English
နောက်ထပ်အလုပ်ကမ်းလှမ်းချက်များရယူပါ
ယခု App ကိုဒေါင်းလုပ်ဆွဲပါ!
စစ်၍ကြည့်သည်:
အလုပ်အမျိုးအစား
တည်နေရာ
လုပ်ငန်းအမျိုးအစား
လုပ်သက်အဆင့်
ဆုများ
အနိမ့်ဆုံး လစာ
Repat / Expat
959 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
အလုပ် 959 ခုနှင့် ပို့စ်များ ရှာတွေ့ပါသည်။
စဉ်၍ကြည့်သည်
စဉ်၍ကြည့်သည်:
နောက်ထပ်အလားတူအလုပ်များ တင်သောအခါ သင့်အားအကြောင်းကြားပါလိမ့်မည်။
ကျေးဇူးပြု၍ အလုပ်သတိပေးချက်စာမျက်နှာတွင် သင့်အလုပ်သတိပေးချက်ကိုပြင်ပြီး ထပ်မံကြိုးစားပါ။
Royal Digital Camera Shop
ကျောက်တံတား | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
29 Sep 2026
ဆိုင်အတွင်း ပစ္စည်းများ စနစ်တကျ စီစဉ်ထားခြင်း Customer များကို လိုအပ်သော အကူအညီပေးခြင်း ပစ္စည်းတင်ခြင်း၊ ဖြုတ်ခြင်း နှင့် stock စစ်ဆေးရာတွင် ကူညီခြင်း ဆိုင်သန့်ရှင်းရေးနှင့် display များ ပြင်ဆင်ထိန်းသိမ်းခြင်း Cashier / Sales Staff များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း Manager မှ တာဝန်ပေးသော အခြားလုပ်ငန်းများ ဆောင်ရွက်ခြင်း
အကျိုးအမြတ်: .
တင်သောနေ့: 29 Sep 2026
MPT - Myanma Posts & Telecommunications
28 Sep 2026
ကျောက်တံတားမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်၊ Yangonတွင်ရှိသော လုံခြုံရေးဝန်ထမ်း (နေ့စား) Contract ရာထူးနေရာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - Entry Level နှင့် Monthly လစာပေးမည်။ (နေ့ည တစ်လှည့်စီ အဆိုင်းစနစ်ဖြင့် တာဝန်ထမ်းဆောင်ရပါမည်။ အားလပ်ရက်များနှင့် အများပြည်သူရုံးပိတ်ရက်များတွင်လည်း တာဝန်ထမ်းဆောင်နိုင်ရမည်။) ရုံးဝင်း၊ အဆောက်အအုံ၊ ပစ္စည်းများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို စောင့်ကြပ်ပေးခြင်း။ ဝင်ထွက်သူများ၊ ဧည့်သည်များ၊ ယာဉ်များနှင့် ပစ္စည်းများကို သတ်မှတ်ထားသော လုံခြုံရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးခြင်း။ ဧည့်သည်များ၏ အချက်အလက်များကို မှတ်တမ်းတင်ပြီး သက်ဆိုင်ရာဌာနသို့ အသိပေးခြင်း။ CCTV နှင့် အခြားလုံခြုံရေးကိရိယာများကို စောင့်ကြည့်ပေးခြင်း။ အလှည့်ကျလုံခြုံရေး လှည့်လည်စစ်ဆေးခြင်းနှင့် မမှန်ကန်သော လှုပ်ရှားမှုများ၊ ပျက်စီးမှု များ၊ အန္တရာယ်ရှိနိုင်သော အခြေအနေများကို တင်ပြအစီရင်ခံခြင်း။ မီးဘေးအန္တရာယ်၊ ခိုးယူမှု၊ ရန်ဖြစ်မှု၊ အရေးပေါ်အခြေအနေများဖြစ်ပွားပါက သတ်မှတ် ထားသော Procedure အတိုင်း ဆောင်ရွက်ခြင်း။ လုံခြုံရေးစည်းမျဉ်းများ၊ ဌာန၏မူဝါဒများနှင့် အထက်လူကြီးများ၏ ညွှန်ကြားချက်များကို လိုက်နာခြင်း။ လိုအပ်သည့် အခြားလုံခြုံရေးဆိုင်ရာ တာဝန်များကို ဆောင်ရွက်ခြင်း။
အကျိုးအမြတ်: • နေ့စား လရှင်းစနစ်ဖြင့် လခတွက်ချက်ပေးမည်။ • သတ်မှတ်ချက်နှင့်အညီ အချိန်ပိုကြေးနှင့် ကားခစရိတ်များရရှိမည်။ • တယ်လီဖုန်း sim card အခမဲ့ သုံးစွဲခွင့်
တင်သောနေ့: 28 Sep 2026
NRF(No Replacements Found) Co.,Ltd
ရန်ကင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
14 Oct 2026
ဆိုင်အတွင်းနှင့် အပြင်ဘက် ပတ်ဝန်းကျင်ကို အမြဲတမ်း စောင့်ကြပ်ကြည့်ရှုခြင်းဖြင့် ဆိုင်လုံခြုံရေးကို အပြည့်အဝ တာဝန်ယူဆောင်ရွက်ရန်။ ဆိုင်သို့ လာရောက်ကြသော Customer များကို လေးစားယဉ်ကျေးစွာ နှုတ်ဆက်ဧည့်ခံခြင်းနှင့် လိုအပ်ပါက ကားပါကင် သို့မဟုတ် ဝင်/ထွက်ပေါက်နေရာများတွင် ကူညီလမ်းပြပေးရန်။ ဆိုင်အတွင်း သံသယဖြစ်ဖွယ် အခြေအနေများ သို့မဟုတ် မူမမှန်မှုများ ရှိမရှိ စောင့်ကြည့်စစ်ဆေးပြီး လိုအပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်မီ တင်ပြတားဆီးရန်။ ဆိုင်ဖွင့်ချိန်နှင့် ပိတ်ချိန်များတွင် ဆိုင်တံခါးများ၊ လုံခြုံရေးစနစ်များနှင့် CCTV များကို စနစ်တကျ စစ်ဆေးပိတ်ို့ဆောင်ရွက်ရန်။ ဆိုင်၏ စည်းကမ်းချက်များနှင့် လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန်။
