ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

Purchaser

ကုန်ဝယ်၊ | Purchasing, Cost Control
Healthy & Happy Myanmar Co.,Ltd

Purchaser

ကုန်ဝယ်၊ | Purchasing, Cost Control
1 ဦး
Healthy & Happy Myanmar Co.,Ltd
1 ဦး
အတည်ပြုပြီး
ပြင်ဦးလွင် | မန္တလေးတိုင်း
အချိန်ပြည့်
ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

ငွေကြေးနှင့်စာရင်းကိုင်
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: ဒီနေ့

**အစီရင်ခံရမည့်သူ — ဘဏ္ဍာရေးတာဝန်ခံ / လုပ်ငန်းလည်ပတ်ရေးတာဝန်ခံ**

**ရာထူး၏ ရည်ရွယ်ချက်**

မုန့်ထုတ်လုပ်ရေးအတွက် လိုအပ်သော ကုန်ကြမ်း၊ ထုပ်ပိုးပစ္စည်းနှင့် လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်အရည်အသွေး၊ သင့်တင့်သောဈေးနှုန်းနှင့် လိုအပ်သည့်အချိန်အတွင်း ရရှိစေရန် ဝယ်ယူပေးရမည်။

**အဓိကတာဝန်များ — Job Description**

၁။ စတိုလက်ကျန်၊ ပြန်လည်မှာယူရန် သတ်မှတ်ပမာဏနှင့် ဌာနများ၏ ဝယ်ယူရန်တောင်းခံချက်များကို စစ်ဆေးပြီး ဝယ်ယူရေးအစီအစဉ် ပြုစုရန်။

၂။ ပေးသွင်းသူများထံမှ ဈေးနှုန်းရယူ၍ အရည်အသွေး၊ ပို့ဆောင်ချိန်၊ သယ်ယူစရိတ်နှင့် ငွေပေးချေမှုစည်းကမ်းများကို နှိုင်းယှဉ်တင်ပြရန်။

၃။ အတည်ပြုထားသော ဝယ်ယူတောင်းခံချက်အပေါ် အခြေခံ၍ Purchase Order (PO) ပြုစုကာ သတ်မှတ်ခွင့်ပြုချက်ရရှိပြီးမှ အော်ဒါတင်ရန်။

၄။ ကုန်ကြမ်းအမျိုးအစား၊ အမှတ်တံဆိပ်၊ အလေးချိန်၊ ထုပ်ပိုးပုံနှင့် သက်တမ်းဆိုင်ရာ သတ်မှတ်ချက်များကို ပေးသွင်းသူထံ ရှင်းလင်းစွာ အတည်ပြုရန်။ အစားထိုးပစ္စည်းများကို သက်ဆိုင်ရာတာဝန်ခံ၏ ခွင့်ပြုချက်ရရှိပြီးမှ ဝယ်ယူရန်။

၅။ မှာယူထားသည့်ပစ္စည်းများ အချိန်မီရောက်ရှိစေရန် လိုက်လံဆောင်ရွက်ပြီး ပစ္စည်းပြတ်လပ်မှု၊ ဈေးနှုန်းပြောင်းလဲမှုနှင့် ပို့ဆောင်မှုနှောင့်နှေးခြင်းများကို ကြိုတင်တင်ပြရန်။

၆။ ပစ္စည်းရောက်ရှိချိန်တွင် Store နှင့် QC တို့က PO အတိုင်း အရေအတွက်၊ အရည်အသွေးနှင့် သက်တမ်းကို စစ်ဆေးလက်ခံနိုင်ရန် ညှိနှိုင်းပေးရန်။

၇။ အရေအတွက်မပြည့်ခြင်း၊ ပျက်စီးခြင်းနှင့် သတ်မှတ်ချက်မကိုက်ညီခြင်းများအတွက် ပေးသွင်းသူနှင့် ဆက်သွယ်၍ ပြန်လဲခြင်း၊ ပြန်ပို့ခြင်း သို့မဟုတ် ငွေစာရင်းပြင်ဆင်ခြင်းတို့ ဆောင်ရွက်ရန်။

၈။ PO၊ ဘောင်ချာ၊ ပို့လွှာနှင့် စတိုလက်ခံမှတ်တမ်းများကို သက်ဆိုင်ရာ PO နံပါတ်ဖြင့် ချိတ်ဆက်သိမ်းဆည်းပြီး ငွေပေးချေမှုအတွက် စာရင်းကိုင်ဌာနသို့ ပြည့်စုံစွာ ပေးပို့ရန်။

၉။ ဝယ်ယူရန်ထုတ်ပေးထားသော ကြိုတင်ငွေများအတွက် ဘောင်ချာနှင့် လက်ကျန်ငွေကို သတ်မှတ်အချိန်အတွင်း စာရင်းရှင်းလင်းရန်။

၁၀။ ပေးသွင်းသူစာရင်း၊ ဝယ်ယူဈေးနှုန်းမှတ်တမ်းနှင့် မပြီးစီးသေးသော PO များကို အပ်ဒိတ်လုပ်ပြီး ဝယ်ယူမှုအခြေအနေကို ပုံမှန်တင်ပြရန်။

**Purchaser ရာထူး၏ အဓိကဦးစားပေးတာဝန်များ**

၁။ **ကုန်ကြမ်းအချိန်မီရရှိရေး**

စတိုလက်ကျန်၊ ထုတ်လုပ်မှုအစီအစဉ်နှင့် ပေးသွင်းသူ၏ ပို့ဆောင်ရန်ကြာချိန်တို့ကို ကြိုတင်စစ်ဆေး၍ အချိန်မီမှာယူရမည်။ ကုန်ကြမ်းဝယ်ယူမှုနှောင့်နှေးခြင်းကြောင့် ထုတ်လုပ်ရေးလုပ်ငန်း ရပ်တန့်မှုမဖြစ်စေရန် တာဝန်ယူဆောင်ရွက်ရမည်။ ပစ္စည်းပြတ်လပ်နိုင်ခြေရှိပါက တာဝန်ခံထံ ကြိုတင်တင်ပြပြီး အစားထိုးပေးသွင်းနိုင်သူ စီစဉ်ထားရမည်။

