English
နောက်ထပ်အလုပ်ကမ်းလှမ်းချက်များရယူပါ
ယခု App ကိုဒေါင်းလုပ်ဆွဲပါ!
စစ်၍ကြည့်သည်:
အလုပ်အမျိုးအစား
တည်နေရာ
လုပ်ငန်းအမျိုးအစား
လုပ်သက်အဆင့်
ဆုများ
အနိမ့်ဆုံး လစာ
Repat / Expat
139 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
အလုပ် 139 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
စဉ်၍ကြည့်သည်
စဉ်၍ကြည့်သည်:
နောက်ထပ်အလားတူအလုပ်များ တင်သောအခါ သင့်အားအကြောင်းကြားပါလိမ့်မည်။
ကျေးဇူးပြု၍ အလုပ်သတိပေးချက်စာမျက်နှာတွင် သင့်အလုပ်သတိပေးချက်ကိုပြင်ပြီး ထပ်မံကြိုးစားပါ။
Red Dragon Myanmar (RD Mobile)
ချမ်းမြသာစည် | မန္တလေးတိုင်း မန္တလေးတိုင်း
22 Oct 2026
ကျွန်ုပ်တို့၏ ဖုန်းလက်ကားဖြန့်ချီရေးလုပ်ငန်းကို တိုးချဲ့ဖွံ့ဖြိုးစေရန် အတွေ့အကြုံရှိပြီး ရလဒ်အခြေပြု (Target-driven) ဖြစ်သော Senior Sales & Marketing Supervisor ငါးဦးကို ခန့်အပ်လိုပါသည်။ ဒီရာထူးသည် Dealer / Retailer ကွန်ယက်တိုးချဲ့ခြင်း၊ အရောင်းတိုးမြှင့်ခြင်းနှင့် စျေးကွက်ထိုးဖောက်မှုအားကောင်းစေရန် ဦးဆောင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ တာဝန်နှင့် အလုပ်ဝတ္တရားများ ဖုန်းလက်ကားဖြန့်ချီရေးအတွက် အရောင်းမဟာဗျူဟာများရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း Dealer နှင့် Retailer ကွန်ယက်များ တိုးချဲ့ခြင်းနှင့် စီမံခန့်ခွဲခြင်း လစဉ် / သုံးလပတ် အရောင်း Target များ ပြည့်မီစေရန် ကြိုးပမ်းဆောင်ရွက်ခြင်း စျေးကွက်အခြေအနေ၊ ပြိုင်ဘက်စျေးနှုန်းများနှင့် ထုတ်ကုန်အသစ်များကို စောင့်ကြည့်သုံးသပ်ခြင်း Dealer များနှင့် စျေးနှုန်းညှိနှိုင်းခြင်း၊ လက်ကားဝယ်ယူရေး သဘောတူညီချက်များ ဆောင်ရွက်ခြင်း Sales Team ကို ဦးဆောင်၍ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ခြင်း အရောင်းခန့်မှန်းချက်များ၊ အစီရင်ခံစာများနှင့် Stock လှည့်ပတ်မှု သုံးသပ်ချက်များ ပြင်ဆင်တင်ပြခြင်း Purchasing နှင့် Warehouse Team များနှင့် ပူးပေါင်းဆောင်ရွက်၍ လုပ်ငန်းလည်ပတ်မှုချောမွေ့စေရန် စီမံခြင်း
အကျိုးအမြတ်: 🌟Salary ညှိနှိုင်း+Bonus🌟 🌟ကျွမ်းကျင်မှုပေါ်မူတည်ပြီး (700,000)နှင့်အထက်ပေးပါမည်၊၊�
တင်သောနေ့: 22 Oct 2026
Mya Thandar Win-မြသန္တာဝင်း
ချမ်းအေးသာဇံ | မန္တလေးတိုင်း မန္တလေးတိုင်း
29 Oct 2026
ကုမ္ပဏီ၏ လုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီသော Content များ ရေးသားဖန်တီးခြင်း။ Social Media Platform များအတွက် စိတ်ဝင်စားဖွယ်ကောင်းသော Content များနှင့် Caption များ ရေးသားခြင်း။ Target Audience များနှင့် ကိုက်ညီသော Content များ စီစဉ်ရေးသားခြင်း။ Marketing Team နှင့် ပူးပေါင်း၍ Content များကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ခြင်း။
အကျိုးအမြတ်: .
တင်သောနေ့: 29 Oct 2026
ကုမ္ပဏီ၏ လုပ်ငန်းလိုအပ်ချက်များအတွက် ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးခြင်း။ Product များနှင့် ပတ်သက်သော Photo & Video Content များ ဖန်တီးခြင်း။ Social Media Platform များအတွက် Creative Content များ ရိုက်ကူးထုတ်လုပ်ခြင်း။ ရိုက်ကူးထားသော ဓာတ်ပုံနှင့် ဗီဒီယိုများကို လိုအပ်သလို Editing ပြုလုပ်ခြင်း။
ကုမ္ပဏီ၏ Digital Marketing လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ခြင်း။ Social Media Platform များတွင် Content များ တင်ခြင်းနှင့် စီမံခန့်ခွဲခြင်း။ Online Marketing Campaign များနှင့် ကြော်ငြာလုပ်ငန်းများ ဆောင်ရွက်ခြင်း။ Marketing လုပ်ငန်းများ၏ ရလဒ်များကို လေ့လာဆန်းစစ်ပြီး ရောင်းအားနှင့် Brand Awareness တိုးတက်စေရန် ဆောင်ရွက်ခြင်း။
Gizmo Premium Accessories & Gadgets
Creative idea ရှိပြီး အတွေ့အကြုံလိုချင်သူများအတွက် အထူးအခွင့်အရေး - Content Writer (Male-2 posts) Off day : Every Sunday & Public Holidays
အကျိုးအမြတ်: Basic Salary + Attendance Bonus + Other allowance
ချမ်းမြသာစည် | မန္တလေးတိုင်း . မန္တလေးတိုင်း .