အကျိုးအမြတ်: -ခရီးစားရိတ် -ရက်မှန်ကြေး
တင်သောနေ့: 14 Oct 2026
Myanma Apex Bank (MAB) Ltd
ဗိုလ်တထောင် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
07 Oct 2026
ဘဏ်အတွင်းနှင့် အပြင်ဘက်နေရာများ လုံခြုံရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်။ ဘဏ်သို့လာရောက်သော ဧည့်သည်များနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို အစဉ်ဂရုပြု ဆောင်ရွက်နေရမည်။ ဘဏ်သို့လာရောက်သော ဧည့်သည်များအား စစ်ဆေးခြင်း နှင့် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ရမည်။ ဘဏ်သို့လာသော ဧည့်သည့်များ စီးနှင်လာသည့် ယာဉ်များထားရန် နေရာချပေးခြင်း နှင့် ဂရုတစိုက်စောင့်ကြည့်ခြင်းများ ဆောင်ရွက်ရမည်။ ဧည့်သည်များကို ဖော်ရွေစွာ ကြိုဆိုနှုတ်ဆက်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရမည်။ ဘဏ်မှ အခါအားလျှော်စွာ ပေးအပ်လာသောတာဝန်များကို လိုက်နာဆောင်ရွက်ရမည်။
အကျိုးအမြတ်: - အချိန်ပိုကြေး - Uniform Provide - လိုအပ်သည့် သင်တန်းပေးခြင်း
တင်သောနေ့: 07 Oct 2026
AYA SOMPO Insurance
21 Sep 2026
- Customer နှင့် ဝန်ထမ်းများအား ကြိုဆိုနှုတ်ဆက်ခြင်း၊ - ကားပါကင် စနစ်တကျနေရာချထားခြင်းနှင့် လုံခြုံရေးစောင့်ကြည့်ခြင်း - လူနှင့်ယာဉ်အဝင် / အထွက်များအား စစ်ဆေးကြည့်ရှုခြင်း။ - လုပ်ငန်းခွင်အတွင်း ပစ္စည်းများ ပျက်စီး၊ပျောက်ဆုံးမှု မဖြစ်စေရေး တာဝန်ယူစောင့်ကြည့်ခြင်း - လုပ်ငန်းခွင်အတွင်း မည်သည့်အန္တာရယ်မှ မဖြစ်ပေါ်စေရေး စောင့်ကြပ်ကြည့်ရှုခြင်း
အကျိုးအမြတ်: လစာ လမ်းစရိတ် ရှားပါးစရိတ်ထောက်ပံ့ကြေး နေထိုင်စရိတ်ထောက်ပံ့ကြေး လုံလောက်သော နားရက်ရရှိခြင်း Uniform ပေးခြင်း လစာတိုးခံစားခွင့် ဘောနပ် ခံစားခွ
တင်သောနေ့: 21 Sep 2026
Fortune International Limited
မင်္ဂလာဒုံ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
15 Sep 2026
ကုမ္ပဏီတိုက်ရိုက်ခေါ်ယူခြင်းဖြစ်ပါသည်။ လုံခြုံရေးအတွေ့အကြုံမရှိလဲ လျှောက်ထားနိုင်သည် လှိုင်မြို့နယ်နှင့် မြောက်ဥက္ကလာမြို့နယ်တွင် တာဝန်ထမ်းဆောင်ရမယ် Night Shift ဖြင့်တာဝန်ထမ်းဆောင်ရမည်။ ည 7 နာရီမှ မနက် 7နာရီ ထိ (OT ကြေးပေးမည်) တပတ်တရက်နား အသက် 50 နှစ်အောက် ဦးစားပေးမည်။
အကျိုးအမြတ်: လစာ 3.5 သိန်း +တခြားခံစားခွင့်များ
တင်သောနေ့: 15 Sep 2026
Focus Star Co.,Ltd
ဗဟန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
01 Sep 2026
- သတ်မှတ်ထားသော ပရိဝုဏ်အတွင်း ပုံမှန်လှည့်ကင်းကြည့်ရှုပြီး မသင်္ကာဖွယ်ရာများနှင့် လုံခြုံရေးအရင်းအမြစ်များကို စောင့်ကြည့်ရန်။ - အဆောက်အအုံ၊ ပစ္စည်းကိရိယာများနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို မီးဘေး၊ ခိုးယူမှုနှင့် ပျက်စီးဆုံးရှုံးမှုများမှ ကာကွယ်ရန်။ - ဧည့်သည်မှတ်တမ်း (Visitor Log Book) , ကုမ္ပဏီအတွင်း အဝင်အထွက်ပြုလုပ်သော လူများ၊ ယာဉ်များကို စနစ်တကျ မှတ်တမ်းတင်စစ်ဆေးရန်။ - လုံခြုံရေး နှင့်ပတ်သက်၍ လုပ်ငန်းတွေ့အကြုံရှိပါကဦးစားပေးခေါ်ယူပါမည်။
အကျိုးအမြတ်: - နှစ်စဉ်လစာ တိုးမြှင့်ပေးခြင်း - နှစ်စဉ် ဘောနပ်စ် ခံစားခွင့် - နှစ်စဉ် ဒီဇင်လာလ ရုံးပိတ်ရက်ရှည် - ယူနီဖောင်း
တင်သောနေ့: 01 Sep 2026
KBZ Bank
မြောက်ဥက္ကလာ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
31 Aug 2026
