• Yoma Bank

  • အလုပ်ရှင်တိုက်ရိုက်

  • အတည်ပြုပြီး ဤကုမ္ပဏီကိုအမှန်တကယ်အဖြစ်အတည်ပြုပြီးဖြစ်သည်။
  • လုပ်ငန်းအမျိုးအစား :ဘဏ်လုပ်ငန်း/အာမခံလုပ်ငန်း/အသေးစားချေးငွေလုပ်ငန်း

  • ဝန်ထမ်းအရေအတွက် :1001-5000

  • လိပ်စာ :

    No 14, Kyaik Khauk Pagoda Road, StarCity, Thanlyin Township, Yangon,ရန်ကုန်တိုင်း, Myanmar

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

Yoma Bank အလုပ်များ

ရန်ကုန်တိုင်း
လွန်ခဲ့သော ၂ရက်
1 ဦး
လွန်ခဲ့သော ၂ရက်
ရန်ကုန်တိုင်း
လွန်ခဲ့သော ၄ရက်
4 ဦး
လွန်ခဲ့သော ၄ရက်
ရန်ကုန်တိုင်း
လွန်ခဲ့သော ၄ရက်
1 ဦး
လွန်ခဲ့သော ၄ရက်
ရန်ကုန်တိုင်း
28 Aug 2025
3 ဦး
28 Aug 2025
 

Cho The Oo

Head of YPDC

ရိုးမဘဏ်မှာအလုပ်လုပ်ရင်း နားလည်မိတာက မိမိလုပ်ငန်းခွင်အတွင်းဆောင်ရွက်ချက်တွေဟာ တစ်ဦးတည်း၏ တိုးတက်မှုကိုသာ ဦးတည်တာမျိုးမဟုတ်ဘဲ “မြန်မာနိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတည်ဆောက်ရန်ဆိုတဲ့” ရိုးမဘဏ်ရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အရေးများ ပေးထားတဲ့အတွက် ကိုယ်တိုင်သာမက ပတ်ဝန်းကျင်အတွက်ပါ ပိုကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ဖန်တီးနိုင်တဲ့အခွင့်အရေးတွေရှိနေတာမို့ သဘောကျမိပါတယ်။ ဒါ့အပြင် ဝန်ထမ်းများအတွက် စီစဥ်ပေးထားတဲ့ Employee Value Proposition တွေကလည်းအင်မတန် ကောင်းမွန်တဲ့အပြင် စဥ်ဆက်မပြတ်လေ့လာနိုင်တဲ့ အခွင့်အရေးတွေရှိနေတဲ့အတွက် ရိုးမဘဏ်မှာ ဝန်ထမ်းတစ်ဦးဖြစ်ရတာ ဂုဏ်ယူကျေနပ်မိပါတယ်။

Chue Swe Thwe

Business Development Specialist (Operations)

ရိုးမဘဏ်ကို စတင်၀င်ရောက်ချိန် covid ကာလမှာ ၀န်ထမ်းတစ်ဦးစီတိုင်းရဲ့ကျန်းမာရေးအတွက် ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ Product Training တွေ၊ customer ၀န်ဆောင်မှုနဲ့ ပတ်သက်တဲ့ Training တွေလည်း ပို့ချပေးတဲ့အတွက် ၀န်ထမ်း လက်ရှိလုပ်ကိုင်နေတဲ့၀န်ထမ်းတွေအတွက်သာမက အသစ်တွေအတွက်လည်း များစွာ အထောက်အကူဖြစ်ရပါတယ်။ လုပ်ငန်းခွင်အတွင်းမှာလည်း အခွင့်အလမ်းကောင်းတွေ ချပြထားတဲ့အပြင် ကိုယ့်ကြိုးစားမှုပေါ် မူတည်ပြီး အခွင့်အလမ်းသစ်တွေ ရနိုင်မယ်လို့ ယုံကြည်ရတဲ့အတွက် ရိုးမဘဏ်နဲ့ လက်တွဲလုပ်ဆောင်ရတဲ့အပေါ် ကျေနပ်မိပါတယ်။

Thant Zin Ko Ko

Sr Business Development Specialist (Operations)

ကျွန်တော်ကတော့ ယခုလက်ရှိ ရန်ကင်း ရိုးမဘဏ်ခွဲမှာ Hire Purchase Product တွေကို အဓိကဝန်ဆောင်မှုပေးရပြီး Business Development Team ရဲ့အဓိက target များပြည့်မီအောင် Team Member တွေနဲ့အတူ Team Work ရှိရှိ ကြိုးစားလုပ်ကိုင်လျှက်ရှိပါတယ်။ အခက်အခဲတွေ ဖြစ်ပေါ်လာရင်လည်း Team Work အလိုက် အတူတူရင်ဆိုင်ဖြေရှင်းကြလို့ ရိုးမဘဏ်မှာ အလုပ်လုပ်ရတာ ဂုဏ်ယူမိပါတယ်။

Pyone Hnin Nwe

Customer Care Administrative

ရိုးမဘဏ်မှာ အလုပ်လုပ်ရတာ ကျွန်မအတွက် တကယ်ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ဝန်ထမ်းတွေ Continuous Improvement ဖြစ်နိုင်ဖို့ In Person & Online Class တွေ နဲ့ Training Program တွေကို စီစဉ်ပေးထားပါတယ်။ ဒါ့အပြင် ကျန်းမာပြီး ပျော်ရွှင်သော လုပ်ငန်းခွင်ဖြစ်စေဖို့နဲ့အလုပ်ခွင်မှ Stress တွေကို ဖြေလျှော့နိုင်စေဖို့ ဝန်ထမ်းများ အတွက် Sport Club မှာ မိမိကြိုက်နှစ်သက်ရာ အားကစားတွေ အခမဲ့ ဝင်ရောက်ကစားနိုင်အောင် Member Card တွေကိုလည်း ရိုးမဘဏ်က စီစဉ်ပေးထားပါတယ်။

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

x