> Social Media Platform များတွင် Digital Marketing Content များ ရေးသားခြင်းနှင့် ပုံမှန်တင်ပေးခြင်း။ > iPhone, iPad, MacBook နှင့် Premium IT Products များအကြောင်း စိတ်ဝင်စားဖွယ် Content များ ဖန်တီးခြင်း။ > Content Idea အသစ်များ စဉ်းစားခြင်း၊ Content Planning နှင့် Photo Editing များ ဆောင်ရွက်ခြင်း။ > Marketing Team နှင့် ပူးပေါင်းဆောင်ရွက်ပြီး Digital Marketing လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်း။
Moon Eye Textile
23 Oct 2026
ချမ်းအေးသာဇံ၊ မန္တလေးတိုင်းတွင်ရှိသော အချိန်ပြည့် Video Editor & Content Creator ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံမရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
အကျိုးအမြတ်: အဆောင်နေချင်လျှင် အဆောင်စီစဉ်ပေးမည် working hour (9am-5pm) off day-Sunday
တင်သောနေ့: 23 Oct 2026
Ngwe Kaung San Gold Shop
ရွှေထည် Product Video၊ Promotional Video၊ Brand Video နှင့် Social Media Short Video များကို ရိုက်ကူးရန်။ Facebook Reels၊ TikTok နှင့် အခြား Digital Platform များအတွက် ဆွဲဆောင်မှုရှိသော Short-form Video Content များ ထုတ်လုပ်ရန်။ ရွှေထည်ဒီဇိုင်းအသစ်များ၊ Promotion Campaign များ၊ ဆိုင်၏ လှုပ်ရှားမှုများနှင့် အထူးအစီအစဉ်များကို ဗီဒီယိုမှတ်တမ်းတင်ရန်။ Camera Movement၊ Focus၊ Framing၊ Lighting နှင့် Audio Quality တို့ကို ဂရုစိုက်ပြီး Professional ဆန်သော Video များ ရိုက်ကူးရန်။ ရိုက်ကူးထားသော Video များကို လိုအပ်သလို Cut၊ Edit၊ Color Grade၊ Subtitle နှင့် Sound ထည့်သွင်းပြီး အချိန်မီ ပေးပို့ရန်။
ရွှေထည်ပစ္စည်းများဖြစ်သော လက်စွပ်၊ ဆွဲကြိုး၊ လက်ကောက်၊ နားကပ်နှင့် အခြားရွှေထည်ဒီဇိုင်းများကို အရည်အသွေးမြင့်မားစွာ ဓာတ်ပုံရိုက်ကူးရန်။ ရွှေထည်၏ အရောင်၊ အရည်အသွေး၊ ဒီဇိုင်းအသေးစိတ်နှင့် တောက်ပမှုတို့ကို ပေါ်လွင်စေရန် Lighting၊ Composition နှင့် Camera Setting များကို မှန်ကန်စွာ အသုံးပြုရန်။ Product Photo၊ Lifestyle Photo၊ ဆိုင်တွင်းလှုပ်ရှားမှုနှင့် Customer Experience ဆိုင်ရာ ဓာတ်ပုံများကို ရိုက်ကူးရန်။ Facebook၊ TikTok နှင့် အခြား Social Media Platform များတွင် အသုံးပြုရန် သင့်တော်သော ဓာတ်ပုံများ ပြင်ဆင်ပေးရန်။ ရိုက်ကူးထားသော ဓာတ်ပုံများကို Color Correction၊ Retouching နှင့် Photo Editing ပြုလုပ်ရန်။
TikTok နှင့် အခြား Social Media Page များကို စီမံခန့်ခွဲခြင်း။ Digital Marketing Strategy နှင့် Monthly Content Plan များ ရေးဆွဲအကောင်အထည်ဖော်ခြင်း။ Online Advertising Campaign များကို စီမံခန့်ခွဲပြီး ရလဒ်များကို စောင့်ကြည့်သုံးသပ်ခြင်း။ Content Creator၊ Photographer & Videographer များကို ဦးဆောင်ကြီးကြပ်ခြင်း။ Marketing Performance Report များ ပြုစုတင်ပြခြင်း။
Royal Sein Pan
14 Oct 2026
ချမ်းမြသာစည်၊ Mandalayတွင်ရှိသော Full Time Tiktok Video Editor ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - Experienced Non-Manager နှင့် Monthly လစာကောင်းကောင်းပေးမည်။ CapCut, Premiere Pro, Final Cut Pro (သို့) After Effect တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည် TikTok Algorithm နှင့် Social Media Trends များကို နားလည်သူ ဖြစ်ရမည်
အကျိုးအမြတ်: ရက်မှန် ေကြး ၊ အချိန်ပို ေကြး
