ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

Forklift Driver (GBS နတ်ရေကန်ရုံး)

၀န်ချီစက် ယာဉ်မောင်း | Forklift Driver
Good Brothers Co.,Ltd

Forklift Driver (GBS နတ်ရေကန်ရုံး)

၀န်ချီစက် ယာဉ်မောင်း | Forklift Driver
1 ဦး
Good Brothers Co.,Ltd
1 ဦး
အတည်ပြုပြီး
အမရပူရ | မန္တလေးတိုင်း
အချိန်ပြည့်
လွန်ခဲ့သော 15 နာရီက အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

ယာဉ်မောင်း၊ ပစ္စည်းပို့၊ အငှားဆိုင်ကယ်မောင်း
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: လွန်ခဲ့သော ၁ရက်

ကုမ္ပဏီအကြောင်း

ဂွတ်ဒ်ဘရားသားစ်လုပ်ငန်းစု သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးယန္တရား၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ လူသုံးကုန်အီလက်ထရောနစ်၊ စိုက်ပျိုးရေးသုံးဓာတုပစ္စည်းနှင့် ကုန်သွယ်မှုကဏ္ဍများတွင် နှစ်ပေါင်း (၃၅) နှစ်ကျော်ကြာ ဦးဆောင်ရပ်တည်နေသော ထိပ်တန်း စီးပွားရေးလုပ်ငန်းစုကြီး ဖြစ်ပါသည်။ ခိုင်မာသော စီမံအုပ်ချုပ်မှုစနစ်များနှင့် လုပ်ထုံးလုပ်နည်းများအပေါ် အခြေခံ၍ နိုင်ငံတစ်ဝန်းရှိ လုပ်ငန်းခွဲများနှင့် အသုံးပြုသူများထံ ကုန်ပစ္စည်းများ အချိန်မီ၊ ဘေးကင်းလုံခြုံစွာ ရောက်ရှိစေရေးအတွက် ဗဟိုကုန်စည်ပို့ဆောင်ရေးကွန်ရက်ဖြင့် စီမံဆောင်ရွက်လျက် ရှိပါသည်။

 

အဓိက တာဝန်နှင့် လုပ်ငန်းစဉ်များ

  • နေ့စဉ် Forklift ယာဉ်များ မမောင်းနှင်မီ ဆီ၊ ရေ၊ လေ၊ အင်ဂျင်ဝိုင်နှင့် ဟိုက်ဒရောလစ် အတင်/အချ စနစ်များ ပုံမှန် အလုပ်လုပ်ခြင်း ရှိ/မရှိ စစ်ဆေးရန်။

  • သတ်မှတ်ထားသော နာရီနှင့် ကီလိုမီတာ ရောက်ရှိပါက တာဝန်ရှိသူထံ သတင်းပို့၍ အင်ဂျင်ဝိုင်၊ ဟိုက်ဒရောလစ်ဆီနှင့် Filter များ အချိန်မီ လဲလှယ်ရန်။

  • Forklift ယာဉ် ကြံ့ခိုင်မှု ရှိ/မရှိ နေ့စဉ် စစ်ဆေးခြင်း၊ ယာဉ်သန့်ရှင်းရေး ပုံမှန် ပြုလုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရန် လိုအပ်ချက်များ ရှိပါက စာရင်းပြုစု၍ တာဝန်ခံထံ လစဉ် တင်ပြရန်။

  • နေ့စဉ် Forklift မောင်းနှင်အသုံးပြုမှု ကီလိုမီတာ အကွာအဝေးနှင့် ဆီသုံးစွဲမှု မှတ်တမ်းများကို စနစ်တကျ ဖြည့်သွင်း ထိန်းသိမ်းထားရှိရန်။

  • ကုန်ပစ္စည်းများ သယ်ယူခြင်း၊ ကားတင်ခြင်းနှင့် ကားချခြင်းများ လုပ်ဆောင်ရာတွင် ကုန်ပစ္စည်း ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ဂရုတစိုက် စနစ်တကျ မောင်းနှင် ကိုင်တွယ်ရန်။