ကမ္ဘောဇဘဏ်လီမိတက်၊ ရန်ကုန်၊မန္တလေး နှင့် နေပြည်တော် အတွက် လုံခြုံရေး ရာထူးနေရာများ ခန့်ထားနိုင်ရန် အောက်ပါအရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။ လုံခြုံရေးဝန်ထမ်းအဖြစ်လျှောက်ထားလိုသူများသည်- ကျန်းမာသန်စွမ်း၍ အမြင်အာရုံကောင်းသူ လုံခြုံရေးတာဝန်များကို နေ့/ည တာဝန်ထမ်းဆောင်နိုင်သူ ဘဏ်မှသင်ကြားပေးမည့် လုံခြုံရေးသင်တန်းများကို တက်ရောက်နိုင်သူ
အကျိုးအမြတ်: - လစာ - အမြဲတမ်းဝန်ထမ်းအခွင့်အရေးရှိခြင်း
တင်သောနေ့: 31 Aug 2026
Myanmar Jardine Schindler Ltd
မရမ်းကုန်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
28 Aug 2026
ရုံးခန်း နှင့် ဂိုဒေါင်များအတွင်း ပုံမှန်လှည့်ကင်းပတ်ရန်။ လုံခြုံရေးဝန်ထမ်းများ၏ တာဝန်ကျေပွန်မှုနှင့် ဂျူတီဝင်ရောက်မှုကို စစ်ဆေးတင်ပြရန်။ ဧည့်သည်၊ ယာဉ်နှင့် ကုန်ပစ္စည်း အဝင်အထွက်များ မှတ်တမ်းတင်ရန်။ နေ့စဉ်အစီရင်ခံစာနှင့် ထူးခြားဖြစ်စဉ်များကို HR/Admin team ထံ တိုက်ရိုက်တင်ပြရန်။
အကျိုးအမြတ်: - အချိန်ပိုကြေး
တင်သောနေ့: 28 Aug 2026
My Hill
ဒဂုံ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
23 Oct 2026
Customer များအား အစားအသောက်နှင့် သောက်စရာများ ဝန်ဆောင်မှုပေးရာတွင် ကူညီပေးရမည်။ စားပွဲများ၊ Dining Area များကို သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းပေးရမည်။ Food & Beverage များကို သတ်မှတ်ထားသော နေရာများသို့ ပို့ဆောင်ပေးရမည်။ Waiter နှင့် သက်ဆိုင်ရာ Service Team များအား လိုအပ်သလို ကူညီပေးရမည်။
အကျိုးအမြတ်: Salary + Service Money + Tip Money + Incentive +Transportation Allowance နေ ၊ စား ၊ ငြိမ်း
တင်သောနေ့: 23 Oct 2026
Bumble Bee Professionals Co., Ltd
22 Oct 2026
Bumble Bee Professionals Co., Ltd အတွက် Bhan, Yangon တွင် သန့်ရှင်းသပ်ရပ်မှုကို တာဝန်ယူထိန်းသိမ်းမည့် သန့်ရှင်းရေးဝန်ထမ်းအား ခေါ်ယူလျက်ရှိပါသည်။ စည်းကမ်းရှိစွာ လုပ်ကိုင်နိုင်ပြီး အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်နိုင်သူများ လျှောက်ထားနိုင်ပါသည် Key Responsibilities ● ရုံးခန်း၊ အများသုံးနေရာများနှင့် လုပ်ငန်းခွင်များကို နေ့စဉ် သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းရန် ● ဈေးဝယ် Center များတွင် သန့်ရှင်းရေးပစ္စည်းများ စနစ်တကျ အသုံးပြုထိန်းသိမ်းရန် ● အိမ်သာ၊ ရေချိုးခန်းနှင့် အသုံးများသောနေရာများကို သန့်ရှင်းမှု စံနှုန်းအတိုင်း စစ်ဆေးပြုပြင်ရန်
အကျိုးအမြတ်: - ရက်မှန်ကြေး - ခရီးစရိတ် - Uniform - OT - Performance Bonus/Living Allowance - အဆောင်စီစဉ်ပေးပါမည်။ - နားရက် - တစ်ပတ် (၁)ရက်။ -လုပ်သက်ခွင့်ဆ
တင်သောနေ့: 22 Oct 2026
May Educare International School
မြောက်ဥက္ကလာ | ရန်ကုန်တိုင်း . ရန်ကုန်တိုင်း .
May Educare International School တွင် တာဝန်ထမ်းဆောင်ရန်သန့်ရှင်းရေးဝန်ထမ်း (အမျိုးသမီး) – ၂ ဦးခေါ်ယူလိုပါသည်။ အလုပ်ချိန် – မနက် 8:00 AM မှ ညနေ 5:00 PM အထိ အလုပ်ရက် – တစ်ပတ် ၆ ရက် (တစ်ပတ် ၁ ရက် နားရက်) ကျောင်းအတွင်း/အပြင် သန့်ရှင်းရေးပြုလုပ်ပေးရန် စာသင်ခန်း၊ ရုံးခန်း၊ လှေကားနှင့် အများသုံးနေရာများ သန့်ရှင်းထားရှိရန် အိမ်သာများကို စနစ်တကျ သန့်ရှင်းပေးရန် အမှိုက်များကို နေ့စဉ် စနစ်တကျ စွန့်ပစ်ပေးရန် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုကို ဂရုစိုက်ပေးရန်
RGK+Z&A Group (Zeya & Associates)
ကမာရွတ် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
21 Oct 2026
ရုံးပတ်ဝန်းကျင်၊ စက်ပစ္စည်းများ၊ မော်တော်ကားများ၊ ဘေစင်များသန့်ရှင်းခြင်းနှင့် ချောဆီထည့်ခြင်းများ ပြုလုပ်ရမည်။ ပစ္စည်းများထုပ်ပိုးခြင်း၊ ကုန်ပစ္စည်းများသယ်ပို့ခြင်း အတင်အချများပြုလုပ်ရမည်။ စက်ပစ္စည်းများမှ အမှိုက်သရိုက်များ၊ အညစ်အကြေးများကို ရှင်းလင်းဖယ်ထုတ်ရမည်။ သက်ဆိုင်ရာလူကြီးမှ ထပ်မံခိုင်းစေသောတာဝန်များကို လုပ်ဆောင်ရမည်။