တင်သောနေ့: 14 Oct 2026
Golfvilla
မဟာအောင်မြေ | မန္တလေးတိုင်း မန္တလေးတိုင်း
Golf Products များအတွက် Facebook, TikTok စသည့် Social Media Platform များတွင် တင်ဆက်ရန် Content များ ဖန်တီးခြင်း Golf Club, Shaft, Grip, Golf Shoes, Accessories စသည့် ပစ္စည်းများ၏ အားသာချက်၊ အသုံးပြုပုံနှင့် Promotion များကို စိတ်ဝင်စားဖွယ် ရေးသားတင်ဆက်ခြင်း Product Photo, Video, Reels နှင့် Short Video များ ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်းနှင့် တင်ပေးခြင်း Social Media အတွက် Caption, Script နှင့် Content Idea များ ရေးသားပြင်ဆင်ခြင်း Golf Product အသစ်များ၊ Promotion များနှင့် ဆိုင်အတွင်း လှုပ်ရှားမှုများကို အချိန်မီ Content ပြုလုပ်တင်ဆက်ခြင်း Customer များ စိတ်ဝင်စားမှုရှိစေရန် Creative Content များ ဖန်တီးခြင်း Social Media Comment နှင့် Message များကို သင့်လျော်စွာ ပြန်လည်ဖြေကြားခြင်း Content Performance, Reach, Engagement နှင့် Customer Feedback များကို စောင့်ကြည့်ပြီး Report ပြုလုပ်ခြင်း Sales Team နှင့် ပူးပေါင်း၍ Sales တိုးတက်စေရန် Content များ ဖန်တီးခြင်း လက်ရှိ Social Media Trend များကို လေ့လာပြီး Golf Shop နှင့် သင့်လျော်သော Content များ အသုံးချခြင်း
အကျိုးအမြတ်: Salary + Meal allowance + Bonus
LEO Fashion & Local Collection
30 Sep 2026
Facebook Page မှာ Post များတင်ခြင်း၊ Content များရေးသားပြုစုနိုင်သူ Messenger နှင့် Comment များကို Customer များအား ယဉ်ကျေးစွာ ပြန်လည်ဖြေကြားနိုင်သူ Order များလက်ခံပြီး စနစ်တကျ မှတ်တမ်းတင်နိုင်သူ Promotion Campaign များကို စီစဉ်ပြီး Engagement တိုးတက်အောင် ဆောင်ရွက်နိုင်သူ Page Insight များကို စောင့်ကြည့်ပြီး Report တင်ပြနိုင်သူ
တင်သောနေ့: 30 Sep 2026
Paing Soe Htet Trading Co.,Ltd
အောင်မြေသာဇံ | မန္တလေးတိုင်း မန္တလေးတိုင်း
25 Sep 2026
Reels, TikTok, Facebook Ad Video များကို Edit ပြုလုပ်ခြင်း။ မြန်မာ Subtitle / Text Animation များ ထည့်သွင်းခြင်း။ Video တစ်ခုမှ Cut-down Version များ နှင့် Ratio မျိုးစုံ ထုတ်ပေးခြင်း။ Videographer ၏ Raw Footage များကို စနစ်တကျ စီမံထိန်းသိမ်းခြင်း။ Shooting ချိန်တွင် Assistant အဖြစ် ကူညီပေးခြင်း။
အကျိုးအမြတ်: Annual Bonus, Training Provided, Promotion Opportunities
တင်သောနေ့: 25 Sep 2026
TikTok / Reels / Facebook Video အတွက် Short-form Script (15–60 sec) များ ရေးသားခြင်း။ Hook → Problem → Solution → CTA ပုံစံဖြင့် Ad Script နှင့် Storyboard ပြင်ဆင်ခြင်း။ Doctor / Pharmacist / Customer Testimonial Video Script နှင့် Interview Question များ ပြင်ဆင်ခြင်း။ Trend၊ Seasonal Campaign (ဥပမာ – Sport / Festival) များနှင့် ကိုက်ညီသော Content Idea ထုတ်ခြင်း။ ကျန်းမာရေးဆိုင်ရာ Claim များ မှန်ကန်ပြီး စည်းမျဉ်းနှင့် ကိုက်ညီကြောင်း စစ်ဆေးခြင်း။
အကျိုးအမြတ်: Travel Allowance + Phone Bill + Regular Fee + Other Bonus
The Grand Dental Clinic
မြန်အောင်မြေ | မန္တလေးတိုင်း မန္တလေးတိုင်း
ဒီနေ့
