ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း
Shwe Taung Building Materials သည် မြန်မာနိုင်ငံတွင် ဘိလပ်မြေ၊ အသင့်ဖျော်ကွန်ကရစ် ၊ အသင့်သုံးကွန်ကရစ်ပြားနှင့် ဆက်စပ်ဝန်ဆောင်မှုများ ထုတ်လုပ်ခြင်း ၊ ထောက်ပံ့ခြင်းလုပ်ငန်းများအတွက် ထိပ်တန်းလုပ်ငန်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံရှိ ကွန်ကရစ်ထုတ်လုပ်မှုလုပ်ငန်းများတွင် ပထမဆုံးသော ISO (9001:2000) အသိအမှတ်ပြု လက်မှတ်ရထားသော ကုမ္ပဏီဖြစ်ပြီး လုပ်ငန်းခွင် ကျား၊မ တန်းတူညီမျှမှုအတွက် EDGE အသိအမှတ်ပြု လက်မှတ် ရရှိထားပါသည်။ ပြည်တွင်းတွင် နိုင်ငံတကာအဆင့်မီ ဘိလပ်မြေ၊ အသင့်ဖျော်ကွန်ကရစ် ၊ အသင့်သုံးကွန်ကရစ်ပြားများကို ထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကုန်ကျစရိတ်ကို သက်သာစေပြီး ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဖန်တီးပေးပါသည်။