English
နောက်ထပ်အလုပ်ကမ်းလှမ်းချက်များရယူပါ
ယခု App ကိုဒေါင်းလုပ်ဆွဲပါ!
စစ်၍ကြည့်သည်:
အလုပ်အမျိုးအစား
တည်နေရာ
လုပ်ငန်းအမျိုးအစား
လုပ်သက်အဆင့်
ဆုများ
အနိမ့်ဆုံး လစာ
Repat / Expat
139 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
အလုပ် 139 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
စဉ်၍ကြည့်သည်
စဉ်၍ကြည့်သည်:
နောက်ထပ်အလားတူအလုပ်များ တင်သောအခါ သင့်အားအကြောင်းကြားပါလိမ့်မည်။
ကျေးဇူးပြု၍ အလုပ်သတိပေးချက်စာမျက်နှာတွင် သင့်အလုပ်သတိပေးချက်ကိုပြင်ပြီး ထပ်မံကြိုးစားပါ။
Healthy & Happy Myanmar Co.,Ltd
ပြင်ဦးလွင် | မန္တလေးတိုင်း မန္တလေးတိုင်း
ဒီနေ့
အစီရင်ခံရမည့်သူ — အရည်အသွေးနှင့် အစားအသောက်ဘေးကင်းရေးတာဝန်ခံ ကုန်ကြမ်းလက်ခံခြင်းမှ မုန့်အချောထုတ်လုပ်ခြင်းအထိ သတ်မှတ်အရည်အသွေးနှင့် သန့်ရှင်းရေးစံနှုန်းများ ပြည့်မီမှုကို စစ်ဆေးမှတ်တမ်းတင်ရန်။ အဓိကတာဝန်များ ကုန်ကြမ်းနှင့် ထုပ်ပိုးပစ္စည်းများ၏ အခြေအနေ၊ သက်တမ်းနှင့်သတ်မှတ်ချက်ကို လက်ခံချိန်တွင် စစ်ဆေးရန်။ ထုတ်လုပ်စဉ် မုန့်အလေးချိန်၊ အရွယ်အစား၊ အရောင်၊ ပုံသဏ္ဌာန်နှင့်သတ်မှတ်အချိန်၊ အပူချိန်မှတ်တမ်းများကို စစ်ဆေးရန်။ ဝန်ထမ်းတစ်ကိုယ်ရေသန့်ရှင်းရေး၊ ပစ္စည်းကိရိယာနှင့်လုပ်ငန်းခွင်သန့်ရှင်းရေးကို စစ်ဆေးမှတ်တမ်းတင်ရန်။ အချောထုတ်ကုန်၏ ထုပ်ပိုးပိတ်သိမ်းမှု၊ Label၊ ရက်စွဲနှင့်Batch အချက်အလက် မှန်ကန်မှု စစ်ဆေးရန်။ စံမမီသောပစ္စည်းများကို သီးခြားသတ်မှတ်ထားရှိစေပြီးတာဝန်ခံထံတင်ပြကာ သတ်မှတ်လုပ်ထုံးလုပ်နည်းအတိုင်း ကိုင်တွယ်ရန်။ QC စစ်ဆေးချက်၊ နမူနာထိန်းသိမ်းမှုနှင့် ပြင်ဆင်ဆောင်ရွက်မှုမှတ်တမ်းများကိုစနစ်တကျ ထိန်းသိမ်းရန်။
အကျိုးအမြတ်: နေစရာနှင့် တရက်လျှင် (၃) နပ် စားစရာ စီစဉ်ပေးသည်။
တင်သောနေ့: ဒီနေ့
Mr Mobile MDY
မဟာအောင်မြေ | မန္တလေးတိုင်း မန္တလေးတိုင်း
22 Oct 2026
ဖုန်း၊ ဖုန်း Accessories နှင့် အခြားဆက်စပ်ပစ္စည်းများကို လက်ခံခြင်း၊ စစ်ဆေးခြင်းနှင့် စနစ်တကျ သိမ်းဆည်းခြင်း။ ပစ္စည်းအဝင်၊ အထွက်စာရင်းများကို မှန်ကန်စွာ မှတ်တမ်းတင်ပြီး Stock စာရင်းနှင့် လက်ကျန်ပစ္စည်းများ ကိုက်ညီမှုရှိစေရန် ကူညီဆောင်ရွက်ခြင်း။ ဆိုင်အရောင်းဝန်ထမ်းများ၏ လိုအပ်ချက်အရ ဖုန်းနှင့် Accessories များကို အချိန်မီ ထုတ်ပေးခြင်း။ ပစ္စည်းများကို အမျိုးအစား၊ Brand၊ Model နှင့် သတ်မှတ်ထားသော နေရာအလိုက် စနစ်တကျ စီစဉ်ထားရှိခြင်း။ ဖုန်းများ၏ Model၊ အရောင်၊ IMEI/Serial Number နှင့် အရေအတွက်တို့ကို စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း။ ပစ္စည်းလက်ခံရာတွင် ပျက်စီးမှု၊ အရေအတွက်ကွာဟမှုနှင့် အခြားမမှန်ကန်မှုများကို စစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူထံ တင်ပြခြင်း။ Stock စာရင်းစစ်ဆေးခြင်း၊ ပစ္စည်းရေတွက်ခြင်းနှင့် လစဉ်/သတ်မှတ်ကာလအလိုက် Stock Taking ပြုလုပ်ရာတွင် ပါဝင်ကူညီခြင်း။ ပစ္စည်းများကို ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းနှင့် ရောနှောမှားယွင်းခြင်းများ မဖြစ်စေရန် ဂရုတစိုက် ထိန်းသိမ်းခြင်း။ ဆိုင်နှင့် စတိုးခန်း သန့်ရှင်းသပ်ရပ်မှုရှိစေရန် ဆောင်ရွက်ခြင်း။ Excel နှင့် သက်ဆိုင်ရာ Software များတွင် ပစ္စည်းစာရင်းသွင်းခြင်း၊ စာရင်းစစ်ဆေးခြင်းတို့ကို ကူညီဆောင်ရွက်ခြင်း။ လိုအပ်ပါက ဆိုင်ခွဲများအကြား ပစ္စည်းလွှဲပြောင်းပို့ဆောင်ခြင်းနှင့် သက်ဆိုင်ရာလုပ်ငန်းများကို ကူညီဆောင်ရွက်ခြင်း။ အထက်လူကြီးမှ ပေးအပ်သော သက်ဆိုင်ရာလုပ်ငန်းတာဝန်များကို တာဝန်ယူမှုရှိစွာ ဆောင်ရွက်ခြင်း။
အကျိုးအမြတ်: လစာ: အတွေ့အကြုံနှင့် အရည်အချင်းပေါ်မူတည်၍ ညှိနှိုင်းပေးမည်။ ခံစားခွင့်များ: ဆိုင်၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ သတ်မှတ်ပေးမည်။
တင်သောနေ့: 22 Oct 2026
KOZO Myanmar Co.,Ltd.