Client များအား ကြိုဆို၍ Registration ပြုလုပ်ပေးခြင်း။ Appointment များ စီစဉ်ခြင်းနှင့် Confirm ပြုလုပ်ပေးခြင်း။ ဖုန်းခေါ်ဆိုမှုများ ဖြေကြား၍ လိုအပ်သော အချက်အလက်များ ပေးခြင်း။ Billing, Voucher နှင့် Software Data များကို ဆောင်ရွက်ခြင်း။ Client Record များကို စနစ်တကျ ထိန်းသိမ်းခြင်း။ နေ့စဉ် Reception လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခြင်း။ Cash Handling တာဝန်ယူရသည့်အခါ ငွေစာရင်းများကို တိကျမှန်ကန်စွာ လွှအပ်ခြင်း။ Client Complaint များကို သက်ဆိုင်ရာဌာနနှင့် ညှိနှိင်းဆောင်ရွက်ခြင်း။
အကျိုးအမြတ်: နေ့စဉ်နေ့လည်စာစီစဉ်ပေးခြင်း Uniform Laundry ဝန်ဆောင်မှု ပေးအပ်ခြင်း နှစ်စဉ် Bonus ခံစားခွင့် The Grand Dental Clinic Dental Care Benefitများခံစားခွ
တင်သောနေ့: ဒီနေ့
CAS'S Aesthetic Clinic
30 Oct 2026
မန္တလေးမြို့ရှိ Cas's Aesthetics Clinic တွင် အလှအပရေးရာကို စိတ်ဝင်စားသူများအတွက် Junior Staff (Receptionist) ရာထူး ခေါ်ယူနေပါသည်။ 📌 Job Summary Junior Staff များသည် Clinic သို့ လာရောက်သော Clients များအား နွေးထွေးပျူငှာစွာ ကြိုဆိုဧည့်ခံပေးခြင်း၊ Appointment များ စီစဉ်ပေးခြင်း၊ Clients များ၏ မေးမြန်းမှုများကို သေချာစွာ ဖြေကြားပေးခြင်းနှင့် Reception ပိုင်းဆိုင်ရာ နေ့စဉ်လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးရမည့် ရာထူးဖြစ်ပါသည်။ 📌 Job Responsibilities • Clients များအား ယဉ်ကျေးပျူငှာစွာ ကြိုဆိုဧည့်ခံပေးခြင်း။ • ဖုန်းခေါ်ဆိုမှုများနှင့် Clients များ၏ မေးမြန်းမှုများကို ယဉ်ကျေးစွာ ဖြေကြားပေးခြင်း။ • Clients များ၏ Appointment / Booking များကို စနစ်တကျ စီစဉ်ပေးခြင်း။ • Clinic ၏ Treatment များ၊ Services များနှင့် Promotions များအကြောင်း Clients များအား သေချာစွာ ရှင်းလင်းပြောကြားပေးခြင်း။ • Clients အသစ်များ၏ အချက်အလက်များကို စာရင်းသွင်းပေးခြင်းနှင့် Client Records များကို စနစ်တကျ ထိန်းသိမ်းခြင်း။ • Reception Counter နှင့် ဧည့်ခန်းနေရာများ သန့်ရှင်းသပ်ရပ်စွာ ရှိစေရန် ဆောင်ရွက်ခြင်း။ • Clients များထံမှ ငွေလက်ခံခြင်းနှင့် Receipt ထုတ်ပေးခြင်းများကို တိကျစွာ ဆောင်ရွက်ခြင်း။ • Appointment များ အတည်ပြုခြင်းနှင့် Clients များအား Follow-up ပြုလုပ်ပေးခြင်း။ • အပတ်စဉ် ဆေးခန်းသုံးပစ္စည်းများနှင့် Inventory များအား Physical Stock စာရင်းကောက်ယူပေးခြင်း။ • သက်ဆိုင်ရာ Supervisor / Manager မှ ပေးအပ်သော အခြားတာဝန်များကို ဆောင်ရွက်ခြင်း။
အကျိုးအမြတ်: • အခြေခံလစာ • Commission • Other Allowances • Day Off • Training & Development Opportunities
တင်သောနေ့: 30 Oct 2026
Sein Gabar Myanmar Co.,Ltd
28 Oct 2026
Loyal Customerများနှင့် Relationshipကောင်းများ ဆက်လက်ထိန်းသိမ်းရန်နှင့် New Customer များတိုးပွားလာအောင်ဆောင်ရွက်ရမည်။ Customerများနှင့် ပြောဆိုဆက်ဆံရာတွင် စိတ်ရှည်သည်းခံ၍ စကားပြောပြေပြစ်ရမည်။ ဆောက်လုပ်ရေးသုံးပစ္စည်းများ (သို့မဟုတ်) မီးပစ္စည်းများနှင့် ပတ်သက်၍ Customersနားလည်မှုရှိအောင် ရှင်းပြနိုင်စွမ်းရှိရမည်။ Ground Stockစစ်ဆေးခြင်းများ ပြုလုပ်ရမည်။
တင်သောနေ့: 28 Oct 2026
Supplier Relationship ကောင်းမွန်စွာဖြင့်လုပ်ငန်းလုပ်ဆောင်ရမည်။ Supplier Listများနှင့် ပစ္စည်းဈေးနှုန်းများအား Updateပြုလုပ်ရမည်။ Account Payable, Daily Purchase Order & Daily Purchase Invoiceများအား စာရင်းပြုလုပ်ရမည်။ ပေးအပ်သည့် လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်နိုင်စွမ်းရှိသူ ဖြစ်ရမည်။