အကျိုးအမြတ်: - အချိန်ပိုကြေး - စွမ်းဆောင်ရည်အတွက်ဆုလာဘ်
တင်သောနေ့: 21 Oct 2026
ရုံးခန်းအတွင်းအပြင် သန့်ရှင်းရေးလုပ်ရမည်။ သန့်ရှင်းရေးနှင့် ပတ်သပ်သော လုပ်ငန်းအတွေ့အကြုံ နှင့် အခြေခံဗဟုသုတ ရှိသူဖြစ်ရမည်။ လုပ်ငန်းခွင်သုံးသန့်ရှင်းရေးပစ္စည်းများကို သေချာစစ်ဆေး၍ Stock များကိုလည်း သေချာစိစစ် ထားရှိနိုင်ရမည်။ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ရုံးမှသတ်မှတ်ထားသော သန့်ရှင်းရေးစံနှုန်းများနှင့် ကိုက်ညီစွာ ပြင်ဆင်နေထိုင်နိုင်ရန် တာဝန်ယူရမည်။ စည်းကမ်းလိုက်နာပြီး အချိန်မှန်အလုပ်ဆင်းနိုင်ရမည်။ အခြားလိုအပ်သော သန့်ရှင်းရေးတာဝန် များကိုလည်း လိုအပ်ပါက ထမ်းဆောင်ရမည်။
အကျိုးအမြတ်: အချိန်ပိုကြေး
Myanmar Technology Gateway
20 Oct 2026
မရမ်းကုန်း၊ Yangonတွင်ရှိသော Full Time လုံခြုံရေးဝန်ထမ်းရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး။
အကျိုးအမြတ်: အခြေခံလစာ + ရာထူးအလိုက်ခံစားခွင့် + ရက်မှန်ကြေး + လမ်းစရိတ်
တင်သောနေ့: 20 Oct 2026
Dauntless Discovery International
အထွေထွေသန့်ရှင်းရေး: လုပ်ငန်းခွင်စားပွဲများ၊ အစည်းအဝေးခန်းများ၊ မီးဖိုချောင်ငယ် (pantry)၊ သန့်စင်ခန်းများနှင့် ဧည့်ကြိုဧရိယာများအပါအဝင် ရုံးနေရာအားလုံး သန့်ရှင်းသပ်ရပ်နေစေရန် ဆောင်ရွက်ခြင်း။ Toilet များကိုသန့်ရှင်းသပ်ရပ်စွာနှင့် tissue paper များ ဆပ်ပြာများဖြည့်စွတ်ခြင်းများကိုပြုလုပ်ခြင်း။ ကြမ်းပြင်ထိန်းသိမ်းမှု: ရုံးခန်းတစ်ဝန်းရှိ ကြမ်းပြင်များကို ပုံမှန်လှည်းခြင်း၊ Mop တိုက်ခြင်း ၊ ဖုန်စုပ်ခြင်းနှင့် တိုက်ချွတ်ဆေးကြောခြင်းများ ပြုလုပ်ခြင်း။ အမှိုက်စွန့်ပစ်ရေး: အမှိုက်ပုံးများကို ပုံမှန်ရှင်းလင်းခြင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းနှင့် အမှိုက်စွန့်ပစ်သည့်နေရာများတွင် သန့်ရှင်းရေးစံနှုန်းများကို ထိန်းသိမ်းခြင်း။ မီးဖိုချောင်နှင့် ပစ္စည်းများ ထိန်းသိမ်းခြင်း: မီးဖိုချောင်ငယ်ကို သန့်ရှင်းအောင်ထားရှိခြင်း၊ ပန်းကန်ခွက်ယောက်များ ဆေးကြောခြင်းနှင့် လိုအပ်သလို အဆာပြေစာများ (ကော်ဖီနှင့် ကွတ်ကီးမုန့်များ) ပြင်ဆင်ခြင်း/ထိန်းသိမ်းခြင်းတို့တွင် ကူညီပေးခြင်း။ ရုံးပစ္စည်းနှင့် အဆောက်အအုံ ထိန်းသိမ်းမှု: ရုံးပစ္စည်းများ ဖုန်သုတ်ခြင်း၊ မှန်မျက်နှာပြင်များနှင့် ပြတင်းပေါက်များ သန့်ရှင်းရေးလုပ်ခြင်း၊ ပြုပြင်ရန် လိုအပ်သည်များကို စီမံခန့်ခွဲမှုအဖွဲ့ထံ အမြန်ဆုံး သတင်းပို့တင်ပြခြင်း။ ဂျူတီချိန် လိုက်နာနိုင်မှု: သတ်မှတ်ထားသော အလှည့်ကျ ဂျူတီချိန်ဇယားအတိုင်း တာဝန်ထမ်းဆောင်ခြင်း။
အကျိုးအမြတ်: အခြေခံလစာနှင့်အတူ ကျန်းမာရေးအာမခံပံ့ပိုးပေးသည်။ ရုံးတွင် ကော်ဖီနှင့်ကွတ်ကီးမုန့်များလည်းထားရှိပေးပါသဖြင့်နှစ်သက်ရာကိုသုံးဆောင်နိုင်ပါသည်။
Myanmar Top Notch Company Limited
စမ်းချောင်း | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
ကုမ္ပဏီ၏ ပစ္စည်းများကို **အတင်/အချ ပြုလုပ်ပေးခြင်း** Warehouse / Store မှ ပစ္စည်းများ ရွှေ့ပြောင်းခြင်း ပစ္စည်းများကို သတ်မှတ်ထားသောနေရာတွင် စနစ်တကျ စီစဉ်ထားခြင်း ပစ္စည်းအဝင်/အထွက်တွင် လိုအပ်သလို ကူညီပေးခြင်း ပစ္စည်းပို့ဆောင်ရာတွင် Driver နှင့်အတူ လိုက်ပါကူညီခြင်း Warehouse နှင့် ဆိုင်ရာနေရာများကို သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းခြင်း လုပ်ငန်းလိုအပ်ချက်အရ အခြားအထွေထွေအလုပ်များကို ကူညီဆောင်ရွက်ခြင်း
CHANNEL-5
19 Oct 2026