မြန်အောင်မြေ | မန္တလေးတိုင်း မန္တလေးတိုင်း
25 Sep 2026
ထုတ်ကုန်များ၏Quality ကိုစစ်ဆေးခြင်း သတ်မှတ်ထားသောQuality standard နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း QC inspection နှင့် report များပြုလုပ်ခြင်း Quality ပြသာနာများကို သက်ဆိုင်ရာဌာနသို့ အကြောင်းကြားခြင်း ထုတ်လုပ်မှု လုပ်ငန်းစဥ်အတွင်း Quality control ပြုလုပ်ခြင်း QC စာရင်းများနှင့် record များ စနစ်တကျ ထိန်းသိမ်းခြင်း
အကျိုးအမြတ်: Salary - Nego +incentive /ရက်မှန် ကြေး/ဆီဖိုး/ဖုန်း ဘေလ်/ဆိုင်ကယ်ပြင်စရိတ် Salary Increment every 6 months Year-End Performance Bonus
တင်သောနေ့: 25 Sep 2026
Win Brothers Group of Companies Limited
ပြည်ကြီးတံခွန် | မန္တလေးတိုင်း မန္တလေးတိုင်း
22 Sep 2026
ပြည်ကြီးတံခွန်၊ Mandalayတွင်ရှိသော Full Time အထွေထွေဝန်ထမ်း (ဘွိုင်လာဌာန) (သို့မဟုတ် ထုတ်လုပ်ရေးလုပ်သား၊စက်ကိုင်) ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - Entry Level နှင့် Monthly လစာကောင်းကောင်းပေးမည်။
အကျိုးအမြတ်: - နှစ်စဉ်လစာတိုး - နှစ်စဉ် ဘောနပ် - လုပ်သက်ဆုကြေး
တင်သောနေ့: 22 Sep 2026
စက်ရုံရှိ မော်တာ(motor) များကို(ampere) တိုင်းတာခြင်း၊ဝါယာဆက်များကောင်းမကောင်း စစ်ဆေးခြင်း ၊ မော်တာ အပူချိန်များ ပုံမှန် အခြေအနေ ရှိ / မရှိ စစ်ဆေးရန်။ စက်ရုံရှိ(control panals) များ (generators) မီးစက်များ တွင် ဖုန်များ အညစ်ကြေးများ ကပ်ညိမနေစေရန် စနစ်တကျ သန့်ရှင်းရေး ပြုလုပ်ရန်။ All Main Ampere များအား (1)နာရီ တစ်ကြိမ်နှုန်း မှတ်တမ်းရေးသွင်းခြင်း။ Transformer Meter များမှ နေ့စဥ် Unit အသုံးများအား မှတ်တမ်းရေးသွင်းခြင်း။ လျှပ်စစ်ပိုင်း ချို့ယွင်းခြင်းများအား အချိန်နှင့်တပြေးညီ ပြင်ဆင်ဆောင်ရွက်ခြင်း။ မိမိ ပြုလုပ်ခဲ့သော လုပ်ငန်းလုပ်ဆောင်ပုံများကို ခေါင်းဆောင်ထံသို့ သတင်းပေးတင်ပြရန်။
အကျိုးအမြတ်: - Yearly increment - Yearly Bonus - Service Year Award
Gizmo Premium Accessories & Gadgets
ချမ်းမြသာစည် | မန္တလေးတိုင်း မန္တလေးတိုင်း
29 Oct 2026
Creative idea ရှိပြီး အတွေ့အကြုံလိုချင်သူများအတွက် အထူးအခွင့်အရေး - Content Writer (Male-2 posts) Off day : Every Sunday & Public Holidays
အကျိုးအမြတ်: Basic Salary + Attendance Bonus + Other allowance
တင်သောနေ့: 29 Oct 2026
အစီရင်ခံရမည့်သူ — ဘဏ္ဍာရေးတာဝန်ခံ နေ့စဉ်ငွေဝင်ငွေထွက်နှင့် လုပ်ငန်းစာရင်းများကို လက်ရေးစာရင်းစာအုပ်များတွင် စနစ်တကျ မှတ်တမ်းတင်ပြီး အထောက်အထားများနှင့်ကိုက်ညီစေရန်။ အဓိကတာဝန်များ • ငွေဝင်ငွေထွက်စာအုပ်၊ ဝယ်ယူမှု၊ ရောင်းချမှုနှင့် အထွေထွေစာရင်းများကို လက်ရေးဖြင့် သေသပ်မှန်ကန်စွာ ရေးသွင်းရန်။ • ငွေလက်ခံ၊ ငွေပေးချေ Voucher နှင့် အထောက်အထားများကိုစစ်ဆေးပြီး ခွင့်ပြုချက်အတိုင်း စာရင်းသွင်းရန်။ • နေ့စဉ်ငွေလက်ကျန်နှင့် ငွေစာရင်းကို တိုက်စစ်၍ ကွာဟချက်များကိုချက်ချင်းတင်ပြရန်။ • ဝယ်ယူသူထံမှ ရရန်ငွေနှင့် ပေးသွင်းသူများသို့ ပေးရန်ငွေစာရင်းများပြုစုတိုက်စစ်ရန်။ • စတိုအဝင်အထွက်၊ ဝယ်ယူစာရင်းနှင့် သက်ဆိုင်ရာစာရွက်စာတမ်းများကို ဌာနများနှင့် ညှိနှိုင်းတိုက်စစ်ရန်။ • လစဉ်စာရင်းပိတ်ခြင်းနှင့် စာရင်းချုပ်ပြုစုခြင်းတွင် ကူညီပြီးအထောက်အထားများကို စနစ်တကျ သိမ်းဆည်းကာ စစ်ဆေးမှုအတွက် ပြင်ဆင်ပေးရန်။
အကျိုးအမြတ်: .