Momotaro Baby Diaper Myanmar
Sales Target (ပြည့်မီရေး) – လစဉ်သတ်မှတ်ထားသော အရောင်းရည်မှန်းချက် (Sales Targets) များ ပြည့်မီစေရန်နှင့်ဆောင်ရွက်ရမည်။ အရောင်းဆိုင်အသစ်များ ရှာဖွေနိုင်ရမည်။ကလေးသုံးပစ္စည်းအရောင်းဆိုင် (လက်လီဆိုင်များ နှင့် လက်ကားဆိုင်များ) ကို အရောင်းဆိုင်အသစ်များ အဖြစ် ရှာဖွေတိုးချဲ့ရမည်။ ဈေးကွက်နယ်မြေ ချဲ့ထွင်ရေး – သတ်မှတ်ထားသော နယ်မြေအတွင်းရှိ အရောင်းဆိုင်များထံ ပုံမှန်သွားရောက်၍ ဈေးကွက်လွှမ်းခြုံမှုနှင့် အရောင်းတိုးတက်မှုကို မြှင့်တင်ရမည်။ ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းများ (Promotion Activities) –ကုန်ပစ္စည်းအရောင်းမြှင့်တင်ရေးအစီအစဉ်များ၊ ပရိုမိုးရှင်းများနှင့် အရောင်းဆိုင်များအားကုန်ပစ္စည်းပြသမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ အရောင်းဆိုင်များနှင့်ပူပေါင်း၍ Promotion အစီအစဥ်များ ဆောင်ရွက်နိုင်ရမည်။ အရောင်းဆိုင်များနှင့်ဆက်ဆံရေး ကောင်းမွန်စေရေး – အရောင်းဆိုင်များနှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ပြီး ကောင်းမွန်သော ဝန်ဆောင်မှုပေးရမည်။ ဆိုင်များ၏လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ ဖြေရှင်းဆောင်ရွက်နိုင်ရမည်။ ဈေးကွက်လေ့လာဆန်းစစ်ရေး (Market Feedback) – စျေးကွက်အတွင်း (အခြားကုန်ပစ္စည်းများ၏ စျေးနှုန်း, Promotion အစီအစဥ် , Market Activities) များကို အချိန်နှင့်တပြေးညီ လေ့လာစောင့်ကြည့်နေရမည်။ အရောင်းအစီရင်ခံစာ တင်ပြရေး – နေ့စဉ်နှင့် အပတ်စဉ် အရောင်းအစီရင်ခံစာများ၊ အရောင်းဆိုင်များထံသွားရောက်တွေ့ဆုံမှု အစီရင်ခံစာများနှင့် ဈေးကွက်ဆောင်ရွက်မှု အခြေအနေများကို ပြုစုတင်ပြရမည်။ ဌာနတွင်း ပူးပေါင်းဆောင်ရွက်ရေး – ကုန်ပစ္စည်းအချိန်မီပို့ဆောင်နိုင်ရေး၊ ငွေကောက်ခံမှုမှန်ကန်ရေးတို့ကို ဆောင်ရွက်ရမည်။
အကျိုးအမြတ်: အတွေ့အကြုံပေါ်မူတည်၍ လစာညှိနှိုင်း အစမ်းခန့်ကာလပြီးမြောက်ပါက (အရောင်းကော်မရှင်) ခံစားခွင့်ရှိသည်။ လုပ်သက်(၁)နှစ်ပြည့်ပြီးပါက(Annual Bonus)
Mahar Santu Textile - ကွန်ပျူတာစက်ပန်းထိုးချည်
16 Oct 2026
တာဝန်ကျအရောင်း way ကိုဦးဆောင်၍ သတ်မှတ် အရောင်း Target ပြည့်မီအောင် ဦးဆောင်ရောင်းချရန်။ ဝယ်သူများ၏ အခက်အခဲနှင့် ပြဿနာများကို ဖြေရှင်းပေးရန်။ နေ့စဉ် အရောင်းအစီရင်ခံရန်။
အကျိုးအမြတ်: Sales Incentive Lunch Provided Attendance Bonus Training Provided
တင်သောနေ့: 16 Oct 2026
KBZ Bank
ဘဏ်ခွဲများ၊ ATM များ၊ ရုံးခန်းများ ၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းများကို သန့်ရှင်းရေးလုပ်ရန်။ မြင့်မားသောအဆင့်များ၊နံရံများ၊ မျက်နှာကျက်များ၊ ပြတင်းပေါက်များ၊ အဖုံးအအုပ် (အကာ) များ၊ သံမဏိ၊ ကူရှင်များနှင့် လိုအပ်ပါက သီးသန့်တောင်းဆိုမှုများကိုလည်းသန့်ရှင်းပေးရန်။ အဆောက်အဦးဝန်းကျင်ဧရိယာများနှင့် ပြင်ပနံရံများအပါအဝင် ဘဏ်ခွဲများ၏ဆိုင်းဘုတ်များကို သန့်ရှင်းပေးရန်။ ဘဏ်ခွဲများတွင် လိုအပ်သလို Deep Cleaning လုပ်ပေးရန်။ မြန်အောင်မြေ၊ မန္တလေးတိုင်းတွင်ရှိသော ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံမရှိလဲလျှောက်ထားနိုင်ပါသည်။
အကျိုးအမြတ်: ဘောနပ် ထောက်ပံ့ကြေး ကျန်းမာရေးအာမခံရရှိခြင်း မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်တွင်လုပ်ကိုင်ခွင့်ရရှိခြင်: စနေ၊တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက် ပိတ်သည်
KOZO Myanmar Co.,Ltd.