၁။ လုံခြုံရေးတာဝန်မရှိပါက သန့်ရှင်းရေးလုပ်ရမည်။ ၂။ နေ့စဥ် လူအဝင်အထွက်၊ယာဥ်အဝင်အထွက် စာရင်းများမှတ်ရမည်။ တစ်နေ့တာလုပ်ဆောင်ချက်အား မြန်မာလို ကောင်းမွန် စွာရေး၍တင်ပြနိုင်ရမည်။ ၃။ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရုံးဌာနများပစ္စည်းများအား ပျက်စီးရှုံးဆုံးမှု မဖြစ်ပွားစေရန် ဂရုတစိုက် စစ်ဆေးလှည့်လည်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။ ၄။ လက်ကိုင်ဖုန်းကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။ ၅။ အလုပ်ချိန်တွင်းချမှတ်ထားသည့်စည်းကမ်းလိုက်နာနိုင်ရမည်။ ၆။ သတ်မှတ်ထားသောမြို့နယ်တွင် တာဝန်ထမ်းဆောင်နိုင်ရမည်။
အကျိုးအမြတ်: ခေါင်းဆောင်ဖြစ်လာပါက လစာ ၇ သိန်းအထက်ရရှိနိုင်ပါသည် - အစမ်းခန့်လစာ - ၄၀၀,၀၀၀ ကျပ် - အတည်ခန့်လစာ - ၅၀၀,၀၀၀ ကျပ် - Uniform, accessories များရမည်
တင်သောနေ့: 19 Oct 2026
Best Guiding Star Co Ltd
ဆောက်လုပ်ရေးဆိုဒ်လုံခြုံရေးကို တာဝန်ယူနိုင်ရမည်။ ညဆိုင်းဆင်းနိုင်သူဖြစ်ရမည်။ လုံခြုံရေးအတွေ့အကြုံ ဦးစားပေးမည်။
အကျိုးအမြတ်: လစာ + အချိန်ပိုကြေး အလုပ်ပိတ်ရက် - တစ်ပတ် (၁) ရက် အလုပ်ချိန် - ညနေ (၅) နာရီ မှ မနက် (၈) နာရီ OT (2)နာရီပေးသည်။
Happy Pest Control & Pesticides
တာမွေ | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
13 Oct 2026
နေ့စဉ်လုပ်ငန်းများကို Supervisor ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန်။ ပစ္စည်းများ သယ်ယူခြင်း၊ စီစဉ်ခြင်း၊ နေရာချထားခြင်းများ ပြုလုပ်ရန်။ လုပ်ငန်းခွင် သန့်ရှင်းသပ်ရပ်စေရန် ထိန်းသိမ်းဆောင်ရွက်ရန်။ လိုအပ်သော အထွေထွေလုပ်ငန်းများကို အချိန်မီ ကူညီဆောင်ရွက်ရန်။ ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်။ လုပ်ငန်းခွင်အတွင်း လုံခြုံရေးစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်။ အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်။ တာဝန်ပေးအပ်သည့် အခြားလုပ်ငန်းများကို ဆောင်ရွက်ရန်။
တင်သောနေ့: 13 Oct 2026
MPA International School
08 Oct 2026
ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ရန် သန့်ရှင်းရေးရာထူးအတွက် အခွင့်အရေး။ နေ့စဉ် သန့်ရှင်းရေးတာဝန်များ (sweeping, mopping, dusting, and vacuuming) ဆောင်ရွက်ရမည်။ စာသင်ခန်းများ၊ အစည်းအဝေးခန်းများ၊ ရုံးခန်းများ၊ Restroom များနှင့် Lobby area ကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းရမည်။ ကျောင်းပရဝဏ်အတွင်းပိုင်း၊ အပြင်ပိုင်းများကို သန့်ရှင်းရေးပြုလုပ်ပေးရမည်။ ကြမ်းပြင်များ၊ အိမ်သာများ မြင့်မားသောအဆင့်များ၊နံရံများ၊ မျက်နှာကျက်များ၊ ပြတင်းပေါက်များ၊ အဖုံးအအုပ် (အကာ) များ၊ သံမဏိ၊ ကူရှင်များနှင့် လိုအပ်ပါက သီးသန့်တောင်းဆိုမှုများကိုလည်းသန့်ရှင်းပေးရမည်။ အဆောက်အဦးဝန်းကျင်ဧရိယာများနှင့် ပြင်ပနံရံများအပါအဝင် ကျောင်းဆိုင်းဘုတ်များကို သန့်ရှင်းပေးရမည်။ လိုအပ်သလို Deep Cleaning လုပ်ပေးရပါမည်။ စွန့်ပစ်ပစ္စည်းများ/အမှိုက်များကို နေ့စဉ် စနစ်တကျသတ်မှတ်ထားသော စွန့်ပစ်နေရာတွင်သာ စွန့်ပစ်ရမည်။ နေ့စဥ်အသုံးပြုနေသော သန့်ရှင်းရေးသုံးပစ္စည်းများနှင့် စက်ကို သန့်ရှင်းရေးပြုလုပ်ရပါမည်။ သန့်ရှင်းရေးသုံး ပစ္စည်းများကို စနစ်တကျ ထိန်းသိန်းထားသိုရပါမည်။ သန့်ရှင်းရေး ပစ္စည်းများကို မှန်မှန်ကန်ကန် အသုံးပြုပြီး စနစ်တကျ သိုလှောင်တတ်ရမည်။ သန့်ရှင်းရေး ပစ္စည်းများ လိုအပ်ပါက သက်ဆိုင်ရာတာဝန်ခံထံ အကြောင်းကြားရမည်။ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် လုံခြုံရေးစည်းမျဉ်းများကို လိုက်နာဆောင်ရွက်နိုင်ရမည်။ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ဝတ္တရားများကို ပြောင်းလဲလုပ်နိုင်ရမည်။ လုပ်ငန်းလိုအပ်ချက်အရ အထက်လူကြီး၏ တာဝန်ပေးညွှန်ကြားမှုများအပေါ် တာဝန်ယူ ဆောင်ရွက်နိုင်ရမည်။
အကျိုးအမြတ်: နေ့လည်စာ ကော်ဖီ ခရီးစရိတ် အချိန်ပိုကြေး ဘောနပ်စ်