**အစီရင်ခံရမည့်သူ — ဘဏ္ဍာရေးတာဝန်ခံ / လုပ်ငန်းလည်ပတ်ရေးတာဝန်ခံ** **ရာထူး၏ ရည်ရွယ်ချက်** မုန့်ထုတ်လုပ်ရေးအတွက် လိုအပ်သော ကုန်ကြမ်း၊ ထုပ်ပိုးပစ္စည်းနှင့် လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်အရည်အသွေး၊ သင့်တင့်သောဈေးနှုန်းနှင့် လိုအပ်သည့်အချိန်အတွင်း ရရှိစေရန် ဝယ်ယူပေးရမည်။ **အဓိကတာဝန်များ — Job Description** ၁။ စတိုလက်ကျန်၊ ပြန်လည်မှာယူရန် သတ်မှတ်ပမာဏနှင့် ဌာနများ၏ ဝယ်ယူရန်တောင်းခံချက်များကို စစ်ဆေးပြီး ဝယ်ယူရေးအစီအစဉ် ပြုစုရန်။ ၂။ ပေးသွင်းသူများထံမှ ဈေးနှုန်းရယူ၍ အရည်အသွေး၊ ပို့ဆောင်ချိန်၊ သယ်ယူစရိတ်နှင့် ငွေပေးချေမှုစည်းကမ်းများကို နှိုင်းယှဉ်တင်ပြရန်။ ၃။ အတည်ပြုထားသော ဝယ်ယူတောင်းခံချက်အပေါ် အခြေခံ၍ Purchase Order (PO) ပြုစုကာ သတ်မှတ်ခွင့်ပြုချက်ရရှိပြီးမှ အော်ဒါတင်ရန်။ ၄။ ကုန်ကြမ်းအမျိုးအစား၊ အမှတ်တံဆိပ်၊ အလေးချိန်၊ ထုပ်ပိုးပုံနှင့် သက်တမ်းဆိုင်ရာ သတ်မှတ်ချက်များကို ပေးသွင်းသူထံ ရှင်းလင်းစွာ အတည်ပြုရန်။ အစားထိုးပစ္စည်းများကို သက်ဆိုင်ရာတာဝန်ခံ၏ ခွင့်ပြုချက်ရရှိပြီးမှ ဝယ်ယူရန်။ ၅။ မှာယူထားသည့်ပစ္စည်းများ အချိန်မီရောက်ရှိစေရန် လိုက်လံဆောင်ရွက်ပြီး ပစ္စည်းပြတ်လပ်မှု၊ ဈေးနှုန်းပြောင်းလဲမှုနှင့် ပို့ဆောင်မှုနှောင့်နှေးခြင်းများကို ကြိုတင်တင်ပြရန်။ ၆။ ပစ္စည်းရောက်ရှိချိန်တွင် Store နှင့် QC တို့က PO အတိုင်း အရေအတွက်၊ အရည်အသွေးနှင့် သက်တမ်းကို စစ်ဆေးလက်ခံနိုင်ရန် ညှိနှိုင်းပေးရန်။ ၇။ အရေအတွက်မပြည့်ခြင်း၊ ပျက်စီးခြင်းနှင့် သတ်မှတ်ချက်မကိုက်ညီခြင်းများအတွက် ပေးသွင်းသူနှင့် ဆက်သွယ်၍ ပြန်လဲခြင်း၊ ပြန်ပို့ခြင်း သို့မဟုတ် ငွေစာရင်းပြင်ဆင်ခြင်းတို့ ဆောင်ရွက်ရန်။ ၈။ PO၊ ဘောင်ချာ၊ ပို့လွှာနှင့် စတိုလက်ခံမှတ်တမ်းများကို သက်ဆိုင်ရာ PO နံပါတ်ဖြင့် ချိတ်ဆက်သိမ်းဆည်းပြီး ငွေပေးချေမှုအတွက် စာရင်းကိုင်ဌာနသို့ ပြည့်စုံစွာ ပေးပို့ရန်။ ၉။ ဝယ်ယူရန်ထုတ်ပေးထားသော ကြိုတင်ငွေများအတွက် ဘောင်ချာနှင့် လက်ကျန်ငွေကို သတ်မှတ်အချိန်အတွင်း စာရင်းရှင်းလင်းရန်။ ၁၀။ ပေးသွင်းသူစာရင်း၊ ဝယ်ယူဈေးနှုန်းမှတ်တမ်းနှင့် မပြီးစီးသေးသော PO များကို အပ်ဒိတ်လုပ်ပြီး ဝယ်ယူမှုအခြေအနေကို ပုံမှန်တင်ပြရန်။ **Purchaser ရာထူး၏ အဓိကဦးစားပေးတာဝန်များ** ၁။ **ကုန်ကြမ်းအချိန်မီရရှိရေး** စတိုလက်ကျန်၊ ထုတ်လုပ်မှုအစီအစဉ်နှင့် ပေးသွင်းသူ၏ ပို့ဆောင်ရန်ကြာချိန်တို့ကို ကြိုတင်စစ်ဆေး၍ အချိန်မီမှာယူရမည်။ ကုန်ကြမ်းဝယ်ယူမှုနှောင့်နှေးခြင်းကြောင့် ထုတ်လုပ်ရေးလုပ်ငန်း ရပ်တန့်မှုမဖြစ်စေရန် တာဝန်ယူဆောင်ရွက်ရမည်။ ပစ္စည်းပြတ်လပ်နိုင်ခြေရှိပါက တာဝန်ခံထံ ကြိုတင်တင်ပြပြီး အစားထိုးပေးသွင်းနိုင်သူ စီစဉ်ထားရမည်။ ၂။ **သတ်မှတ်အရည်အသွေး ပြည့်မီရေး** ဝယ်ယူသောကုန်ကြမ်းများသည် ကုမ္ပဏီနှင့် QC ဌာနက သတ်မှတ်ထားသည့် အရည်အသွေး၊ အမျိုးအစား၊ သက်တမ်းနှင့် အစားအသောက်ဘေးကင်းရေး လိုအပ်ချက်များနှင့် ကိုက်ညီရမည်။ ပေးသွင်းသူအသစ် သို့မဟုတ် ကုန်ကြမ်းအစားထိုးမှုအတွက် သက်ဆိုင်ရာတာဝန်ခံနှင့် QC ၏ အတည်ပြုချက်ရရှိပြီးမှ မှာယူရမည်။ ၃။ **မှန်ကန်သင့်တင့်သော ဈေးနှုန်းဖြင့် ဝယ်ယူရေး** ဈေးနှုန်းများကို ပုံမှန်နှိုင်းယှဉ်စစ်ဆေး၍ သယ်ယူစရိတ်နှင့် အခြားကုန်ကျစရိတ်များအပါအဝင် စုစုပေါင်းဝယ်ယူစရိတ်ကို တွက်ချက်တင်ပြရမည်။ **QC သတ်မှတ်ချက်တူညီစွာ ပြည့်မီပြီး လိုအပ်သည့်အချိန်အတွင်း ပို့ဆောင်နိုင်သော ပေးသွင်းသူများအနက် စုစုပေါင်းကုန်ကျစရိတ် ပိုမိုသက်သာသူထံမှ ဦးစားပေးမှာယူရမည်။
အကျိုးအမြတ်: နေစားငြိမ်း **အလုပ်ချိန်နှင့် နားရက် —** တပတ်တရက်