ထုတ်ကုန်များ၏Quality ကိုစစ်ဆေးခြင်း သတ်မှတ်ထားသောQuality standard နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း QC inspection နှင့် report များပြုလုပ်ခြင်း Quality ပြသာနာများကို သက်ဆိုင်ရာဌာနသို့ အကြောင်းကြားခြင်း ထုတ်လုပ်မှု လုပ်ငန်းစဥ်အတွင်း Quality control ပြုလုပ်ခြင်း QC စာရင်းများနှင့် record များ စနစ်တကျ ထိန်းသိမ်းခြင်း
အကျိုးအမြတ်: Salary - Nego +incentive /ရက်မှန် ကြေး/ဆီဖိုး/ဖုန်း ဘေလ်/ဆိုင်ကယ်ပြင်စရိတ် Salary Increment every 6 months Year-End Performance Bonus
ကုမ္ပဏီ၏ Products/services များကို Customer များထံမိတ်ဆက်ရောင်းချခြင်း Sales Target များပြည့်မှီအောင် ဆောင်ရွက်ခြင်း Customer အသစ်များရှာဖွေခြင်းနှင့် Customer relationship ကောင်းမွန်သူ Marketing Campaign များတွင် ပါ၀င်ကူညီခြင်း Sales report နှင့် Customer feedbackများပြုစုတင်ပြခြင်း Market နှင့် Competitor အခြေအနေများလေ့လာခြင်း
social media ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည် ရိုက်ပြီးသား video များကို ကုမ္ပဏီ၏ Facebook page, Tiktok Channel တွင် တင်ရမည် Customer & Phone reply ဖုန်းနှင့် တစ်ခြား ဆက်စပ်ပစ္စည်းများ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည် ကုန်ပစ္စည်းအကြောင်းများကို သွက်လက်စွာရှင်းပြနိုင်ရမည်
အကျိုးအမြတ်: Sale target ပေါ်မူတည်ပြီး အ ရောင်း ကော်မရှင်ခံစားနိုင်ခွင့်များ Salary Increment every 6 months Year-End Performance Bonus
Healthy & Happy Myanmar Co.,Ltd
ပြင်ဦးလွင် | မန္တလေးတိုင်း မန္တလေးတိုင်း
အစီရင်ခံရမည့်သူ — ဘဏ္ဍာရေးတာဝန်ခံ နေ့စဉ်ငွေဝင်ငွေထွက်နှင့် လုပ်ငန်းစာရင်းများကို လက်ရေးစာရင်းစာအုပ်များတွင် စနစ်တကျ မှတ်တမ်းတင်ပြီး အထောက်အထားများနှင့်ကိုက်ညီစေရန်။ အဓိကတာဝန်များ • ငွေဝင်ငွေထွက်စာအုပ်၊ ဝယ်ယူမှု၊ ရောင်းချမှုနှင့် အထွေထွေစာရင်းများကို လက်ရေးဖြင့် သေသပ်မှန်ကန်စွာ ရေးသွင်းရန်။ • ငွေလက်ခံ၊ ငွေပေးချေ Voucher နှင့် အထောက်အထားများကိုစစ်ဆေးပြီး ခွင့်ပြုချက်အတိုင်း စာရင်းသွင်းရန်။ • နေ့စဉ်ငွေလက်ကျန်နှင့် ငွေစာရင်းကို တိုက်စစ်၍ ကွာဟချက်များကိုချက်ချင်းတင်ပြရန်။ • ဝယ်ယူသူထံမှ ရရန်ငွေနှင့် ပေးသွင်းသူများသို့ ပေးရန်ငွေစာရင်းများပြုစုတိုက်စစ်ရန်။ • စတိုအဝင်အထွက်၊ ဝယ်ယူစာရင်းနှင့် သက်ဆိုင်ရာစာရွက်စာတမ်းများကို ဌာနများနှင့် ညှိနှိုင်းတိုက်စစ်ရန်။ • လစဉ်စာရင်းပိတ်ခြင်းနှင့် စာရင်းချုပ်ပြုစုခြင်းတွင် ကူညီပြီးအထောက်အထားများကို စနစ်တကျ သိမ်းဆည်းကာ စစ်ဆေးမှုအတွက် ပြင်ဆင်ပေးရန်။
**အစီရင်ခံရမည့်သူ — ဘဏ္ဍာရေးတာဝန်ခံ / လုပ်ငန်းလည်ပတ်ရေးတာဝန်ခံ** **ရာထူး၏ ရည်ရွယ်ချက်** မုန့်ထုတ်လုပ်ရေးအတွက် လိုအပ်သော ကုန်ကြမ်း၊ ထုပ်ပိုးပစ္စည်းနှင့် လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်အရည်အသွေး၊ သင့်တင့်သောဈေးနှုန်းနှင့် လိုအပ်သည့်အချိန်အတွင်း ရရှိစေရန် ဝယ်ယူပေးရမည်။ **အဓိကတာဝန်များ — Job Description** ၁။ စတိုလက်ကျန်၊ ပြန်လည်မှာယူရန် သတ်မှတ်ပမာဏနှင့် ဌာနများ၏ ဝယ်ယူရန်တောင်းခံချက်များကို စစ်ဆေးပြီး