Office Operations: ရုံးသုံးပစ္စည်းများ (Office Supplies & Stationery) စာရင်းကောက်ယူခြင်း၊ မှာယူခြင်းနှင့် စနစ်တကျ ထိန်းသိမ်းခြင်း။
Facility & Maintenance: ရုံးတွင်း သန့်ရှင်းရေး၊ လုံခြုံရေး၊ မီး/ရေ/အင်တာနက် စသည့် ရုံးသုံး ဝန်ဆောင်မှုများ ပုံမှန် လည်ပတ်နိုင်စေရန် မန်နေဂျာ၏ လမ်းညွှန်မှုဖြင့် ကြီးကြပ်ခြင်း။
Vendor & Utility Management: ပြင်ပ Vendor များ (ဥပမာ- ရုံးသုံးပစ္စည်း ပေးသွင်းသူများ၊ ပြုပြင်ထိန်းသိမ်းသူများ) နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ လစဉ် Bills များ ကြည့်ရှုဆောင်ရွက်ပေးခြင်း။
Visitor & Meeting Support: ဧည့်သည်များကို ကြိုဆိုဧည့်ခံခြင်း၊ အစည်းအဝေးခန်းများ ပြင်ဆင်ပေးခြင်းနှင့် ရုံး၏ ဖုန်း/အီးမေးလ် ပေးပို့ဆက်သွယ်မှုများကို ကိုင်တွယ်ခြင်း။
Recruitment & Onboarding: ဝန်ထမ်းအသစ် ခေါ်ယူခြင်း၊ အင်တာဗျူးချိန်ညှိပေးခြင်း၊ တက်ရောက်လာသူများအား သေချာစိစစ်ခြင်းနှင့် Onboarding Process များကို မန်နေဂျာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
Payroll & Attendance: ဝန်ထမ်းများ၏ ရုံးတက်/ဆင်းစနစ် (Attendance)၊ ခွင့်ရက်များ (Leave Records) နှင့် ထောက်ပံ့ကြေး/OT များကို စနစ်တကျ မှတ်တမ်းတင်ပြီး လစဉ် လစာ (Payroll) တွက်ချက်ရာတွင် မန်နေဂျာထံ စာရင်းဇယားများ ပြုစုတင်ပြခြင်း။
Employee Relations & Documentation: ဝန်ထမ်းရေးရာ ဖိုင်များ၊ စာချုပ်များ (Employment Contracts) နှင့် ရုံးတွင်း စည်းမျဉ်းစည်းကမ်းဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျ သိမ်းဆည်းထိန်းသိမ်းခြင်း။
Performance Support: ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်ခြင်း (Performance Appraisal) ပြုလုပ်ချိန်တွင် လိုအပ်သည့် Form များ၊ အချက်အလက်များ စုဆောင်းပေးခြင်း။