အစီရင်ခံရမည့်သူ— ထုတ်လုပ်ရေးအကြီးအကဲ / တာဝန်ခံမုန့်ဆရာ သတ်မှတ်Recipe နှင့် ထုတ်လုပ်ရေးအစီအစဉ်အတိုင်း မုန့်များကို အရည်အသွေးညီညာစွာ ထုတ်လုပ်ပြီးအကူဝန်ထမ်းများကို လက်တွေ့ကြီးကြပ်သင်ကြားရန်။ အဓိကတာဝန်များ ထုတ်လုပ်မှုအစီအစဉ်အလိုက် ကုန်ကြမ်းနှင့် မုန့်လုပ်ငန်းစဉ်များကိုတင်ပြင်ဆင်ရန်။ သတ်မှတ် Recipe အတိုင်း ကုန်ကြမ်းချိန်တွယ်ခြင်း၊ ရောစပ်ခြင်း၊ပုံဖော်ခြင်းနှင့် မုန့်ဖုတ်ခြင်းတို့ ဆောင်ရွက်ရန်။ မုန့်အမျိုးအစားအလိုက် မီးဖိုအပူချိန်၊ အချိန်နှင့်အအေးခံမှုကို ထိန်းချုပ်ပြီး မုန့်အလေးချိန်နှင့် အရည်အသွေး ညီညာစေရန်။ အကူဝန်ထမ်းများအား တာဝန်ခွဲဝေ၍ အလုပ်လုပ်နည်း၊ စက်အသုံးပြုနည်းနှင့်သန့်ရှင်းရေးကို သင်ကြားကြီးကြပ်ရန်။ ကုန်ကြမ်းအသုံးပြုမှု၊ ထုတ်လုပ်ပြီးအရေအတွက်နှင့် အလေအလွင့်များမှတ်တမ်းတင်ပြီး ပြဿနာများကို တာဝန်ခံထံ တင်ပြရန်။ ခွင့်ပြုချက်မရှိဘဲ Recipe သို့မဟုတ် ပါဝင်ပစ္စည်းများမပြောင်းလဲရန်နှင့် QC၊ ထုပ်ပိုးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်။
အစီရင်ခံရမည့်သူ— တာဝန်ခံမုန့်ဆရာ / ထုတ်လုပ်ရေးတာဝန်ခံ မုန့်ထုတ်လုပ်ရေးအဖွဲ့ကိုကူညီပြီး လုပ်ငန်းခွင်သန့်ရှင်းရေးနှင့် အစားအသောက်ဘေးကင်းရေး စည်းကမ်းများအတိုင်း နေ့စဉ်လုပ်ငန်းများ ဆောင်ရွက်ရန်။ အဓိကတာဝန်များ ကုန်ကြမ်း၊ မုန့်ဗန်းနှင့် အသုံးအဆောင်များကို နေ့စဉ်ထုတ်လုပ်မှုအတွက်ပြင်ဆင်ပေးရန်။ ညွှန်ကြားချက်အတိုင်း ကုန်ကြမ်းချိန်တွယ်ခြင်း၊ မုန့်သားနယ်ခြင်း၊ အပိုင်းခွဲခြင်းနှင့် ပုံဖော်ခြင်းတို့တွင် ကူညီရန်။ မုန့်ဗန်းစီခြင်း၊ အအေးခံခြင်းနှင့် မုန့်အရေအတွက်ရေတွက်ခြင်းတို့ ဆောင်ရွက်ရန်။ လုပ်ငန်းခွင်၊ စားပွဲ၊ ဗန်းနှင့် ကိရိယာများကို သတ်မှတ်အစီအစဉ်အတိုင်းဆေးကြောသန့်စင်ရန်။ မုန့်အရည်အသွေးမမှန်ခြင်း၊ ကုန်ကြမ်းပျက်စီးခြင်းနှင့်စက်ချို့ယွင်းခြင်းများကို တာဝန်ခံထံ ချက်ချင်းတင်ပြရန်။ လက်ဆေးခြင်း၊ အလုပ်ဝတ်စုံနှင့် ဆံပင်အုပ်ဆောင်းခြင်း စည်းကမ်းများ လိုက်နာပြီး သင်ကြားခွင့်ပြုထားသော စက်များကိုသာ အသုံးပြုရန်။
The Waiting Lodge Hotel
30 Oct 2026
ဟိုတယ်အတွင်းနှင့်ပတ်ဝန်းကျင်လုံခြုံရေးကို စောင့်ကြပ်ထိန်းသိမ်းရန်။ ဧည့်သည်များ၊ဝန်ထမ်းများနှင့်ဝင်ထွက်သူများကို သတ်မှတ်စည်းမျဉ်းအတိုင်း စစ်ဆေးကြီးကြပ်ရန်။ ဝင်ထွက်မှုမှတ်တမ်းများကိုစနစ်တကျ မှတ်တမ်းတင်ရန်။ ဟိုတယ်ပိုင်ပစ္စည်းများနှင့်ဧည့်သည်ပစ္စည်းများ၏ လုံခြုံရေးကို ကာကွယ်ရန်။ မီးဘေးအန္တရာယ်၊မတော်တဆမှုနှင့် ထူးခြားဖြစ်စဉ်များကို ချက်ချင်းသတင်းပို့ရန်။ Security SOPနှင့်သက်ဆိုင်ရာ လုံခြုံရေးစည်းမျဉ်းများကို လိုက်နာရန်။
တင်သောနေ့: 30 Oct 2026
ဧည့်သည်အခန်းများကိုဟိုတယ်စံနှုန်းအတိုင်း သန့်ရှင်းရေးပြုလုပ်ရန်။ အိပ်ရာခင်း၊မျက်နှာသုတ်ပဝါနှင့် Guest Amenities များကို စနစ်တကျပြင်ဆင်ဖြည့်ဆည်းရန်။ Bathroom နှင့်အခန်းတွင်းပစ္စည်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရန်။ သန့်ရှင်းရေးလုပ်ငန်းဆိုင်ရာSOP များကို လိုက်နာရန်။
ဧည့်သည်များအားအစားအသောက်နှင့် အဖျော်ယမကာများကို ယဉ်ကျေးပျူငှာစွာ ဝန်ဆောင်မှုပေးရန်။ စားပွဲများ၊ထိုင်ခုံများနှင့် Dining Areaများကို သန့်ရှင်းသပ်ရပ်စွာပြင်ဆင်ထားရန်။ ဧည့်သည်များ၏ Orderများကို မှန်ကန်စွာ လက်ခံပြီး သက်ဆိုင်ရာဌာနသို့ ပေးပို့ရန်။ အစားအသောက်နှင့်အဖျော်ယမကာများကို သတ်မှတ်ထားသော စံနှုန်းအတိုင်း ဝန်ဆောင်မှု ပေးရန်။ F&B Service SOP နှင့် Food Hygiene Standards များကို လိုက်နာရန်။ ဧည့်သည်များ၏တောင်းဆိုချက်နှင့် တိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းပြီး လိုအပ်ပါက အထက်အရာရှိထံတင်ပြရန်။