ဝယ်ယူရေးအစီအစဉ် ပြုစုရန်။ ၂။ ပေးသွင်းသူများထံမှ ဈေးနှုန်းရယူ၍ အရည်အသွေး၊ ပို့ဆောင်ချိန်၊ သယ်ယူစရိတ်နှင့် ငွေပေးချေမှုစည်းကမ်းများကို နှိုင်းယှဉ်တင်ပြရန်။ ၃။ အတည်ပြုထားသော ဝယ်ယူတောင်းခံချက်အပေါ် အခြေခံ၍ Purchase Order (PO) ပြုစုကာ သတ်မှတ်ခွင့်ပြုချက်ရရှိပြီးမှ အော်ဒါတင်ရန်။ ၄။ ကုန်ကြမ်းအမျိုးအစား၊ အမှတ်တံဆိပ်၊ အလေးချိန်၊ ထုပ်ပိုးပုံနှင့် သက်တမ်းဆိုင်ရာ သတ်မှတ်ချက်များကို ပေးသွင်းသူထံ ရှင်းလင်းစွာ အတည်ပြုရန်။ အစားထိုးပစ္စည်းများကို သက်ဆိုင်ရာတာဝန်ခံ၏ ခွင့်ပြုချက်ရရှိပြီးမှ ဝယ်ယူရန်။ ၅။ မှာယူထားသည့်ပစ္စည်းများ အချိန်မီရောက်ရှိစေရန် လိုက်လံဆောင်ရွက်ပြီး ပစ္စည်းပြတ်လပ်မှု၊ ဈေးနှုန်းပြောင်းလဲမှုနှင့် ပို့ဆောင်မှုနှောင့်နှေးခြင်းများကို ကြိုတင်တင်ပြရန်။ ၆။ ပစ္စည်းရောက်ရှိချိန်တွင် Store နှင့် QC တို့က PO အတိုင်း အရေအတွက်၊ အရည်အသွေးနှင့် သက်တမ်းကို စစ်ဆေးလက်ခံနိုင်ရန် ညှိနှိုင်းပေးရန်။ ၇။ အရေအတွက်မပြည့်ခြင်း၊ ပျက်စီးခြင်းနှင့် သတ်မှတ်ချက်မကိုက်ညီခြင်းများအတွက် ပေးသွင်းသူနှင့် ဆက်သွယ်၍ ပြန်လဲခြင်း၊ ပြန်ပို့ခြင်း သို့မဟုတ် ငွေစာရင်းပြင်ဆင်ခြင်းတို့ ဆောင်ရွက်ရန်။ ၈။ PO၊ ဘောင်ချာ၊ ပို့လွှာနှင့် စတိုလက်ခံမှတ်တမ်းများကို သက်ဆိုင်ရာ PO နံပါတ်ဖြင့် ချိတ်ဆက်သိမ်းဆည်းပြီး ငွေပေးချေမှုအတွက် စာရင်းကိုင်ဌာနသို့ ပြည့်စုံစွာ ပေးပို့ရန်။ ၉။ ဝယ်ယူရန်ထုတ်ပေးထားသော ကြိုတင်ငွေများအတွက် ဘောင်ချာနှင့် လက်ကျန်ငွေကို သတ်မှတ်အချိန်အတွင်း စာရင်းရှင်းလင်းရန်။ ၁၀။ ပေးသွင်းသူစာရင်း၊ ဝယ်ယူဈေးနှုန်းမှတ်တမ်းနှင့် မပြီးစီးသေးသော PO များကို အပ်ဒိတ်လုပ်ပြီး ဝယ်ယူမှုအခြေအနေကို ပုံမှန်တင်ပြရန်။ **Purchaser ရာထူး၏ အဓိကဦးစားပေးတာဝန်များ** ၁။ **ကုန်ကြမ်းအချိန်မီရရှိရေး** စတိုလက်ကျန်၊ ထုတ်လုပ်မှုအစီအစဉ်နှင့် ပေးသွင်းသူ၏ ပို့ဆောင်ရန်ကြာချိန်တို့ကို ကြိုတင်စစ်ဆေး၍ အချိန်မီမှာယူရမည်။ ကုန်ကြမ်းဝယ်ယူမှုနှောင့်နှေးခြင်းကြောင့် ထုတ်လုပ်ရေးလုပ်ငန်း ရပ်တန့်မှုမဖြစ်စေရန် တာဝန်ယူဆောင်ရွက်ရမည်။ ပစ္စည်းပြတ်လပ်နိုင်ခြေရှိပါက တာဝန်ခံထံ ကြိုတင်တင်ပြပြီး အစားထိုးပေးသွင်းနိုင်သူ စီစဉ်ထားရမည်။ ၂။ **သတ်မှတ်အရည်အသွေး ပြည့်မီရေး** ဝယ်ယူသောကုန်ကြမ်းများသည် ကုမ္ပဏီနှင့် QC ဌာနက သတ်မှတ်ထားသည့် အရည်အသွေး၊ အမျိုးအစား၊ သက်တမ်းနှင့် အစားအသောက်ဘေးကင်းရေး လိုအပ်ချက်များနှင့် ကိုက်ညီရမည်။ ပေးသွင်းသူအသစ် သို့မဟုတ် ကုန်ကြမ်းအစားထိုးမှုအတွက် သက်ဆိုင်ရာတာဝန်ခံနှင့် QC ၏ အတည်ပြုချက်ရရှိပြီးမှ မှာယူရမည်။ ၃။ **မှန်ကန်သင့်တင့်သော ဈေးနှုန်းဖြင့် ဝယ်ယူရေး** ဈေးနှုန်းများကို ပုံမှန်နှိုင်းယှဉ်စစ်ဆေး၍ သယ်ယူစရိတ်နှင့် အခြားကုန်ကျစရိတ်များအပါအဝင် စုစုပေါင်းဝယ်ယူစရိတ်ကို တွက်ချက်တင်ပြရမည်။ **QC သတ်မှတ်ချက်တူညီစွာ ပြည့်မီပြီး လိုအပ်သည့်အချိန်အတွင်း ပို့ဆောင်နိုင်သော ပေးသွင်းသူများအနက် စုစုပေါင်းကုန်ကျစရိတ် ပိုမိုသက်သာသူထံမှ ဦးစားပေးမှာယူရမည်။
အကျိုးအမြတ်: နေစားငြိမ်း **အလုပ်ချိန်နှင့် နားရက် —** တပတ်တရက်