  • ကုန်စည်များ ရွှေ့ပြောင်း ကိုင်တွယ်ရာတွင် ကုန်လှောင်ရုံ၏ စည်းမျဉ်းစည်းကမ်းများ၊ သတ်မှတ် သယ်ဆောင်နိုင်သော ဝန်ပမာဏနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး စံနှုန်းများအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ရန်။

  • ကုန်ပစ္စည်း အဝင်/အထွက်နှင့် ကုန်တင်ကုန်ချ လုပ်ငန်း လိုအပ်ချက်များအရ နေ့/ည အလုပ်တာဝန်များကို ပြောင်းလွယ်ပြင်လွယ် တာဝန်ယူ ဆောင်ရွက်ရန်။

  • အလုပ်ချိန်အတွင်း အရက်သေစာနှင့် မူးယစ်သောက်စားခြင်းများ လုံးဝ ကင်းရှင်းစွာဖြင့် လုပ်ငန်းခွင် စည်းကမ်းတကျ နေထိုင်လုပ်ကိုင်ရန်။

အခွင့်အရေးရှိသူ :

ကျား

လိုအပ်သောအရည်အချင်း

  •  အထက်ထက်တန်းအောင်
  •  အသက် (၂၅)နှစ်မှ  (၃၅)နှစ် အတွင်း ဖြစ်ရမည်။
  •  Forklift မောင်းနှင်ခွင့် လိုင်စင် ကိုင်ထားသူဖြစ်ရမည်

What We Can Offer

အကျိုးအမြတ်

➢ ယူနီဖောင်း
➢ အချိန်ပိုကြေး (OT)
➢ ယာဉ်မောင်းဆုကြေး

ထူးခြားချက်များ

➢ Forklift License

အခွင့်အလမ်းများ

- Opportunities for promotion
- Possibility for job training
- Learn new skills and techniques

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက်ကို ၁၉၉၁ ခုနှစ်တွင် ညီနောင်ရင်းချာ (၅) ဦးတို့မှ အသေးစား မိသားစုစီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် မန္တလေးတွင် စတင်ခဲ့ကြပါသည်။ တစ်ချိန်က လုပ်ငန်းသေးသေးလေးဟာ ယနေ့အချိန်မှာတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ခိုင်မာစွာအခြေတည်လျက် အစဉ်အမြဲတိုးတက်ရန် ကြိုးစားနေကြသော မြန်မာတောင်သူများကို ပံ့ပိုးပေးလျက်ရှိပါသည်။ ကုမ္ပဏီအနေဖြင့် စိုက်ပျိုးရေးစက်ပစ္စည်းများကို အဓိကထားရောင်းချခဲ့သော်လည်း ယနေ့အချိန်တွင် ကွဲပြားကျယ်ပြန့်လှသော စိုက်ပျိုးရေးဆိုင်ရာ ဖြေရှင်းဝန်ဆောင်မှု အလုံးစုံကို ပေးစွမ်းနိုင်နေပြီ ဖြစ်ပါသည်။ ယနေ့တွင် ဂျီဘီအက်(စ်)ဟာ နိုင်ငံ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ ရှေ့ပြေးဖြစ်ကာ မြန်မာ့တောင်သူများကြားတွင်လည်း လက်စွဲနာမည်အမှတ်တံဆိပ် တစ်ခုအဖြစ် ရပ်တည်နေပါသည်။ ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီများလုပ်ငန်းစု ကို ကုမ္ပဏီခွဲ (၁၆) ခု၊ ရုံးခွဲပေါင်း (၂၇) ရုံးနှင့် ဝန်ထမ်းဦးရေ (၁၈၀၀) ခန့်တို့ဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာ့လယ်ယာစိုက်ပျိုးရေး ကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြင့်မားသောနည်းပညာများ၊ ဆန်းသစ်သော နည်းလမ်းများကို အသုံးပြုကာ မရပ်မနား ရှေ့သို့မောင်းနှင်ရန်မှာ ဂျီဘီအက်(စ်) ၏ ခိုင်မာသောသန္တိဌာန် ဖြစ်ပါသည်။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

ယာဉ်မောင်း၊ ပစ္စည်းပို့၊ အငှားဆိုင်ကယ်မောင်း

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x