DKSH ( Myanmar ) Ltd
16 Sep 2026
နေ့စဉ်အရောင်းတာဝန်များကို အချိန်မှီ ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရမည်။ Customer များ၏ အော်ဒါများကို အချိန်မှီ တင်ရမည်။ သတ်မှတ်ထားသော sales target များကို ထိမှီအောင် ရောင်းချရမည်။ ချမှတ်ထားသော လမ်းကြောင်းများကို တိကျမှန်ကန်စွာ သွားနိုင်ရမည်။ ဝယ်သူ၏ တိုင်ကြားချက်များကို စိတ်ရှည်စွာဖြေရှင်းနိုင်ရမည်။ သက်ဆိုင်ရာ Area Sales Manager များကို အချိန်မှီ report တင်ရမည်။
အကျိုးအမြတ်: Transportation Allowance Monthly Incentive
တင်သောနေ့: 16 Sep 2026
The Grand Dental Clinic
Client များအား ကြိုဆို၍ Registration ပြုလုပ်ပေးခြင်း။ Appointment များ စီစဉ်ခြင်းနှင့် Confirm ပြုလုပ်ပေးခြင်း။ ဖုန်းခေါ်ဆိုမှုများ ဖြေကြား၍ လိုအပ်သော အချက်အလက်များ ပေးခြင်း။ Billing, Voucher နှင့် Software Data များကို ဆောင်ရွက်ခြင်း။ Client Record များကို စနစ်တကျ ထိန်းသိမ်းခြင်း။ နေ့စဉ် Reception လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခြင်း။ Cash Handling တာဝန်ယူရသည့်အခါ ငွေစာရင်းများကို တိကျမှန်ကန်စွာ လွှအပ်ခြင်း။ Client Complaint များကို သက်ဆိုင်ရာဌာနနှင့် ညှိနှိင်းဆောင်ရွက်ခြင်း။
အကျိုးအမြတ်: နေ့စဉ်နေ့လည်စာစီစဉ်ပေးခြင်း Uniform Laundry ဝန်ဆောင်မှု ပေးအပ်ခြင်း နှစ်စဉ် Bonus ခံစားခွင့် The Grand Dental Clinic Dental Care Benefitများခံစားခွ
RMA Myanmar
ချမ်းအေးသာဇံ | မန္တလေးတိုင်း မန္တလေးတိုင်း
03 Nov 2026
Pizza /မုန့်ဖုတ်ခြင်း (သို့) Customer Service (Waiter) လုပ်ကိုင်ရပါမည် ဧည့်သည်များအား ဖော်ရွေစွာကူညီဆက်ဆံရပါမည် မီးဖိုချောင်အတွင်း ကူညီလုပ်ကိုင်ရပါမည် နေ့ဆိုင်း၊ ညဆိုင်း အလှည့်ကျဆင်းရပါမည် (ညဆိုင်းအတွက် ဖယ်ရီ စီစဥ်ထားပေးပါသည်)
အကျိုးအမြတ်: - ကော်မရှင်ခံစားခွင့် - ခရီးစရိတ် + ညဆိုင်းအတွက် ဖယ်ရီ စီစဥ်ထားရှိမှု - အစားအသောက်စရိတ် - လုပ်ငန်းအတွင်းထိခိုက်မှုအာမခံ
တင်သောနေ့: 03 Nov 2026
Mandalay Bawgabala Group
02 Nov 2026
ပြည်ကြီးတံခွန်၊ မန္တလေးတိုင်းတွင်ရှိသော အချိန်ပြည့် Cashier (သို့မဟုတ် ငွေကိုင်) ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။ အလုပ်ချိန် - နံနက် ၈:၃၀ မှ ညနေ ၅:၀၀ နာရီအထိ။
တင်သောနေ့: 02 Nov 2026
Otsuka Myanmar Co.,Ltd
Supervise sampling staff, including schedules, attendance, task assignments, and performance. Plan and coordinate sampling activities according to marketing plans. Train staff on product knowledge, sampling procedures, and consumer engagement. Ensure proper product handling, hygiene, and brand representation. Monitor sampling targets, product distribution, and promotional materials. Collect activity data, consumer feedback, and photos. Prepare activity reports and maintain accurate records. Manage sampling stock and minimize product wastage. Coordinate with the Marketing Team to ensure smooth execution of activities.