တင်သောနေ့: 08 Oct 2026
MPA International School တွင် ကျောင်းဝင်းအတွင်းရှိ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းပိုင်ပစ္စည်းများ၏ လုံခြုံရေးနှင့် ဘေးကင်းလုံခြုံမှုကို ထိရောက်စွာ စီမံကြီးကြပ်နိုင်ရန်အတွက် Head of Security Department (လုံခြုံရေးဌာနမှူး) ရာထူးအတွက် အရည်အချင်းပြည့်မီသူများကို ခေါ်ယူလျက်ရှိပါသည်။ • ကျောင်း၏ လုံခြုံရေးဌာနတစ်ခုလုံးကို ဦးဆောင်စီမံခန့်ခွဲပြီး နှစ်စဉ်လုပ်ငန်းအစီအစဉ်၊ ဌာနဆိုင်ရာ ရည်မှန်းချက်များနှင့် လုံခြုံရေးစံနှုန်းများကို ရေးဆွဲအကောင်အထည်ဖော်ခြင်း။ • လုံခြုံရေးဝန်ထမ်းအင်အား၊ ဌာနဖွဲ့စည်းပုံ၊ Duty Roster၊ Shift Schedule နှင့် တာဝန်ခွဲဝေမှုများကို စီမံကြီးကြပ်ပြီး လိုအပ်သော ဝန်ထမ်းခန့်အပ်မှုများကို Management ထံ အကြံပြုတင်ပြခြင်း။ • Security Rules & Regulations၊ SOPs နှင့် Emergency Response Procedures များကို ရေးဆွဲပြန်လည်သုံးသပ်ခြင်း၊ Management ၏ အတည်ပြုချက်ဖြင့် အကောင်အထည်ဖော်ခြင်းနှင့် လိုက်နာမှုရှိ/မရှိ စစ်ဆေးကြီးကြပ်ခြင်း။ • ကျောင်းဝင်းအတွင်းနှင့် ပတ်ဝန်းကျင်ရှိ လုံခြုံရေးအန္တရာယ်များကို သုံးသပ်အကဲဖြတ်၍ ကာကွယ်တားဆီးရေးနှင့် အန္တရာယ်လျှော့ချရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း။ • ကျောင်းဝင်/ထွက်ပေါက်များ၊ ကျောင်းသား၊ ဝန်ထမ်း၊ မိဘ၊ ဧည့်သည်၊ Contractor နှင့် ယာဉ်များ၏ ဝင်ထွက်မှုကို စနစ်တကျ ထိန်းချုပ်ကြီးကြပ်ခြင်း။ • CCTV၊ Security Alarm၊ Access Control နှင့် အခြားလုံခြုံရေးစနစ်များ၏ ထိရောက်မှုကို စစ်ဆေးကြီးကြပ်ပြီး လိုအပ်သော ပြုပြင်တိုးတက်မှုများကို စီမံဆောင်ရွက်ခြင်း။ • ခိုးမှု၊ ပျောက်ဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် အခြားလုံခြုံရေးဖြစ်စဉ်များကို ကိုင်တွယ်ဖြေရှင်းခြင်း၊ လိုအပ်ပါက စုံစမ်းစစ်ဆေးခြင်းနှင့် Incident Reports များကို Management ထံ အချိန်မီ တင်ပြခြင်း။ • Fire Safety၊ Emergency Evacuation၊ Lockdown နှင့် အခြားအရေးပေါ်တုံ့ပြန်ရေးအစီအစဉ်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းစီမံဆောင်ရွက်ခြင်း။ • Security Team ၏ လုပ်ဆောင်ရည်၊ စည်းကမ်း၊ Professional Conduct နှင့် လုပ်ငန်းဆောင်ရွက်မှုစံနှုန်းများကို အကဲဖြတ်ကြီးကြပ်ပြီး လိုအပ်သော Training၊ Briefing နှင့် Performance Improvement များကို စီစဉ်ဆောင်ရွက်ခြင်း။ • ကျောင်းပွဲများ၊ Parent-Teacher Meetings၊ Examinations၊ Graduation၊ ကျောင်းဘတ်စ်ကားနှင့် Ferry Area၊ Parking Area တို့အတွက် လုံခြုံရေးအစီအစဉ်များကို ကြိုတင်ရေးဆွဲ၍ ကြီးကြပ်ဆောင်ရွက်ခြင်း။ • HR၊ Administration၊ Health & Safety၊ Operations နှင့် အခြားသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ခြင်း။ • လုံခြုံရေးဌာန၏ လုပ်ဆောင်ရည်၊ ဝန်ထမ်းအင်အား၊ ဖြစ်စဉ်များ၊ အန္တရာယ်များ၊ လေ့ကျင့်သင်ကြားမှုနှင့် ဘတ်ဂျက်/အရင်းအမြစ်လိုအပ်ချက်များကို ပုံမှန်သုံးသပ်၍ Management ထံ အစီရင်ခံတင်ပြခြင်း။ • ပေးအပ်ထားသော လုပ်ပိုင်ခွင့်အတွင်း လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ခြင်း၊ လုပ်ပိုင်ခွင့်ကျော်လွန်သော ကိစ္စရပ်များအတွက် Management ၏ အတည်ပြုချက်ရယူခြင်းနှင့် အခြားသက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ခြင်း။
ဆိုင်တွင်း၊ ပြခန်းနေရာများ၊ ကဖီကောင်တာ၊ စားပွဲခုံများနှင့် ဧည့်သည်အနားယူရာ နေရာများကို နေ့စဉ် သန့်ရှင်းရေးပြုလုပ်ရန်။ ကြမ်းပြင်များနှင့် မှန်များကို သပ်ရပ်သန့်ရှင်းနေအောင် ထိန်းသိမ်းရန်။ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းနှင့် အမှိုက်ပုံးများကို အချိန်မီ လဲလှယ်ပေးရန်။ တိုက်ဆိုင်ရာ သန့်ရှင်းရေးပစ္စည်းများနှင့် ပိုးသတ်ဆေးများကို စနစ်တကျ အသုံးပြု၍ လိုအပ်သည့် Stock များကို အချိန်မီ စာရင်းတင်ပြရန်။ ဆိုင်၏ တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု စံနှုန်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန်။
