ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း
Myanmar Academic Planet (M-A-P) အင်္ဂလိပ်စာသင်တန်းကျောင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပါသည်။ ကျွန်ုပ်တို့ကျောင်းသည် မော်လမြိုင်မြို့တွင် အခြေစိုက်ပြီး ကလေးငယ်များ (YLE)၊ ဆယ်ကျော်သက်များနှင့် လူကြီးပိုင်းများအတွက် ခေတ်မီသင်ကြားရေးစနစ်များကို အသုံးပြု၍ အရည်အသွေးမြင့် အင်္ဂလိပ်စာသင်ခန်းစာများကို ပံ့ပိုးပေးနေသော သင်တန်းကျောင်းဖြစ်ပါသည်။
M-A-P တွင် ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်တင်မှုကို အထူးဦးစားပေးပြီး Professional ဆန်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါသည်။ ကျွန်ုပ်တို့နှင့် လက်တွဲလုပ်ကိုင်ခြင်းဖြင့် ခေတ်မီ ESL သင်ကြားနည်းစနစ်များကို လေ့လာခွင့်ရမည့်အပြင်၊ အသစ်တည်ဆောက်ထားသော ကျောင်းဝန်းသစ်တွင် စိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ပါသည်။ နယ်မှလာရောက်လျှောက်ထားသူများအတွက်လည်း နေထိုင်ရေး အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးပါသည်။