၂။ **သတ်မှတ်အရည်အသွေး ပြည့်မီရေး**

ဝယ်ယူသောကုန်ကြမ်းများသည် ကုမ္ပဏီနှင့် QC ဌာနက သတ်မှတ်ထားသည့် အရည်အသွေး၊ အမျိုးအစား၊ သက်တမ်းနှင့် အစားအသောက်ဘေးကင်းရေး လိုအပ်ချက်များနှင့် ကိုက်ညီရမည်။ ပေးသွင်းသူအသစ် သို့မဟုတ် ကုန်ကြမ်းအစားထိုးမှုအတွက် သက်ဆိုင်ရာတာဝန်ခံနှင့် QC ၏ အတည်ပြုချက်ရရှိပြီးမှ မှာယူရမည်။

၃။ **မှန်ကန်သင့်တင့်သော ဈေးနှုန်းဖြင့် ဝယ်ယူရေး**

ဈေးနှုန်းများကို ပုံမှန်နှိုင်းယှဉ်စစ်ဆေး၍ သယ်ယူစရိတ်နှင့် အခြားကုန်ကျစရိတ်များအပါအဝင် စုစုပေါင်းဝယ်ယူစရိတ်ကို တွက်ချက်တင်ပြရမည်။ **QC သတ်မှတ်ချက်တူညီစွာ ပြည့်မီပြီး လိုအပ်သည့်အချိန်အတွင်း ပို့ဆောင်နိုင်သော ပေးသွင်းသူများအနက် စုစုပေါင်းကုန်ကျစရိတ် ပိုမိုသက်သာသူထံမှ ဦးစားပေးမှာယူရမည်။

အခွင့်အရေးရှိသူ :

ကျား/မ

လိုအပ်သောအရည်အချင်း

  • အခြေခံစာရင်းတွက်ချက်မှုနှင့် ဝယ်ယူရေးစာရွက်စာတမ်းများကို နားလည်ကိုင်တွယ်နိုင်ရမည်။

  • ဝယ်ယူရေးအတွေ့အကြုံ အနည်းဆုံး ၁ နှစ်ရှိသူကို ဦးစားပေးမည်။ အစားအသောက်၊ Bakery ကုန်ကြမ်းနှင့် ထုပ်ပိုးပစ္စည်း ဝယ်ယူဖူးသူ ဖြစ်ပါက ပိုမိုသင့်လျော်သည်။

  • ဈေးနှုန်းနှိုင်းယှဉ်ခြင်း၊ ဈေးဆစ်ညှိနှိုင်းခြင်းနှင့် ပေးသွင်းသူများအား လိုက်လံဆက်သွယ်ခြင်း ပြုလုပ်နိုင်ရမည်။

  • Excel သို့မဟုတ် Google Sheets ဖြင့် ဝယ်ယူစာရင်းနှင့် PO မှတ်တမ်းများ ထိန်းသိမ်းနိုင်ရမည်။

  • ပစ္စည်းအလေးချိန်၊ ယူနစ်၊ အရေအတွက်နှင့် သက်တမ်းကုန်ရက်တို့ကို တိကျစွာ စစ်ဆေးနိုင်ရမည်။

  • လိုအပ်ပါက ပြင်ပဈေးကွက်နှင့် ပေးသွင်းသူများထံ သွားရောက်ဝယ်ယူနိုင်ရမည်။

  • ရိုးသားမှု၊ တာဝန်ယူမှုနှင့် အချိန်စီမံခန့်ခွဲနိုင်မှုရှိပြီး ဌာနများနှင့် ပူးပေါင်းလုပ်ကိုင်နိုင်ရမည်။

  • ကုမ္ပဏီ၏ ဝယ်ယူရေးစည်းမျဉ်း၊ ငွေကြေးကိုင်တွယ်မှုနှင့် အချက်အလက်လျှို့ဝှက်ထိန်းသိမ်းရေး စည်းကမ်းများကို လိုက်နာရမည်။

**အဓိကစွမ်းဆောင်ရည်တိုင်းတာချက်များ**

  • ဝယ်ယူမှုနှောင့်နှေးခြင်းကြောင့် ထုတ်လုပ်ရေးရပ်တန့်မှု — **၀ ကြိမ်**

  • ဝယ်ယူကုန်ကြမ်းများ — **သတ်မှတ် QC စံနှုန်းနှင့် ကိုက်ညီရမည်**

  • ဝယ်ယူဈေးနှုန်း — **နှိုင်းယှဉ်အထောက်အထားရှိပြီး အရည်အသွေးတူ၊ အချိန်မီရရှိနိုင်သည့် ရွေးချယ်စရာများအနက် ကုန်ကျစရိတ်အသက်သာဆုံး ဖြစ်ရမည်**

What We Can Offer

အကျိုးအမြတ်

နေစားငြိမ်း
**အလုပ်ချိန်နှင့် နားရက် —** တပတ်တရက်

ထူးခြားချက်များ

- An awesome company
- Join a winning team
- You can make a difference

အခွင့်အလမ်းများ

- Opportunities for promotion
- Possibility for job training
- Learn new skills and techniques
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

ငွေကြေးနှင့်စာရင်းကိုင်

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x