ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

ယာဥ်မောင်း

ယာဉ်မောင်း | Car Driver
Good Brothers Co.,Ltd

ယာဥ်မောင်း

ယာဉ်မောင်း | Car Driver
3 ဦး
Good Brothers Co.,Ltd
3 ဦး
အတည်ပြုပြီး
လှိုင်သာယာ | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 6 နာရီက အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

ယာဉ်မောင်း၊ ပစ္စည်းပို့၊ အငှားဆိုင်ကယ်မောင်း
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: ဒီနေ့

ကုမ္ပဏီအကြောင်း

Good Brothers' Group of Companies (GBS) သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးယန္တရား၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ လူသုံးကုန်အီလက်ထရောနစ်၊ စိုက်ပျိုးရေးသုံးဓာတုပစ္စည်းနှင့် ကုန်သွယ်မှုကဏ္ဍများတွင် နှစ်ပေါင်း (၃၅) နှစ်ကျော်ကြာ ဦးဆောင်ရပ်တည်နေသော ထိပ်တန်း စီးပွားရေးလုပ်ငန်းစုကြီး ဖြစ်ပါသည်။ ခိုင်မာသော စီမံအုပ်ချုပ်မှုစနစ်များနှင့် လုပ်ထုံးလုပ်နည်းများအပေါ် အခြေခံ၍ နိုင်ငံတစ်ဝန်းရှိ လုပ်ငန်းခွဲများနှင့် အသုံးပြုသူများထံ ကုန်ပစ္စည်းများ အချိန်မီ၊ ဘေးကင်းလုံခြုံစွာ ရောက်ရှိစေရေးအတွက် ဗဟိုကုန်စည်ပို့ဆောင်ရေးကွန်ရက်ဖြင့် စီမံဆောင်ရွက်လျက် ရှိပါသည်။

 

အဓိက တာဝန်နှင့် လုပ်ငန်းစဉ်များ

  • ကုမ္ပဏီဝန်ထမ်းများ၊ အကြီးအကဲများနှင့် လုပ်ငန်းဆိုင်ရာ ခရီးစဉ်များအားလုံးကို သတ်မှတ်နေရာများသို့ အန္တရာယ်ကင်းရှင်းစွာနှင့် အချိန်မီ မောင်းနှင်ပို့ဆောင်ပေးရန်။

  • ယာဉ်သန့်ရှင်းရေးနှင့် နေ့စဉ် ယာဉ်ကြံ့ခိုင်မှုများ (အင်ဂျင်ဝိုင်၊ ရေတိုင်ကီ၊ တာယာလေပေါင်၊ ဘရိတ်နှင့် လျှပ်စစ်စနစ်များ) ပုံမှန် စစ်ဆေးထိန်းသိမ်းရန်။

  • စီမံဌာန၏ ညွှန်ကြားချက်အရ ငွေကောက်ကား မောင်းနှင်ခြင်း၊ ဘဏ်ကိစ္စများနှင့် မြို့တွင်း ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များသို့ လိုက်ပါပို့ဆောင်ပေးရန်။

  • မော်တော်ယာဉ် ချွတ်ယွင်းမှု သို့မဟုတ် ပြုပြင်ထိန်းသိမ်းရန် ကိစ္စများရှိပါက စီမံဌာနသို့ အချိန်မီ တင်ပြအကြောင်းကြားပြီး ပြုပြင်ခြင်းလုပ်ငန်းများတွင် ကူညီဆောင်ရွက်ရန်။

  • နေ့စဉ် ယာဉ်မောင်းနှင်မှုမှတ်တမ်း (Logbook)၊ သွားရောက်ခဲ့သည့် ခရီးစဉ်၊ မိုင်နှုန်းနှင့် စက်သုံးဆီ သုံးစွဲမှုမှတ်တမ်းများကို တိကျစွာ ရေးသွင်းတင်ပြရန်။