အကျိုးအမြတ်: Competitive Salary & Benefits Health Insurance Food Box & Welfare Benefits Career Development Opportunities
Soe Family Distribution
သတ်မှတ်ထားသော Route အတိုင်း Customer များထံ နေ့စဉ်သွားရောက် Order ကောက်ယူရန်။ Company ၏ Sales Target များကို ပြည့်မီအောင် ဆောင်ရွက်ရန်။ Product အသစ်များနှင့် Promotion များကို Customer များအား မိတ်ဆက်ရန်။ Customer Relationship ကောင်းမွန်စွာ ထိန်းသိမ်းရန်။ Market Information၊ Competitor Activities နှင့် Customer Feedback များကို Report တင်ရန်။ နေ့စဉ် DSSR / Sales Report များကို အချိန်မီ တင်ပြရန်။ Company Policy နှင့် SOP များကို လိုက်နာရန်။
အကျိုးအမြတ်: Basic Salary + Attendance Allowance + Sales Incentive + Uniform
FMCG
နေ့စဉ် Pre-order များအတွက် DSR၊ Invoice Voucher နှင့် Delivery Outlet List များကို စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခြင်း။ တာဝန်ယူထားသော နယ်မြေအတွင်း Sales Target နှင့် Delivery Operation များကို ထိရောက်စွာ ဆောင်ရွက်ခြင်း။ Wholesale (WS) နှင့် Retail Outlet များသို့ အော်ဒါများကို သတ်မှတ်ထားသော နယ်မြေအတွင်း အချိန်မီ ပို့ဆောင်ပေးခြင်း။ Outlet များနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထိန်းသိမ်းပြီး Customer Retention တိုးတက်စေရန် ဆောင်ရွက်ခြင်း။ Delivery Outlet များတွင် POSM များကို Company Standard နှင့်အညီ တပ်ဆင်ခြင်းနှင့် Chiller Display များကို စနစ်တကျ ထိန်းသိမ်းခြင်း။ နေ့စဉ် Delivery Operation များနှင့်ပတ်သက်သည့် Report များကို အချိန်မီ တင်ပြခြင်းနှင့် Outlet Complaint များကို ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ခြင်း။
အကျိုးအမြတ်: 🔹 မျှော်မှန်းလစာ + အရောင်းကော်မရှင် 🔹 Transportation Allowance 🔹 ကျန်းမာရေးအာမခံ 🔹 ကုမ္ပဏီမှ သတ်မှတ်ပေးထားသော အခြားခံစားခွင့်များ
SHWE PHON Company Limited
31 Oct 2026
Cashbook အတွင်း cash transactions များ လုပ်ဆောင်ရမည်။ ငွေလွှဲ၊ ငွေထုတ် လုပ်ဆောင်ရန် Bank သွားရမည်။ (တခါတရံ) Cashbook ၀င်ငွေ၊ ထွက်ငွေ စာရင်းအား နေ့စဥ် စာရင်းချုပ်ပြီး ၊ မိမိထံ လက်ကျန်ငွေနှင့် ပြန်စစ်ရမည်။ နေ့စဥ် Cashbook စာရင်း ပိတ်ရမည်။ Sales Voucher များကို SAP Software အတွင်း စာရင်းရေးသွင်းရမည်။ ပေးရန်/ ရရန် ရှိ စာရင်းများ လုပ်ဆောင်ရမည်။ အ၀ယ်ရှင်းတမ်း လုပ်ဆောင်ရမည်။ လကုန်လချုပ် ချုပ်ပေးရမည်။
အကျိုးအမြတ်: စွမ်းဆောင်ရည်အတွက် ဆုလာဒ်များ
တင်သောနေ့: 31 Oct 2026
Central Specialist Clinic & Pharmacy
Patient Care & Assessment ဆေးခန်းသို့ ရောက်ရှိလာသော လူနာများ၏ အခြေခံ ကျန်းမာရေးအခြေအနေ အဓိက ခံစားရသော ရောဂါလက္ခဏာများနှင့် ဆေးရာဇဝင် (Medical History) များကို ပဏာမ မေးမြန်း ရေးသွင်းခြင်း။ စိုးရိမ်ရသော သို့မဟုတ် အရေးပေါ် လူနာများ ရောက်ရှိလာပါက ဆရာဝန်ထံ ချက်ချင်း အကြောင်းကြား စီစဉ်ပေးခြင်း။ လူနာနှင့် လူနာစောင့်များ၏မေးမြန်းမှု့များကို စိတ်ရှည်စွာ ဖြေဆို ရှင်းပြနိုင်ခြင်း။ Doctor Assisting အထူးကု အခန်းများအတွင်း ဆရာဝန်ကြီးများ လူနာကြည့်ရှုရာတွင် လိုအပ်သော ပစ္စည်းများ ပြင်ဆင်ပေးခြင်းနှင့် ကူညီဆောင်ရွက်ပေးခြင်း ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ဆေးထိုးခြင်း (IV/IM Injections)၊ ဆေးပုလင်းချပေးခြင်း (IV drip/infusion)၊ အနာကုသခြင်း (Dressing) စသည့် ကုသမှုများကို ဆောင်ရွက်ပေးခြင်း။ Medical Equipment & Management ကုသဆောင်နှင့် ဆေးခန်းအတွင်းရှိ ဆေးဝါးများ၊ Injection သုံး ပစ္စည်းများနှင့် Consumable ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းခြင်း နှင့် လစဉ်စာရင်းပြုစုခြင်း။ ဆေးရုံ/ဆေးခန်း သုံး စက်ပစ္စည်းများ (Vital sign monitor, ECG machine စသည်) ပုံမှန် အလုပ်လုပ်မလုပ် စစ်ဆေးခြင်း။