အကျိုးအမြတ်: -ရက်မှန်ကြေး -ခရီးစားရိတ် -စွမ်းဆောင်ရည်ဘောနပ်စ်
United Vision Eye Care Center
06 Oct 2026
ဗဟန်းမြို့နယ်တွင် တာဝန်ထမ်းဆောင်ရန် ညစောင့်လုံခြုံရေး ကျား (1) ဦးအလိုရှိပါတယ် အသက် 45 မှ 60 ကြား လူမှုဆက်ဆံရေး ကောင်းမွန်ပြီး ရိုးသားကြိုးစားသူဖြစ်ရမည်။ ကျန်းမာရေးကောင်းပြီး သွက်လက်စွာလုပ်ကိုင်နိုင်သူဖြစ်ရမည်။ အကျင့်စာရိတ္တကောင်းမွန်ပြီး တာဝန်ကျေပွန်စွာ လုပ်ကိုင်နိုင်သူဖြစ်ရမည်။ ကုမ္ပဏီမှ ချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
အကျိုးအမြတ်: -
တင်သောနေ့: 06 Oct 2026
Hla Baik Hman
မင်္ဂလာတောင်ညွှန့် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
05 Oct 2026
အထည်နှင့်ပိတ်လိပ်ဒိုင်၏ ရန်ကုန်နှင့်မန္တလေးဆိုင်ခွဲများအတွက် အထွေထွေဝန်ထမ်း (ကျား) - 5 ဦးစီအလိုရှိသည် လစာ 380,000 + အဆောင်ပေးမည် ပစ္စည်းပို့၊ ကုန်တင်၊ ကုန်ချ လုပ်ရမည် အလေးမနိုင်ရမည် (အလိပ်/အထည်အိတ်) ဂိုဒေါင်နှင့်ဆိုင်ရှိအထွေထွေအလုပ်များအားလုပ်ရမည် 📍ရန်ကုန်ဆိုင်လိပ်စာ - မင်္ဂလာတောင်ညွန့်မြို့နယ်
အကျိုးအမြတ်: -လစာ 320,000 + ရက်မှန်ကြေး 30,000 + အချိန်မှန်ကြေး 30,000 = 380,000 ကျပ် - OT ကြေး - 1 နာရီ 3000 ကျပ် - 4 လတစ်ခါလစာတိုးသည် - ပိတ်ရက် - ၁ ပတ် ၁ ရက်
တင်သောနေ့: 05 Oct 2026
Royal Care Plus Co.,Ltd
အသက် ၅၀ နှစ်အောက်ဖြစ်ရမည်။ လုံခြုံရေးအလုပ်အတွေ့အကြုံ ၁ နှစ်ရှိရမည်။ အရက်၊ ကွမ်း၊ ဆေးလိပ် မသုံးစွဲတတ်သူဖြစ်ရမည်။ လူမှုဆက်ဆံရေးပြေပြစ်ကောင်းမွန်ရမည်။
အကျိုးအမြတ်: - အခြေခံလစာ - ခရီးစရိတ်
UHT Family Company Limited
03 Oct 2026
ပစ္စည်းကားရောက်လျှင် ပစ္စည်းများကားပေါ်မှ ချရမည်။ လုပ်ငန်းခွင် အတွင်းလိုအပ်သည့်လုပ်ငန်းတာဝန်များကူညီလုပ်ကိုင်ရမည် ။ ပစ္စည်းပို့ရန် အော်ဒါထုတ်ရမည်။ ပစ္စည်းများသယ်ယူနေရာချထားခြင်း။ လိုအပ်ပါက အနီးအနားဝန်းကျင်ရှိဖောကသည် ဆိုင်များသို့ ကုန်ပစ္စည်းတင်ဆောင်သော (လှည်းဖြင့်) ကုန်ပစ္စည်းပို့ဆောင်ပေးရမည် ။ အော်ဒါများ ကားပေါ်သို့တင်ရမည်။
အကျိုးအမြတ်: အလုပ်ချိန် နံနက် 8-20 မှာ ညနေ 5-00 ထိ (တပတ် တရက် အလုပ်ပိတ်ပေးပါမည် ။) အချိန်ပိုကြေး အချိန်မှန်ကြေး
တင်သောနေ့: 03 Oct 2026
NRB Group Co.,Ltd
ပုဇွန်တောင် | ရန်ကုန်တိုင်း ရန်ကုန်တိုင်း
02 Oct 2026
Job Description (လုပ်ငန်းတာဝန်များ) ရုံးခန်းအတွင်း/အပြင်နှင့် အစည်းအဝေးခန်းမများအား နေ့စဉ် သန့်ရှင်းသပ်ရပ်အောင် လှဲကျင်း၊ သုတ်သင်၊ သန့်ရှင်းရေးပြုလုပ်ရမည်။ ဧည့်သည်များနှင့် ဝန်ထမ်းများအတွက် ရေနွေး၊ လက်ဖက်ရည်နှင့် သောက်ရေသန့်များ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးရမည်။ အိမ်သာနှင့် ရေချိုးခန်းများအား စနစ်တကျ ဆေးကြောသန့်စင်ပြီး လိုအပ်သော ပစ္စည်းများ (ဆပ်ပြာ၊ တစ်ရှူး) အမြဲဖြည့်ထားရမည်။ အမှိုက်ပုံးများမှ အမှိုက်များကို နေ့စဉ် စနစ်တကျ စွန့်ပစ်ရမည်။ ရုံးတွင်းရှိ အသုံးအဆောင်ပစ္စည်းများနှင့် ပရိဘောဂများကို ဖုန်သုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းများ ဆောင်ရွက်ရမည်။
အကျိုးအမြတ်: Attractive salary package
တင်သောနေ့: 02 Oct 2026
Kings Yangon