အစီရင်ခံရမည့်သူ— ထုတ်လုပ်ရေးအကြီးအကဲ / တာဝန်ခံမုန့်ဆရာ သတ်မှတ်Recipe နှင့် ထုတ်လုပ်ရေးအစီအစဉ်အတိုင်း မုန့်များကို အရည်အသွေးညီညာစွာ ထုတ်လုပ်ပြီးအကူဝန်ထမ်းများကို လက်တွေ့ကြီးကြပ်သင်ကြားရန်။ အဓိကတာဝန်များ ထုတ်လုပ်မှုအစီအစဉ်အလိုက် ကုန်ကြမ်းနှင့် မုန့်လုပ်ငန်းစဉ်များကိုတင်ပြင်ဆင်ရန်။ သတ်မှတ် Recipe အတိုင်း ကုန်ကြမ်းချိန်တွယ်ခြင်း၊ ရောစပ်ခြင်း၊ပုံဖော်ခြင်းနှင့် မုန့်ဖုတ်ခြင်းတို့ ဆောင်ရွက်ရန်။ မုန့်အမျိုးအစားအလိုက် မီးဖိုအပူချိန်၊ အချိန်နှင့်အအေးခံမှုကို ထိန်းချုပ်ပြီး မုန့်အလေးချိန်နှင့် အရည်အသွေး ညီညာစေရန်။ အကူဝန်ထမ်းများအား တာဝန်ခွဲဝေ၍ အလုပ်လုပ်နည်း၊ စက်အသုံးပြုနည်းနှင့်သန့်ရှင်းရေးကို သင်ကြားကြီးကြပ်ရန်။ ကုန်ကြမ်းအသုံးပြုမှု၊ ထုတ်လုပ်ပြီးအရေအတွက်နှင့် အလေအလွင့်များမှတ်တမ်းတင်ပြီး ပြဿနာများကို တာဝန်ခံထံ တင်ပြရန်။ ခွင့်ပြုချက်မရှိဘဲ Recipe သို့မဟုတ် ပါဝင်ပစ္စည်းများမပြောင်းလဲရန်နှင့် QC၊ ထုပ်ပိုးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်။
အကျိုးအမြတ်: နေစရာနှင့် တရက်လျှင် (၃) နပ် စားစရာ စီစဉ်ပေးသည်။
အစီရင်ခံရမည့်သူ— စတိုနှင့် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံ ကုန်ကြမ်း၊ထုပ်ပိုးပစ္စည်းနှင့် ကုန်ချောများကို စနစ်တကျ လက်ခံ၊ ထိန်းသိမ်း၊ ထုတ်ပေးပြီး လက်ကျန်စာရင်း တိကျမှန်ကန်စေရန်။ အဓိကတာဝန်များ ဝယ်ယူပို့ဆောင်လာသောပစ္စည်းများကို အော်ဒါ၊ ပို့လွှာနှင့်တိုက်စစ်၍ အရေအတွက်၊ အလေးချိန်နှင့် အခြေအနေကို စစ်ဆေးလက်ခံရန်။ ကုန်ကြမ်း၊ ထုပ်ပိုးပစ္စည်းနှင့် ကုန်ချောများကို အမျိုးအစားနှင့်Batch အလိုက် ခွဲခြားသိမ်းဆည်းရန်။ ခွင့်ပြုထားသော စာရွက်စာတမ်းအတိုင်း ပစ္စည်းထုတ်ပေးပြီးအဝင်၊ အထွက်နှင့် လက်ကျန်စာရင်းကို နေ့စဉ်မှတ်တမ်းတင်ရန်။ သက်တမ်းကုန်ရက်နီးသည့်ပစ္စည်း ဦးစားပေးထုတ်ပေးခြင်းနှင့်ပစ္စည်းအလိုက် သတ်မှတ်သိုလှောင်စည်းကမ်းများ လိုက်နာရန်။ မြေပြင်လက်ကျန်ကို ပုံမှန်ရေတွက်၍ စာရင်းနှင့်တိုက်စစ်ပြီးကွာဟချက်၊ ပျက်စီးမှုနှင့် သက်တမ်းနီးပစ္စည်းများ တင်ပြရန်။ စတိုသန့်ရှင်းရေး၊ ပိုးမွှားကာကွယ်ရေးနှင့် စာရွက်စာတမ်းသိမ်းဆည်းမှုကို ထိန်းသိမ်းပြီး ဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ စာရင်းကိုင်တို့နှင့် ညှိနှိုင်းရန်။
အစီရင်ခံရမည့်သူ — အရည်အသွေးနှင့် အစားအသောက်ဘေးကင်းရေးတာဝန်ခံ ကုန်ကြမ်းလက်ခံခြင်းမှ မုန့်အချောထုတ်လုပ်ခြင်းအထိ သတ်မှတ်အရည်အသွေးနှင့် သန့်ရှင်းရေးစံနှုန်းများ ပြည့်မီမှုကို စစ်ဆေးမှတ်တမ်းတင်ရန်။ အဓိကတာဝန်များ ကုန်ကြမ်းနှင့် ထုပ်ပိုးပစ္စည်းများ၏ အခြေအနေ၊ သက်တမ်းနှင့်သတ်မှတ်ချက်ကို လက်ခံချိန်တွင် စစ်ဆေးရန်။ ထုတ်လုပ်စဉ် မုန့်အလေးချိန်၊ အရွယ်အစား၊ အရောင်၊ ပုံသဏ္ဌာန်နှင့်သတ်မှတ်အချိန်၊ အပူချိန်မှတ်တမ်းများကို စစ်ဆေးရန်။ ဝန်ထမ်းတစ်ကိုယ်ရေသန့်ရှင်းရေး၊ ပစ္စည်းကိရိယာနှင့်လုပ်ငန်းခွင်သန့်ရှင်းရေးကို စစ်ဆေးမှတ်တမ်းတင်ရန်။ အချောထုတ်ကုန်၏ ထုပ်ပိုးပိတ်သိမ်းမှု၊ Label၊ ရက်စွဲနှင့်Batch အချက်အလက် မှန်ကန်မှု စစ်ဆေးရန်။ စံမမီသောပစ္စည်းများကို သီးခြားသတ်မှတ်ထားရှိစေပြီးတာဝန်ခံထံတင်ပြကာ သတ်မှတ်လုပ်ထုံးလုပ်နည်းအတိုင်း ကိုင်တွယ်ရန်။ QC စစ်ဆေးချက်၊ နမူနာထိန်းသိမ်းမှုနှင့် ပြင်ဆင်ဆောင်ရွက်မှုမှတ်တမ်းများကိုစနစ်တကျ ထိန်းသိမ်းရန်။