ဆေးခန်း ပတ်ဝန်းကျင် သန့်ရှင်းရေး (Daily Cleaning & Maintenance): ဆေးခန်း မဖွင့်မီ မနက်ပိုင်းတွင် ဧည့်ကြိုနေရာ (Reception)၊ စောင့်ဆိုင်ခန်းများ၊ ဆရာဝန် ကြည့်ရှုခန်းများနှင့် ရုံးခန်းများကို ကြမ်းတိုက်ခြင်း၊ ဖုန်သုတ်ခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်း။ လူနာကြည့်ခန်းများရှိ စိတ်ဖြေရာ့ဓါတ်င်၊ ကုတင်၊ ထိုင်ခုံနှင့် လူနာထိတွေ့မှုများူးသော နေရာများ (တံခါးလက်ကိုင်များ) အား ပိုးသတ်ဆေးရည်ဖြင့် စဉ်တဆက် သုတ်သင်ရှင်းလင်းခြင်း။ ဆေးခန်းတွင်းပြင် လျှောက်လမ်းနှင့် အိမ်သာများကို တစ်နေ့လျှင် အနည်းဆုံး (၃) ကြိမ် (မနက် ၇နာရီ၊ နေ့ ၂နာရီနှင့် ညနေ ၄:၃၀) လိုအပ်သည့်အချိန်တိုင်း သန့်ရှင်းရေး ပြုလုပ်၍ လက်ဆေးဆပ်ပြာ၊ တစ်ရှူးများနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ မပြတ်တောက်အောင် ဖြည့်တင်းပေးခြင်း။ ဆေးရုံ/ဆေးခန်းသုံး စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်း (Medical Waste Disposal): ဆေးခန်းအတွင်းရှိ အမှိုက်ပုံးများကို အမှိုက်အမျိုးအစားအလိုက် စဉ်တဆက် စွန့်ပစ်ခြင်း။ အမှိုက်ပုံးများကို အမြဲတမ်း သန့်ရှင်းစင်ကြယ်စေပြီး အဖုံးများ စဉ်တဆက် ပိတ်ထားရှိစေခြင်း။ ပိုးသတ်ခြင်းနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး (Infection Control & Safety): သန့်ရှင်းရေး ဆောင်ရွက်စဉ် မိမိကိုယ်ကို ကာကွယ်ရန်အတွက် (လိုအပ်ပါက /Mask၊ လက်အိတ်များ) စဉ်တဆက် ဝတ်ဆင်ဆောင်ရွက်ခြင်း။ သန့်ရှင်းရေးသုံး စတုပစ္စည်းများနှင့် ဆေးရည်များကို ဘေးအန္တရာယ်မရှိအောင် စဉ်တဆက် ရှောင်စစ်/သိမ်းဆည်းခြင်း။ အထွေထွေ ပူးပေါင်းဆောင်ရွက်ခြင်း: ဆေးခန်းသုံး သန့်ရှင်းရေး ပစ္စည်းများ (ကြမ်းတိုက်မော်၊ ဆပ်ပြာ၊ ပိုးသတ်ဆေးစသည်) ကုန်ဆုံးပါက တာဝန်ရှိသူထံ ကြိုတင်အကြောင်းကြားခြင်း။ ဆရာဝန်များ၊ ဧည့်ကြိုဝန်ထမ်းနှင့် ပူးပေါင်း၍ အရေးပေါ် သန့်ရှင်းရေး လိုအပ်ချက်များကိုချက်ချင်း ကူညီဆောင်ရွက်ပေးခြင်း။
ဆေးခန်း လုံခြုံရေးနှင့် စောင့်ကြည့်ခြင်း ဆေးခန်း အတွင်း/အပြင် အဝင်အထွက် တံခါးများ နှင့် ဝန်းကျင်လုံခြုံရေး စနစ်တကျ စောင့်ကြည့်ခြင်း။ မသကာ်ဖွယ်ရာ လူ/ပစည်းများ တွေ့ရှိပါက တာဝန်ရှိသူထံ ချက်ချင်း အကြောင်းကြားချင်း ဆေးခန်း ပိတ်ချိန်/ဖွင့်ချိန် သော့များ တံခါးများ မီး မီးစက် အခြေအနေများကို စီစစ်စောင့်ကြည့်ခြင်း ယာဉ်ရပ်နားစခန်းနှင့် ဧည့်ခံလမ်းညွှန်မှု ဆေးခန်းသို့ လာရောက်ကြသော ဆရာဝန်လူနာများနှင့် မိသားစုဝင်များ၏ မော်တော်ယာဉ်ဆိုက်ကယ်များအား ရပ်နားစခန်းတွင် စနစ်တကျနေရာချခြင်း လူနာများ အဝင်အထွက် လွယ်ကူစေရန် လမ်းပိတ်ဆို့မှု မရှိစေရန် ယာဉ်ကြောထိန်းသိမ်းပေးခြင်း သက်ကြီးရွယ်အိုများနှင့် လမ်းလျှောက်ရန် အခက်အခဲ ရှိသော လူနာများအား ကားဆိုက်ကယ်ပေါ်မှ ဆင်းချိန်တွင် အကူအညီပေးခြင်း အထွေထွေ ကူညီရေးနှင့် ထိန်းသိမ်းရေး ဆေးခန်းသုံး မီးစက်မောင်းနှင်ခြင်း ဆီစစ်ဆေးခြင်း နှင့် ရေမီးပုံမှန် လည်ပတ်မှုရှိစေရန် ကူညီစောင့်ရှောက်ခြင်း ဆေးခန်းသို့ရောက်ရှိလာသော ဆေးဝါးပစည်း က်ရိယာနှင့် အလေးချိန်ရှိ ပစည်းများအား မရွေ့ပေးခြင်း အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ဆေးခန်းနှင့် မီးဘေး အန္တာရယ် ကာကွယ်ရေးပစည်းများ စနစ်တကျ ရှိမရှိ စီစစ်ခြင်း အရေးပေါ်လူနာများ ရောက်ရှိလာပါက reception သိူ့ချက်ချင်း အတူအညီတောင်းခံ ပို့ဆောင်ပေးခြင်း။