ကျောင်းလုံခြုံရေးတဦး၏ လုပ်ငန်းတာဝန်သည် ကျောင်းသား၊ ဝန်ထမ်းများနှင့် ဧည့်သည်များအတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာတွင် စဥ်ဆက်မပြတ် ကင်းလှည့်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းစနစ်များ၊ ကျောင်းဝန်းနှင့် ပတ်ဝန်းကျင်တွင် ဝင်ရောက်ခွင့်ကို ထိန်းချုပ်ခြင်း၊ အရေးပေါ်အခြေအနေ တုံ့ပြန်ခြင်းနှင့် လုံခြုံရေးစည်းကမ်း ကြပ်မတ်ခြင်း တို့ အပါအဝင်ဖြစ်သည်။ အဓိကတာဝန်များ ကင်းလှည့်ခြင်းနှင့် စောင့်ကြည့်ခြင်း - စည်းကမ်းချိုးဖောက်မှုများနှင့် ပြစ်မှုမကင်းသည့် ဆောင်ရွက်မှုများ၊ လှုပ်ရှားမှုများကို ရှာဖွေရန်နှင့် ဟန့်တားရန်အတွက် ကျောင်းပတ်ဝန်းကျင်၊ အဆောက်အအုံများနှင့် ယာဉ်ရပ်နားရာနေရာများသို့ ပုံမှန်ကင်းလှည့်ခြင်းများ ဆောင်ရွက်ရပါမည်။ လုံခြုံရေးကင်မရာများနှင့် အချက်ပေးစနစ်များကို စောင့်ကြည့်ရပါမည်။ ကျောင်းဝန်းအတွင်း အဝင်၊အထွက် ထိန်းချုပ်ရေး - ID များကိုစစ်ဆေးခြင်း၊ ဧည့်သည်မှတ်ပုံတင်ခြင်းကို စီမံခန့်ခွဲခြင်းနှင့် ခွင့်ပြုချက်မရှိသောဧည့်သည်များကို စောင့်ကြပ်ခြင်းဖြင့် ကျောင်းဝန်းအတွင်းသို့ဝင်ရောက်မှုကို ထိန်းချုပ်ရပါမည်။ အရေးပေါ်တုံ့ပြန်မှု - အရေးပေါ်အခြေအနေများအတွင်း ပထမဆုံးတုံ့ပြန်မှုအကူအညီကို လုံခြုံရေးအတွက် ချမှတ်ထားသည့် မူဝါဒ နည်းလမ်းများအတိုင်း စတင် ဆောင်ရွက်ပေးခြင်း၊ အရေးပေါ်ဝန်ဆောင်မှုများကို ကျောင်းတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အကောင်အထည်ဖော်ရာတွင် ကူညီပေးခြင်းတို့ပါဝင်ပါသည်။ အဖြစ်အပျက်များကို အစီရင်ခံခြင်း - မှတ်တမ်းဖြစ်ရပ်များ၊ အသေးစိတ်အစီရင်ခံချက်များကို ပြင်ဆင်ပြီး ချိုးဖောက်မှု၊ ဖျက်ဆီးမှု သို့မဟုတ် အခြားသံသယဖြစ်ဖွယ် လုပ်ဆောင်ချက်များကို တိကျသော လုံခြုံရေးမှတ်တမ်းများပြုစုပြီး ထိန်းသိမ်းရပါမည်။ စည်ကမ်း မူဝါဒများကို အမြဲစောင့်ကြပ်ခြင်း - လုံခြုံရေးနှင့် ပတ်သက်သော ကျောင်းမူဝါဒများကို ဝန်ထမ်းများ၊ ကျောင်းသား/သူ၊ ကျောင်းသားမိဘ၊ ဧည့်သည်များ လိုက်နာမှုရှိစေရန် စောင့်ကြပ်ပြီး၊ လိုအပ်ပါက လိုက်နာနိုင်စေရန် ကူညီဆောင်ရွက်ပေးရပါမည်။ နေ့စဥ်လုပ်ငန်းဆောင်တာများအတွက် ပံ့ပိုးမှု - ဧည့်သည်များကို အကူအညီနှင့် လမ်းညွှန်မှုပေးခြင်း၊ လိုအပ်သော သတင်းအချက်အလက်များကို မြင်သာသောနေရာတွင် ဖော်ပြထားပြီး၊ မေးမြန်းစုံစမ်းလာပါက ဖြေကြားပေးရန် (သို့မဟုတ်) သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက် ပေးရပါမည်။ - နေ့စဥ် ကျောင်းပို့/ကြို ကားများ အသွားအလာချောမွေ့စေရေး၊ နေ့လည်စာပို့ချိန် ကားများ၊ နေ့လည်စာဘူးများ လက်ခံပေးခြင်း နှင့် ဝန်ထမ်းကြို/ပို့ကားများ ရောက်ရှိချိန်၊ အလုပ်ဆင်းချိန်များကို ကြီးကြပ်ကူညီပေးရပါမည်။
အကျိုးအမြတ်: * နေ့လည်စာ * အချိန်ပိုကြေး * ရှားပါးစရိတ်
30 Sep 2026
ဘဏ်ခွဲများ၊ ATM များ၊ ရုံးခန်းများ ၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းများကို သန့်ရှင်းရေးလုပ်ရန်။ မြင့်မားသောအဆင့်များ၊နံရံများ၊ မျက်နှာကျက်များ၊ ပြတင်းပေါက်များ၊ အဖုံးအအုပ် (အကာ) များ၊ သံမဏိ၊ ကူရှင်များနှင့် လိုအပ်ပါက သီးသန့်တောင်းဆိုမှုများကိုလည်းသန့်ရှင်းပေးရန်။ အဆောက်အဦးဝန်းကျင်ဧရိယာများနှင့် ပြင်ပနံရံများအပါအဝင် ဘဏ်ခွဲများ၏ဆိုင်းဘုတ်များကို သန့်ရှင်းပေးရန်။ ကြမ်းပြင်ကော်ဇောနှင့် ကူရှင်များကို လျှော်ဖွတ်ဆေးကြောပေးရန်။ ဘဏ်ခွဲများ၊BU နှင့် Function များတွင် ပိုးသတ်ဆေးများအား လိုအပ်သလိုအသုံးပြုပေးရန်။ ဘဏ်ခွဲများတွင် လိုအပ်သလို Deep Cleaning လုပ်ပေးရန်။ ကျန်းမာရေးနှင့်ဘေးကင်းရေး လုပ်ထုံးလုပ်နည်းအားလုံးကို လိုက်နာပြီး ဘေးကင်းစွာ အလုပ်လုပ်ခြင်းကိုသာအားပေးရန်။
အကျိုးအမြတ်: ဘောနပ် ထောက်ပံ့ကြေး ကျန်းမာရေးအာမခံရရှိခြင်း မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်တွင်လုပ်ကိုင်ခွင့်ရရှိခြင်: စနေ၊တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက် ပိတ်သည်
တင်သောနေ့: 30 Sep 2026