  • အခြားဌာနဆိုင်ရာ ရုံးအဖွဲ့အစည်းများနှင့် လိုအပ်ချက်အရ ညှိနှိုင်းချိတ်ဆက်လုပ်ဆောင်ရန်။
  • ရုံးအကူဝန်ထမ်းများကို စံသတ်မှတ်ချက်များအတိုင်း စစ်ဆေးကြီးကြပ်ရန်။
  • စီမံရေးရာနှင့် ပစ္စည်းစာရင်းများကို မှတ်သားထိန်းသိမ်းရန်။
  • လိုအပ်သော ဆက်စပ်တာဝန်နှင့် လှုပ်ရှားမှုများကို ထမ်းဆောင်ရန်။

အခွင့်အရေးရှိသူ :

ကျား/မ

လိုအပ်သောအရည်အချင်း

  • တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ (တက္ကသိုလ်တက်ရောက်နေဆဲသူများလည်း လျှောက်ထားနိုင်ပါသည်။)
  • ပေါင်းသင်းဆက်ဆံရေးပြေပြစ်ပြီး ဖျက်လက်တက်ကြွသူ
  • စည်းစနစ်ဖြင့် နေထိုင်တတ်ပြီး အလုပ်ကို အချိန်မှီ တိကျစွာ လုပ်ကိုင်တက်သူ
  • ကျန်းမာရေးနှင့် အကျင့်စာရိတ္တကောင်းမွန်ပြီး တာဝန်ကျေပွန်စွာလုပ်ဆောင်နိုင်သူ 
  • သင်ယူလိုစိတ်၊ တိုးတက်လိုစိတ်၊ တာဝန်ယူစိတ်ရှိပြီး အများနှင့်ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
  • မန္တလေးမြို့တွင် နေထိုင်လုပ်ကိုင်ရပါမည်။


အလွယ်တကူအရှုံးပေးတတ်သူနှင့် ရေတိုလုပ်ကိုင်လိုသူများ မလျှောက်ထားပါရန် မေတ္တာရပ်ခံပါသည်။

ရုံးချိန် : နံနက် (၈:၃၀) နာရီ မှ ညနေ (၅:၃၀) နာရီ
နားရက် : တစ်ပတ်လျှင် တစ်ရက်

What We Can Offer

အကျိုးအမြတ်

အခြေခံလစာ + ခရီးစရိတ်ခံစားခွင့် + စားစရိတ်ခံစားခွင့် + ရုံးတက်မှန်ခံစားခွင့် + အချိန်ပိုကြေးခံစားခွင့် + အများပြည်သူအားလပ်ရက်ခံစားခွင့် + နှစ်ဆုကြေး

ထူးခြားချက်များ

စီမံရေးရာ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်

အခွင့်အလမ်းများ

မန်နေဂျာအဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေးရှိပြီး လက်ရှိတွင် စီမံရေးရာကို ဦးစီးလုပ်ကိုင်ရပါမည်။

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

“ရွှေတံတား”ကို ယခုတည်ရှိရာနေရာတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အပေါင်လုပ်ငန်းလိုင်စင်ရယူပြီး ၁၉၉၅ခုနှစ်၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ အာမခံပစ္စည်းအဖြစ် စိန်၊ ရွှေ၊ပလက်တီနမ် အစရှိသည်တို့ကို လက်ခံ၍ ချေးငွေဝန်ဆောင်မှုများ ပေးအပ်ပါသည်။ ၂၀၁၈ခုနှစ်တွင် စိန်ရွှေရတနာဆိုင်ကို တိုးချဲ့ဖွင့်လှစ်သည်။ မီးလင်းအပိုင်းဖြတ်စများမှသည် ဒီဇိုင်းစုံ စက်ထည်လက်ထည်များ၊ ကျောက်မျက်ရတနာများ၊ 18Kအထည်များကို တာဝန်ယူမှု၊ အာမခံမှုအပြည့်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ထို့အပြင် ဖောက်သည်များ စိတ်တိုင်းကျ အော်ဒါဒီဇိုင်းအမျိုးမျိုး ပြုလုပ်ပေးခြင်း၊ အထည်ပြုပြင်အရောင်တင်ခြင်း၊ အခမဲ့ ဂျေးချွတ်သန့်စင်ပေးခြင်း စသည်များကို လုပ်ဆောင်ပေးလျှက် ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင် ရွှေပန်းထိမ်လုပ်ငန်းကို တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ မျိုးဆက်နှစ်ဆက်ရှိလာပြီဖြစ်တဲ့ ရွှေတံတားကို လူထုအကျိုးပြုနိုင်တဲ့ လုပ်ငန်းစုအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားမှာဖြစ်သလို လုပ်ငန်းနဲ့ ဆက်စပ်လုပ်ကိုင်နေသူ အားလုံးအတွက် အကျိုးပြုနိုင်တဲ့ နေရာတစ်ခု ဖြစ်လာအောင်လည်း ကြိုးပမ်းသွားပါမည်။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

စားသုံးသူဝန်ဆောင်မှုပိုင်းဆိုင်ရာအလုပ်အကိုင်

နောက်ထပ်အလားတူအလုပ်များ

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x