CAS'S Aesthetic Clinic
မန္တလေးမြို့ရှိ Cas's Aesthetics Clinic တွင် အလှအပရေးရာကို စိတ်ဝင်စားသူများအတွက် Junior Staff (Receptionist) ရာထူး ခေါ်ယူနေပါသည်။ 📌 Job Summary Junior Staff များသည် Clinic သို့ လာရောက်သော Clients များအား နွေးထွေးပျူငှာစွာ ကြိုဆိုဧည့်ခံပေးခြင်း၊ Appointment များ စီစဉ်ပေးခြင်း၊ Clients များ၏ မေးမြန်းမှုများကို သေချာစွာ ဖြေကြားပေးခြင်းနှင့် Reception ပိုင်းဆိုင်ရာ နေ့စဉ်လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးရမည့် ရာထူးဖြစ်ပါသည်။ 📌 Job Responsibilities • Clients များအား ယဉ်ကျေးပျူငှာစွာ ကြိုဆိုဧည့်ခံပေးခြင်း။ • ဖုန်းခေါ်ဆိုမှုများနှင့် Clients များ၏ မေးမြန်းမှုများကို ယဉ်ကျေးစွာ ဖြေကြားပေးခြင်း။ • Clients များ၏ Appointment / Booking များကို စနစ်တကျ စီစဉ်ပေးခြင်း။ • Clinic ၏ Treatment များ၊ Services များနှင့် Promotions များအကြောင်း Clients များအား သေချာစွာ ရှင်းလင်းပြောကြားပေးခြင်း။ • Clients အသစ်များ၏ အချက်အလက်များကို စာရင်းသွင်းပေးခြင်းနှင့် Client Records များကို စနစ်တကျ ထိန်းသိမ်းခြင်း။ • Reception Counter နှင့် ဧည့်ခန်းနေရာများ သန့်ရှင်းသပ်ရပ်စွာ ရှိစေရန် ဆောင်ရွက်ခြင်း။ • Clients များထံမှ ငွေလက်ခံခြင်းနှင့် Receipt ထုတ်ပေးခြင်းများကို တိကျစွာ ဆောင်ရွက်ခြင်း။ • Appointment များ အတည်ပြုခြင်းနှင့် Clients များအား Follow-up ပြုလုပ်ပေးခြင်း။ • အပတ်စဉ် ဆေးခန်းသုံးပစ္စည်းများနှင့် Inventory များအား Physical Stock စာရင်းကောက်ယူပေးခြင်း။ • သက်ဆိုင်ရာ Supervisor / Manager မှ ပေးအပ်သော အခြားတာဝန်များကို ဆောင်ရွက်ခြင်း။
အကျိုးအမြတ်: • အခြေခံလစာ • Commission • Other Allowances • Day Off • Training & Development Opportunities
Nadi & Shweli Bar and BBQ
Customer များကို Service များအကြောင်း သေချာရှင်းပြပေးနိုင်ရမည်။ ဆိုရှယ်မီဒီယာ Message များ Comment များ Reply ပြန်ပေးရပါမည်။ မိမိ Reception နေရာများကို အမြဲတမ်းသန့်ရှင်းပြီး၊သပ်သပ်ရပ်ရပ်ဖြစ်နေရပါမည်။ အကြီးအကဲမှ ထပ်မံချမှတ်ပေးသော အလုပ်တာဝန်များအား ဆောင်ရွက်ရမည်။
Bar တွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ရမည်။ customersများကို service အပြည့်အဝပေးရမည်။
Bar ဆိုင်တဆိုင်၏ kitchen, BBQ, Bar, Service ပိုင်းများကို နိုင်နင်းစွာ စီမံအုပ်ချုပ်ရမည်။ ရောင်းအားတိုးတက်အောင် တာဝန်ယူရမည်။ နေ့စဉ်reportများ စနစ်တကျတင်ရမည်။ ဆိုင်၏ စည်းကမ်း သန့်ရှင်းရေး ကိစ္စအဝဝ တာဝန်ယူဆောင်ရွက်ရမည်။
Right Supermarket & Wholesale Distribution
Customer အသစ်များ ရှာဖွေပြီး စျေးကွက်တိုးချဲ့ခြင်း Retail နှင့် Wholesale Customer များနှင့် ဆက်ဆံရေးကောင်းမွန်စွာ ထိန်းသိမ်းခြင်း Sales Performance ကို စောင့်ကြည့်ပြီး Weekly/Monthly Report များ ပြုစုတင်ပြခြင်း Promotion, Campaign နှင့် In-store Marketing Activities များ စီစဉ်ဆောင်ရွက်ခြင်း Sales Target များ အောင်မြင်စေရန် ကြိုးပမ်းခြင်း
နေ့စဉ် ငွေလက်ခံခြင်းနှင့် ငွေပေးချေမှုများကို တိကျမှန်ကန်စွာ ဆောင်ရွက်ခြင်း Cash, Card နှင့် Mobile Payment များကို လက်ခံဆောင်ရွက်ခြင်း Receipt ထုတ်ပေးခြင်း၊ Refund နှင့် Exchange များကို ကုမ္ပဏီစည်းကမ်းအတိုင်း ဆောင်ရွက်ခြင်း Customer များကို မိတ်ဆက်ဆက်ဆံမှုကောင်းမွန်စွာဖြင့် ဝန်ဆောင်မှုပေးခြင်း Cash Counter ကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းခြင်း