  • စီမံဌာနမှ ညွှန်ကြားသည့် ယာဉ်လမ်းကြောင်းများ၊ နယ်ဝေးခရီးစဉ်များနှင့် ရက်ရှည်/လရှည် ခရီးစဉ်များရှိပါက တာဝန်ယူ မငြီးမငြူ လိုက်ပါမောင်းနှင်နိုင်ရန်။

  • ကုမ္ပဏီမှ တာဝန်ပေးအပ်သော မည်သည့် မော်တော်ယာဉ် အမျိုးအစားကိုမဆို ကျွမ်းကျင်စွာ မောင်းနှင်နိုင်ရမည်ဖြစ်ပြီး စီမံဌာနမှ အခါအားလျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ရန်။

အခွင့်အရေးရှိသူ :

ကျား

လိုအပ်သောအရည်အချင်း

  •  အထက်ထက်တန်းအောင်
  •  အသက် (၂၅)နှစ်မှ  (၃၅)နှစ် အတွင်း ဖြစ်ရမည်။
  •  လိုင်စင်အနီဖြစ်ရမည်။ နယ်ခရီးရက်ရှည်ထွက်နိုင်သူဖြစ်ရမည်။

What We Can Offer

အကျိုးအမြတ်

➢ ယူနီဖောင်း
➢ အချိန်ပိုကြေး
➢ ယာဉ်မောင်းဆုကြေး

ထူးခြားချက်များ

➢ Red License

အခွင့်အလမ်းများ

- Opportunities for promotion
- Possibility for job training
- Learn new skills and techniques

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက်ကို ၁၉၉၁ ခုနှစ်တွင် ညီနောင်ရင်းချာ (၅) ဦးတို့မှ အသေးစား မိသားစုစီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် မန္တလေးတွင် စတင်ခဲ့ကြပါသည်။ တစ်ချိန်က လုပ်ငန်းသေးသေးလေးဟာ ယနေ့အချိန်မှာတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ခိုင်မာစွာအခြေတည်လျက် အစဉ်အမြဲတိုးတက်ရန် ကြိုးစားနေကြသော မြန်မာတောင်သူများကို ပံ့ပိုးပေးလျက်ရှိပါသည်။ ကုမ္ပဏီအနေဖြင့် စိုက်ပျိုးရေးစက်ပစ္စည်းများကို အဓိကထားရောင်းချခဲ့သော်လည်း ယနေ့အချိန်တွင် ကွဲပြားကျယ်ပြန့်လှသော စိုက်ပျိုးရေးဆိုင်ရာ ဖြေရှင်းဝန်ဆောင်မှု အလုံးစုံကို ပေးစွမ်းနိုင်နေပြီ ဖြစ်ပါသည်။ ယနေ့တွင် ဂျီဘီအက်(စ်)ဟာ နိုင်ငံ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ ရှေ့ပြေးဖြစ်ကာ မြန်မာ့တောင်သူများကြားတွင်လည်း လက်စွဲနာမည်အမှတ်တံဆိပ် တစ်ခုအဖြစ် ရပ်တည်နေပါသည်။ ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီများလုပ်ငန်းစု ကို ကုမ္ပဏီခွဲ (၁၆) ခု၊ ရုံးခွဲပေါင်း (၂၇) ရုံးနှင့် ဝန်ထမ်းဦးရေ (၁၈၀၀) ခန့်တို့ဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာ့လယ်ယာစိုက်ပျိုးရေး ကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြင့်မားသောနည်းပညာများ၊ ဆန်းသစ်သော နည်းလမ်းများကို အသုံးပြုကာ မရပ်မနား ရှေ့သို့မောင်းနှင်ရန်မှာ ဂျီဘီအက်(စ်) ၏ ခိုင်မာသောသန္တိဌာန် ဖြစ်ပါသည်။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

ယာဉ်မောင်း၊ ပစ္စည်းပို့၊ အငှားဆိုင်ကယ်မောင်း

နောက်ထပ်အလားတူအလုပ်များ

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x